1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ငါးငံပြာရည်လုပ်ငန်းဖြင့် ဘီလျံနာဖြစ်လာသော ဗီယက်နမ်လုပ်ငန်းရှင်တစ်ဦး

ဗီယက်နမ်နိုင်ငံရှိ မာဆန်ကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ ငုယင်ဒန်ကွန်း (Nguyen Dang Quang)  သည် ဝင်ငွေအမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလျံရရှိပြီးနောက် ဝက်သားဈေးနှုန်း အကျပ်အ တည်း နောက်ပိုင်း မာဆန်ကုမ္ပဏီအုပ်စု၏ ရှယ်ယာသည် ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ဗီယက်နမ် စားသုံးသူများအတွက်မှာမူ ငုယင်ဒန်ကွန်းသည် ဗီယက်နမ်တစ်နိုင်ငံလုံးရှိ မီးဖိုချောင်တိုင်းတွင် ငါးငံပြာရည်နှင့် အခြားမပါမဖြစ်သော ဟင်းခပ်စားကုန်များထားရှိနိုင်အောင် ရောင်းချ ပေးသဖြင့် သန်းကြွယ်သူဌေးကြီး တစ်ဦးအဖြစ်သို့ ရောက်ရှိခဲ့သည်ကို လက်ခံကြပါသည်။

ငါးမှ ထုတ်လုပ်သော ငံပြာရည်ကို ဗီယက်နမ်နိုင်ငံ၏ ဟင်းလျာများတွင် အဓိကအသုံးပြုသဖြင့် မာဆန် ကုမ္ပဏီများအုပ်စု၏ ရှယ်ယာတန်ဖိုးသည် လွန်ခဲ့သော ခြောက်လအတွင်း နှစ်ဆအထိ တိုးတက်လာခဲ့ပါသည်။ ဗီယက်နမ်စတော့ခ်အိတ်ချိန်း ဈေးကွက်တွင်လည်း ၃၇ ရာခိုင်နှုန်း အ မြတ်ရရှိလာခဲ့သည်။ ယင်းကဲ့သို့ အကျိုးအမြတ်များရရှိခဲ့သဖြင့် ထိုကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ ငုယင် ဒန်ကွန်းရရှိသော အသားတင်ဝင်ငွေသည် ၁ ဒသမ ၂ ဘီလျံရှိခဲ့သည်ဟု ဘလွန်းဘတ်ဘီလျံ အညွှန်းအရ သိရှိ ရပါသည်။

ဗီယက်နမ်နိုင်ငံ၏ သုတေသနလုပ်ငန်းတစ်ခုဖြစ်သည့် ကန်တာကမ္ဘာ့ကုန်ပစ္စည်းရွေးချယ်ရေးအဖွဲ့ (Worllpanel)၏ အထွေထွေမန်နေဂျာဖြစ်သူ ဒေးဗစ်အင်ဂျုံးဘောက ''မာဆန်ကုမ္ပဏီဟာ ဈေးဝယ်သူတွေကို သူတို့အိမ်မီးဖိုချောင်တွေမှာ မရှိမဖြစ်တဲ့ ငံပြာရည်လို၊ ငရုတ်ဆီလို၊ အချဉ်ရည်လိုစားသောက်ကုန်တွေ ဝယ်ယူလို့ ရရှိအောင် လုပ်ပေးခဲ့ပါတယ်။ ဗီယက်နမ်မှာရှိတဲ့ အိမ် ထောင်စု ၉၅ ရာခိုင်နှုန်းခန့်ဟာ မာဆန်ကုမ္ပဏီက ထုတ်လုပ်တဲ့ အနည်းဆုံးစားကုန် တစ်မျိုးမျိုးကို ဝယ်ယူအသုံးပြုနေကြပါတယ်။ မာဆန်ကုမ္ပဏီလို ပြည်တွင်းရှိကုန်ထုတ်လုပ်သူတွေဟာ သူတို့နိုင်ငံရဲ့ ဈေးဝယ်သူတွေလိုအပ်ချက်နဲ့ အလေ့အထကို  ကောင်းစွာနက်နက်နဲနဲသိရှိပြီး ရောင်းချပေးတဲ့အတွက် ပြည်တွင်းကုမ္ပဏီလုပ်ငန်းတွေဟာ အောင်မြင်လာရတာ ဖြစ်တယ်''ဟု ထောက်ပြ ပါသည်။

ငုယင်ဒန်ကွန်းသည် ဟိုချီမင်းမြို့တော်မှာ အခြေစိုက်သည့် မာဆန်ကော်ပိုရေးရှင်းကြီးကနေ မီးဖိုချောင် သုံးစားကုန်များ ကွပ်ကဲထုတ်လုပ်ခဲ့သည့်အပြင် ၄င်းကိုယ်ပိုင်ကုမ္ပဏီဖြစ်သော ဆန်းဖလားဝါးဆောက်လုပ်ရေးကုမ္ပဏီနှင့် အစိုးရ၏ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်ပေးလျက်ရှိပါသည်။

ငုယင်ဒန်ကွန်းနှင့် ၄င်း၏ဇနီးတို့က မာဆန်ကုမ္ပဏီ၏ရှယ်ယာ ၄၉ ရာခိုင်နှုန်းကိုပိုင်ဆိုင်ပြီး ၄င်းနှင့်အ တူမာဆန်ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဟိုကောင်အန်းက ၄၇ ဒသမ ၆ ရာခိုင်နှုန်း ပိုင်ဆိုင်ပါသည်။ ဟိုကောင်အန်းသည် မာဆန်ကုမ္ပဏီ အုပ်စု၏အစ ပိုင်းလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး သူ၏ဝင်ငွေကိုမူ လောလောဆယ်ခန့်မှန်း ၍မရသေးဟုဆိုသည်။ မာဆန် ကုမ္ပဏီအုပ်စုသည် အခြားစား သောက်ကုန်များဖြစ်သည့် အသင့်စား အစာခြောက်များ၊ တိရစ္ဆာန်အစာများပါ ထုတ်လုပ်ရောင်းချလျက်ရှိသဖြင့် ၄င်းတို့၏ဝင်ငွေကို အတိအကျ ခန့်မှန်းရန် ခက်ခဲသည်ဟု ဆိုပါသည်။

မာဆန်ကုမ္ပဏီအုပ်စု၏ ရှယ်ယာတန်ဖိုးများသည် လွန်ခဲ့သည့ှ်နှစ်က ဝက်သားဈေးနှုန်းများ ကျဆင်းခဲ့ ပြီးသည့်နောက်မှ တက်လာခဲ့ပါသည်။ ၂ဝ၁၆ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဝက်သားမှာယူတင်သွားမှု ရပ် ဆိုင်းခဲ့သဖြင့် ဗီယက်နမ်နိုင်ငံတွင် ဝက်သားဈေးနှုန်းများ ထိုးကျခဲ့ရပါသည်။ ထိုဝက်သားဈေးနှုန်း ကျဆင်း မှုသည် ဗီယက်နမ်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးသော ဈေးနှုန်းကျဆင်းမှုကြီးဟု သတ်မှတ်ထားပါသည်။ ယင်းကဲ့သို့ ဝက်သားဈေးအလွန်ကျ ဆင်းခဲ့သဖြင့် မာဆန်ကုမ္ပဏီအုပ်စု၏ ဝင်ငွေသည် ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရပါသည်။ ယခုအခါ တရုတ်နိုင်ငံက ဗီယက်နမ်နိုင်ငံမှ ဝက်များကို ပြန်လည်တင်သွင်းခွင့်ပြုလာသဖြင့် ယခုနှစ်တွင် မာဆန်ကုမ္ပဏီအုပ်စု၏ လုပ်ငန်းဆောင်ရွက် မှုမှာ ပိုမိုကောင်းမွန်လာနိုင်သည်ဟု ခန့်မှန်းထားပါသည်။

ငုယင်ဒန်ကွန်းသည် ရုရှားနိုင်ငံရှိ ပရီခါနော့ပ်စီးပွားရေးတက္ကသိုလ်တွင် အမ်ဘီအေဘွဲ့ရသည်အထိ ပညာသင်ကြားခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်မှစ၍ စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ပါသည်။ ထို့ပြင် သူသည် ဘီလာရုစ်အမျိုးသား သိပံ္ပအကယ်ဒမီမှ ပေးအပ်သော နည်းပညာသိပံ္ပဆိုင်ရာ ဒေါက်တာဘွဲ့ကိုလည်း ရရှိခဲ့သည်ဟု သိရပါသည်။

သူ့အနေဖြင့် ရုရှားတွင်နေထိုင်ရင်း ထိုနိုင်ငံတွင် ရောက်ရှိနေသည့် ဗီယက်နမ်လူမျိုးများ စားသုံးရန် အသင့်စား အစာခြောက်များကို ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ထို့နောက် ရုရှားနိုင်ငံ၌ပင် စက်ရုံတစ်ရုံတည်ထောင်ပြီး အသင့်စားအစာထုပ်များ ကို ထုတ်လုပ်ရောင်းချခဲ့သည်ဟု သိရ ပါသည်။

ထို့ပြင် ပဲပုပ်စေ့၊ ငါးနှင့် ငရုတ်အချဉ်ရည် ပုလင်းများကိုလည်း ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ရုရှားနိုင်ငံတွင် ထိုလုပ်ငန်းများ အောင်မြင်မှုရရှိခဲ့ သဖြင့် ၂ဝဝ၁ ခုနှစ်၌ ဗီယက်နမ်နိုင်ငံသို့ ပြန်လာပြီး ဗီယက်နမ်ဈေး ကွက်တွင်လည်း ထုတ်လုပ်ရောင်းချ ရန် ကြိုးစားလာခဲ့ပါသည်။

လွန်ခဲ့သောနှစ်က ကန်တာ ကမ္ဘာ့ကုန်ပစ္စည်းရွေးချယ်အကဲဖြတ်သည့် အဖွဲ့သည် ဗီယက်နမ်နိုင်ငံ သားများ အများဆုံးဝယ်ယူအသုံးပြုသည့် ထိပ်တန်းအကောင်းဆုံး စားသောက်ကုန် သုံးမျိုးကို အကဲဖြတ်ခဲ့ရာတွင် ယူနီရီးဗားဆပ်ပြာများ၊ ဗီယက်နမ်နို့ဆီဖြစ်သည့် ဗီနာနို့ဆီနှင့်မာဆန် ကုမ္ပဏီအုပ်စုမှ ထုတ်လုပ်သော မီးဖိုချောင်သုံးစားကုန်များကို ရွေးချယ်ခဲ့သည်ဟု သိရပါသည်။ မာဆန် ကုမ္ပဏီအုပ်စုမှ ထုတ်ကုန်များအနက် ငါးမှထုတ်လုပ်သော ငံပြာရည်တံဆိပ်များဖြစ်သည့် ''ချင်းစု'' နှင့် ''နမ်ဂု'' တို့သည် နာမည်ကျော်လူ ကြိုက်အများဆုံးဖြစ်ပါသည်။

မာဆန်ကုမ္ပဏီအုပ်စုသည် အဆိုပါ စားသောက်ကုန်များ ရောင်းချသည့် လုပ်ငန်းများအပြင် ဗီယက် နမ်နည်းပညာနှင့် စီးပွားရေးဘဏ်ဖြစ်သည့် တက်ကွမ်းဘဏ် (Techcombank)၏ ရှယ်ယာ သုံးပုံတစ်ပုံကိုလည်း ပိုင်ဆိုင်ထားသည်ဟု သိရှိရပါ သည်။

 

မောင်ပုဆိုးကြမ်း

 

Ref: “Fish Sauce Helps Vietnam Mint its Newest Billionaire” By Yoojung Lee (Bloome-rg.com/asia) 19.1.2018

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.