1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ရာသီဥတု ပြောင်းလဲမှုဒဏ် ခံနေရသည့် အာရှဒေသ ကမ်းနီးရေလုပ်ငန်း

ရောင်နီမပျို့မီမှာပင် မလေးရှားနိုင်ငံ ဂျိုဟော်ရေလက်ကြား ကမ်းခြေသောင်ပြင်နီးစပ်ရာ ဆိပ်ကမ်းများ၊ ရိုးရာကမ်းနီးရေလုပ်ငန်းငယ်များမှ ငါးဖမ်းလှေတွေ စုဝေးရောက်ရှိနေကြပြီ။ သူတို့တွေ ဆိုင်ရာလှေငယ်များ၊ စက်တပ်လှေများတွင် ရွက်ပြင်စက်နှိုးနေစဉ်မှာပင် ကောင်းကင်နှင့် ပင်လယ်ပြင်ကို မော့ကြည့်ကာရာသီနှင့် လေတိုက်ခတ်မှုကို အကဲခတ်ရင်း ''အင်း ဒီနေ့တော့ ငါးများများရ ကောင်းပါရဲ့''ဟုလည်း တွေးတတ်ကြသည်။

အချို့ငါးဖမ်းလှေများမှာ ကမ်းမှမလှမ်းမကမ်းမှာပဲ ငါးလုံလောက်အောင် ဖမ်းမိသည့် ကံကောင်းအလှည့် ကြုံတတ်ပါ၏။ သို့သော်လည်း  အချို့မှာ  လောင်စာဆီတော်တော် ကလေးကုန်အောင် မောင်းနှင်သွားပြီး  ငါးရနိုင်လောက်သည့် ကမ်းလွန်ကမ်းဝေးအထိ သွားရတတ်သည်။ ယင်းသို့ ငါးရနိုင်မည့်နေရာအထိ သွားရသော အခါ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက် နယ်ခြားမျဉ်းကိုဖြတ်ကျော် ဝင်ရောက်မိတတ်သည်။ ယင်းသို့ သိ လျက်သောကြောင့်ပင်ဖြစ်စေ၊ မသိ၍ ကျော်ဖြတ်မိသည့်အခါ ကမ်းခြေစောင့်ဆိုင်ရာရဲတွေက ဖမ်းဆီးတာခံ ရနိုင်သလို  မသမာသူ လူကုန်ကူးသည့် အကြမ်းဖက်အုပ်စုတို့၏ အနိုင်ကျင့်ခြင်းတို့လည်း ခံရတတ်ပြန် သည်။

မလေးရှား အနောက်တောင်ပိုင်းက ရိုးရာကမ်းနီးငါးဖမ်း အသက်မွေးသူ မူကင်တန်ဂျွန်းကူပန်သည် မလေးရှားနှင့် စင်ကာပူကြားရှိ ရေလက်ကြားတွင်ရှိသော ပင်ဒါစ်နှင့်ဖူလိုင်မြစ်ဝတွင် လှေဖြင့်သွားချည်ပြန်ချည် သွားလာနေတတ်သည်။ သူတို့တွေ နဂိုက  ကမ်းတွင်းရေပြင်မှာ ငါးရှာနေ ကြသူများဖြစ်ပါသည်။ ကမ်းရိုးတန်း လမုတောရေပြင်မှ ဝေးဝေးလံလံသွားလေ့မရှိခဲ့ဖူးပါ။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်ကစပြီး လေ တိုက်ပုံပြောင်းသွားခဲ့သည်။ ရာသီဥတု မတည်ငြိမ်၊ ရေပြင်အနေအထားလှိုင်းနှင့် အပူအအေးပါ ပြောင်းလဲလာခဲ့ သည်။ သူတို့တွေ မကြုံဖူးတာတွေ မြင်လာရသည်။ ကြုံလာရသည်။

လေသည် တစ်ခါတစ်ရံပူလာသည်။ သို့သော်လည်း အေးသွားတတ်ပြန်သည်။ ပူလိုက်အေးလိုက် ဖြစ်နေတတ်သည်။ တစ်ခါတစ်ရံ သူတို့တွေ မမျှော်လင့်သည့် ပမာဏအထိ ပုစွန်များဖမ်းမိတတ်သည်။ တစ်ခါတလေကျတော့ တစ်ကောင်မျှ ဖမ်းမိသည်မျိုးလည်း ကြုံကြရသည်။ သူတို့ ဘိုးစဉ်ဘောင်ဆက် တတ်ကျွမ်း နားလည်ခဲ့သော ငါးဖမ်းနည်းသည် ငါးလုံလုံလောက်လောက် ဖမ်းဆီးနိုင်သောအတတ် မဟုတ်တော့သလို ဖြစ်လာနေသည်။ မုတ်သုံရာသီသည် သူတို့ဘဝ အတွေ့အကြုံကို လုံးလုံးပြောင်းလဲသွားစေသည်။ စားဝတ်နေရေးအတွက် သင့်တင့်သော ငါးပုစွန် အရအမိဖမ်းမိရေးသည် ကမ်းလွန်ရေပြင်ကိုကျော်ပြီး နယ်စပ်မျဉ်းကို လွန်သည်အထိ စွန့်စားသွားရောက်ရ ဖို့ ဖြစ်လာနေသည်။

Orange Seletar ဆိုသော ဒေသခံမျိုးနွယ်စုသည် ယခုတိုင် ပင်လယ်ရေပြင်သာလျှင် သူတို့ဘဝရဲ့ အ သက်မွေးမှုအတွက် အားထားရာဟု မှတ်ယူထားဆဲဖြစ်ပါသည်။ လွန်ခဲ့ သော ၁ဝ နှစ်လောက်အထိ သူတို့တွေသည် ကမ်းလွန်မြစ်ဝထက် ဝေးလှမ်းသော ပင်လယ်ပြင်ကျယ်ထဲသို့ မသွားခဲ့ကြဖူးပေ။ သူတို့ အသုံးပြုသော လှေများ၊ စက်တပ်လှေများမှာ ငယ်လွန်းလှသည်။ ဝေးဝေးလံလံသွားဖို့  မလွယ်ကူလှပေ။ ဒီနေ့များမှာတော့  သူတို့တွေပင် သင်္ဘောကြီး များကျောက်ချပြီး ပိုက်ချပိုက်မျှောရာ ရေပြင်အထိ စွန့်စားသွားလာနေကြရသည်။ ငါးဖမ်းရရှိနိုင်မှု နည်းပါး လျော့ကျလာခြင်းမှာ ရာသီဥတုပြောင်းလဲမှု၏ တိုက်ရိုက်ဆိုးကျိုးတစ်ခုဖြစ်ပါသည်။  ကမ်းခြေငါးဖမ်း သမားတွေ  မှီခိုနေရာ သူ့အိမ်ခြေအိမ်ယာမြေများသည် ပင်လယ်ရေ ပြင်မြင့်တက်လာ၍ ရေတိုက်စားမှုခံနေရပြီး ငါးရမိမှု  လျော့ကျလာခြင်းမှာ မရှင်းပြနိုင်လောက်အောင်ဖြစ်သည်။ ပင်လယ်တွင်းမှာ ငါးကောင်ရေ၊ လျော့ပါးလာသည်။ ရာသီဥတု ပြောင်းလဲလာမှုကြောင့်ဟုသာ ယေဘုယျ ပြောနိုင်တော့သည်။

ငါးဖမ်းဆီးရရှိမှု နည်းလာသည့်အတွက် နေအိမ်အနီးအပါး၌ စားပင်သုံးပင်များ စိုက်ပျိုးခဲ့ကြသော်လည်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ရေနစ်မြုပ်ခံရခြင်း၊ ရေတိုက်စားခြင်းတို့ကြောင့် ဖြစ်ထွန်းနိုင်မှုမရှိခဲ့ပေ။ ဤမည်သော လေ့လာတွေ့ရှိချက်များကို တင်ပြသူမှာ ကျောင်းသင် အတန်းပညာတတ်သူများတော့ မဟုတ်ကြပါ။ သို့သော်လည်း သူတို့မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြားသိ၊ မြင်တွေ့၊ ကြုံကြိုက်ခဲ့ရသော ဘဝအတွေ့အသိများက သူတို့တင်ပြမှုကို ထောက်ခံနေကြသည်။ ထိုအတွေ့အကြုံအသိများကို  Wize-nad Longitudinal observation က သက်သေထူထားသည်။ အပြည်ပြည်ဆိုင်ရာ လက်ခံထားသော သိပံ္ပရေးရာ အစီရင်ခံစာတစ်ခုလည်းဖြစ်သည်။  နိုင်ငံတကာ အစိုးရများ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စားပွဲဝိုင်းအစည်းအဝေး IPPC ကလည်း လက်ခံထားသည်။ FAO နှင့် အင်းအိုင်နှင့် ငါးမွေးမြူရေးဆိုင်ရာဌာနကလည်း ဤမည်သော ရှေးရိုးရာ သိပံ္ပအတွေးအခေါ်ကို လက်ခံပါသည်။ စင်ကာပူနိုင်ငံ S.Rajarathnan School of International Studies (RSIS) က အာရှဒေသ ပင်လယ်ပြင် ငါးဖမ်းဆီးရနိုင်မှုသည် ခရစ်နှစ် ၂ဝ၅ဝ တွင် ယခုထက် ၄ဝ-၆ဝ ရာခိုင်နှုန်း လျော့နည်းသွားမည်ဟု ခန့် မှန်းထားပါသည်။ အကြောင်းရင်းက ပင်လယ်ရေပြင် အပူချိန်မြင့်တက်လာခြင်းနှင့် ပင်လယ်ရေ အချဉ် ပေါက်လာခြင်းကြောင့်ဟု ဆိုပါသည်။  သို့အားဖြင့် ကမ်းခြေကမ်းနီး ရေလုပ်ငန်းများနှင့် ဒေသခံပြည်သူများသည် အနာဂတ်ကာလတွင် ရာသီရှောင်ပြေးဒုက္ခသည်များ Climate Refugees of the Future ဖြစ်လာတော့မည်ဟု ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဆွေးနွေးပွဲများတွင် ဤလူစုများရဲ့အသံက ဘယ်မှာလဲ။ မကြာသေးမီက ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု မူဘောင်ဆိုင်ရာအစည်းအဝေးသည် ကမ္ဘာ့သြဇာအကြီးမားဆုံး ငါးဦးဖြင့်သာ ညှိနှိုင်းစည်းဝေး၍ ပြီးသွားခဲ့သည်။ သူတို့ သဘောတူညီခဲ့ကြတာ ကတော့ စက်မှုကုန်ထုတ်လုပ်ငန်းမှ ထုတ်လွှတ်သော GHG ကြောင့် ပူနွေးလာမှုကို အခြေခံထားပြီး ထို့ထက် ၂ ဒီဂရီဆဲလ်စီးယ်ပ်ကို ခွင့်ပြုကြဖို့ဖြစ် သည်။ ပါရီ ဏမေငျ တွင် စုဝေးရောက် ခဲ့သော ဒေသဆိုင်ရာလူနည်းစုတို့ ပြောဆိုခွင့်လုံးဝမရခဲ့ပေ။

ရာစုနှစ်များစွာကြာမြင့်လှပြီဖြစ်သော ရိုးရာဂေဟစနစ် ဗဟုသုတများကို သိပံ္ပပညာရပ်ဟု လက်မခံသေးသမျှ၊ တိုက်ရိုက်ထိခိုက်မှု ခံစားနေကြရသော လူနည်းစုတို့တွေ့ကြုံနေရသည့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံ လူတစ်စု၏ အသံကို ဂရုပြုနားထောင် ဖြေရှင်းဖို့ မကြိုးပမ်းသေးသမျှ သက်သာခွင့်ဆိုတာမရနိုင်ပါ။

လက်တွေ့ခံစားနေရသူတို့၏ ဘဝသည် ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိသူ လူတစ်စု၏ သနားညှာတာမှုအပေါ်မှာ တည်နေပါသည်။ ထိုသူများသည် ဤမည်သော ဆင်းရဲသား ပညာမဲ့လူနည်းစု ရပ်တည်မှုကို အလေးအနက် အသိအမှတ်ပြုဖို့ ဝန်လေးသူများဖြစ်ကြပါသည်။ ထိုထို လက်လုပ်လက်စား ရေလုပ်သား  ကမ်းနီးငါးဖမ်းသမားတို့၏ ဘဝသည် မုန်တိုင်းဆင်လာသော တိမ်လွှာပြင်လို မည်းနက်ညိုမှောင်ပြီး အစဉ်အမြဲ အုံ့မှိုင်းနေသော ကောင်းကင်အောက်မှာပဲ ရှိနေရပေလိမ့်မည်။ ဒေသခံလူသားတွေကို သူတို့ ဘိုးဘွားတွေထံမှ အမွေခံရရှိသော ဗဟုသုတ အတွေ့အကြုံများအတိုင်း လုပ်ကိုင်ရှာဖွေ သက်မွေးမှုပြုခြင်းသာလျှင် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင် စရာရှိသည်ဟု ဆိုပါသည်။

သုတကျော်

သုတကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.