1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ဘာလဲ ဘယ်လဲ

သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် မကြာမီမှာပင် ဒေါ်နယ်ထရန့်၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုအပေါ် ဝေဖန်သူများ၏ မေးခွန်းထုတ်ခြင်းကို ခံနေရပါသည်။

ဝေဖန်သူများက တွစ်တာ (Twitter)  ပေါ်၌ ထရန့်၏ ရေးသားမှုများ၊ မှတ်ချက်များက သူသည် စိတ်လိုက်မာန်ပါ လုပ်တတ်သူ၊ စိတ်ကြွပ်ဆတ်သူ၊ ခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်တတ်သူဖြစ်ကြောင်း ပြသနေသည်ဟု ထောက်ပြခဲ့ကြပါသည်။

ထရန့်သည် ၄င်း၏ စိတ်ကျန်းမာရေးအပေါ် အများက မေးခွန်းထုတ်စရာဖြစ်လာနိုင်သည့် စာအုပ် တစ်အုပ်ထွက်ရှိလာပြီးနောက် ပြီးခဲ့ သည့် ဇန်နဝါရီ ၆ ရက်တွင် တွစ်တာပို့စ်တစ်သီတစ်တန်းကြီးအတွင်းသူက          

''ကျွန်တော့် ဘဝတစ်လျှောက်လုံးမှာ အဖိုးတန်ဆုံး အရည်အချင်း နှစ်ခုရှိခဲ့ပါတယ်။ အဲဒါကတော့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနဲ့ ထက်မြက်မှုတို့ပဲဖြစ်ပါတယ်။ ကျွန်တော်ဟာ အရမ်းအောင်မြင်တဲ့ စီးပွားရေးသမား၊ ထိပ်သီးရုပ်သံကြယ်ပွင့်ကနေ အမေရိကန်သမ္မတအဖြစ်ကို တန်းရောက်ခဲ့သူပါ။ ကျွန်တော့် အထင်တော့ ဒါတွေဟာ ထူးချွန်တယ်လို့ ပြောလို့ရချင်မှရပေမယ့် ပင်ကိုစွမ်းရည်ရှိတာပါ။ အရမ်းကို တည်ငြိမ်တဲ့ ပါရမီရှင်တစ်ဦးပါ''လို့ ရေးသားခဲ့ပါသည်။

ထရန့်အစိုးရအဖွဲ့က မတားမြစ်လိုက်နိုင်ဘဲ ထွက်ရှိလာခဲ့သော မိုက်ကယ်ဝုဖ် (Michael Wolff) ၏ Fire and Fury “ Inside the Trump white house စာအုပ်သည် ဇန်နဝါ ရီ ၅ ရက်က  စာအုပ်ဆိုင်များပေါ် ရောက်လာခဲ့ပြီး ခဏအတွင်းမှာပင် ရောင်း၍ကုန်သွားခဲ့ပါသည်။ ထိုစာအုပ်တွင် ထရန့်၏အနီးကပ်ဆုံးနိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ၊ အိမ်ဖြူတော်မဟာဗျူဟာချမှတ်သူ အကြီးအကဲဟောင်း စတိဗ်ဘန်နွန်က ထရန့်၏ အကြီးဆုံးသားဖြစ်သူ ဒေါ်နယ်ဂျူနီယာအနေနှင့် ၂ဝ၁၆ ခုနှစ်၊ ဇွန်လတွင် ရုရှားရှေ့နေနာတာလီ ယာဗီဆယ်နစ်စကာယာနှင့် တွေ့ဆုံမှုသည် နိုင်ငံတော် သစ္စာဖောက်မှုနှင့် မျိုးချစ်စိတ်မရှိမှုဟု ဘန်နွန်က ခိုင်းနှိုင်းပြီး ဖွင့်ချထားပါသည်။

ထရန့်၏ ပြိုင်ဘက် ဒီမိုကရက်သမ္မတ လောင်းဟီလာရီကလင်တန်အား စွပ်စွဲမှုများပါဝင်မည့် အချက်အ လက်များပေးမည်ဟု ကတိရရှိခဲ့ပြီး နောက်နယူးယောက်ရှိ ထရန့်တာဝါတွင် ထရန့်၏ သမက်ဖြစ်သူ ဂျရတ်ကူရှ်နာနှင့် မဲဆွယ်အဖွဲ့ဥက္ကဋ္ဌ ပေါမန်နာဖို့တ်တို့ကပါ ယင်းတွေ့ဆုံမှုသို့ ရှေ့နေများမပါဘဲ တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စအတွက် အက်ဖ်ဘီအိုင်အားချက်ချင်းခေါ်သင့်ကြောင်း ဘန်နွန်ကပြောကြားခဲ့သည်။ ထရန့်က ဘန်နွန်သည် ရှူးသွပ်သွားပြီဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန် ပြောကြားခဲ့ပါသည်။

Fire and Fury စာအုပ်ရေးသားသူ မိုက်ကယ်ဝုဖ်က ''ထရန့်ဟာ ယကြည်စိတ်ချစရာ မကောင်းပါဘူး။ သူရဲ့ ဝန်ထမ်းတွေ အပြောအရ ထရန့်ဟာ ကလေးဆန်တယ်။ သမ္မတရာထူးနဲ့လည်း မထိုက်တန်ဘူး''ဟု ရေးသား ထားပါသည်။ ထို့ပြင် ထရန့်သည်သူ၏ သမ္မတရုံး၌ အမျိုးသမီးများကို ရုံးမယား(office Wives) တွေအဖြစ် ခန့်ထားပြီး ဝန်းရံထားကြောင်း၊ ထရန့်ကိုယ်တိုင်က အမျိုးသမီးသည် ပို၍သစ္စာရှိသည်ဟု  ယုံကြည်ကြောင်း ရေးသားထားပါသည်။

ဒေါ်နယ်ထရန့်သည် 'အမေရိကန်ပထမ' ဟူသော သီးခြားဝါဒအလံကို ကိုင်စွဲလျက် ကမ္ဘာ့စင်မြင့်ပေါ်သို့ ရုတ်တရက်တက်လာခဲ့ပါသည်။ ယခု သူ၏သမ္မတသက်တမ်း ပထမနှစ်အကုန်တွင် အမေရိကန်ပြည်ထောင်စုနှင့် သူ၏ ဖိအားဒဏ်ခံ ထားရသော မဟာမိတ်နိုင်ငံများသည် ကမ္ဘာကြီးအား ပျက်စီးစေနိုင်သည့် ပဋိပက္ခအသစ်များဆီသို့ သက်ဆင်း စေနိုင်သည့် အနေအထားနှင့် ရင် ဆိုင်နေရပါသည်။

ထရန့်ကိုယ်တိုင်က မဆင်မခြင် စကားများဖြင့် တင်းမာမှုပိုမိုမြင့်မားအောင် ပြုလုပ်ခဲ့ရာတွင် မြောက်ကို ရီးယား ခေါင်းဆောင်ကင်ဂျုံအန်အား ရော့ကက်လူသားလေးဟု လှောင်ပြောင်ခြင်းနှင့် ကင်ဂျုံအန်၏  မြောက်ကိုရီးနိုင်ငံအား မီးဟုန်းဟုန်း လောင်စေရမည်ဟု  ခြိမ်းခြောက်ခြင်းတို့ ပါဝင်ခဲ့သည်။ မြောက်ကိုရီးယားနှင့် ပဋိပက္ခဖြစ်လာပါက ယင်းဇုန် တွင်ရှိသော တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ပါ ပဋိပက္ခနှင့် ရင်ဆိုင်နိုင်ပြီး တရုတ်နိုင်ငံပင်လျှင် ၄င်း၏ နယ်စပ်၌ ပဋိပက္ခများဖြစ်ပွားလာမည်ကို စိုးရိမ်လာရပါသည်။

အမေရိကန်အနေဖြင့်  မြောက်ကိုရီးယား သို့မဟုတ် အီရန်နှင့်စစ်ဖြစ်နိုင်ခြေကို သတ်မှတ်သည့် ''စောင့်ကြည့်ရန် ကမ္ဘာ့ပဋိပက္ခများ'' စစ်တမ်းအတွက် အစိုးရအရာရှိများနှင့် ပြင်ပပညာရှင်များ စုစုပေါင်း ၄၃၆ ဦးကို တွေ့ဆုံမေးမြန်း ခဲ့ပြီး အစီရင်ခံစာ ရေးသားသူပေါ်စတဲက ''သမ္မတထရန့်ရဲ့ အပြုအမူ၊ အပြောင်းအလဲမြန်တဲ့ ဆုံးဖြတ်ချက်ချမှတ်မှု၊ တွစ်တာအသုံးပြုမှုနဲ့ စိတ်လိုက်မာန်ပါရှိပုံရတဲ့ အပြုအမူတွေက ကမ္ဘာတစ်လွှားက မြို့တော်အများကြီးကို လှုပ်ခတ်သွားစေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ ခြိမ်းခြောက်ဟိန်းဟောက်ရုံသက်သက်ပဲလား၊ ဒါမှမဟုတ် အန္တရာယ်တွင်းဝအထိ တိုးဝင်စွန့်စားတဲ့ မူဝါဒလား၊ ဒါမှမဟုတ် အင်အားသုံးဖို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လားဆိုတာ ဝေခွဲရခက် ပါတယ်။ ၂ဝ၁၈ ကို မျှော်ကြည့်ရင် ပြင်းထန်တဲ့ အကျပ်အတည်းတစ်ရပ်မပါဘဲ နောက်ထပ်နှစ်တစ်နှစ်ကို ဖြတ်ကျော်နိုင်မယ်လို့ တကယ်ယုံကြည်တဲ့ သူရှိမယ်လို့ ကျွန်တော် မထင်ဘူး''ဟု ပြောကြားထားပါ သည်။

မောင်ပုဆိုးကြမ်း

Ref: AFP

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.