14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အကျင့်ပျက် ခြစားမှုတိုက်ဖျက်ပြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေသည့် ဆော်ဒီအိမ်ရှေ့မင်းသားကြီး

ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက် နှောင်းပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံမှ သြဇာကြီးမားသော အိမ်ရှေ့မင်းသားကြီး မိုဟာမက်ဘင်ဆယ်မန် ဦးဆောင်သည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ကြောင်း ဘုရင်ကြီး၏ အမိန့်စာ ထွက်လာပြီး မရှေးမနှောင်းမှာပင် ဘီလျံနာ မင်းသားတစ်ဦးအပါအဝင် မင်းသား ၁၁ ဦးနှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးနှင့်ဝန်ကြီးဟောင်း ဒါဇင်များစွာကို ဖမ်းဆီးစစ်ဆေးခဲ့ပါ သည်။

ဆော်ဒီနန်းတော်မှ နိုဝင်ဘာ ၉ ရက် ထုတ်ပြန်ချက်အရ ဒေါ်လာဘီလီယံ ၁ဝဝ ထက်မနည်း အကျင့်ပျက်ခြစားမှု ရှင်းလင်းရေးအတွင်း လူပေါင်း ၂ဝ၁ ဦးကို ထိန်းသိမ်းခဲ့ သည်ဟု သိရပါသည်။ စုံစမ်းမေးမြန်းရန် ခေါ်ယူခံရသူ ၂ဝ၈ ဦးရှိခဲ့ပြီး ၄င်းတို့အနက် ခုနစ်ဦးကို စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးလိုက်ကာ ၂ဝ၁ ဦး ထိန်းသိမ်းထားသည်ဟု ဆော်ဒီရှေ့နေချုပ်ဆာအိမိုဂျစ်က ပြောပါသည်။

လူအများကို ထိတ်လန့်စေခဲ့သည့် ထိုဖြုတ်ထုတ်ရှင်းလင်းမှုကြီး နိုဝင်ဘာ ၄ ရက်က စတင်ခဲ့ပြီးနောက်  နိုဝင်ဘာ ဒုတိယ သီတင်း တစ်ပတ်လုံး ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။ ဖမ်းဆီးခံရသူများကို ရီယာ့ဒ် မြို့ရှိ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွင် ထိန်းသိမ်းထားရှိခဲ့ပါသည်။

ဖမ်းဆီးမှုများကို ဆောင်ရွက်နေသော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မတီသစ်ကို ဘုရင်ဆယ် မန်၏သား မိုဟာမက်ဘင်ဆယ်မန်က ဦးဆောင်ခဲ့ပါသည်။  ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘဏ်စာရင်း ၁ဝဝဝ ခန့်ကိုလည်း ထိန်းသိမ်းခဲ့သည်ဟု သိရပါသည်။

ယခု ဖမ်းဆီးမှုများသည် လွန်ခဲ့သည့် သုံးနှစ်အတွင်းက စုံစမ်းမှုများကို  အခြေခံထားခြင်းဖြစ်ပြီး ခြစားမှုနှင့် ငွေကြေးအလွဲသုံးစားခြင်းခံရသည့် ငွေပမာဏသည် ဒေါ်လာဘီလီယံ ၁ဝဝ ထက်မနည်းရှိသည်ဟု ရှေ့နေချုပ်က ပြောပါသည်။ မိမိဆွေမျိုးကောင်းစားရေးဝါဒ ထွန်းကားလာသော ဆော်ဒီအာရေဗျနိုင်ငံတွင် ထိပ် ပိုင်းအစိုးရ အရာရှိကြီးများသည် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားပြုခြင်း၊ ခြစားမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ် ပေါ်နေခြင်းများရှိနေသည်ဟု ပြည်သူများကြား၌ မကျေမနပ် ညည်းညူဝေ ဖန်နေကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံနှင့် ပတ်သက်၍ ဝေဖန်သူများနှင့် ကျွမ်းကျင်သူများက အိမ်ရှေ့မင်းသားသည် အာဏာကို ပိုမိုဆုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ထိပ်ပိုင်းမင်းသားများနှင့် စီးပွားရေးသမားများကို ရှင်းထုတ်နေသည်မှာ မကြုံစဖူးဖြစ်နေသည်ဟု ဆိုကြပါသည်။

လက်ရှိအခြေအနေမှာ ဆော်ဒီအာရေဗျနှင့် အဓိကဒေသတွင်း ပြိုင်ဘက်ကြီးဖြစ်သည့် အီရန်နိုင်ငံ တို့ကြားတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာပြီး၊ ယီမင်စစ်ပွဲကြောင့် ဆော်ဒီ၏ဆုံးရှုံးမှုများ ကြီးထွားလာနေသည့်အပြင် လက်ဘနွန်နိုင်ငံရေး ပြဿနာအသစ်ကလည်း ထွက်ပေါ်လာချိန်တွင် ယခုကဲ့သို့ ပြည်တွင်း၌ ခြစားမှုရှင်းလင်းပွဲကြီး ဖြစ်ပေါ်လာ ခြင်းဖြစ်ပါသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် မင်းသားအယ်ဝါလိဒ်တာလယ်နှင့် ကွယ်လွန်သူ ဘုရင်အဗ္ဗဒူလာ၏  သားနှစ်ဦးလည်း ပါဝင်သည်။ အဗ္ဗဒူလာ၏ သားနှစ်ဦးအနက် မင်းသား မီတိတ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်မတိုင်မီအထိ သြဇာကြီးမားသော အမျိုးသား အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး ထီးနန်းဆက်ခံ သူဖြစ်လာမည်ဟု ထင်မြင်ခံခဲ့ရသူလည်းဖြစ်သည်။ မီတိတ်သည် မိုဟာမက်ဘင်ဆယ်မန်က အိမ်ရှေ့ မင်းသားဖြစ်လာခြင်းကို ဆန့်ကျင်သူဟု အများက ယူဆကြသည်။

အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန် ဦးဆောင်သော ခြစားမှု  တိုက်ဖျက်ရေးကော်မရှင်သစ်သည် ၂ဝဝ၉ ခုနှစ်က ပင်လယ်နီမြို့ဖြစ်သော ဂျက်ဒါကို အကြီးအကျယ် ပျက်စီးစေခဲ့သည့် ရေကြီးမှုကြီးများအစ ဖြစ်စဉ်ဟောင်းများကို ပြန်လည် စစ်ဆေးနေစဉ်မှာပင် မင်းသားများနှင့် တာဝန်ရှိလက်ရှိဝန်ကြီးများ၊ ဝန်ကြီးဟောင်း ဒါဇင်များစွာကို ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်ဟု အစိုးရပိုင် ရုပ်သံအယ်လ်အာရေဗျတွင် ဖော်ပြခဲ့ သည်။

အစိုးရပိုင် ဆော်ဒီသတင်း ဌာနကလည်း ကော်မရှင်၏ ရည်ရွယ်ချက်မှာ ပြည်သူ့ငွေများကို ထိန်းသိမ်းရန်၊ အကျင့်ပျက်ခြစားသူများနှင့် ရာထူးများကို အသုံးချပြီး ကိုယ်ကျိုးရှာသည့် အရာရှိကြီးများကို အပြစ်ပေးရန်အတွက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိပ်ပိုင်းဘာသာရေး ခေါင်းဆောင်များကလည်း ခြစားမှုတိုက် ဖျက်ရေးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးကဲ့သို့ပင် အရေးကြီးကြောင်း ထောက်ခံမှုပေးခဲ့သည်။

ယခုကဲ့သို့  ခြစားမှုတိုက်ဖျက်ခြင်းမပြုမီ လွန်ခဲ့သည့် သီတင်းနှစ်ပတ်ခန့်ကပင် အိမ်ရှေ့မင်းသား မို ဟာမက်ဘင်ဆယ်မန်သည် ရေနံခေတ်လွန်ကာလအတွက် သူ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအ စဉ်များကို  ပွဲထုတ်သည့်အနေနှင့် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်း ရှင် ထောင်ပေါင်းများစွာကို ဖိတ်ခေါ် ခဲ့ပြီး ရီယာ့ဒ်မြို့တွင် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးပွဲကြီးကို ကျင်း ပခဲ့သည်။

အိမ်ရှေ့မင်းသားကြီး မိုဟာမက်သည် အလွန်ရှေးရိုးစွဲသည့် ဆော်ဒီအရေဗျနိုင်ငံတွင် ၄င်းကိုယ်ကို အတွေးအခေါ်သစ်များအား ဆက်ခံသည့် ပြုပြင်ပြောင်းလဲရေး သမားတစ်ဦးအနေနှင့် အမျိုးသမီး များကို ယာဉ်မောင်းခွင့်ပေးခြင်းအပါ အဝင် ထင်ရှားသောပြောင်းလဲမှုများ စွာကိုလည်း ဆက်တိုက်လုပ်ဆောင်ပြ ခဲ့ပါသည်။ နိုင်ငံခြားသံတမန်များကမူ အိမ်ရှေ့မင်းသားကြီး မိုဟာမက်သည် ရာစုနှစ်ဝက်ပင်မရှိသည့် ကာလအတွင်း ဆော်ဒီအရေဗျနိုင်ငံကို ကောင်းစွာ ထိန်းချုပ်သွားနိုင်လိမ့် မည်ဟု မျှော်လင့်နေကြသည်။

တချို့ ဝေဖန်သူများကတော့ ဆော်ဒီအိမ်ရှေ့မင်းသား၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများသည် အီဂျစ်နိုင်ငံတွင်  ဖြစ်ပေါ်ခဲ့သော အာရတ်နွေဦး အတုမျိုးမဟုတ်ဘဲ အာရတ်နွေဦး အစစ်ဖြစ်သည်ဟုဆိုကြပါသည်။

 

မောင်ပုဆိုးကြမ်း

Ref; "Saudi Prince's Revolution is the Real Arab spring" By Zev chafets (www.bloomb-erg. com/view).

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.