14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ပွက်လောရိုက်လာနိုင်တဲ့ အိန္ဒိယက အလုပ်လက်မဲ့ပြဿနည

အိန္ဒိယနိုင်ငံရဲ့ အလုပ်လက်မဲ့ ပြဿနာဟာ အင်မတန်စိုးရိမ်စရာ ကောင်းတယ်။ အိန္ဒိယ လူဦးရေက ၁ ဒသမ ၃ ဘီလီယံရှိတယ်။ လူဦးရေထဲမှာ အလုပ်လုပ်နိုင်တဲ့ အသက်အ ရွယ်ရှိသူတွေ အတော်များများရှိတယ်။ ဒါကကောင်းတယ်။ အလုပ် လုပ်နိုင်သူတွေများပြားတဲ့အတွက် အိန္ဒိယနိုင်ငံဟာ တိုးတက်မှု မြန်ဆန်နိုင်တယ်။ ဒါပေမယ့် တကယ်လို့ အ လုပ်လုပ်နိုင်သူများကို သင့်လျော်တဲ့ အလုပ်အကိုင်တွေ မပေးနိုင်ရင်တော့ အိန္ဒိယမှာ အလုပ်လက်မဲ့ များပြား လာပြီး ထိန်းမနိုင်သိမ်းမရပြဿနာ တက်လာနိုင်တယ်။

အလုပ်လက်မဲ့ ဘောဂဗေဒ

အလုပ်လက်မဲ့ဖြစ်ခြင်း Unemploymant ဆိုတာက စက်မှုစီးပွားရေးစနစ်က ပေါက်ဖွားလာတဲ့ အန္တရာယ်တစ်ခုဖြစ်တယ်လို့ ဘောဂဗေဒပညာ ရှင် J.L.Hanson က သူ့ရဲ့ ‘A Textbook of Economics မှာ ဖွင့်ဆိုခဲ့တယ်။ ဒါမှမဟုတ် အရင်းရှင် စီးပွား ရေးစနစ်ရဲ့ ဝမ်းတွင်းပါ ဘေးထွက်ဆိုး ကျိုးတစ်ခုပဲလို့ ဆိုရလေမလား။

ဟိုးရှေးရှေးတုန်းက လယ်ယာထွန်ယက်စိုက်ပျိုးနေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းများမှာ အလုပ်လက်မဲ့ဆိုတာ မရှိဘူး။ သူ့ဟာနဲ့သူ ကုံလုံပြည့်စုံတယ်။ တစ်ဦးနဲ့တစ်ဦး ဝိုင်းဝန်း ထောက်ကူပေးကြတယ်။ မိုးဦးကာလဆိုကြပါစို့။ တစ်ဦးက လယ်ယာစထွန်ဖို့ လယ်ထဲဆင်းရင် မိသားစုများနဲ့အတူ အခြားသော အိမ်နီးချင်းများကလည်း ဝိုင်းဝန်းကူညီထွန်ယက်ပေး ကြတယ်။ ကောက်ရိတ်ချိန် ရောက်ပြန်တော့လည်း ဒီလိုပဲ ဝိုင်းဝန်းကူညီ ပေးကြတာပါပဲ။ စားကြသောက်ကြ ပြန်တော့လည်း အတူတကွ လက် ရည်တစ်ပြင်တည်း။

တချို့ကတော့ ရှေးခေတ်ကို စက်မှုခေတ်နဲ့ နှိုင်းယှဉ်ပြောတတ်ကြတယ်။ စက်မှုခေတ်နဲ့ နှိုင်းယှဉ်ရင် အဲဒီခေတ်မှာ  လူနေမှုအဆင့်အတန်း Standard of Living နိမ့်ကျတယ်လို့ ထောက်ပြကြတယ်။ ဒါပေမယ့် ဟိုခေတ်က လူတွေက ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး။ မိုးချုပ်လို့ အလုပ်သိမ်းပြီးရင်လည်း နားနားနေနေ အေးအေးဆဲဆဲ။

တကယ်တော့ အခြေခံကုန်စည်များ ထုတ်လုပ်ရောင်းချကြတဲ့ နိုင်ငံ များမှာတောင် အလုပ်လက်မဲ့ဖြစ်မှု အတိုင်းအတာဟာ သိပ်မများဘူး။ အဲသလိုပဲ စက်မှုနိုင်ငံများက လယ်ယာလုပ်ငန်းမှာလည်း အလုပ်လက်မဲ့ ဖြစ်တာဟာ နည်းပါးတယ်။ ဒါပေမယ့် နိုင်ငံအတော်များများဟာ စိုက်ပျိုးရေး အခြေခံစီးပွားရေးစနစ်ကနေပြီး စက်မှုစီးပွားရေးစနစ်ကို ကူးပြောင်းလာခဲ့ကြတဲ့အခါမှာ အလုပ်လက်မဲ့ ဖြစ်မှုပြဿနာ မြင့်တက်လာတယ်။ ဒီလိုအလုပ်လက်မဲ့ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အများ ကြီးပါ။ ပမာအားဖြင့် အလုပ်ခွဲဝေ လုပ်ကိုင်ခြင်း division of Labour  နဲ့ အထူးပြုလုပ်ဆောင်ခြင်း Specialisation တို့ကြောင့် အလုပ်သမားများထဲမှာ အတန်းအစားခွဲခြားမှုတွေ ပေါ်ထွက်လာပြီး အလုပ်လက်မဲ့ ပြဿနာတွေ ထိုးထိုးထောင်ထောင် ဖြစ်လာခဲ့တယ်။

စက်မှုစီးပွားရေးကြောင့် လူနေမှု အဆင့်အတန်းတော့ မြင့်တက်လာပါရဲ့။ အခြားတစ်ဖက်မှာ အလုပ်လက်မဲ့ အန္တရာယ်ကလည်း တိုးပွားလာတယ်။ အချို့သော အလုပ်လက်မဲ့ ဖြစ်ရမှုတွေဟာ စက်မှုဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုက်ရိုက်နှီးနွယ်ဆက်စပ်မှုရှိ တယ်။ ဒါကြောင့် စက်မှုဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံများမှာ အလုပ်လက်မဲ့များကို တစ်ဖက်တစ်လမ်းက ထောက်ကူပေးဖို့အတွက်  လူမှုဖူလုံရေး အစီအမံတွေ (Social Security Schemes) ချမှတ်လုပ်ဆောင်ခဲ့ကြတယ်။

အလုပ်လက်မဲ့ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ  ဝယ်လိုအားပြိုလဲမှုနဲ့ ဝယ်လိုအား ပြောင်းလဲမှုတို့အပြင် တက်ကနိုလိုဂျီ တိုးတက်မှုလည်းပါဝင်တယ်။ လော လောဆယ်ကမ္ဘာတစ်လွှားမှာ တက်ကနိုလိုဂျီတိုးတက်မှုရဲ့ ဖျက်ဆီးအား ပြင်းထန်မှုကြောင့် စီးပွားရေး လုပ်ငန်းများအတွင်း အပြောင်းအလဲတွေ ဖြစ်ပေါ်ကာ အလုပ်လက်မဲ့ပြဿနာတွေ ထောင်တက်လျက်ရှိတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရများဟာ ပြည်တွင်းမှာ အလုပ်သစ် အကိုင်သစ်တွေ ဖော်ဆောင်ဖန်ဆင်းဖို့ ကြိုးပမ်းအားထုတ်နေကြတယ်။ အလုပ်အကိုင်သစ်တွေ ဖော်ဆောင်ပေး နိုင်ရင် ဝင်ငွေတိုးတက်လာတယ်။ ဝင်ငွေမြင့်တက်လာမှုက စားသုံးသူ ဝယ်လိုအားကို မြှင့်တင်ပေးတယ်။ စားသုံးသူဝယ်လိုအား မြင့်မားလာရင် ရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေ တယ်။  ရင်းနှီးမြှုပ်နှံမှု တိုးပွားလာမှုက ဝယ်ယူနိုင်စွမ်းကို ဖြည့်တင်းပေးတယ်။

နိုင်ငံတိုင်းမှာ နိုင်ငံရေးသမားတွေဟာ အလုပ်လက်မဲ့ပြဿနာတွေနဲ့ နပန်းလုံးနေကြရတယ်။ အမြတ်အစွန်းကို ရှေ့တန်းတင်လုပ်ဆောင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အမြတ်အစွန်းပိုမိုရရှိရေးအတွက် လုပ်သားများအစား အော်တိုမက်တစ် စက်တွေကို အသုံးပြုလာကြတယ်။ ဒါကြောင့် အလုပ်သမားတွေ အလုပ် ပြုတ်မှုများပြားလာပြီး အလုပ်လက် မဲ့များ နင်းကန်တိုးပွားလာတယ်။

နိုင်ငံရေးသမားတွေ ဒီပြဿနာကို အချိန်မီကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား။

 

အိန္ဒိယရဲ့ အလုပ်လက်မဲ့ပြဿနာ

အိန္ဒိယနိုင်ငံရဲ့ အလုပ်လက်မဲ့ ပြဿနာဟာ အင်မတန်စိုးရိမ်စရာ ကောင်းတယ်။ အိန္ဒိယနိုင်ငံရဲ့ အလုပ်အကိုင်ဖော်ဆောင်ဖန်ဆင်းရေး Job Creation ဟာ စက်မှုလုပ်ငန်းသစ်များရဲ့ ဒီလှိုင်းများပေါ်မှာ စီးမျောလိုက်ပါလာခဲ့တာ နှစ်ပေါင်း ၇ဝ ကျော်ခဲ့ပါပြီ။ ဗြိတိသျှတို့ လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့တဲ့ အချိန်က စတင်ခဲ့တယ်ဆိုပါတော့။ ဒီစက်မှုလုပ်ငန်းများဟာ သူ့ခေတ်နဲ့သူ အောင်မြင်မှု ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အိန္ဒိယစက်မှုလုပ်ငန်းများကို ၁၉၆ဝ နှစ်များနဲ့ ၁၉၇ဝ နှစ် များက အထည်အလိပ် စက်မှုလုပ်ငန်း Textile industry က ဦးဆောင်ခဲ့တယ်။ ၁၉၉ဝ နှစ်များနဲ့ ၂ဝဝဝ နှစ်များမှာတော့ သတင်းအချက်အလက် တက်ကနိုလိုဂျီ Information Technolegy-IT နဲ့ အိုင်တီဆက်နွယ် ဝန်ဆောင်မှုများ (IT-Related Services-ITes)  စက်မှုလုပ်ငန်းတို့က ဦးဆောင်ခဲ့ပါတယ်။ အဲဒီအချိန် ကာလအတွင်းမှာ ဆက်သွယ်ရေး စနစ် လက်လီအရောင်းနဲ့ ကားထုတ်လုပ်မှု စက်မှုလုပ်ငန်းတို့လည်း တိုးတက်ခဲ့ပါတယ်။

ဒီကနေ့ခေတ်မှာတော့ ဘဏ်လုပ်ငန်းနဲ့ အာမခံလုပ်ငန်းအစရှိတဲ့ ဘဏ္ဍာရေးလုပ်ငန်းများအပြင် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး  e-commerce တို့က ရှေ့ဆောင်ရှေ့ရွက်ပြုလုပ်လျက်ရှိတယ်။ ကောင်းမွန်တဲ့ တက်ကနိုလိုဂျီနဲ့ မြင့်မားတဲ့ အော်တိုမက်တစ်စက်များရဲ့ အကျိုးကျေးဇူးကြောင့် ဒီစက်မှုလုပ်ငန်းတွေက အလုပ်အကိုင်သစ်များကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီစက်မှုလုပ်ငန်းတွေမှာ လုပ်သားနည်းနည်းနဲ့ပဲ အလုပ် လုပ်ကိုင်လျက်ရှိကြတယ်။ ဒါကြောင့် အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ အလုပ်လုပ်လိုသူတိုင်း အလုပ်ရရှိရေးအတွက် ပြုပြင်ပြောင်းလဲမှုတွေကို  ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်ပြုလုပ်ဖို့ လိုနေပြီလို့ ထောက်ပြနေကြတယ်။   ဒီလိုဆိုပေမယ့်  မိုဒီဟာ အပြောကြီးသလောက် အလုပ်မဖြစ်တာ မြင်တွေ့နေကြရ တယ်။

၂ဝ၁၃  ခုနှစ်က ဖြစ်ပါတယ်။  ရွေးကောက်ပွဲအတွက် မဲဆွယ်စည်း ရုံးရေးဆင်းစဉ်ကာလမှာ မိုဒီက သူဝန်ကြီးချုပ်ဖြစ်လာရင် အလုပ်အကိုင်တစ်ကုဋေ ဖော်ဆောင်ပေးမယ်လို့ ဟစ်ကြွေးခဲ့တယ်။ သူဟာ ၂ဝ၁၄ မေလမှာ အိန္ဒိယဝန်ကြီးချုပ်ဖြစ်လာခဲ့တယ်။ သူကတိပေးခဲ့သလို အလုပ်အကိုင်တစ်ကုဋေ ဖော်ဆောင်ပေးနိုင်သလား။  သူဝန်ကြီးချုပ်ဖြစ်လာပြီး သုံးနှစ်အကြာ ၂ဝ၁၇  ခုနှစ် မေလ မှာ အလုပ်သမားဗျူရိုက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ၂ဝ၁၆ ဧပြီ၊ ဒီဇင် ဘာလများအတွင်း အလုပ်အကိုင် ၂၃ဝဝဝဝ သာ ဖော်ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့တယ်။ မိုဒီရဲ့ အ ပြောနဲ့ လက်တွေ့ဖြစ်ရပ်က  ကွာဟမှုကြီးမားတယ်။ အိန္ဒိယ အလုပ်သမား ဈေးကွက်ထဲကို လစဉ်လတိုင်း အလုပ်လုပ်ကိုင်လိုသူ တစ်သန်းကျော် ဝင်ရောက်လျက်ရှိတယ်။ ဒီအတွက် မိုဒီက အလုပ်အကိုင် ရှာဖွေပေးနိုင်ပါ့မလား။

အိန္ဒိယစီးပွားရေးကလည်း တိုးတက်မလာတဲ့အပြင် ကျရိပ်သမ်းနေတယ်။ ဗဟိုစာရင်းအင်းရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အိန္ဒိယရဲ့ ဂျီဒီပီဟာ ဧပြီ-ဇွန် သုံးလပတ်ကာလ အတွင်း ၅ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ ဖော်ပြခဲ့ တယ်။ ဒါဟာ သုံးနှစ်ကာလအတွင်း အနိမ့်ဆုံး ဂျီဒီပီဖြစ်ပါတယ်။ ကုန် ချောထုတ်လုပ်မှုဟာ လွန်ခဲ့တဲ့ တစ် နှစ်က ၁ဝ ဒသမ ၇ ရာခိုင်နှုန်းနဲ့ တိုး တက်ခဲ့ပေမယ့် အခုတော့ တိုးတက် မှုနှုန်းက ၁ ဒသမ ၂ ရာခိုင်နှုန်းပဲရှိ တယ်။ ငါးနှစ်ကာလအတွင်း အနိမ့် ဆုံးသော တိုးတက်မှု ဖြစ်ပါတယ်။

အိန္ဒိယမှာ ၂ဝ၁၆ နိုဝင်ဘာလ  က ပြည်တွင်းလှည့်လည်သုံးစွဲနေတဲ့ ရူပီးငွေစက္ကူအတော်များများကို တရားဝင်ငွေကြေးအဖြစ်မှ  ရပ်စဲခဲ့တယ်။ အဲဒီနောက်ပိုင်း ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ-ဧပြီ သုံးလပတ်အတွင်းမှာ အလုပ်အကိုင် ၁ ဒသမ ၅ သန်းလောက် ပျောက်ဆုံးသွားခဲ့ကြောင်း Centre fro Monitoring Indian Economy က ခန့်မှန်းခဲ့တယ်။ ပိုပြီးဆိုးရွားတဲ့ ခန့်မှန်းချက်တစ်ခုကတော့  ကုန်ချောထုတ်လုပ်တဲ့ကဏ္ဍမှာ မနှစ်ကနဲ့ နှိုင်းစာရင် ဒီနှစ်မှာ အလုပ်အကိုင် ၃ဝ ရာခိုင်နှုန်းခန့် လျော့နည်းသွားနိုင်တယ်လို့ Teamlease Services အဖွဲ့ရဲ့ ခန့်မှန်းချက်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကုန်ချောထုတ် လုပ်မှုကဏ္ဍရဲ့ အရွယ်အစားပမာဏဟာ ၂ဝ၁၆-၂ဝ၁၇က အမေရိကန် ဒေါ်လာ ၃၁၁ ဒသမ ၆ ဘီလီယံလောက်ကြီးမားတယ်။ အလုပ်အကိုင် သန်း ၃ဝ ကျော်ကို တာဝန်ခံထားတယ်။ ဒါပေမယ့် အိန္ဒိယဟာ ငွေ သားအခြေပြု စီးပွားရေးကနေပြီး ငွေသားမဲ့ ဒစ်ဂျစ်တဲလ်စီးပွားရေးကို ကူးပြောင်းနေတဲ့အတွက်   အဆင်မပြေမှုတွေရှိနေတယ်။  ဒါကို အဆင် ပြေသွားအောင် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကလည်း မရှိသေးဘူး။

အလားတူပဲ အထည်အလိပ် ထုတ်လုပ်တဲ့ကဏ္ဍရဲ့ အရွယ်ပမာဏကလည်း ကြီးမားတယ်။ အမေရိ ကန်ဒေါ်လာ ၁၂ဝ ဘီလီယံလောက်ရှိတယ်။ အဲဒီကဏ္ဍမှာ အလုပ် လုပ် နေကြသူ ၄၉ သန်းလောက်ရှိတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်ကာလအ တွင်းမှာ အထည်အလိပ်ထုတ်လုပ်တဲ့ စက်ရုံပေါင်း ၆၇ ရုံ ပိတ်သိမ်းခဲ့ရတယ်။ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံများကတောင် အိန္ဒိယထက် ပိုမိုထုတ်လုပ်နိုင်ပြီး နိုင်ငံခြားကို တင်ပို့ နိုင်ပါသတဲ့။ ငွေလဲနှုန်းမှာ တရုတ်ယွမ်တန်ဖိုးက နိမ့်ကျနေတာကြောင့် တရုတ်ပြည်က အထည်အလိပ်တွေ အိန္ဒိယနိုင်ငံထဲ လှိမ့်ဝင်နေတယ်။

အိန္ဒိယနိုင်ငံရဲ့ အခြေခံ အဆောက်အအုံ Infrastructure တည် ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးစရိတ်ဟာ အကြမ်းဖျင်းအားဖြင့် ဂျီဒီပီရဲ့ ၁ဝ ရာခိုင်နှုန်းရှိပြီး အလုပ်အကိုင် ၃၆ သန်းလောက်ကို တာဝန်ယူထားတယ်။ ဓာတ်အားလိုင်း၊ လမ်းတံ တား၊ ရေကာတာနဲ့ မြို့ပြတည်ဆောက်ရေး လုပ်ငန်းများအတွက် စီမံချက်အများအပြားရှိနေပေမယ့် လက် တွေ့အကောင်အထည် ဖော်ဆောင်မှု က နှေးကွေးလျက်ရှိတယ်။ အစိုးရနဲ့  ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်မယ့်  စီမံကိန်းတွေကလည်း တိုးတက်မှုမရှိဘူး။

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ အိန္ဒိယရဲ့အိုင်တီ IT ကဏ္ဍဟာ အခုတော့  ကျဆင်းလျက်ရှိနေတယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် အစိုးရ  အနေနဲ့  ဒီ IT ကဏ္ဍက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၄ ဘီလီယံ လောက်ရရှိနေတယ်။ အိုင်တီမှာ လုပ် ကိုင်နေကြသူပေါင်း ၃ ဒသမ ၇ သန်းလောက်ပဲရှိတယ်။ ဒီကဏ္ဍမှာ  အရေအတွက်ထက် ကျွမ်းကျင်မှုကို ဦးစားပေးတယ်။ အိုင်တီကဏ္ဍမှာ ပြောင်းလဲမှု မြန်ဆန်နေတဲ့အတွက် ကျွမ်းကျင်မှုမရှိသူတွေကို အလုပ်ဖြုတ်ပစ်ပြီး ကျွမ်းကျင်သူတွေကို ခန့် အပ်အစားထိုးနေရတယ်။  တက်ကနိုကဏ္ဍမှာ လုပ်ကိုင်ကြသူတွေဟာ  အမြဲလိုလို ရှေ့က ပြေးနေကြရတယ်။ ရှေ့ကမပြေးနိုင်ရင် နောက်ကျကျန်ရစ်ပြီး အလုပ်ပြုတ်သွားနိုင်တယ်။

အိန္ဒိယနိုင်ငံမှာ အခြေအနေ ကောင်းနေတဲ့ကဏ္ဍကတော့ လက်လီရောင်း Retail ကဏ္ဍဖြစ်ပါတယ်။ အရွယ်ပမာဏက အမေရိကန်ဒေါ်လာ ၆ဝဝ ဘီလီယံလောက်ရှိတယ်။ အလုပ်လုပ်ကိုင်နေသူပေါင်း သန်း ၄ဝ ရှိတယ်။ အလုပ်လုပ်ကိုင်လိုသူ အနေနဲ့ ဘွဲ့ရစရာမလိုဘူး။ အထက်တန်းကျောင်းတက်ဖူးရင် အလုပ်ရနိုင် တယ်။ လက်လီရောင်း ကုမ္ပဏီတွေက လုပ်ငန်းခွင် သင်တန်းပေးတယ်။ အ လုပ်အကိုင်တိုးပွားရေးအတွက် မျှော်လင့်ချက်ရှိတဲ့ကဏ္ဍလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် တက်ကနိုလိုဂျီက ကဏ္ဍတိုင်းထဲကို ထိုးဖောက်စိမ့်ဝင်နေချိန်မှာ အခုလို ကဏ္ဍအလိုက် သုံးသပ်မှုဟာ  အထင်အမြင်မှားစေနိုင်တယ်လို့  ဆိုကြတယ်။ အိန္ဒိယ အနေနဲ့ အလုပ်လုပ်နိုင်တဲ့ လူဦးရေကို အပြည့်အဝ အကျိုးရှိရှိ အသုံးချ ချင်တယ်ဆိုရင် လာမည့် ၁၅ နှစ် ကာလအတွင်း တစ်နှစ်ကို အလုပ် အကိုင်ပေါင်း ၁၆ သန်း ဖော်ဆောင် ပေးဖို့ လိုအပ်တယ်လို့ဆိုတယ်။ မဟုတ်ရင် အလုပ်လက်မဲ့ပြဿနာက ပွက်လောရိုက်လာနိုင်တယ်။

မင်းရွှေမောင်

Ref: “Jobs : A Grave Crisis” INDIA TODAY Oct 16,2017

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.