16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ထိုင်းစီးပွားရေး မည်မျှတိုးတက်လာနေသလဲ  

ယခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်အားကောင်းလာခြင်း၊ ခရီး သွားလုပ်ငန်းဖွံ့ဖြိုးလာခြင်း၊ အစိုးရနှင့်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးတက်လာ ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ထိုင်းအစိုးရ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့ နှင့် ဗဟိုဘဏ်တို့က ခန့်မှန်းထား သည့် ၃ ဒသမ ၇ ရာခိုင်နှုန်းကို ရရှိနိုင်သည်ဟု ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာဆွန်ခစ်က ပြောကြားကြောင်း Bangkopk Post သတင်းစာတွင် ဖော်ပြထားပါသည်။

စီးပွားရေး နှေးကွေးခဲ့မှုကို ယခုကဲ့သို့ ကုစားနိုင်ခြင်းမှာ အစိုးရက အဓိက မောင်းနှင်အားဖြစ်စေသည့် စီးပွားရေးမူဝါဒများကို ချမှတ်ပေးခြင်း၊ တိုးတက်မှုတည်ငြိမ်စေရန် ဆောင်ရွက်ပေးမှုတို့အပေါ် အကောင်းမြင်ကြ ခြင်းကြောင့်ဖြစ်သည်ဟု သူက ထောက်ပြထားပါသည်။

၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာလအထိ ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ဆက်လျက်တိုးတက်ခဲ့မှုကြောင့် နှစ် ကုန်လျှင် တိုးတက်မှုနှုန်း ၈ ရာခိုင် နှုန်းကျော် ရရှိနိုင်သဖြင့် အစိုးရကလျာထားသည့် တိုးတက်မှုနှုန်း ၇ ရာ ခိုင်နှုန်းထက် ကျော်လွန်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စ အပီရာဒီက ပြောကြားပါသည်။ ၄င်းက ယခုနှစ်တွင် ထိုင်းဘတ်ငွေ တန် ဖိုး မြင့်တက်မှုသည် ၈ ရာခိုင်နှုန်း ကျော်နေသော်လည်း ပို့ကုန်တိုးတက် မှုနှုန်းမှာ ခိုင်မာလျက်ရှိကြောင်း၊ ထိုင်းဘတ်ငွေတန်ဖိုးမြင့်တက်နေသော်လည်း  အာဆီယံဒေသတွင်း နိုင်ငံများ၏ ငွေကြေးတန်ဖိုးမြင့်တက်မှုနှင့် လိုက်လျောညီထွေ ရှိနေပြီး ညီမျှသော ယှဉ်ပြိုင်နိုင်မှုရှိခဲ့ကြောင်း၊ ထိုင်း နိုင်ငံအနေဖြင့် ဈေးကွက်များစွာသို့ ထုတ်ကုန်များကို တိုးချဲ့တင်ပို့လာ နိုင်ခြင်းလည်း ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းပို့ကုန်များကို ဥရောပ သမဂ္ဂ၊ အမေရိက၊ တရုတ်နှင့် အာ ဆီယံဒေသတွင်းရှိ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ များသို့ အဓိကတင်ပို့လျက်ရှိပြီး ဝယ် လိုအား ကျဆင်းနေသည့် ဈေးကွက်မှာ အရှေ့အလယ်ပိုင်းဒေသဈေး ကွက်တစ်ခုသာရှိသည်ဟု သိရပါသည်။ ၂ဝ၁၇ ခုနှစ် ပထမ ရှစ်လအတွင်း သွင်းကုန်တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၄ ဒသမ ၈ ဘီလီယံရှိခဲ့ပြီး တိုးတက်မှုနှုန်း ၁၅ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ကုန်သွယ်မှု ပိုငွေမှာ ၈ ဒသမ ၉ ဘီလီယံ ရရှိထားပါသည်။

ထိုင်းဆန်၏ ပြည်ပဝယ်လိုအား မြင့်တက်လာမှုကြောင့် ၂ဝ၁၇ ခုနှစ် တွင် ပြည်ပသို့ ဆန်တန်ချိန် ၁၁ ဒသမ ၈ သန်းအထိ တိုးတက်တင်ပို့ လာနိုင်ခဲ့သည်။ ထိုင်းနိုင်ငံ၏  အရည် အသွေးမြင့် ပရီမီယံတန်းဝင် ဟုမ္မလီ ဆန်ဈေးနှုန်းမှ ယခင်နှစ်က တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၇၈၁ အထိသာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ဝဝ အထိ ရရှိလာခဲ့ပါသည်။ အရည်အ သွေးမြင့် ၅ မှတ် ဆန်ဖြူ၏ ဈေးမှာလည်း ယခင်နှစ်က တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၃၉၄ သာရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်တန်လျှင် အမေရိကန်  ဒေါ်လာ ၄ဝဝ  အထိ ရရှိခဲ့ပါသည်။

ထိုင်းနိုင်ငံသည် ကမ္ဘာတွင် အကြီးမားဆုံး ရာဘာထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ်တန်ချိန် ၄ ဒသမ ၅ သန်း ထုတ်လုပ်နိုင်သဖြင့် ကမ္ဘာ့ရာဘာထုတ်လုပ်မှု၏ ၃၇ ရာ ခိုင်နှုန်းအထိ ရှိသည်ဟု သိရပါသည်။ ယခုနှစ် သြဂုတ်လအထိ ရာဘာတန်ချိန်သုံးသိန်းခန့် ရောင်းချနိုင်ခဲ့ပြီး ကုန်သွယ်မှု တန်ဖိုးဘတ် ၁၅ ဘီလီယံရရှိခဲ့ပါသည်။

ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ် အဖွဲ့ BOI သည် ယခုနှစ် ဇူလိုင်လ အတွင်းက ကျင်းပခဲ့သော အစည်း အဝေး၌ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု  ဘတ် ၁၂၈ ဘီလီယံတန်ဖိုးရှိ စီမံကိန်းကြီးငါးခုကို အတည်ပြုပေးခဲ့သည်ဟု သိရသည်။ ထိုစီမံကိန်းများထဲတွင် HEVS (Hybrid Electronic Vehicles)  ဘက်ထရီနှင့် လောင်စာနှစ်မျိုးသုံး လျှပ်စစ်ကားများ ထုတ်လုပ်မှုလုပ်ငန်းအတွက် တိုယိုတာ၏ ရင်းနှီးမြှုပ်နှံမှုဘတ် ၁၉ ဘီလီယံနှင့် Triumph မော်တော်ဆိုင်ကယ် ကုမ္ပဏီ၏ တစ်နှစ်လျှင် စက်စွမ်းအား ၅ဝဝ စီစီ ထက်ကြီးမားသည့် အင်ဂျင်ပါဝင်သော မော်တော်ဆိုင်ကယ် စုစုပေါင်း အစီး ၁၂ဝဝဝဝ ထုတ်လုပ်မည့် စက်ရုံတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံငွေ ဘတ် ၃ ဒသမ ၃၆ ဘီလီယံလည်း ပါဝင်သည်ဟု သိရသည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းတွင် နှစ်အလိုက် တိုးတက်မှုကို နှိုင်းယှဉ်ကြည့်ပါက ယခုနှစ်တွင် ခရီးသည် ဝင်ရောက်မှုဦးရေ ၅ ရာ ခိုင်နှုန်း တိုးတက်ခဲ့ပြီးဝင်ငွေ ၈ ရာ ခိုင်နှုန်းတိုးတက်လာကာ ဘတ်ငွေ ၂ ဒသမ ၅ ထရီလီယံအထိ ရရှိခဲ့သည်ဟု သိရပါသည်။

ယခင်နှစ်များက ရရှိခဲ့သည့် ပျမ်းမျှတိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထက် ပိုမို ရရှိခဲ့ခြင်း ဖြစ်ပါသည်။

လာမည့်နှစ်တွင် ခရီးသွားလာ ရေးလုပ်ငန်းကို  ၁ဝ ရာခိုင်နှုန်း တိုးတက်လာပြီး ဝင်ငွေဘတ် ၃ ထရီလီ ယံအထိရရှိရန် မျှော်မှန်းထားပါ သည်။

ဝေဖန်သူများက ထိုင်းနိုင်ငံ၏ စီးပွားရေး အဆောက်အအုံ ဖွဲ့စည်းမှု ပြောင်းလဲခြင်းမရှိသေးသရွေ့ ရေရှည်တိုးတက်မှုရရှိရန် ခက်ခဲနိုင်သည်ဟု သုံးသပ်ကြပါသည်။

လက်ရှိစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုအပေါ် ကျေနပ်သော်လည်းကြီးမားသော ပြဿနာ ရပ်များရှိနေ သေးခြင်းအပေါ် စိုးရိမ်နေကြောင်း၊ ဝင်ငွေနည်းသူဟု မှတ်ပုံတင်ထားသူ  ၁၄ ဒသမ ၁ သန်းခန့်ရှိသဖြင့် ဝင်ငွေကွာဟမှုကြီး မားနေခြင်းသည် ထိုင်း နိုင်ငံပြည်သူများအတွင်း ယနေ့  ချိန်ထိရှိနေဆဲဖြစ်ကြောင်း ထောက် ပြထားပါသည်။

အချို့ပို့ကုန် တင်ပို့သူများနှင့် သုတေသီများက ဘတ်ငွေကြေးသည် အမေရိကန် တစ်ဒေါ်လာလျှင် ၃၃ ဘတ်အထိ ဆက်လက်မြင့်တက်လာပါက လာမည့်နှစ်တွင်  ပို့ကုန်အပေါ် အပျက်သဘောဆောင်သော အကျိုးသက်ရောက်မှုမျိုး ရှိလာနိုင်သည်ဟု သုံးသပ်ကြပါသည်။

ထို့ပြင် ထိုင်းနိုင်ငံ၏ စီးပွားရေးကို အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့ ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေကို ထိုင်းဝန်ကြီးချုပ် ချန်အိုချာ၏ အမေရိကန်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ်တွင် အမေရိကန်  သမ္မတ ဒေါ်နယ်ထရန့် နှင့် ဆွေးနွေးမှုရလာဒ်အား စောင့် ကြည့်ရဦးမည်ဖြစ်ကြောင်း ဝေဖန်ကြ ပါသည်။

 

မောင်ပုဆိုးကြမ်း

Ref: Bangkok Post

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.