16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ကွန်ပျူတာဂရပ်ဖစ်ထဲ ရောက်သွားတဲ့မြို့

တစ်ချိန်ကပေါ့။ ကျွန်းငယ်လေး တစ်ခုထဲမှာတင်  လူပေါင်း  ၃၃ယဝဝဝ ဦးလောက် နေထိုင်ခဲ့ကြမယ်။ အချိုး ချကြည့်ရင် နယူးယောက်မြို့ရဲ့ လူဦးရေထက် ၁၁၉ ဆလောက် ပိုပြီးသိပ် သည်းနေခဲ့တဲ့နေရာလည်းဖြစ်ရမယ်။ ဒီလိုအချက်တွေနဲ့ လူတွေပြည့်ကျပ်ညပ်နေတဲ့ ဟိုတစ်ချိန်ကမြို့ငယ်ကို ရှာကြည့်ချင်တယ်ဆိုရင်တော့ အာရှက ဟောင်ကောင်သမိုင်းကို တစ် ချက်လှည့်ကြည့်ဖို့ လိုပါမယ်။

၁၉၅ဝ ပြည့်လွန်နှစ်နဲ့ ၁၉၉ဝ ပြည့်လွန်နှစ် ကြားကာလတွေမှာ  ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်း များစွာဟာ ဟောင်ကောင် နယ်နိမိတ်အတွင်းက ၆ ဒသမ ၄ ဧကရှိတဲ့ နေရာတစ်ခုမှာ ၁၂ ထပ်ကနေ ၁၄ ထပ်အထိရှိတဲ့ တိုက်ခန်းတွဲတွေ တစ်တိုက်နဲ့တစ်တိုက် ပူးကပ်ဆောက်ပြီး နေထိုင်ခဲ့ကြပါတယ်။ အဲဒီနေရာကိုတော့ ကောင်းလွန်းနံရံမြို့တော် Kowloon Walled City လို့ခေါ်ခဲ့ကြတယ်။ လက်ရှိအချိန်မှာ အဲဒီနေရာကို သွားရှာကြည့်ရင် မဟာရံတံတိုင်းလို ခံ့ခံ့ထည်ထည် အကာအရံ ကြီးကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။

ခေတ်ဟောင်းက ကောင်းလွန်း မြို့လေးရဲ့သမိုင်းကို ခြေရာခံကြည့် လိုက်ရင် ခရစ်နှစ် ၉၆ဝ-၁၂၇၆ ခုနှစ် အတွင်း ဆွန်းမင်းဆက်တန်ခိုးထွား စဉ်အချိန်က 'ဆား' အရောင်းအဝယ် လုပ်ရာ နယ်စွန်နယ်ဖျားက ပင်လယ် ကမ်းစပ်နေရာလေးအဖြစ် စတွေ့ရပါ မယ်။ အဲဒီအချိန်က ရွာငယ်ရယ် လို့တောင် မပေါ်ခဲ့သေးပါဘူး။ ဆားအရောင်း အဝယ်အတွက် အစောင့်အဖြစ်ချထားတဲ့ ရဲမက်စစ် သည် အချို့ကသာ အိမ်လေးတွေ ဆောက်ပြီးနေထိုင်ခဲ့ကြပါတယ်။

နောက်ရာစုနှစ် အနည်းငယ်အကြာ ၁၈၁ဝခုနှစ်လောက်မှာတော့ ပင်လယ်ကမ်းခြေခံတပ်ငယ်လေး တစ်ခု  အဲဒီမှာပေါ်လာပါတယ်။ ၁၈၄၂ ခုနှစ်မှာ ကွင်းဧကရာဇ် Daoguang ရဲ့နယ်ပယ်ထဲမှာရှိတဲ့ ဟောင်ကောင်ကို  'နန်ဂျင်းသဘော တူညီချက်'အရ ဗြိတိသျှလက်ထဲထိုး အပ်လိုက်ရတယ်။ ဒီအခါမှာ ကွင်းဧကရာဇ်ရဲ့ အချုပ်အခြာအရ ဟန်ရေးပြဖို့နဲ့ အနီးအပါးက ဗြိတိသျှတို့ရဲ့ အရိပ်အကဲကို အမြဲစောင့်ကြည့်နိုင် ဖို့အတွက် ကာကွယ်ရေး တံတိုင်း တစ်ခုကို တည်ဆောက်ခဲ့ရာက ၁၈၄၇ ခုနှစ်မှာတော့ တောင့်တောင့်ခံ့ခံ့နဲ့ အထင်ကြီးလောက်ဖွယ် တံတိုင်းတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

၁၈၉၈ ခုနှစ်ရောက်တဲ့အခါမှာ ဟောင်ကောင်နယ်ပယ်ကို နယ်နိမိတ်အသစ်ချဲ့ထွင်လိုက်တဲ့ သဘောတူညီချက်အရ ဗြိတိသျှတို့ အနေနဲ့ ၉၉ နှစ် ထပ်ပြီးအုပ်ချုပ်ခွင့်ရပေမယ့် ကောင်း လွန်းဖြစ်လာမယ့် ကျွန်းလေးကိုတော့ ပိုင်ဆိုင်ခွင့် မရခဲ့သေးပါဘူး။ အဲဒီ အချိန်မှာ နံရံမြို့မှာ လူဦးရေ ၇ဝဝ ရှိလာပါပြီ။

တရုတ်က နံရံမြို့လေးကို ဆက်လက်ထိန်းချုပ်ထားပြီး အနီးအနားက ဗြိတိသျှဟောင်ကောင်ရဲ့ ကာကွယ် ရေးယန္တရားကို မနှောင့်ယှက်ဘဲ အသာငြိမ်နေခဲ့ကြတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ ဟောင်ကောင် ဘုရင်ခံဆာဟန်နရီဘလိတ်ခ်က သူတို့ကို ရန်ပြုနိုင်တဲ့ တရုတ်စစ် ကြောင်းတွေကို အကူအညီ ပေးနေတယ်ဆိုတဲ့ သံသယနဲ့ နံရံမြို့လေးက အုပ်ချုပ်သူအပေါ် စွပ်စွဲလာခဲ့တယ်။ ဒီလိုနဲ့ ၁၈၉၉ ခုနှစ်၊ မေလ ၁၆ရက် မှာတော့ တရုတ်ဘုရင်ခံရဲ့ စစ်သည်တွေကို ရှာဖွေတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ နံရံမြို့လေးကို ဝင်တိုက်ကြ တယ်။

မြို့ငယ်လေးက ရှိတဲ့သူတွေ ထွက်ပြေးလိုက်ကြတာ လူဦးရေ ၁၅ဝ လောက်ပဲ ကျန်ရစ်ခဲ့တယ်။ ၁၉၁၂ ခုနှစ်မှာ ကွင်းမင်းဆက်အဆုံး သတ်သွားချိန်မှာ နံရံမြို့ဟာ ဗြိတိသျှတို့လက်ထဲ ကျရောက်သွားပါတော့တယ်။

ဗြိတိသျှလက်အောက်ခံဘဝမှာ မြို့ထဲက 'ယန်မင်'လို့ခေါ်တဲ့ တရုတ်ရဲ့ အုပ်ချုပ်ရေးရုံး (ရှေးဟောင်းအိမ်)ကို ပရိုက်တက်စတင့် ဘုရားကျောင်းအဖြစ် ပြောင်းလဲလိုက်ကြပါတယ်။ တရုတ်တို့ရဲ့ အခြားရုံးတော်တွေကိုတော့ စာသင်ကျောင်းတွေနဲ့ ချို့တဲ့သူတွေကို အခမဲ့ နေထိုင်ခွင့်ပေးတဲ့ အိမ်တွေအဖြစ် ပြောင်းလဲလိုက် ပြန်တယ်။ ဗြိတိသျှ ကိုလိုနီ လက်ထက်မှာ ကမ္ဘာလှည့် ခရီးသွားတွေ အလည်အပတ်များတဲ့ နံရံမြို့လေးကို '၁၉၁၅ ခုနှစ် မြေပုံ' မှာတော့ ချိုင်း နားတောင်းလို့ ရေးထိုးဖော်ပြထားခဲ့ ပါတယ်။

၁၉၃၃ ခုနှစ်မှာ ဟောင်ကောင် အာဏာပိုင်တွေက မြို့ထဲက  ယန်မင်ရှေးအိမ်ဟောင်းတွေကို ဖျက်ချပြီး အိမ်သစ်တွေနဲ့ အစားထိုးလိုက်ကြတယ်။ ဒုတိယ ကမ္ဘာစစ် ရောက်လာတဲ့အခါအမှာ ဂျပန်တွေက မြို့ရဲ့တံတိုင်းတွေကို ဖြိုချလိုက်ပြီး Kai Tak လေဆိပ်နားမှာ စီပြီးချထားလိုက်ပါ တော့တယ်။ (အခုတော့ လေဆိပ် လည်း နေရာပြောင်းသွားခဲ့ပါပြီ။)

ဒုတိယကမ္ဘာစစ်ပြီးတဲ့ အချိန် ကနေစပြီး ကျူးကျော်နေထိုင်သူတွေ၊ ရွှေ့ပြောင်းအခြေချသူတွေ ပိုမို ဝင်ရောက်လာပြီး ၁၉၅ဝခုနှစ်မှာ လူဦးရေ ၁၇ယဝဝဝ ဖြစ်လာပါတယ်။ ၁၉၉ဝ ခုနှစ် ရောက်တဲ့အခါမှာတော့ လူပေါင်း ၅ဝယဝဝဝ အထိ ဖြစ်လာပါ တယ်။

ဒါဟာ ၆ ဒသမ ၂ဧက တည်းနဲ့ ဖြစ်လာတဲ့ လူဦးရေပါ။ ၁၉၈၇ ခုနှစ် မှာ ဟောင်ကောင်အစိုးရက Walled City ကို ဖျက်သိမ်းဖို့ အစီအစဉ်တွေချပြီး ၁၉၉၃ မတ်လမှ စဖျက်လိုက်တာ ၁၉၉၄ ဧပြီလ ရောက်မှပဲ ပြီးတော့တယ်။

၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလမှာတော့ အဲဒီနေရာမှာ Kowloon Walled City Park ဆိုပြီး ဥယျာဉ်ကြီးတစ်ခု ပေါ်လာပါတော့တယ်။ အဲဒီ ယန်မင်အိမ်တွေပါ ထည့်ဆောက်ပြီး ဥယျာဉ်ကြီး တစ်ခုလုံးကို ဟောင်ကောင်ဒေါ်လာ ၇၆ သန်း အကုန် ကျခံပြီး တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ တစ်ချိန်က နယူးယောက်ထက် လူဦးရေ ၁၁၉ ဆ ပိုပြီးသိပ်သည်းတဲ့ ကောင်းလွန်း မြို့ဟောင်းပျောက်ပြီး ဥယျာဉ်ကြီးအဖြစ် ပြောင်းသွားရတဲ့ သမိုင်းပါပဲ။ 

ဒီလိုဆိုတော့ ကောင်းလွန်းက ပျောက်သွားပြီလားလို့ မေးလာရင်တော့ ကောင်းလွန်းမြို့သစ်ဟာ ဟောင်ကောင်မှာ ခေတ်မီမြို့ကြီး တစ်မြို့အဖြစ် ပေါ်ပေါက်နေပြီး ခေတ်ဟောင်း ကောင်းလွန်းနံရံမြို့ကတော့ ကွန်ပျူတာဂရပ်ဖစ်နဲ့ ဆောက်တဲ့မြို့အဖြစ် ပြောင်းလဲသွားပြီလို့ ဆိုရပါမယ်။

ဘာကြောင့်လဲဆိုတော့ စာရေးဆရာတွေ၊ ရုပ်ရှင်သမားတွေ၊ ဗီဒီယို ဂိမ်းဒီဇိုင်နာတွေနဲ့ ရုပ်မြင်အထူး ပြုလုပ်ချက် ဖန်တီးကြသူတွေဟာ ကောင်းလွန်းမြို့ဟောင်းရဲ့သရုပ်ကို လူနေသိပ်သည်းပြီး ရာဇဝတ်မှုလည်း ထူပြော၊ လွတ်လွတ်လပ်လပ်နဲ့ အနှောင်အဖွဲ့ကင်းတဲ့ မြို့ကို ဖော်ကျူးလိုကြတဲ့ အခါမျိုးမှာ နံရံမြို့လေးကို ကွန်ပျူတာဂရပ်ဖစ်နဲ့ ထပ်ကာတလဲ လဲ ဖန်တီးတတ်ကြလွန်းလို့ပါပဲ။ 

ရောဘတ်လုဒ်လန်ရဲ့  The Bourne Supermacy မှာ Walled City ကို ဆက်တင်တစ်ခု အဖြစ်သုံး ခဲ့ပြီး ကောက်ကျစ်မှုတွေ ရှုပ်ထွေးပွေလီရာ အရပ်အဖြစ် တင်ပြခဲ့တယ်။ Crying Freeman မှာတော့ ဇနီးသည်တစ်ယောက်ဟာ ဓားကျိန်စာ ဖြေလျော့ဖို့နဲ့ အခြားသွေးသောက်ဓားသမားကို ရှာဖို့ နံရံမြို့ ထဲ လာခဲ့ရတယ်။ Kowloon Nights မှာတော့ အစဉ်လိုက်လူသတ်မှုများ ဖြစ်ပွားရာ မြို့ဖြစ်နေပြန်တယ်။ Kowloon Gate, Shenmue II နဲ့ Call of Duty : Black Ops တို့လို ကွန်ပျူတာဂိမ်းတွေမှာတော့ နံရံမြို့ လေးက အဓိကကစားကွင်းလို အသုံးတော်ခံနေပါလိမ့်မယ်။

များသောအားဖြင့် အနုပညာ ရှင်တွေက ဒုစရိုက်မှုတွေ အမှုပွေလီပြီး လူဦးရေပေါက်ကွဲနေတဲ့ ပရမ်း ပတာမြို့အဖြစ် Kowloon Walled City ကို အဓိကထားပြီးပုံဖော်ကြတာဟာ တစ်ချိန်က ကောင်းလွန်း နံရံမြို့လေးမှာဖြစ်ပွားခဲ့တဲ့ မှုခင်းတွေ၊ တရားမဝင် လုပ်ငန်းတွေက လွန်လွန်ကြူးကြူးနဲ့ အမှန်တကယ်ပဲ ရှိခဲ့ဖူးတဲ့ သမိုင်းအမည်းစက်ကြောင့်လို့ပြောရင် မှားမယ်မထင်ပါဘူး။ အခုအချိန်မှာတော့ မြို့ဟောင်းဟာ ဥယျာဉ်ဖြစ်ပြီး အနီးအနားမှာတင် မြို့သစ်ဟာ မိုးမျှော်တိုက်တွေ ရောင် စုံနီယွန်မီးတွေနဲ့ အသွင်သစ်တစ်မျိုး နဲ့ ပြန်ပေါ်လာခဲ့ပြန်ပါပြီ။

ဟောင်ကောင်ကိုလာရောက် လည်ပတ်သူ အများစုဟာ ကောင်းလွန်းဘက်ကို အရောက်သွားတတ် ကြပါတယ်။ သူတို့က ဟောင်ကောင်ဘက်ကနေ စတားဖယ်ရီသင်္ဘောတွေစီးပြီး ကူးလာကြလေ့ရှိပါတယ်။ ကောင်းလွန်းရဲ့ညတွေဟာ ဈေးဆိုင် တွေက မီးရောင်တွေ၊ ပင်လယ်စာနဲ့ ဘီယာဆိုင်ခန်းငယ်လေးရဲ့ ကမ္ဘာလို့ ဆိုရမလားပဲ။ ကြည့်လိုက်ရင် လူအားလုံးက သုတ်သီးသုတ်ပျာနဲ့ ယောက်ယက်ခတ်နေမယ်။ စားသောက် ဝယ်ခြမ်းတဲ့ သူတွေနဲ့ ပြည့် နေပါမယ်။ အစည်းကားဆုံးနဲ့ မြို့ရဲ့နှလုံးသားလို့ တင်စားနိုင်တဲ့ နေရာကတော့ နီယွန်မီးရောင်စုံနဲ့ Nathan နသန်လမ်းပဲဖြစ်ပါတယ်။

နသန်က ဈေးဆိုင်တွေက ညဥ့်နက်သန်းခေါင်အထိ ဖွင့်ထားပါတယ်။ ညဈေးနဲ့ ညကဖေးတွေက ကောင်းလွန်းရဲ့ အနှစ်သာရတွေပါ။ နသန်လမ်းရဲ့အနီးအပါး အမြွှာလမ်းငယ်တွေထဲ လျှောက်ကြည့်မယ်ဆို ရင်တော့ မြို့လေးရဲ့ သဘောကို ပိုပြီး ခံစားမိမှာပါ။ နသန်နဲ့ အပြိုင်ဖြစ်နေတဲ့ ရှန်ဟိုင်းလမ်းမှာတော့ နွားနို့နဲ့ဖျော်တဲ့ လက်ဖက်ရည်ဆိုင်ဟောင်းတွေ၊ မီးဖိုချောင်သုံးပစ္စည်း ဆိုင်တွေ နဲ့ ပြည့်နေပါမယ်။

လက်ရှိမြို့သစ်ရဲ့ တောင်ဘက်ပိုင်းဟာ ထိုင်းလူမျိုး ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ သူတို့ရဲ့ ယဉ်ကျေး မှုတွေ၊ ရာသီပွဲလမ်းသဘင်တွေနဲ့ အစဉ်စည်ကားတဲ့ အရပ်ဖြစ်လာပါတယ်။ တချို့က အဲဒီနေရာကို 'ထိုင်း နိုင်ငံငယ်လေး'လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အဲဒီအပိုင်းမှာ ထိုင်းကလာပြီးနေတဲ့ သူတွေက ဘယ်လောက်များသလဲဆိုတာရယ်၊  ဟောင်ကောင်သား အများစုကလည်း ထိုင်းအစားအစာကို ဘယ်လောက် ကြိုက်ကြသလဲဆိုတာရယ်ကိုတော့ အရေအတွက်များလှတဲ့ ထိုင်းစားသောက်ဆိုင်တွေကို ကြည့်ရုံနဲ့တင် အလွယ်သိနိုင်ပါတယ်။

Prince Edward MRT ဘတ်စ်ကားဂိတ်မြောက်ပိုင်းကတော့ လောင်းကစားဝိုင်းတွေ၊ အရက်ဘားတွေ ထူပြောရာအရပ်ပါပဲ။ MRT ဘတ်စ်ကားတွေကတော့ နံနက် ၁ နာရီ ဆိုရင် တစ်ရက်တာအတွက် ဂိတ် သိမ်းသွားတတ်ပါတယ်။ ဒါကြောင့် နံနက် ၁နာရီကျော်ရင်တော့ အနီ ရောင် အငှားယာဉ်တွေကိုပဲ အားကိုး ရပါလိမ့်မယ်။

ကောင်းလွန်းက ညတွေဟာ အစားအသောက်နဲ့တင် အချိန်ကုန်နေတာတော့ မဟုတ်ပါဘူး။ ပူပြင်းတဲ့ နွေရာသီလို အချိန်မျိုးမှာတောင်မှ ဒေသခံသက်ကြီးရွယ်အိုတွေက မအိပ်ခင် ထိုက်ချိကစားနေကြတာကို အမြဲတွေ့ရပါမယ်။ ညဘက်မှာ ဘက်စကတ်ဘော ကစားတာက လည်း ကောင်းလွန်းမှာ မလွတ်တန်း တွေ့နိုင်တဲ့ ကစားနည်းပါ။

တစ်ချိန်က ရာဇဝတ်မှုထူပြောတဲ့ အတိတ်သမိုင်းရဲ့ အမည်းစက်တွေကြောင့် 'ဟောင်ကောင်ရဲ့ အမှောင်ခြမ်း' အဖြစ်ပြောလေ့ရှိတဲ့ ကောင်းလွန်းမြို့သစ်ဟာ အခုအခါမှာ နီယွန်မီးရောင်တွေနဲ့ ညစဉ် လှပနေခဲ့ပါပြီ။

တကယ်တော့ ကောင်းလွန်းဆိုတာ တရုတ်ပြည်မကြီးရဲ့ ဓလေ့စရိုက်တွေနဲ့ အနောက်တိုင်းက စိတ် ကူးစိတ်သန်းကြားမှာ လူးလွန့်နေတဲ့မြို့လေးပါပဲ။

 

သုနန္ဒခေတ်

သုနန္ဒခေတ်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.