14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နိုဝင်ဘာလ အာရှခရီးစဉ်အပေါ် ထင်မြင်ချက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လာမည့် နိုဝင်ဘာလအတွင်း အာရှနိုင်ငံများသို့ ချစ်ကြည်ရေး အလည်အပတ်ခရီးလာရောက်မည်ဟု အိမ်ဖြူတော်က ကြေညာကြောင်း စက်တင်ဘာ ၃ဝ ရက် ဝါရှင်တန်မှလာသော သတင်းများအရ သိရှိရပါသည်။ ထိုခရီးစဉ်အတွင်း ကုန်သွယ်ရေး မူဝါဒများအပါအဝင် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီး ယား အစီအစဉ်တို့ကို အာရှခေါင်းဆောင်များနှင့် ဆွေးနွေးရန်ရှိပါသည်။

သမ္မတ ဒေါ်နယ်ထရန့်နှင့် ဇနီးတို့သည် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတို့ နှင့် ဟာဝါအီကျွန်းတို့ကို နိုဝင်ဘာ ၃ ရက်မှ ၁၄ ရက်အထိ သွားရောက် မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ထားပါသည်။ ယခုသွားရောက်မည့် ခရီးစဉ်သည် ဒေါ်နယ်ထရန့်၏ သမ္မတတာဝန် စတင်ထမ်းဆောင်သည့် အချိန်မှစပြီး ပထမဆုံးသော အာရှခရီးစဉ်ဖြစ်ပါသည်။

အာရှငါးနိုင်ငံ ခရီးစဉ်တွင် ထရန့်အနေနှင့် မြောက်ကိုရီးယားကိစ္စ၊ ကုန်သွယ်ရေးကိစ္စ၊ တောင်တရုတ်ပင်လယ်ပြင်ကိစ္စတို့ကို အလေးပေး ဖြေရှင်းသွားမည်ဟု ယုံကြည်ရ ကြောင်း BBC သတင်းက ဖော်ပြပါသည်။ ကုန်သွယ်ရေး ကိစ္စကို ကြည့်မည်ဆိုလျှင် ထရန့်သည် ပစိဖိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့ TPP ကုန်သွယ်ရေးစာချုပ်မှ  အမေ ရိကန်နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံအပါအဝင် အာရှ နိုင်ငံအတော်များများက စိတ်ပျက်ခဲ့ရသည်။ ယခုခရီးစဉ်တွင် အာရှနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့အကြား ကုန်သွယ်ရေးကို အလေးထားဆွေး နွေးဖွယ်ရာရှိပါသည်။

ကိုရီးယား ကျွန်းဆွယ်ဒေသတွင် နျူကလီးယား တိုက်ဖျက်ရေးလုပ်ငန်းစဉ် အထမြောက်အောင်မြင်စေရေးအတွက် ပြုံယမ်းအရေးကို ထိပ်တိုက်ရင်ဆိုင်ရန် နိုင်ငံတကာ ဖြေရှင်းချက်ကို ထရန့်က အခိုင်အမာပြောကြားမည်ဖြစ်ကြောင်း အိမ်ဖြူတော်တာဝန် ရှိသူများကဆိုသည်။ ထရန့်အနေ ဖြင့် စေ့စပ်ဆွေးနွေးမှုများဖြင့် မြောက် ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ကိုရီးယားကျွန်း ဆွယ်ဒေသအား နျူကလီးယား ကင်းမဲ့ဇုန်အဖြစ် ထားရှိရန်ဖြစ်နိုင်၊ မဖြစ်နိုင်ကို စိစစ်အတည်ပြုရန်အတွက် သွားရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားပါသည်။

ဒေါ်နယ်ထရန့်သည် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ပြီးနောက် နိုဝင်ဘာ ၃ ရက်မှ ၁၄ ရက်အထိ ဖိ လစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်း ပမည့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံသို့ တက်ရောက် မည်ဖြစ်ကြောင်း အိမ်ဖြူတော်က အတည်ပြုပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလတွင်  အာဆီယံ၏ ဌာနချုပ်ဖြစ်သော ဂျာကာတာသို့ သွားရောက်စဉ်အတွင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်က နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံကို ထရန့်တက် ရောက်မည်ဟု ဒေသတွင်း၌ အမေရိကန်၏ပါဝင်မှု ကျဆင်းလာမှုအား စိုးရိမ်နေကြသည့် မဟာမိတ်များကို ကတိပြုခဲ့သည်။ သို့သော် ထို့နောက်ပိုင်း ဖိလစ်ပိုင် သမ္မတသစ် ဒူတာတေးလက်ထက်၌ လူ့အခွင့်အရေး အခြေအနေဆိုးရွားမှုနှင့် အသုံးမကျသော အမေရိကသို့ မည်သည့်အခါမှ သွားရောက်မည် မဟုတ်ကြောင်း ဒူတာတေးက ပြောကြားခဲ့သဖြင့် ထရန့် ၏ ခရီးစဉ်မှာ ရပ်တန့်သွားခဲ့ရပါသည်။

ထရန့်သည် သမ္မတသက်တမ်း အစောပိုင်းက ဒူတာတေး၏ မူးယစ် ဆေးဝါးနှိမ်နင်းရေး ဆောင်ရွက်ချက် များအား မယုံကြည်နိုင်စရာ လုပ်ဆောင်မှုဟု ချီးကျူးခဲ့ဖူးသည်။ ထရန့် နှင့် ဒူတာတေး နှစ်ဦးစလုံးသည် ၄င်း တို့၏ ကြမ်းတမ်းသော အပြောအဆို များကြောင့် လူအများကို ထိတ်လန့်စေခဲ့သည်။ ၄င်း၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲအား အကြီးအကျယ် ဝေဖန်မှုပြုလုပ်ခဲ့ကြသည့် အမေရိကန် ကွန်ဂရက်၏ လူ့အခွင့်အရေး ကော်မရှင်၏ ကြားနာမှုကြောင့် ဒူတာတေးဒေါသထွက်ခဲ့သည်။ သို့သော် နိုင်ငံစုံအဖွဲ့အစည်းများအား သံသယရှိပြီး အရှေ့တောင်အာရှတွင် စိတ်ဝင် စားမှုနည်းခဲ့သော ထရန့်ကို ၄င်း၏ လက်ထောက်များက အာဆီယံ ထိပ် သီးအစည်းအဝေးသို့ တက်ရောက်ရန် အရေးကြီးကြောင်း ရှင်းပြခဲ့ရသည်ဟုဆိုသည်။

အိုဘားမားမှလွဲ၍ အမေရိကန် သမ္မတများသည် ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်အပြင် အခြားငါးနိုင်ငံပါဝင်သော အာဆီယံအဖွဲ့အား အမြဲတမ်းအာရုံ စိုက်လေ့မရှိဟု AFP သတင်းဌာနက သုံးသပ်ထားပါသည်။

အိုဘားမားတစ်ဦးတည်းသာ အာဆီယံထိပ်သီး အစည်းအဝေးပွဲများကို ပုံမှန်တက်ရောက်ခဲ့သည့် ပထမဆုံးအမေရိကန် သမ္မတဖြစ်ပြီး အာရှဗဟိုပြုမူဝါဒကို ထုတ်ပြန်ခဲ့ သည်။

မကြာသေးမီက ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံခဲ့သည့် အာရှနိုင်ငံများမှ ခေါင်းဆောင်များက အာဆီယံထိပ် သီးညီလာခံသည် ၄င်းတို့အတွက် အရေးကြီးသည့် ညီလာခံတစ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြ သည်ဟု သိရသည်။

မောင်ပုဆိုးကြမ်း

Ref; NHK/AFP

မောင်ပုဆိုးကြမ်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.