28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ထိုင်းကို ၀င်ရောက်လာတဲ့ သြဇီဟိုတယ်လုပ်ငန်း

ကမ္ဘာလှည့်ခရီးသွားတွေထိုင်း  ကို ပိုပြီးလာရောက်နေသလို ထိုင်းမှာ ဟိုတယ်လုပ်ငန်း လုပ်ဖို့နိုင်ငံခြား ကုမ္ပဏီတွေလည်း ပိုပြီး ဝင်ရောက် နေပါတယ်။ အခုလည်း ကြယ်လေး ပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးဖွင့်လှစ် ရန် သြစတြေးလျ ကုမ္ပဏီသညခေသ အင်တာနေရှင်နယ်က စီစဉ်လျက်ရှိ ပါတယ်။ ဒွန်နာကို အင်တာနေရှင်  နယ်ဟာ ထိုင်းဘတ် သုံးဘီလျံကျော် အထိ အကုန်အကျခံပြီး ဟိုတယ် တစ်ခုနှစ်နှစ်အတွင်း တည်ဆောက် ဖွင့်လှစ်ဖို့ နေရာရှာဖွေနေကြောင်း သိရပါတယ်။ ဖူးခက်၊ ဆမစ်၊  ချင်း မိုင်၊ ဘန်ကောက် တစ်နေရာမှာ ဖွင့် မယ်လို့ ဒွန်နာကိုရဲ့ စီအီးအိုလမ် ကောင်းယော်က နေရှင်းသတင်းစာ ကို ပြောပါတယ်။ ဒွန်နာကိုဟာ

ကမ္ဘောဒီးယားမှာလည်း စတားဗီး ဂတ်စ်ရက်ဆော့ ဟိုတယ်နဲ့ အပန်း ဖြေလုပ်ငန်းကို ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘောဒီးယားက ကမ္ဘာလှည့် ခရီး သွား အများအပြားလာရောက်ရာ ဘီအမ်ရိဗ် အနီးက ဟိုတယ်နဲ့ ဖျော် ဖြေရေးကလပ်ကို ဒေါ်လာ သန်း ၃၆ဝ နဲ့ ဝယ်ယူလိုက်တာဖြစ်ပါ တယ်။ ပွိုင်ပက်ဒေသမှာရှိပြီး တစ်နေ့ ကို ခရီးသွား ၅ဝဝဝ ခန့် လာရောက် နေတာပါ။ အလားတူ ဗီယက်နမ် မြောက်ပိုင်းမှာ အရစ်တို အင်တာနေ ရှင်နယ်ခေါ်ကြယ်ငါးပွင့် အဆင့်အ ခန်း ၄ဝဝ ဆံ့ ဟိုတယ် တစ်လုံးကို လွန်ခဲ့တဲ့နှစ်က ဝယ်ယူခဲ့ပါတယ်။

Source: Nation

Zaygwet
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.