22-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1016
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
နိုင်ငံတကာ ဆန်လာတဲ့ အမေရိကန် အိမ်ရာဈေးကွက်

အမေရိကားရဲ့ ပရော့ပါတီ ဈေးကွက်ဟာ ခုချိန်မှာ ပိုမိုပြီးနိုင်ငံ တကာ ဆန်လာနေကြောင်း ဂလို ဘယ် ပရော့ပါတီ ဖိုရမ်က ပြောဆို လိုက်ပါတယ်။ လူဝင်မှု ပျံ့နှံ့ပုံပြောင်း လဲခြင်းနဲ့အတူ နိုင်ငံခြားသားတွေရဲ့ စိတ်ဝင်စားမှု တိုးလာနေတာကြောင့် အမေရိကားပြည်တွင်း အိမ်ရာ ရောင်းချမှုနဲ့ ဈေးနှုန်းတွေတက်လာ တာဖြစ်ကြောင်း အမေရိကန်အိမ်ရာအသင်း NAR ကပြောပါတယ်။

 အမေရိကားဟာ နေထိုင်သူ လူ ဦးရေ ၃၂၁.၄ သန်းရှိပြီး အဲဒီထဲမှာ ၂၇၈.၁ သန်းက ဒေသခံတွေပါ။ ကျန်ရှိတဲ့ ၄၃.၃ သန်းမှာ၂ဝ.၇ သန်း က နိုင်ငံသားဖြစ်နေပြီး ၂၂.၆ သန်းက နိုင်ငံသားမဟုတ်သူတွေပါ။ အမေရိကန် အိမ်ခြံ မြေတို့အပေါ်နေရာ ကောင်းတစ်ခုအဖြစ် နိုင်ငံခြားသားတွေရဲ့ဝယ်ယူမှုနဲ့ ရင်းနှီးမြှုပ်နှံမှုကတိုးတက် နေပါတယ်။ နိုင်ငံခြားသားဝယ်သူတို့ရဲ့ လွှဲပြောင်းရောင်းဝယ်မှု ပမာဏဟာ ၂ဝ၁ဝမှာ ဒေါ်လာ ၆၅.၉ ဘီလျံရှိရာကနေ ၂ဝ၁၆ မှာ ဒေါ်လာ ၁ဝ၂ ဘီလျံ ကျော်အထိ ရှိလာပါတယ်။ နိုင်ငံခြား ဝယ်လက်တွေက လက်တင်အမေရိက၊ ဥရောပနဲ့ ကနေဒီယန်တွေက အပန်း ဖြေနိုင်တဲ့ ပူနွေးတဲ့ ရာသီဥတုရှိရာ ဖလော်ရီဒါနဲ့ အရီဇိုနာတို့မှာ အများ ဆုံးဝယ်ကြပါတယ်။ အာရှဝယ်သူများက ကယ်လီဖိုးနီးယားနဲ့ နယူးယော့ကို အကြိုက်ဆုံးပါ။ ဒါ့အပြင် တက္ကဆက် ကိုလည်း လက်တင်အမေရိက၊ ကာရစ် ဘီယံနဲ့ အာရှက ဝယ်သူတွေမှု အာရုံကျမှု အများဆုံးဖြစ်နေကြောင်း သိရပါတယ်။  

Source : Property news.

ကိုမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.