14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ဗီယက်နမ် နံပါတ် ၁ ဟိုတယ်ကို ဝယ်ယူတဲ့ ထိုင်းဟိုတယ်လုပ်ငန်း

ထိုင်းက ဒူးဆစ်အင်တာနေရှင် နယ်ဟာ ဗီယက်နမ်က နံပါတ် ၁ ဟိုတယ် လင်ချီကို ဝယ်ယူဖို့ အပြီး သတ်ညှိနှိုင်းနေပါတယ်။ ဒူးဆစ် အင် တာနေရှင်နယ်ဟာ သူရဲ့ ဟိုတယ် အမှတ်တံဆိပ်ကို ၂ဝ၁၇ မှာ ဖွင့်လှစ် နိုင်ဖို့ ရည်ရွယ်ထားတာပါ။ အဆိုပါဟိုတယ်ဟာ ဖြူကွက်စ်ကျွန်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။ ဖြူကွက်စ်ကျွန်းဟာ ဗီယက်နမ်ရဲ့ အကြီးဆုံး ကျွန်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများ  လာရောက်ရာအဖြစ် ထင်ရှားလာ နေပါတယ်။ ၂ဝ၁၅ မှာ ထိုဒေသကို နိုင်ငံတကာ ကမ္ဘာလှည့် ၁.၅ သန်းလာရောက်ခဲ့ရာ ဥရောပတိုက်သားနဲ့ အမေရိကန်က အများဆုံးဖြစ်သလို ချမ်းသာတဲ့ ဗီယက်နမ်နိုင်ငံသားများ လည်း အားလပ်ရက်လာရောက်ကြ တဲ့ နေရာဖြစ်နေပါတယ်။ ဗီယက်နမ် အစိုးရဟာ ဒီဒေသကို ၂ဝ၂ဝ မှာ ဧည့်သည်သုံးသန်းအထိ အများဆုံးလာရောက်မယ်လို့ ခန့်မှန်းထားပါ တယ်။ ဒူးဆစ်အင်တာနေရှင်နယ်က လည်း ဒီနေရာကို မီဂါပရိုဂျက်ပြုလုပ်ဖို့ ဗီယက်နမ်အစိုးရကို အဆိုပြုဖွယ် ရှိပါတယ်။ ဒူးဆစ်က ဖွင့်လှစ်မယ့် ဟိုတယ်အသစ်ကို ဒူးဆစ်ပရင့်ဆက် မွန်းရိုက်စ် အပန်းဖြေစခန်းလို့ အမည် ပေးမှာပါ။ အခန်း ၁ဝ၈ ခန်းပါပြီး ၂ဝ၁၇ တတိယသုံးလပတ်ဖွင့်လှစ်နိုင်ဖို့ရည်ရွယ်ထားပါတယ်။ ဒူးဆစ်အင်တာနေရှင်နယ်ဟာ ဒီနှစ်ထဲမှာ ဂျပန်နဲ့ဘင်္ဂလားဒေ့ရှ်တို့မှာ ပရော့ပါ တီဖက်စပ်လုပ်ငန်းတို့ စာချုပ်ခဲ့ ကြောင်းပါ။


Source : Property.com

ကိုမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.