24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ထရန့်ရဲ့ စီးပွားရေးမူဝါဒ

ထရန်ပိုနောမစ် Trumponomics လို့ ခေါ်လာကြတဲ့ Donald Trump  ရဲ့ စီးပွားရေးမူဝါဒက ဘာလဲ။ တကယ်တော့  သူ့ရဲ့ စီးပွားရေး မူဝါဒက ရိုးရှင်းပါတယ်။ သူဟာ  စီးပွားရေး အမျိုးသားဝါဒီ Rvonomic Nsyionslist  တစ်ဦးဖြစ်တယ်။

 

အမေရိကန်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သူဘာမဆိုလုပ်မယ်။ သူ့အတွက် အမေရိကန် ဖွံ့ဖြိုးတိုး တက်ရေးသည် ပထမ၊ အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေးသည် ဒုတိယ၊ အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေးဟာ တတိယဖြစ်တယ်။ အမေရိကန် အ လုပ်သမားတွေ လုပ်ခလစာကောင်းကောင်းနဲ့ အလုပ်အကိုင်တွေရရှိရမယ်။ အမေရိကန် ကော်ပိုရေးရှင်းကြီးတွေ ဘယ်နိုင်ငံကိုမှ မရွှေ့မပြောင်းကြဘဲ ပြည်တွင်းမှာပဲ အလုပ်လုပ်ကိုင်ကြဖို့တိုက်တွန်းတယ်။ ပြည်တွင်းက ကော်ပိုရေးရှင်းကြီးတွေ အမြတ်အစွန်းပိုမိုရရှိရေးအတွက် အစိုးရမှ အခွန်လျှော့ပေါ့ပေးမယ်။

 

ကုန်သွယ်ရေးနယ်ပယ်မှာ မျှတမှုရှိရမယ်။ အမေရိကန်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ တစ်ဖက်စောင်းနင်း ကုန်သွယ်ရေးအစီအစဉ်များကို မလိုလားဘူး။ ကုန်သွယ်ဖက်နိုင်ငံများအကြား ကုန်စည်စီးဆင်းမှုဟာ ဟန်ချက်ညီရမယ်။ နိုင်ငံခြားမှ တရားဝင် လာရောက်အလုပ်လုပ်ကိုင်ကြသူများကို ဆက်လက်လက်ခံမယ်။ ဒါပေမယ့် တရားမဝင်လာရောက် အလုပ်လုပ်ကိုင်ကြသူများကိုတော့ ဇာတိရပ်မြေပြန်ပို့မယ်။ ဒေါ် နယ်ထရန့်ဟာ သူ့ရဲ့ စီးပွားရေး မူဝါဒကို  စီးပွားရေးသမားပီပီ အပေးအယူလုပ်မှုတွေနဲ့ ချိတ်ဆက်ထားတယ်။ အဲသလို ထရန့်ကမူဝါဒကို အပေးအယူလုပ်မှုတွေနဲ့ ချိတ်ဆက်ထားတဲ့ အတွက် ထရန့်နဲ့ စိတ်သဘောထား မတိုက်ဆိုင်သူများက ဒါဟာစီးပွားရေးမူဝါဒ မဟုတ်ဘူးလို့ ထောက်ပြ ကြတယ်။ ဖြစ်ချင်တာတွေကို စုစည်းဖော်ညွှန်းမှုတစ်ရပ်သာဖြစ်တယ်လို့ ဆိုကြတယ်။

 

ဘာပဲပြောပြော ဒေါ်နယ်ထရန့်ဟာ ၂ဝ၁၆ နိုဝင်ဘာလ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ၂ဝ၁၇ ဇန်နဝါရီလ  ၂ဝ ရက်က အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး သူ့ရဲ့ စီးပွားရေး မူဝါဒကို တစ်ကမ္ဘာလုံးက စောင့် ကြည့်အကဲခတ်နေခဲ့ကြတယ်။ သူ့ရဲ့ စီးပွားရေး မူဝါဒဟာ ဘာများဖြစ်လာမလဲပေါ့။

 

ဘာကြောင့်လဲဆိုတော့ ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ဆင်းစဉ်က ထရန့်ဟာ  စီးပွားရေးနဲ့ပတ်သက်ပြီး  လူအများအထိတ်တလန့်ဖြစ်လောက်အောင် ပြောကြားခဲ့တာတွေရှိခဲ့တယ်။ ပမာအားဖြင့် TPP နဲ့ NAFTA က နုတ်ထွက်မယ်။ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံနှစ်နိုင်ငံကြား နယ်စပ်မျဉ်းတစ်လျှောက် တံတိုင်းကာမယ်။ တရားမဝင်  လာရောက်ကြသူများကို သူတို့ ဇာတိနိုင်ငံ များသို့ ပြန်ပို့မယ်။ တရုတ်က တင်သွင်းလာတဲ့ ကုန်စည်များအပေါ် သွင်းကုန်ခွန်ပိုကောက်မယ် စသည်ဖြင့် ပြောကြားခဲ့ဖူးတယ်။ သူပြောဆိုခဲ့သလို ဒါတွေကိုအမှန်တကယ် အကောင်အထည်ဖော်ဆောင်လာခဲ့မယ်ဆိုရင် ကမ္ဘာတစ်လွှား ကုန်သွယ် ရေး စစ်ပွဲများ ဖြစ်လာမှာကို စိုးရိမ်ကြတယ်။

 

လောလောဆယ် ဒေါ်နယ်ထရန့်ဟာ  အိမ်ဖြူတော်နန်းမှာ စိုးစံတော်မူတဲ့ ဘုရင်ဧကရာဇ် တစ်ပါးလို ဝါရှင်တန် နေပြည်တော်ကို စိုးမိုး ချုပ်ကိုင်ထားတယ်။ သူဟာ သူ့ရဲ့ သြဇာအာဏာ ကြီးမားမှုကို ဖော် ထုတ်ပြသတတ်တယ်။ ကမ္ဘာက သူ့အပေါ် အာရုံစိုက်လာအောင် အပြောနဲ့ဖြစ်ဖြစ်၊ အလုပ်နဲ့ဖြစ်ဖြစ် ဆွဲ ဆောင်သိမ်းသွင်းနိုင်စွမ်းရှိတယ်။ ပြီး တော့ သူဟာ သူလျှောက်လှမ်းတဲ့ လမ်းမပေါ်မှာ အပိတ်အဆို့ အဟန့်အတားဖြစ်စေတဲ့လူပုဂ္ဂိုလ်နဲ့ အတွေးအခေါ်များကို ဗြောင်ကျကျတိုက်ခိုက် ဖယ်ရှားပစ်တတ်တယ်။ ဒါပေမယ့် သူဟာစိတ်ကူးယဉ် သဘောတရား သမားတော့မဟုတ်ဘူး။ လက်တွေ့အကျိုးမျှော်ဝါဒီ Pragmatist တစ်ဦးသာ ဖြစ်တယ်။

 

ထရန့်ရဲ့ ကုန်သွယ်ရေးမူ

 

ထရန်ပိုနောမစ်ဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် ကုန်သွယ်ရေးမူဝါဒ အပေါ်မှာ တည်မှီလျက်ရှိတယ်။ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ဖက်ဖြစ်ကြတဲ့ နိုင်ငံများက နှစ်ဦးနှစ်ဖက် မျှတမှုရှိတဲ့ ကုန်သွယ်ရေးမူများကို ချမှတ်လုပ်ဆောင်ကြခြင်းမရှိတဲ့အ တွက် အမေရိကန်က အမြဲ 'လိုငွေ  ပြ' နေရတယ်လို့ ထရန့်က သုံးသပ်တယ်။ ဒါကို သူက ပြင်ဆင်ညှိနှိုင်း ချင်တယ်။ တစ်နည်းပြောရင်တော့ ထရန့်အနေနဲ့ ကုန်သွယ်ရေး အခင်း အကျင်းနဲ့ပတ်သက်ပြီး ကုန်သွယ်ဖက်နိုင်ငံများနဲ့အပေးအယူပြန်လုပ် ချင်တယ်။

 

ဒေါ်နယ်ထရန့်ဟာ လွတ်လပ်ပြီး မျှတမှုရှိတဲ့ စမတ်ကျကျ ကုန်သွယ်ရေးကို လိုလားနှစ်ခြိုက်တယ်။ ဒါပေမယ့် ဒီကနေ့ကျင့်သုံးနေတဲ့ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်း တွေကိုတော့ လားလားမျှသူမကြိုက်ဘူး။ နိုင်ငံအများအပြားက အမေရိကန်နိုင်ငံကို ကုန်ပစ္စည်းအမြောက်အမြား တင်သွင်းနေကြပေမယ့် အ မေရိကန်ရဲ့ ပို့ကုန်တွေ Exports ကိုတော့ ဆီးလားတားလား လုပ်နေကြတယ်။ ဒါကြောင့် လွတ်လပ်တဲ့ Free Trade  ဆိုတာတို့ ဂလိုဘယ်လိုက်ဇေးရှင်း Globalization  ဆိုတာတို့ကိုတော့ ဒေါ်နယ်ထရန့်က နိုး နိုးပဲ။

 

ဒါကြောင့် ထရန့်ဟာ သူသမ္မတ ဖြစ်ဖြစ်ချင်းပဲ 'ပစိဖိတ်ဒေသ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်'  Trans Pacific Partnership TPP  မှ နုတ်ထွက်ပစ်ခဲ့တယ်။ ပြီးတော့ ထရန့်ဟာ ''မြောက်အမေရိကလွတ်လပ်တဲ့ ကုန်သွယ်ရေး သဘေ တူညီမှု'' (North American Free Trade Agreement NAFTA) အဖွဲ့ ဝင်နိုင်ငံများနဲ့လည်း ကြီးကြီးမားမားပြန်လည်ဆွေးနွေးညှိနှိုင်းပြီး အပေး အယူသစ်များ လုပ်မယ်လို့ဆိုတယ်။ ဘာကြောင့် ကြီးကြီးမားမားလို့ ထရန့်က ပြောသလဲဆိုတော့ Barack Obama  သမ္မတဖြစ်စဉ်တုန်းကလည်း  အိုဘားမားအနေနဲ့ င်္ဗြွှဗ အပေါ် မကျေနပ်လို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့သေးတယ်။ အိုဘားမားရဲ့ လုပ် ရပ်က မဖြစ်စလောက်၊ ထရန့်က တော့ ကြီးကြီးမားမား လုပ်မယ်ပေါ့ လေ။

 

ဒေါ်နယ်ထရန့်အနေနဲ့ မကျေနပ်တဲ့ အဖွဲ့အစည်းတစ်ခုရှိသေးတယ်။ ဒါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization WTO ) ဖြစ်တယ်။ WTO ဟာ အခြားသောနိုင်ငံ ၁၆၃ နိုင်ငံနဲ့ သဘောတူညီချက်တွေ ပြုလုပ်ထားတယ်။ အ ထူးသဖြင့်သွင်းကုန်ခွန်သတ်မှတ်ချက်များအပြင် ကုန်သွယ်ရေးပဋိ ပက္ခဖြေရှင်းရေးတွေနဲ့ ပတ်သက်တယ်။ WTO နဲ့ ပတ်သက်ပြီး ထရန့်အစိုးရအဖွဲ့က မကြိုက်မနှစ်သက်တဲ့ အချက်သုံးချက်ရှိတယ်။

 

ပထမအချက်က အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှု ( Trade deficit) ရဲ့ ၇၇ ရာခိုင်နှုန်းဟာ WTO စည်းကမ်းများအောက်မှာ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်မှု လုပ်ဆောင် နေကြတဲ့နိုင်ငံများနဲ့  ပတ်သက်နေတယ်။ ဒါကြောင့် WTO ရဲ့ စည်း ကမ်းတွေဟာ အမေရိကန်နိုင်ငံကို အကျိုးမပြုဘူးဆိုတာပေါ်လွင်ထင်ရှားတယ်။ ဒုတိယအချက်က WTO အဝိုင်းအဝန်းထဲက အခြားသောနိုင်ငံများနဲ့ နှိုင်းစာရင် အမေရိကန် သွင်းကုန်ခွန် သတ်မှတ်ချက်က အင်မတန် လျော့နည်းနေတယ်။ ဒါက အ မေရိကန်အတွက် အလုပ်မဖြစ်ဘူး။

 

တတိယအချက်က  WTO ရဲ့ စည်းကမ်းသတ်မှတ်ချက်များဟာ အမေရိကန်နိုင်ငံက အခြားသောနိုင်ငံများနဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါ အခွင့်ကောင်းမရနိုင်အောင် အတားအဆီးတွေ လုပ်ထားတယ်လို့ ထရန့် အစိုးရက သံသယဖြစ်နေတယ်။ ဒါကြောင့်ထရန့်ဟာ WTO ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အယုံ အကြည်မရှိဘူး။ ဒါဆိုရင် အမေရိကန်နိုင်ငံက WTO မှ နုတ်ထွက် မလား။ မသေချာဘူး၊ တကယ်လို့ အမေရိကန်နိုင်ငံက WTO မှ နုတ်ထွက်သွားခဲ့ရင် ကမ္ဘာ့ကုန်သွယ်ရေး ဝရုန်းသုန်းကား ဖြစ်သွားနိုင်တယ်။

 

ဒါပေမယ့် ဒေါ်နယ်ထရန့်ဟာ ဝါဒစွဲမရှိဘဲလက်တွေ့ကျကျ လုပ် ကိုင်တတ်သူလည်းဖြစ်တယ်။ သူ အရင်ကဘာပဲပြောခဲ့ပြောခဲ့၊ ပြန်လည် ပြင်ဆင်စရာရှိရင်လည်း ချက်ချင်း ပြင်ဆင်ပေးတတ်တယ်။ အစောပိုင်းက NAFTA မှ နုတ်ထွက်မယ်လို့ ထရန့်ကပြောဆိုခဲ့ပေမယ့် တကယ်သာနုတ်ထွက်ခဲ့ရင် သူ့ကို ထောက်ခံဆန္ဒမဲပေးခဲ့ကြတဲ့ပြည်နယ်များက လုပ်သားပြည်သူတွေ ထိခိုက် နစ်နာနိုင်ကြောင်း စိုက်ပျိုးရေးဝန်ကြီးက တင်ပြခဲ့တဲ့အတွက် နုတ်ထွက်တာ မလုပ်တော့ဘဲ ပြန်လည်ဆွေးနွေးတာပဲ လုပ်တော့မယ်လို့ ထရန့်က သူ့စကားကို ပြန်ပြင်ပြောကြားခဲ့တယ်။

 

အဲသလိုပဲ ထရန့်ဟာ မဲဆွယ်စည်းရုံးစဉ်က တရုတ်ရဲ့ ငွေကြေးနဲ့ ကုန်သွယ်ရေး ကိစ္စများကို ခပ်ပြင်းပြင်းကိုင်တွယ်မယ်လို့ ပြောဆိုခဲ့ပေမယ့် အိမ်ဖြူတော်မှာ တရုတ်သမ္မတ ကြီးနဲ့ တွေ့ဆုံပြီး နောက်ပိုင်း ဒီကိစ္စတွေ အားလုံးပြီးပြတ်သွားတယ်။ ဘာမှပြောသံဆိုသံ မကြားရတော့ဘူး။ တကယ်တော့ ဒါတွေအားလုံးဟာ အင်မတန်ကောင်းတဲ့ ကိစ္စတွေ ပါပဲ။ ပြဿနာတွေ ပြေငြိမ်းသွားတာပေါ့။

 

အလားအလာကောင်းတဲ့

ထရန်ပိုနောမစ်

 

ဝါဒစွဲရှိသူတွေက ဒေါ်နယ်ထရန့်ကို အမျိုးမျိုးဝေဖန်တိုက်ခိုက် ပြောဆိုနေကြပေမယ့် သူ့ရဲ့ စီးပွား ရေးမူဝါဒဟာ ရေတိုကာလမှာ အောင်မြင်နိုင်တဲ့ အလားအလာကောင်း တွေရှိတယ်။ အစောပိုင်းမှာ ထရန့် အစိုးရက အမေရိကန်ရဲ့ တိုးတက်မှုကို ငါးရာခိုင်နှုန်းအထိ မြှင့်တင်မယ်လို့ ဆိုခဲ့တယ်။ အခုတော့ သုံးရာခိုင် နှုန်းသို့လျှော့ချခဲ့ကြတယ်။ ဒါပေမယ့် လက်တွေ့မှာ အမေရိကန်နိုင်ငံရဲ့ ဂျီဒီပီကို ဒီသုံးရာခိုင်နှုန်းအထိ တကယ် မြှင့်တင်နိုင်ပါ့မလား အချို့က သံ သယရှိတယ်။

 

ထရန်ပိုနောမစ်ကို နိုင်ငံရေးသမားအချို့က မထောက်ခံကြပေမယ့် စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဘဏ်လုပ်ငန်းရှင်အများအပြားကထောက်ခံကြတယ်။ ထရန့်က အခွန် အကောက်များကို လျှော့ချပေးမယ့် အပြင် ဘဏ်လုပ်ငန်းရှင်းများအ တွက် အရင်ကတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းများကိုလည်း လျှော့ ပေါ့ပေးဖို့ရှိတယ်။ ရွေးကောက်ပွဲမှာ ထရန့်အနိုင်ရခဲ့ချိန်ကစပြီး စတော့ဈေးကွက်များဟာ အကြမ်းအားဖြင့် ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်။ ဒါက ရင်းနှီးမြှုပ်နှံသူများရဲ့ ထရန့်အပေါ် ယုံကြည်မှုကို ဖော်ညွှန်းတယ်။ ပြီးတော့ ထရန့်ရဲ့အစီအမံကြောင့် လုပ်သားများ ပိုမိုအလုပ်အကိုင်ရရှိလာ ကြတယ်။

 

ထရန့်ကခန့်အပ်ထားတဲ့ ပုဂ္ဂိုလ်များထဲမှာ ဘဏ္ဍာရေးဝန်ကြီး Steve Mruchin နဲ့ စီးပွားရေးအကြံပေးမှူးချုပ် Gary Cohn တို့က ရင်းနှီးမြှုပ်နှံမှု ဘဏ်သမားများဖြစ်ကြတယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ကျွမ်း ကျင်ကြသူတွေဖြစ်တယ်။ ထရန့်ကိုယ်တိုင်က ဂလိုဘယ်လိုက်ဇေးရှင်းကို ဘဝင်မကျပေမယ့် သူ့ဝန်းကျင်က သူကိုယ်တိုင်ခန့်အပ်ထားသူများကတော့ ဂလိုဘယ်လစ်တွေ globalists  ဖြစ်ကြပါတယ်။ ဒါကြောင့် ထရန့်ရဲ့ ထရန်ပိုနောမစ်ဟာ အောင်မြင်နိုင်တဲ့ အလားအလာရှိပါတယ်။

 

မင်းရွှေမောင်

 Ref: Trumponomics: The Economist , May 13,2017

မင်းရွှေမောင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.