23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ထရန့်ရဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားများနှင်ထုတ်ရေး အစီအစဉ်ကြောင့် အမေရိကန် အိမ်ရာဈေးကွက်ထိခိုက်နိုင်

အမေရိကန်သမ္မတဒေါ်နယ် ထရန့်ရဲ့ အထောက်အထားမရှိတဲ့ အခြေချနေထိုင်သူတွေကို အရေးယူ မယ့် အစီအစဉ်ဟာ အမေရိကန်ရဲ့ အိမ်ရာ ဈေးကွက်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်တယ်လို့ Bloomberg သတင်းဌာနက ဖော်ပြလိုက်ပါတယ်။       

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ထရန့်ရဲ့ အစိုးရသစ်ဟာ နိုင်ငံခြား သားတွေကို နှင်ထုတ်ဖို့ ကြေညာခဲ့ပါ တယ်။ ပြည်သူလူထုရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေမှုတစ်ခုအဖြစ် သူတို့ ကို အစိုးရသစ်က အသိအမှတ်ပြုလာ တာပါ။ ဒါကြောင့် နိုင်ငံခြားသားများ စွာ အမေရိကားမှာ အိမ်ဝယ်ဖို့ စိတ် ကူးကို ပြောင်းလဲလာဖွယ်ရှိပါတယ်။ တချို့အလုပ် လုပ်ကိုင်နေသူတွေ အိမ်ဝယ်နိုင်တဲ့ အခြေအနေ ရှိသလို တချို့ကလည်း အထောက်အထားမရှိ ပေမယ့် အိမ်ရာဝယ်ယူခွင့် ချေးငွေ ခွင့်ပြုမှုရထားတဲ့ သူတွေရှိနေပြီး သူတို့က နှင်ထုတ် ခံရမှာ ကို ကြောက် ရွံ့လာကြပါတယ်။ အကယ်၍သာ လူသန်းနဲ့ချီပြီး ဒီလိုနှင်ထုတ်ခံလာရ ရင် မြို့ပြဧရိယာတွေကို အိမ်ရာဈေး နှုန်း ကျဆင်းဖို့ ဖိအားပေးရာ ရောက် သွားမှာပါ။ အဆိုပါ အထောက်အ ထားမဲ့ နိုင်ငံခြားသားတွေကို နှင်ထုတ် လာရင် သူတို့အများစု ရှိရာတွေဖြစ်တဲ့ မီယာမီ၊ လော့စ်အိန်ဂျလိစ်၊ ဆီလီ ကွန်ဗယ်လီ၊ ဆန်ဖရန်ဆစ္စကိုနဲ့ နယူး ယော့အိမ်ရာဈေးကွက်တွေ အန္တရာယ်ရှိနေပါ တယ်။ အမေရိကန် မှာ ပြည်ပက အခြေချနေထိုင်လာသူ သန်း ၄ဝ ခန့်ရှိနိုင်ပြီး သူတို့ပိုင်ဆိုင် ထားတဲ့ အိမ်ရာတန်ဖိုး ဒေါ်လာ ၃.၇ ထရီလျံရှိနိုင်ကြောင်း ခန့်မှန်းထားပါ တယ်။

Source; Bloomberg.

ကိုမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.