6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
အိမ်ခန်း ငှားရမ်းခတက်နေတဲ့ ဥရောပမြို့တော် ဘာလင်

ဂျာမနီမြို့တော် ဘာလင်က အလယ်အလတ်အိမ်ခန်း ငှားရမ်းခ ဈေးနှုန်းဟာ ၂ဝ၁၆ မှာ ၅.၆ ရာခိုင်နှုန်းတက်ခဲ့ကြောင်း သိရပါတယ်။ သို့သော်လည်း နေရာကိုလိုက်ပြီး ဘာလင်တချို့နေရာများက တိုက်ခန်းငှားရမ်းခတွေဟာ ၂ဝ၁၆ မှာ ၁၅ ရာခိုင်နှုန်းကျော်အထိ တက်ခဲ့တယ်လို့ အိမ်ခြံမြေ အကြံပေး CBRE က ပြောပါတယ်။ ဒါအပြင် ဘာလင်မှာ အိမ်ခန်းငှားရမ်းမှုနှုန်းမှာ အခြားမြို့ကြီး တွေဖြစ်တဲ့ ကိုလုံး၊ ဟမ်းဘတ်၊ ဖရင့်ဖတ်၊ မြူးနစ်နဲ့ ဒူဆယ်လ်ဒေါ့တို့ထက် နည်းပါသေးတယ်။ ဘာလင်က အလယ်အလတ် အိမ်ခန်းငှားရမ်းခဟာ တစ်စတုရန်းမီတာကို တစ်လ ၉ယူရိုလောက်ရှိနေပြီး မြူးနစ်က အမြင့်ဆုံး ၁၅ယူရို ရှိနေပါတယ်။ ဘာလင်ဟာလောလောဆယ်မှာ စီးပွားရေးအားမြင့်တက်နေသလို လူဦးရေလည်း တိုးနေတာကြောင့် ငှားရမ်းခနဲ့ အိမ်ရာဈေးနှုန်းတွေထပ် တက်နိုင်ပြီး ဆောက်လုပ်မှုတွေကတော့ အသင့်အတင့်သာရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဘာလင်ဟာ တစ်ချိန်က ဥရောပက မြို့တော် များမှာ အိမ်ရာတန်ဖိုးအနိမ့်ဆုံးဖြစ်ခဲ့ လို့ ရင်းနှီးမြှုပ်နှံသူတို့ရဲ့ အရင်းအနှီး များ စီးဝင်ရာဖြစ်ခဲ့ဖူးပါတယ်။ ခုချိန်မှာ တိုက်ခန်းငှားရမ်းတဲ့ ဈေးကွက်လျင်မြန်လာလို့ ပရိုဂျက်သစ်တွေ ဆောက်လုပ်တဲ့နေရာက ဝယ်ဈေးလည်း မြင့်တက် လာတယ်လို့ CBRE ဂျာမနီရဲ့ အကြီးအကဲ ဟင်းနရစ်ဘူးမွန်က ပြောပါတယ်။

Source; Property news
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.