25-5-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ကလေး ခရိုင်အတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း သစ်ထုတ်လုပ်ခွင့်ပြုမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1012
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
ယူကေမှာ အိမ်ရာငှားရမ်းခများ ကျဆင်း

ယူကေမှာ အိမ်ရာပျမ်းမျှ ငှား ရမ်းခဟာ ကျဆင်းနေပြီး လာမယ့် လတွေမှာ ဆက်ပြီးကျဆင်းဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ယခု ဇန်န ဝါရီလဟာ လွန်ခဲ့တဲ့ ခုနစ်လကထက် ၄.၇ ရာခိုင်နှုန်းကျခဲ့သလို ဒေသ ၁၂ ခုအနက် ခြောက်ခုက ကျဆင်း နေတာပါ။ ယူကေက ပျမ်းမျှ တစ်လ အိမ်ရာငှားရမ်းခ ၈၈၈ ပေါင် ရှိပြီး ဂရိတ်က လန်ဒန် ဧရိယာကတော့ ပျမ်းမျှ ၁၄၉၇ ပေါင်ရှိပါတယ်။ ပုဂ္ဂလိက ငှားရမ်းမှုကဏ္ဍနဲ့ ပတ်သက် ပြီး Homelet လုပ်ငန်း အမှုဆောင် အရာရှိ မာတင်တော့တီက မြေရှင် တွေအနေနဲ့ အခွန်နှုန်းနဲ့ ဥပဒေသစ် တွေကြောင့် ဖိအားတွေဖြစ်လာတာ တွေ့နေရပါတယ်။ စီးပွားရေး မသေ ချာမှုတွေကြောင့် ကာလတို အတွက် မခန့်မှန်းနိုင်သေးဘဲ အိမ်ပိုင်ရှင်တွေ ကော ငှားရမ်းသူတွေပါ ဈေးကွက်ကို နီးကပ်စွာ စောင့် ကြည့်နေကြောင်း ပြော ပါတယ်။

အိမ်ငှားရမ်းခတွေ ကျဆင်းတာ ဈေးနှုန်း ဖောင်းပွမှုကြောင့် ဖြစ်ပြီး ယေဘုယျငွေကြေးဖောင်း ပွမှုထက် ဈေးနှုန်းတက်နှုန်းနှေးကွေး သွားတာ လည်း ဖြစ်နိုင်တယ်လို့ ဆိုပါ တယ်။ ယူကေရဲ့ အိမ်ရာငှားရမ်းခကျ ဆင်းမှုဟာ အခုမှ စတင်တာဖြစ်နိုင် ပေမယ့် ယခင်လို ကြိုတင်ခန့်မှန်း နိုင်ခြင်းမရှိကြောင်း သိရပါတယ်။
Source; Property news.

ကိုမင်း
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.