23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
နိုင်ငံတကာ အရေး
တရုတ်နိုင်ငံ၌ လိင်ပြောင်းမှုကို ခွင့်မပြု

လိင်ပြောင်းလဲသွားသည့် မစ္စတာစီအနေနှင့် တရုတ်နိုင်ငံရှိ တရားရုံးတစ်ရုံးက မသင့်တော်သောအပြုအမူဖြစ်၍ လက်သင့်မခံနိုင်ဟု ဆိုသည်။ သူတို့ မိသားစု ဓာတ်ပုံ၌ ယောက်ျားလေးပမာ ပုံဖော်ထားသည်။

မစ္စတာစီကမူ သူသည် မွေးဖွားစဉ်ကမိန်းမဖြစ်သော်လည်း ယခုအခါ ယောက်ျားအဖြစ် ဝတ်ဆင်ကာ ကျန်းမာရေး ဗဟိုဌာန တစ်ခု၌ အလုပ် လုပ်လျက်ရှိသည်။ ဂျီယန် Guiyang မြို့၌ အလုပ်လုပ်နေရာ ယခင်နှစ်က သူ့ကို အလုပ်ထုတ်ပစ်လိုက်၏။

တရားရုံးက သူ့အား တာဝန်မှ ရပ်စဲလိုက်ခြင်းသည် ဥပဒေကြောင်း ပြင်ပမှ ဝင်ရောက်ဆုံးဖြတ်ခြင်းဖြစ်သည်။ လူအများကလည်း သူ့အား တာဝန်မှ ရပ်စဲခြင်းသည် ခိုင်လုံသော အထောက်အထားမရှိဟု ဆိုနေ ကြ၏။

မစ္စတာစီသည် AFP သတင်းဌာနကို ပြောရာ၌ ''အခုလို ဖြစ်တာမျိုး ကို ကျွန်တော်သဘောကျပါတယ်''ဟု ဆိုသည်။

သို့သော် တရားရုံး၏ ဆုံးဖြတ်ချက်သည် လူသားချင်းခွဲခြားမှုကို အလေးထားဆုံးဖြတ်ခြင်းဖြစ်၍ လက်သင့်မခံနိုင်ဟု ဆို၏။

မစ္စတာစီသည် စီမင်းကျန်းမာရေး ဗဟိုဌာန၌ သီတင်းပတ် ကြာ စစ်ဆေးခဲ့ပြီး ထိုနေရာက သူ့ကို လက်သင့်မခံခဲ့ပေ။ သူကလည်း သူသည် ယောက်ျားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထား၍ ဖြစ်မည်ဟု ဆိုသည်။

မကြာမီ သူ့ထံသို့အကြောင်းကြားစာ ရောက်ရှိလာသည်။

မစ္စတာစီသည် Ciming Health-Cheeka စစ်ဆေးရေးဌာနက သီတင်းပတ်ကြာ အနားယူရန် ဖြစ်သည်။ ထိုအခါ သူက လည်း ပြန်ပြောခဲ့ သည်။ ယခုကဲ့သို့ ဖြစ်ရသည်မှာ သူသည် အမျိုးသားများ အဝတ်အစား ဝတ်ထား၍ဟု ရှင်းပြခဲ့သည်။

လုပ်ငန်းမှ မန်နေဂျာကလည်း သူ့ပုံပန်းကိုကြည့်၍ သူ့ပုံစံမှာ ကျွန် တော်တို့ အလုပ်စခန်းနဲ့ မသင့်တော်ဟု ဆိုသည်။

တရားရုံးက သူ့အားတစ်လစာယူရန် တိုက်တွန်းပေး၏။ သူ့ပုံစံက သူတို့ထားရှိသော စံချိန်စံညွှန်းနှင့် မသင့်တော်ဟု ဆို၏။

တရားရုံးကမူ သူ့ကို တလစာပေးရန် အမိန့်ချပေး၏။

Source; BBC.com.

မောင်သာရွှေ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.