တနင်္လာ
အရာရာအဆင်ပြေမည်။ စိတ်အေးချမ်းမည်။ မိတ်ကောင်း ဆွေကောင်းကို အထောက်အကူပြု၍ စိတ်ချမ်းမြေ့ရမည်။ စုပေါင်းလုပ်ငန်းအကျိုးပေးမည်။ မင်္ဂလာရှိသော ကိစ္စ များ၊ စိတ်ချမ်းမြေ့ဖွယ်ရာများကို ပါဝင်ပတ်သက်ကူညီ ရမည်။ စိတ်ကူးသစ်များလက်တွေ့ဆောင်ရွက်နိုင်မည်။ ခရီးဝေးကိစ္စ၊ နိုင်ငံရပ်ခြားကိစ္စများ ဆောင်ရွက်အကျိုး ပေးမည်။ ခြံ၊ ကား၊ အခန်း၊ အလဲအလှယ်ကိစ္စများ ဆောင်ရွက်အကျိုးပေးမည်။
ယတြာ ။ ။ မွေးနေ့တွင် ကြာဆံကြော် ဒါနပြုပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ
ရှုပ်ရှုပ်ထွေးထွေး ကိစ္စများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။ အလွယ်တကူကတိပေးပြီး လုပ်သည့်ကိစ္စတစ်ခုမှ ဖြေ ရှင်းစရာများဖြစ်ပေါ်မည်။ ငွေကြေးကိစ္စကို ကနဦးက ပြတ်ပြတ်သားသား ပြောဆိုထားခြင်းမရှိသည့်အတွက် မိမိမှနစ်နာတတ်သည်။ အလိမ်အညာခံရတတ်သည်။ အပျောက်အရှများမည်။ စွန့်စားပြီး လုပ်သောကိစ္စများ အရင်းအနှီးများသော လုပ်ငန်းများ မလုပ်သင့်။ အထီးကျန်သဖွယ် ခံစားနေရမည်။
ယတြာ ။ ။ မွေးနေ့တွင် ဆန်လှူပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး
အကောင်းအဆိုး ရောထွေးနေသည်။ အခက်အခဲ အနှောင့်အယှက်များ ကင်းစင်၍ အဆင်ပြေခြင်းရှိလင့်ကစား ပြဿနာအနည်းငယ်ကြုံနေဆဲဖြစ်သည်။ ကုန်ကျစရာများ တစ်မျိုးပြီးတစ်မျိုး ဇယ်ဆက်သလို ပေါ်ပေါက်မည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဦးစားပေး၍မရ။ သူတစ် ပါးလွယ်လင့်တကူ ဆောင်ရွက်နိုင်သည့်ကိစ္စများ မိမိ လုပ်ဆောင်၍ နှောင့်နှေးကြန့်ကြာမည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ငွေကုန်မည်။
ယတြာ ။ ။ မွေးနေ့တွင် လမုန့်စားပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု
ကောင်းသောအပြောင်းအလဲနှင့် တိုးတက်မည်။ အခက် အခဲများကျော်လွှားနိုင်မည်။ မိမိအပေါ် အကျိုးပေးသော သူများနှင့်တွေ့မည်။ တစ်ပိုင်းတစ်စ ရပ်တန့်ထားသော ကိစ္စများ အပြီးသတ်အောင်ဆောင်ရွက်နိုင်လိမ့်မည်။ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စများတွင် နဂိုမူလ စီမံကိန်းချထား သည့်အတိုင်း လုပ်၍မရ။ ရုတ်တရက် ပြောင်းလဲလာသည့် အပြောင်းအလဲများနှင့် အံဝင်ခွင်ကျ ချိန်ကိုက်ပြီးမှ ဆောင်ရွက်ပါ။
ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ရွှေရင်အေးဒါန ပြုပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး
လွယ်လင့်တကူရသည်၊ ဖြစ်သည်ဟူ၍မရှိ။ သူတစ်ပါး အပေါ် အပြစ်တင်၍မရ။ ကိုယ်တိုင်၏ပေါ့လျော့မှုကြောင့် မဖြစ်သင့်သောအမှားများကြုံမည်။ အိမ်တွင်းရေး၊ မိသား စုရေးများတွင် စိတ်တိုင်းမကျစရာရှိမည်။ ပဋိပက္ခများ ရှိမည်။ မိမိက အကောင်းလုပ်၍ အကောင်းပြောမခံ ရသောကိန်းဆိုက်နေသည်။ တတ်နိုင်သမျှ ကိုယ့်ကိစ္စ မဟုတ်က လက်ရှောင်ပါ။ အလုပ်စီးပွားများ အချိန်ပေး၍ ဆောင်ရွက်ပါ။ သူတစ်ပါးအပေါ် အကြံမပေးရ။
ယတြာ ။ ။ မွေးနေ့တွင် ပဲပေါင်မုန့် လှူပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ
အေးအေးချမ်းချမ်းနှင့် အလိုရှိရာပြည့်စုံမည်။ ငွေကြေး ဥစ္စာ ကံကောင်းမည်။ မိသားစုနှင့်ပတ်သက်သော စိတ် ချမ်းမြေ့ဖွယ်ရာ သတင်းကောင်းများကြားသိရမည်။ မိမိအပေါ် အထောက်အကူပြုသောသူများနှင့် တွေ့မည်။ စုပေါင်းလုပ်ငန်းအကျိုးပေးမည်။ ပျိုရွယ်သူများ မေတ္တာရေး ကံကောင်းမည်။ ခရီးကိစ္စများ အဆင်ပြေမည်။ ပြည်ပခရီးကံပွင့်မည်။ ပညာရေးကိစ္စများဆောင်ရွက် အောင်မြင်မည်။
ယတြာ ။ ။ မွေးနေ့တွင် သစ်သီး ဒါနပြုပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ
အောင်မြင်ခြင်း၊ အဆင်ပြေခြင်း၊ တိုးတက်ခြင်းများရရှိမည်။ အပြိုင်အဆိုင်များမည်။ အခက်အခဲများ ထိပ်တိုက် ဖြေရှင်းရမည်။ အခက်အခဲနှင့် ဒုက္ခတွေ့နေသူများအား အထောက်အကူပေးရတတ်သည်။ အပျက်အစီး အပျောက် အရှများမည်။ ယှဉ်ပြိုင်လာသောသူများအား အနိုင်ပေး လိုက်ပါ။ သူတစ်ပါးလုပ်သောကိစ္စများအား လက်ရှောင် လိုက်ပါ။ မိမိတွင် များစွာသော စိတ်ကူးကောင်းများ ရှိသည်ကို မမေ့သင့်။
ယတြာ ။ ။ မွေးနေ့တွင် ဒိန်ချဉ်သောက်သုံးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္ဂနွေ
အရာရာ သတိနှင့်ဆောင်ရွက်ရမည်။ အရှိန်မြင့်မားစွာ ဆောင်ရွက်ရင်း အနှောင့်အယှက်များကြုံရခြင်းကြောင့် နှောင့်နှေးမည်။ ရင်းနှီးသူများနှင့် စကားများရမည်။ ကိုယ့်ကိစ္စမဟုတ်ဘဲ သူတစ်ပါးကိစ္စအတွက် စိတ်ရှုပ်ရ မည်။ အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများအတွက် အချိန် ကုန် ငွေကုန်ခံပြီး လူမုန်းများသောအလုပ်များ ဆောင်ရွက်ရမည်။ မည်သည့်ကိစ္စကိုမဆို အမှားအယွင်းမရှိအောင် ဂရုစိုက်ပါ။
ယတြာ ။ ။ မွေးနေ့တွင် ဧည့်ခန်းသန့်ရှင်းရေးလုပ် ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~