သင့်မှာ ထီပေါက်ဖို့ ဇာတာ ပါလာသလား... နက္ခတ်ဗေဒင် အဟောပညာတွင် ကြာသပတေးဂြိုဟ်သည် ဓနကာရကဂြိုဟ် အစစ်အမှန်ဖြစ်သည်။ ဓနကာရကဆိုသည်မှာ ဓနကိုပြုလုပ်ခြင်းဟု အဓိပ္ပာယ်ရသည်။ ဓနကိုဖြစ်စေသော ဓနဂြိုဟ်သည် ကြာသပတေးဂြိုဟ် ဖြစ်သည်ဟု ရှေးဟောင်း အိန္ဒိယနက္ခတ်ဗေဒင်ကျမ်းများတွင် အတိအလင်း ဆိုခဲ့သည်။
ဖွားဇာတာ၌ ဘာဝ ၁၂ ပါးရှိ သည့်အနက် လဂ်၏ ၂တန့်ကို ကုဋုမ္ပ ဘာဝခေါ် စီးပွားရေးငွေကြေးနှင့်သက် ဆိုင်သောဘာဝကို ကြာသပတေး ဂြိုဟ်ကစိုးမိုးသည်။ လဂ်၏ ၂တန့် ငွေကြေးဥစ္စာစီးပွားနှင့် သက်ဆိုင်သော ဘာဝ၌ ဓနဂြိုဟ် ကြာသပတေးဂြိုဟ် ရပ်တည်လျက် ဖွားမြင်သော ဇာတာရှင်သည် ငွေကြေးချမ်းသာစေတတ် သော ဓနယုဂ်ရသည်။
ထီပေါက်ကိန်း ဇာတာပါ၊ မပါ သိလိုသူများသည် ဖွားဇာတာရှိရန် လိုအပ်သည်။ သင်သည် ဘာလဂ်ဖွား ဖြစ်သနည်း။ သင်၏ဖွားဇာတာထဲတွင် လအက္ခရာ ဖြင့် ဖော်ပြသော လဂ်သည် ဘယ်ရာသီမှာရှိသနည်း။ ၅ ဂဏန်း ဖြင့်ဖော်ပြသော ကြာသပ တေးဂြိုဟ်သည် လ အက္ခရာ၏ရှေ့တွင် ရှိသလားဆိုသည်ကို စစ်ဆေး ကြည့်ပါ။
လဂ်ရာသီသည် မိဿလော၊ လဂ်၏ရှေ့ ပြိဿရာသီတွင် ကြာသပတေးဂြိုဟ်ရှိသလော၊ သို့မဟုတ် ပြိဿလဂ်လော၊ လဂ်၏ရှေ့မေထုန် ရာသီတွင် ကြာသပတေးဂြိုဟ်ရှိသ လော။ တစ်လဂ်ချင်း တစ်ရာသီချင်း ဆန်းစစ်ကြည့်ပါ။
မိဿလဂ်၊ ပြိဿ ကြာသပတေး
မိဿရာသီတွင် လအက္ခရာနှင့် ပြိဿရာသီတွင် ၅ ဂဏန်းရှိမရှိ ကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤသို့ရှိနေပါက ဘေးရန်နှင့်ယှဉ်ပြီး ငွေကြေးဥစ္စာပစ္စည်း ရတတ်သည်။ ရန်သူ၏ ငွေကြေးဥစ္စာပစ္စည်းကိုလည်း ရ နိုင်၏။ စီးပွားရေးဖြစ်စေတတ်သော် လည်း ဘေးရန်မကင်းတတ်ပေ။ အပြိုင်အဆိုင်စီးပွားရှာရလိမ့်မည်။ ထီပေါက်နိုင်သော ဇာတာပါသည်။ သို့သော် ထီလက်မှတ် ပြဿနာပေါ်တတ်သည်။
ပြိဿလဂ်၊ မေထုန် ကြာသပတေး ပြိဿရာသီတွင် လအက္ခရာနှင့် မေထုန်ရာသီတွင် ၅ ဂဏန်း ရှိ မရှိကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤသို့ရှိနေပါက ငွေကြေးဥစ္စာပစ္စည်း ချမ်းသာစေတတ်သော ဓနယုဂ်ရသည်။ သင်၏ဖွားဇာတာတွင် ဤအတိုင်း ရှိနေပါက ငွေကြေးဥစ္စာစီးပွား ရှာရာတွင် အပြိုင်အဆိုင်ရှာဖွေရတတ် သည်။ ဘေးရန်မကင်းသော်လည်း မိမိကသာ အနိုင်ရမည်။ ထီပေါက်နိုင်သော ဇာတာပါသဖြင့် ထီပေါက်နိုင် သည်။ ထီမပေါက်လျှင်လည်း ထီ ပေါက်သကဲ့သို့ ငွေဝင်မည်။
မေထုန်လဂ်၊ ကရကဋ်
ကြာသပတေး
မေထုန်ရာသီတွင် လအက္ခရာနှင့် ကရကဋ်ရာသီတွင် ၅ဂဏန်း ရှိ၊ မရှိ ကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤသို့ရှိနေပါက ငွေကြေးဥစ္စာစီးပွားနှင့် ပတ်သက်၍ အလွန်ကံကောင်းမည်။ ငွေကြေးပြည့်စုံချမ်းသာသူဖြစ်လာနိုင် သည်။ ဆင်းရဲသူဖြစ်စေကာမူ တစ် နေ့နေ့တစ်ချိန်ချိန်တွင် စီးပွားရေး ကောင်းလာပြီး။ လူချမ်းသာဘဝသို့ ရောက်မည်။ ထီပေါက်နိုင်သော ဇာတာပါသည်။ ထီပေါက်မည်။ တစ်ကြိမ်သာမက မကြာခဏ ထီပေါက်နိုင်သည်။ ငွေကြေးအလွယ်တကူ ရှာဖွေရရှိမည်။ ငွေထုပ် ရွှေထုပ် လက်ဝတ်ရတနာ ထုပ်စသော အဖိုးတန် ပစ္စည်းကောက်ရတတ်သည်။ သို့ မဟုတ် အချောင်ရတတ်သည်။
ထိုဇာတာမျိုးပါခဲ့သော် ယခုချမ်း မသာလျှင် နောင်တွင်ချမ်းသာလိမ့်မည်။
ကရကဋ်လဂ်၊ သိဟ် ကြာသပတေး
ကရကဋ်ရာသီတွင် လအက္ခရာ နှင့် သိဟ်ရာသီတွင် ၅ ဂဏန်းရှိ မရှိကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤအတိုင်းရှိနေပါက ငွေကြေးချမ်း သာမည်။ ထီပေါက်နိုင်သော ဇာတာ ပါသည်။ ထီပေါက်မည်။ မကြာခဏ ထီပေါက်နိုင်သည်။ ထီမပေါက်လျှင် ထီပေါက်သကဲ့သို့ ငွေဝင်တတ် သည်။ အကြောင်းအမျိုးမျိုးနှင့် ငွေဝင်များမည်။ စီးပွားရေးလုပ်ငန်း ကောင်းမည်။ မိတ်ဆွေကောင်း ပေါများမည်။
သိဟ်လဂ်၊ တူ ကြာသပတေး
သိဟ်ရာသီတွင် လအက္ခရာနှင့် ကန်ရာသီတွင် ၅ ဂဏန်း ရှိမရှိ ကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤအတိုင်းရှိနေပါက ငွေကြေးချမ်းသာ တတ်သော ဓနယုဂ်ရသည်။ အပြိုင် အဆိုင်စီးပွားရှာရာမှ ငွေကြေးချမ်းသာ လာမည်။ ငွေကြေးဥစ္စာစီးပွားဆိုင်ရာ ဘေးအန္တရာယ်များတတ်သည်။ ထီ ပေါက်နိုင်သော ဇာတာပါ၏။ ထီ ပေါက်မည်။ ထီပေါက်သကဲ့သို့ ငွေဝင်မည်။
ကန်လဂ်၊ တူ ကြာသပတေး
ကန်ရာသီတွင် လအက္ခရာနှင့် တူရာသီတွင် ၅ ဂဏန်းရှိ မရှိကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤအတိုင်းရှိနေပါက ဆင်းရဲဒုက္ခရောက် ပြီးမှ ငွေကြေးချမ်းသာလာမည်။ ငွေကြေးဥစ္စာ စီးပွားရေးနှင့် ပတ်သက်၍ ဘေးရန်နှင့်အပြိုင်အဆိုင် မကင်းတတ်ပေ။ ထီပေါက်နိုင်သော ဇာတာပါသည်။ ထီမပြတ်ထိုးပေးသင့်သည်။ ထီပေါက်မည်။ ထီမပေါက်လျှင် ထီပေါက်သကဲသို့ ငွေဝင်မည်။
တူလဂ်၊ ဗြိစ္ဆာ ကြာသပတေး
တူရာသီတွင် လ အက္ခရာနှင့် ဗြိစ္ဆာရာသီတွင် ၅ ဂဏန်း ရှိမရှိ ကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤအတိုင်းရှိနေပါက ထီပေါက်နိုင်သော ဇာတာပါရှိသည်။ ထီပေါက်မည်။ တစ်ကြိမ်မက မကြာခဏထီပေါက် နိုင်သည်။ ထီမပေါက်လျှင် ထီပေါက်သကဲ့သို့ ငွေဝင်မည်။ ငွေကြေး ချမ်းသာစေတတ်သော ဓနယုဂ် ကောင်းပါသဖြင့် ဘဝတစ်သက်တာတွင် ငွေကြေးစီးပွားရေးအတွက် ပူ ပင်ရန်မရှိလှပေ။
ဗြိစ္ဆာလဂ်၊ ဓနု ကြာသပတေး
ဗြိစ္ဆာရာသီတွင် လအက္ခရာနှင့် ဓနုရာသီတွင် ၅ ဂဏန်းရှိ မရှိကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤအတိုင်းရှိနေပါက ငွေကြေးချမ်းသာ စေတတ်သော ဓနုယုဂ် အထူးကောင်း သည်။
ထီပေါက်နိုင်သော ဇာတာပါ သည်။ ထီပေါက်မည်။ ထီမပေါက် လျှင် ထီပေါက်သကဲ့သို့ ငွေဝင်မည်။
ငွေကြေးစီးပွားရေးအတွက် ပူပင် စရာမရှိဘဲတစ်သက်တာကောင်းမည်။
ဓနုလဂ်၊ မကာရ ကြာသပတေး
ဓနုရာသီတွင် လ အက္ခရာနှင့် မကာရ ရာသီတွင် ၅ ဂဏန်းရှိ မရှိ ကြည့်ပါ။ သင်၏ ဖွားဇာတာတွင် ဤအတိုင်းရှိနေပါက ထီပေါက်နိုင် သော ဇာတာပါသဖြင့် ထီပေါက်နိုင် သော်လည်း ဆုကြီးပေါက်ရန် ခဲယဉ်းသည်။ ငွေကြေးစီးပွား ကြိုးစားရှာဖွေမှသာ တိုးတက်ကြီးပွားနိုင်သည်။
မတရားသဖြင့် ငွေကြေးစီးပွား ရှာဖွေရတတ်သည်။
မကာရလဂ် ကုံ ကြာသပတေး
မကာရ ရာသီတွင် လအက္ခရာ နှင့် ကုံရာသီတွင် ၅ ဂဏန်း ရှိမရှိ ကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤအတိုင်းရှိနေပါက ငွေကြေးစီးပွားရေး နှင့်ပတ်သက်၍ ကုသိုလ်ကံကောင်း မည်။
ထီပေါက်နိုင်သော ဇာတာပါရှိမည်။ ထီပေါက်နိုင်သည်။ ထီမပေါက်လျှင် ထီပေါက်သကဲသို့ငွေဝင်မည်။ ပုံမှန် ထီထိုးပေးသင့်သည်။ ငွေကြေးစီးပွား ရှာရာတွင် အလွယ်တကူရှာဖွေရရှိ မည်။
ကုံလဂ်၊ မိန် ကြာသပတေး
ကုံရာသီတွင် လအက္ခရာနှင့် မိန် ရာသီတွင် ၅ ဂဏန်းရှိမရှိကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤအတိုင်းရှိ နေပါက ဓနကံကောင်းမည်။ ထီ ပေါက်နိုင်သော ဇာတာ ဧကန်ပါရှိ သည်။
မကြာခဏ ထီပေါက်မည်။ သို့ မဟုတ် ထီပေါက်သကဲ့သို့ ငွေအစုလိုက် အပုံလိုက်ဝင်မည်။
မိန်လဂ်၊ မိဿ ကြာသပတေး
မိန်ရာသီတွင် လအက္ခရာနှင့် မိဿရာသီတွင် ၅ ဂဏန်းရှိ မရှိ ကြည့်ပါ။ သင်၏ဖွားဇာတာတွင် ဤ အတိုင်းရှိနေပါက ငွေကြေးချမ်းသာ စေတတ်သော ဓနယုဂ်ကောင်းပါ သည်။ ထီပေါက်နိုင်သော ဇာတာပါ၏။ ထီပေါက်မည်။ သို့မဟုတ် ထီပေါက်သကဲ့သို့ မကြာခဏငွေဝင် ကောင်းမည်။
ဖော်ပြပါအတိုင်း လဂ်၊ လ အက္ခရာနှင့် ကြာသပတေးဂြိုဟ် ၅ ဂဏန်း ရှိနေသူမည်သူမဆို ထီ ပေါက်နိုင်သည်။ ထီပေါက်ဇာတာ ပါရှိသည်။
လဂ်၏ ၂တန့်ဘာဝ သို့မဟုတ် လအက္ခရာ ၏ရှေ့ရာသီတွင် ကြာသ ပတေးဂြိုဟ် ၅ ဂဏန်း တည်ရှိပြီး ဖွားမြင်လာသူ ဇာတာရှင်များ ထီဆုအသီးသီး ပေါက်ခဲ့ကြပုံများကို လက်တွေ့ဖွားဇာတာ သို့မဟုတ် နာမ နက္ခတ်ဇာတာများနှင့်တကွ အခါအခွင့်သင့်လျှင် ဆက်လက်ရေးသား ပါဦးမည်။
ဈေးကွက်ဂျာနယ် စာဖတ် ပရိသတ်များလဂ်၏ ၂တန့်ဘာဝတွင် ကြာသပတေးဂြိုဟ် သို့မဟုတ် လ အက္ခရာ ၏ရှေ့တွင် ၅ ဂဏန်း ပါရှိသော ထီပေါက်နိုင်သည့် ဖွားဇာတာ ပါရှိကြပါစေသတည်း။







