အမှတ် - ၆၈၁ ။ စက်တင်ဘာလ - ၉ရက်၊ ၂၀၁၀ ခုနှစ်၊ ကြာသပတေးနေ့
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတက္ကသိုလ် ဓမ္မာရုံကြီးတွင် ဝါတွင်သီလပွဲများကျင်းပ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... ၆၈၁
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သင့်အတွက် ဗေဒင်
ဆရာရီနေနိုင်သို့ အိတ်ဖွင့်ပေးစာ....

             ၆-၅-၂ဝ၁ဝ၊ ကြာသပတေးနေ့ထုတ် အမှတ်စဉ် -၆၆၃ ဈေးကွက် ဂျာနယ်မှာ ကျွန်တော်စီစဉ် ထုတ်ဝေခဲ့တဲ့ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် မန္တလေးမှာ ဖတ်ကြားခဲ့တဲ့ စာပေယဉ်ကျေးမှု အနုပညာ စာတမ်းများ စာအုပ်ကို ဆရာဝေဖန် အကြံပြုပေးထားတာကို ဖတ်ရလို့ ကျေးဇူးတင် ဝမ်းမြောက်လို့ မဆုံးပါ ဆရာ။ ကျွန်တော်တို့ စာပေနယ်မှာ စာတမ်းဖတ်ပွဲတွေ ကျဲသွားလို့လဲ အခက်အခဲအမျိုးမျိုးကြားက စာတမ်းဖတ်ပွဲ ဖြစ်မြောက်စေခဲ့ရပါတယ်။ ဒီထက်စာတမ်းများကို စာရွက်ထက် အက္ခရာတင်ဖို့လဲ ဘယ်လောက်ခက်ခဲတယ် ဆိုတာလဲ ဆရာသိမှာပါ။ စာအုပ်မိတ်ဆက်ပွဲမှာ စာပေအသိုင်း အဝိုင်းရဲ့ ကြိုဆိုဂုဏ်ပြု ခံရတဲ့အတွက် ပင်ပန်းခဲ့သမျှ အမောပြေ၊ ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အတွက် ရလိုက်တဲ့ အကျိုးအမြတ် ဆိုတာလဲ အဲဒီ ပီတိတစ်ခုပဲ ရှိပါ တယ်ဆရာ။
          ကျွန်တော် ပြောချင်တာတစ်ခုက ကျွန်တော်ဖတ်ကြားခဲ့တဲ့ စာတမ်း ဗာဝရီမော်ကွန်းမှ ပေးသော နက္ခတ် တာရာဆိုင်ရာသုတထဲမှ ဂြိုဟ်ခွင် သုံးခုကို နှစ်မျက်နှာတစ်တွဲ ဖော်ပြထားရာ ဆရာက နှစ်မျက်နှာ တစ်တွဲ ပုံသုံးပုံ ပါဝင်ရာ သုံးမျိုးလုံးအတူ တူဖြစ်သည့်အတွက် ပုံနှိပ်သူက နား လည်မှုလွဲ၍ ဖြစ်ပုံရသည်ဟု ယူဆပါသည်ဟု ဝေဖန်ထားပါသည်။
           ကျွန်တော် ရေးသားရခြင်းက ဆရာ့ဝေဖန်ချက်ကို ပြန်လည်ချေပရန် မဟုတ်ပါဆရာ။ ကျွန်တော့်ကို သင် ကြားပြသပေးခဲ့တဲ့ ဆရာတွေရဲ့ ဂုဏ်ကို ထိခိုက်ရာ ရောက်မှာစိုးလို့ ပြန်လည်ရေးသားရခြင်းဖြစ်လို့ ဆရာနားလည် ခွင့်လွှတ်ပေးစေချင်ပါတယ် ဆရာ။ ပထမပုံ (စာမျက်နှာ ၃၈-၃၉)နဲ့ ဒုတိယပုံ (စာမျက်နှာ ၄ဝ-၄၁ )တို့ကွာခြားချက်ကို ဦးစွာ ဖော် ပြလိုက်ပါတယ်ဆရာ။
            ပထမပုံမှာ လက ကန်ရာသီ၊ နေမှာ မိန်ရာသီတွင် ရပ်တည်နေကြောင်း တွေ့ရပါတယ်။ ဒုတိယပုံမှာ နေက မိန်ရာသီ၊ လက ကန်ရာသီမှာ ပြထားပါတယ်။ ပုံနှစ်ပုံတွင် အား လုံးဆင်တူသော်လဲ နေနှင့်လ ရပ်တည်ရာ ရာသီခွင် မတူခြင်းက ကွဲပြားခြားနားချက် အဓိက ဖြစ်ပါ တယ်။
            ကမ္ဘာဦးအစ နေ၊ လထွက်ပုံ ကိုဝါဒကွဲရှိကြောင်း ဖော်ပြလိုရင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖတ်ရတဲ့စာ တမ်းဘောင်က အချိန်၊ စာမျက်နှာ အကန့်အသတ် ရှိနေတဲ့အတွက် တင်ပြပုံ တိုတောင်းလွန်းသွားပါတယ်။ အထူးသဖြင့် စာပုဒ်နဲ့ ရှင်းလင်းရာမှာ ပုံစာညွှန်းပီပြင်အောင် ညွှန်းမပေးနိုင် ခဲ့ခြင်းက မျက်စိလည် သွားစေခြင်း ဖြစ်ပါတယ်။
          တတိယပုံ(စာမျက်နှာ ၄၄-၄၅) သည် စာမျက်နှာ ၄၃ တွင် ဗာဝရီ မော်ကွန်းပုဒ်ရေ ၁၈ ပါ ''ဧနှင့်တြိ၊ ဒွေးနှင့်ဒွိ တြိလည်းကောင်း၊ ဧသို့ ပြောင်းသား''ဟူသော စာသားကို ဖွင့်ဆိုရန်အတွက်ဖြစ်ပါတယ်။ နက္ခတ် ၂၇ လုံးကို ၁၂ ရာသီ ခွင်အတွက် ခွဲဝေသော် မိဿရာသီ တွင် (နက္ခတ်) နှစ်လုံး (၁)ပါဒ် (ဧ)၊ ပြိဿရာသီတွင် နက္ခတ်(၄)လုံး ၂ ပါဒ်(ဒွေးနှင့်ဒွိ)နှင့်မေထုံရာသီတွင် နက္ခတ်(၆)လုံး(၃)ပါဒ်(တြိ)၊ ပါဒ်စွန်း (ဧ)တပါဒ်-စွန်း၊ (ဒွေးနှင့်ဒွိ)နှစ်ပါဒ် စွန်း၊ (တြိ)သုံးပါဒ်စွန်း လည်ပတ်နေပုံကို ဖော်ပြပါတယ်။ ''တြိလည်း ကောင်း ဧသို့ပြောင်းသား''ဟု ဆိုသဖြင့် (သုံး)ပါဒ်စွန်း(တြိ)မှ တစ်ပါဒ် စွန်း(ဧ)သို့ ပြောင်းသဖြင့် ၁၂ရာသီ လည်ပတ်ပုံတွင် အဓိက ကွာခြား ချက်တစ်ခုက နေ၊ လပုံ မပါခြင်းနှင့် နက္ခတ်ပါဒ်စွန်းတို့ကို အဓိက ဖော်ပြရန် ဘဲဥပုံစက်ဝိုင်းဖြင့် ပါဒ်စွန်း တို့ကို ဖော်ပြလိုရင်းဖြစ်ပါတယ်။
           ဒါလောက်ဆိုရင် ကျွန်တော် ဖတ်တဲ့ စာတမ်းထဲက ပုံသုံးပုံ ကွဲပြားခြားနားချက်ကို ဆရာသိနိုင်သလို စာဖတ်သူတွေလဲ နားလည်သွားစေ နိုင်တဲ့အတွက် အကျိုးရှိနိုင်မယ်လို့ ထင်မြင်ယူဆပါတယ်။
           အထူးသဖြင့် ကျွန်တော့်ကို သင်ကြားပြသပေးခဲ့တဲ့ ဆရာတွေရဲ့ ဂုဏ်ကို မထိခိုက်စေချင်လို့ ပြန်လည် ရှင်း လင်းရခြင်းဖြစ်ပါတယ်ဆရာ။ ကျေးဇူးအထူးတင်ကြောင်း ထပ်မံပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ် ဆရာ။ ဆရာ ကျန်းမာ၊ ချမ်းသာပါစေ။ စာပေ အကျိုးဆထက်ထမ်းပိုး ကြိုးစားနိုင်ပါစေလို့ မေတ္တာရည်လျက်။

ဦးသုကောင်း(RMCG)
 

Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.