7-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1040
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သင့်အတွက် ဗေဒင်
၂၀၁၆ အတွင်း ရှောင်ရန်ရက်များ

မြန်မာနိုင်ငံ၌ မင်္ဂလာအခါပေးဗေဒင်ပြက္ခဒိန်များ နှစ်စဉ် ထုတ်ဝေလျက်ရှိကြသော်လည်း ထိုပြက္ခဒိန်တို့၌ မပါရှိသေးသည့် အရေးကြီးသော ရှောင်ရန်ရက်အချို့ကို ဖော်ပြပေးလိုပါသည်။

အကြောင်းကိစ္စကြီးငယ်တို့ကို လုပ်ဆောင်ကြရာတွင် အချိန်အခါကောင်းသောရက်တွင်  မလုပ်မိသည် ထက် အခါမကောင်းသော မလုပ်သင့်သည့် ရက်တွင် လုပ်မိပါက ဆိုးကျိုးသို့မဟုတ် မအောင်မြင်ခြင်းကို ဖြစ် ပေါ်စေသည်။

မကောင်းသောရက်၊ ရှောင်သင့်သည့်ရက်ကို ရှောင် ရန် အထူးအရေးကြီးပါသည်။

ယခုဖော်ပြသည့် ရှောင်ရန်ရက်များကို စူးစမ်းလေ့ လာစမ်းသပ် ရှောင်ကြဉ်ရန် အကြံပြုတိုက်တွန်းလိုပါ သည်။

စာဖတ်သူတို့၏ သဘောထားနှင့် မတိုက်ဆိုင်ဘဲ အသုံးမဝင်ခဲ့လျှင် လုံးဝငြင်းပယ်ခွင့်ရှိပါသည်။

သူရိယသင်္ကြန် ၁၂ ပါးရက်

တနင်္ဂနွေဂြိုဟ်သည် ၁၂ ရာသီစက်ဝန်း၌ တစ်ရာသီမှတစ် ရာသီသို့ ကူးပြောင်းသောရက်ကို ဆိုလို ရင်းဖြစ်သည်။

ထိုသို့ကူးပြောင်းချိန်တွင် တနင်္ဂနွေဂြိုဟ်မှဖြစ် ပေါ်သော အင်အားသတ္တိများ ဖရိုဖရဲ ဖြစ်တတ်သည်။ ထိုအချိန်အခါအတွင်း ၌ ကောင်းသောအမှုကိစ္စများ မပြု လုပ်သင့်ပေ။
    ၂ဝ၁၆ အတွင်း မင်္ဂလာအခါရှောင်ရန် တနင်္ဂနွေ ဂြိုဟ်ပြောင်းရက်များမှာ
    ဇန်နဝါရီ ၁၅ ရက်                         သောကြာနေ့
    ဖေဖော်ဝါရီ ၁၃ ရက်
    စနေနေ့
    မတ် ၁၄ ရက်
    တနင်္လာ
    ဧပြီ ၁၃ ရက်
    ဗုဒ္ဓဟူးနေ့
    မေ ၁၄ ရက်
    စနေနေ့
    ဇွန် ၁၅ ရက်
    ဗုဒ္ဓဟူးနေ့
    ဇူလိုင် ၁၆ ရက်
    စနေနေ့
    သြဂုတ် ၁၇ ရက်
    ဗုဒ္ဓဟူးနေ့
    စက်တင်ဘာ ၁၇ ရက်
    စနေနေ့
    အောက်တိုဘာ ၁၇ ရက်
    တနင်္လာနေ့
    နိုဝင်ဘာ ၁၆ ရက်
    ဗုဒ္ဓဟူးနေ့
    ဒီဇင်ဘာ ၁၆ ရက်
    သောကြာနေ့
သောကြာဂြိုဟ်အတ္ထမိသောရက်

အရှေ့တိုင်းနက္ခတ္တဗေဒ အဆို သောကြာဂြိုဟ်သည် တနင်္ဂ နွေဂြိုဟ်ရှေ့ကနေလျှင် ၈ ဒီဂရီ (အံသာ)၊ နောက်ကနေလျှင် ၁ဝ ဒီဂရီ(အံသာ)နီးကပ်ပူးယှဉ်သော ရက်ကာလကို ဆိုလိုရင်းဖြစ်သည်။  ထိုအခါ သောကြာဂြိုဟ်သည် အား မရှိ။ သက်ဆိုင်ရာ အမှု ကိစ္စအ တွက် ကောင်းကျိုးမဖြစ်တတ်သ ဖြင့် ရှောင်ရမည်။

၂ဝ၁၆ အတွင်း မေလ ၄ ရက် သောကြာနေ့မှ ဇူလိုင်လ ၁ ရက် သောကြာနေ့အတွင်း အမှု ကိစ္စကြီးငယ်ဆောင်ရွက်ခြင်း မပြု သင့်ပေ။

ဗိဿနိုးနတ်အိပ်လ

ဟိန္ဒူဘာသာဝင်များ၏ အယူအဆဖြစ်သည်။ ဝါဆိုလ ဆန်းထိထိ ၁၂ လုံးရသောနေ့မှ တန်ဆောင်မုန်းလဆန်းတိတိ ၁၂ လုံးရသောနေ့အထိ လပိုင်းကိုဆို လိုရင်းဖြစ်သည်။

၂ဝ၁၆ အတွင်း ဇူလိုင် ၁၆ ရက် စနေနေ့မှ နိုဝင်ဘာ ၁၁ ရက် သောကြာနေ့အတွင်း နာထွင်း၊ နား သ၊စလွယ်တင်၊ လက်ထပ်ထိမ်း မြား၊ အိမ်ဆောက်ခြင်းကို အထူး ရှောင်ရမည်။
နေကြတ်ရက်

၂ဝ၁၆ အတွင်း မတ်လ ၉ ရက် ဗုဒ္ဓဟူးနေ့နှင့် စက်တင်ဘာလ ၁ ရက် ကြာသပတေးနေ့တွင် တနင်္ဂနွေဂြိုဟ်(နေမင်း)၏ စွမ်းအင် ရောင်ခြည် ဖရိုဖရဲဖြစ်နေသဖြင့် အမှုကိစ္စကြီးငယ်ဆောင်ရွက်ခြင်း ရှောင်ရမည်။

ဒိန္နက်သဲရက်

မူမမှန်သော တနင်္လာဂြိုဟ်  (လမင်း)၏ အလင်းရောင်အင် အားခေါ် မူမမှန်သော တီထီရက် အမျိုးအစားကို ဆိုလိုရင်းဖြစ် သည်။
    ဖေဖော်ဝါရီ ၁၆ အင်္ဂါ၊ ၁၇ ဗုဒ္ဓဟူး၊ ၁၈ ကြာသပတေးနေ့တို့ တွင် အမှုကိစ္စကြီးငယ်ဆောင်ရွက် ခြင်းရှောင်ရမည်။
    ၂ဝ၁၆ အတွင်း မေလ ၉ ရက် တနင်္လာနေ့၊ မေလ ၁ဝ ရက် အင်္ဂါနေ့
    မေလ ၁၁ ရက် ဗုဒ္ဓဟူးနေ့၊
    သြဂုတ် ၁ဝ ရက်ဗုဒ္ဓဟူး၊         ၁၁ ရက် ကြာသပတေး၊             ၁၂ရက် သောကြာ၊ စက်         တင်ဘာ ၁၂ တနင်္လာ၊             ၁၃ ရက်အင်္ဂါ၊ ၁၄ ရက်         ဗုဒ္ဓဟူး၊
    နိုဝင်ဘာ ၁၄ တနင်္လာ၊             ၁၅ရက် အင်္ဂါ၊ ၁၆ ရက်         ဗုဒ္ဓဟူး
အမ္ဗဝါစီရက်

တနင်္ဂနွေဂြိုဟ်သည် အဒြ နက္ခတ် ပထမပါဒ်ကို စီးနင်းချိန် ရက်ကာလကိုဆိုလိုရင်းဖြစ်သည်။ ထိုရက်ကာလအတွင်း စာပေသင် ကြားခြင်း၊ မြေတူးဆွခြင်း၊ ကာမ ဆက်ဆံခြင်း၊ မျိုးစေ့ကြဲခြင်းတို့ကို  အထူးရှောင်ရမည်။

၂ဝ၁၆ အတွင်း ဇူလိုင် ၆ ရက် ဗုဒ္ဓဟူးနေ့မှ ၉ ရက်စနေနေ့ အတွင်း အမ္ဗဝါစီရက်ဖြစ်၍ အဆို ပါကိစ္စများဆောင်ရွက်ခြင်းမပြု သင့်။

တနင်္လာဂြိုဟ် ပါတရက်
    တနင်္လာဂြိုဟ်သည် ဝိက္ခေပ (Latitude Celestial)  သုည ဒီ ဂရီ (အံသာ)ရောက်သောရက်ကို ဆိုလိုရင်ဖြစ်သည်။ အဆိုပါရက် သည် ပါတ (Rwin)  ပျက်စီးခြင်း ကို ဖြစ်သောကြောင့် အမှုကြီးငယ် ဆောင်ရွက်ခြင်းမပြုသင့်။
    ၂ဝ၁၆ အတွင်း ဇန်နဝါရီ  ၁ ရက်၊ ၁၄ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက် ၊
    ဖေဖော်ဝါရီ ၁ဝ၊ ၁၁၊ ၂၄         ရက်
    မတ် ၈၊ ၉၊ ၂၁၊ ၂၂ ရက်၊
    ဧပြီ ၅ ၊ ၁၈ ရက်၊
    မေ ၂၊ ၁၅၊ ၂၉၊ ၃ဝ ရက်၊
    ဇွန် ၁၁၊ ၁၂၊ ၂၅၊ ၂၆             ရက်၊
    ဇူလိုင် ၈၊ ၉၊ ၂၂၊ ၂၃ ရက်၊
    သြဂုတ် ၄၊ ၅၊ ၁၉ ရက်၊
    စက်တင်ဘာ ၁၊ ၁၅၊ ၂၈         ရက်၊
    အောက်တိုဘာ ၁၂၊ ၁၃၊         ၂၅၊ ၂၆ ရက်၊
    နိုဝင်ဘာ ၈၊ ၉၊ ၂၁၊ ၂၂         ရက်၊
    ဒီဇင်ဘာ ၆၊ ၁၈၊ ၁၉ ရက်

အခါပေးနက္ခတ္တဗေဒ သည်အလွန်ကျယ်ဝန်းသော ပညာရပ်ဖြစ်သည်။ ဤနေရာတွင်အလုံး စုံကို ရေးသားဖော်ပြရန် မဖြစ်နိုင် ပေ။ အရေးကြီးသောရှောင်ရန် ရက်အချို့ကိုသာ ဖော်ပြရပါသည်။ ဂြိုဟ်နက္ခတ်တို့၏ အဆိုး အင်အားကို တွန်းလှန်လျက် ဘဝ ခရီးလမ်း ရုန်းကန် လှုပ်ရှားသွား လာရာတွင် အောင်မြင်သူများဖြစ် ကြပါစေသတည်း။

မောင်မောင်မြင့်သန်းမောင်
 

Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.