29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သင့်အတွက် ဗေဒင်
နှစ် ၁ဝဝ ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဂုဏ်ပြုဗေဒင်

နှစ် ၁ဝဝပြည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ဖွားဇာတာနှင့်ဆိုင်ရာ နက္ခ၏ဗေဒင်ဆောင်းပါး ကို ရေးသားလိုပါသည်။
ဗိုလ်ချုပ်၏ဖွားဇာတာ၌ မကာရရာသီတွင်လဂ် စန်းခေါ်တ နင်္လာဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် ယူရေးနပ်ဂြိုဟ်တို့ ပူးယှဉ်ရပ်တည်သည်။
ကုံရာသီတွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် ရာဟု ဂြိုဟ်
မေထုန်ရာသီတွင် စနေနှင့် ပလူတိုဂြိုဟ်
ကရကဋ်ရာသီတွင် နက်ပကျွန်းဂြိုဟ်
သိဟ်ရာသီတွင် ကိတ်ဂြိုဟ်
ဓနုရာသီတွင် သောကြာဂြိုဟ်တို့ရပ်တည်နေကြသည်။
ဖွားဇာတာတွင်ဂြိုဟ်ပူးဂြိုဟ်မြင်များမှာလည်း ဆန်းကြယ်လှ သည်။
မကာရရာသီလဂ်နှင့် စန်း၊ အင်္ဂါယူရေးနပ် ဂြိုဟ်တို့ပူးယှဉ်ခြင်း မှာ ဗိုလ်ချုပ်၏ သူရသတ္တိရှိခြင်းကို ဖော်ပြနေသည်။ ဘေးရန်ကြုံတွေ့ တတ်ခြင်းကို လည်းဖော်ပြသည်။
မကာရလဂ်စန်း အင်္ဂါနှင့် ယူရေးနပ်ဂြိုဟ်တို့ကို ကရကဋ်ရာသီ တွင်ရှိနေသော နက်ပကျွန်းဂြိုဟ်က ၁၈ဝဒီဂရီ ဂြိုဟ်မြင် (ဗျစနခအ) ဖြင့် လွှမ်းမိုးထားသည်။
မကာရဘာဝသိဟ်ရာသီကို မေထုန်ရာသီရှိစနေဂြိုဟ်က ၆ဝ ဒီဂရီဂြိုဟ်မြင်ဖြင့်လွှမ်းမိုးထားပြီး တနဂ်နွေ-ဗုဒ္ဓဟူး-ကြာသာပတေးနှင့် ရာ ဟု ဂြိုဟ်တို့က ၁၈ဝ ဒီဂရီဖြင့် လွှမ်းမိုးထားသည်။
မရဏဘာဝသိဟ်ရာသီကိုကိတ်ဂြိုဟ်ကလည်းလွှမ်းမိုးထားသေး သည်။
ဗိုလ်ချုပ်၏ ဖွားဇာတာတွင် အင်္ဂါဂြိုဟ်သည် ဥစ်ဂြိုဟ်အဖြစ်အ ရှေ့တိုင်း နက္ခတ္တဗေဒအဆိုဂြိုဟ်တို့၏အား ၆ပါးအနက် ဌာနဗလအားရှိစွာ ရပ်တည်လျက်လဂ်နှင့် ပူးယှဉ်ခြင်းကြောင့် အလွန်ရခဲလှသော မဟာပူ ရိသယောဂခေါ် ယောက်ျားမြတ် ယုဂ်ဖြစ်သည့် ရုစကယုဂ်ကိုရပါသည်။        နက္ခတ္တဗေဒအဆို ရုစကယုဂ်ရသူသည်ကြံ့ခိုင်သည်။ စွန့်စား လုပ်ကိုင်တတ်သည်။ ရဲစွမ်းသတ္တိရှိသည်။ရန်သူကိုနှိမ်နင်းမည်။ ထင်ပေါ် ကျော်ကြားမည်။ စစ်တပ်၏ အကြီးအကဲဖြစ်တတ်သည်။ လုပ်သမျှေ အာင် မြင်မည်ဟုဆိုသည်။
ရုစကယုဂ် အဆိုအတိုင်းဗိုလ်ချုပ်သည် တက္ကသိုလ်ကျောင်းသား ဘဝကပင် ကျောင်းသားခေါင်းဆောင်အဖြစ် အင်္ဂလိပ်အစိုးရ ကိုရဲဝံ့စွာ နိုင်ငံရေး တိုက်ပွဲဆင်ခဲ့သည်။
ဂျပန်ခေတ်တွင် ရဲဘော်သုံးကျိပ်ကို ဦးဆောင်လျက်ဂျပန်နှင့် ပူးပေါင်းပြီး တိုင်းပြည်၏ ရန်သူ အင်္ဂလိပ်ကို ရဲဝံ့စွန့်စားစွာ တော်လှန် ခဲ့သည်။
BIA ခေတ်တွင်စစ်သေနာပတိလုပ်ခဲ့သည်။

မောင်မောင်မြင့်သန်းမောင်
 

Untitled Document
မငယ် said...
Thursday 19 March 2015, 5:21 am
စီးပွားရေး
အချစ်ရေး
ထီပေါက် မပေါက်
မငယ် said...
Thursday 19 March 2015, 5:19 am
စီးပွားရေး
အချစ်ရေး
၁၀ .၁၀ . ၁၉၈၈
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.