12 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြောက်ဦး ရှေးဟောင်းမြေ အတွင်း၌ သောက်စား မူးယစ်ကာ ဆောင်းဘောက်တီး ကခုန်ခြင်းများကို တရားဝင် တားမြစ်သွားမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 996
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သင့်အတွက် ဗေဒင်
၂ဝ၁၅ အတွက် ရက်ကောင်း ရက်ဆိုးများ

အချစ်ရေး၊ အိမ်ထောင်ရေးကောင်း၏၊ မကောင်း၏ ဖွားဇာတာကို စစ်ဆေးကြည့် ဖွားဇာတာပါ အကြောင်းတရားများကြောင့် အကျိုး တရားများ ဖြစ်ပေါ်လာရသည်။

ဖွားဇာတာရှိ မွေးချိန်အရ တွက်ယူရရှိသောလဂ် (ASCEDIANT) ခေါ် အရှေ့မိုးကုပ်စက်ဝိုင်း မှ အပေါ်သို့ တက်စထွက်စရာသီ ၏ ၁၈ဝ ဒီဂရီအကွာတွင်ရှိသော ပထနီဘာဝသည် အချစ်ရေး၊ အိမ် ထောင်ရေး နှင့်တိုက်ရိုက်သက်ဆိုင်၏။

နက္ခတ္တဗေဒ အခြေခံမူအားဖြင့် အချစ်ရေး အိမ်ထောင်ရေးနှင့် သက်ဆိုင်သော ပထနီဘာဝတွင် ကောင်းကျိုးပေးတတ် သည့် သောမ ဂြိုဟ်တည်လျှင် ကောင်း၏။ အထူးသဖြင့် ကြာသပတေးဂြိုဟ် တည်လျှင် အကောင်းဆုံးဖြစ်၏။ ဇနီးမယားကောင်း၊ လင်ယောက်ျားကောင်း ရတတ်၏။

မကောင်းကျိုးပေးတတ်သည့် ပါပဂြိုဟ်ဆိုးတည်လျှင်မကောင်း။ အထူးသဖြင့် စနေဂြိုဟ်တည်လျှင် အဆိုးဆုံးဖြစ်၏။

သင်၏ဖွားဇာတာ၌ အချစ်ရေး၊ အိမ်ထောင်ရေးနှင့် သက်ဆိုင် သောရာသီဘာဝ တွင်သော မဂြိုဟ်ကောင်းတည်နေသလား၊ ပါပဂြိုဟ် ဆိုး တည်နေသလား။

တနင်္ဂနွေတည်လျှင်
ချစ်သူ အိမ်ထောင်ဖက်က သစ္စာဖောက်လျက် ပစ်ခွာသွားတတ် ၏။သို့မဟုတ် အိမ်ထောင်သည် ဘဝတွင်အပူသောကများလိမ့်မည်။ စိတ် ချမ်းသာမှုနည်းပါးမည်။

တနင်္လာတည်လျှင်
မျက်နှာပွင့်လန်းမည်၊ချစ်ခင်သူပေါများ၏၊ရည်းစားများတတ်၏။

အင်္ဂါတည်လျှင်
လူပျိုကြီး၊ အပျိုကြီးဖြစ်တတ်၏။ သို့မဟုတ် မုဆိုးဖို၊ မုဆိုးမဖြစ် ရတတ်၏။ သို့မဟုတ် အိမ်ထောင်ဖက်နှင့် စိတ်သဘောချင်းမညီ၊ သဘော ကွဲကာ တကျက်ကျက်ဖြစ်နေတတ်၏။

ဗုဒ္ဓဟူးတည်လျှင်
မာယာများတတ်၏၊ လှည့်စားတတ်၏။

ကြာသပတေးတည်လျှင်
အပြစ်မရှိ ကောင်း၏။

သောကြာတည်လျှင်
တဏှာရာဂကြီးတတ်၏။ မယားများ၊ လင်များသော ဖွားဇာတာ ပါ၏။ မျက်နှာပွင့်လန်း၏၊ မိန်းမစွံ၏၊ မိန်းမဇာတာဖြစ်သော် အပြောချို သာပျုငှာ၏။လျှပ်ပေါ်လော်လည်တတ်၏။ ယောက်ျားတို့ကို စွဲဆောင် အား ကောင်း၏။

စနေတည်လျှင်
အပျိုကြီး၊လူပျိုကြီးဖြစ်တတ်၏၊ သို့မဟုတ် အိမ်ထောင်တစ် ဆက်နှင့်မမြဲ၊နှစ်ဆက်၊သုံးဆက်စသည်ဖြင့် ဇာတာရှင်၏အခြေအနေအရ အိမ်ထောင်ဆက်များတတ်၏။ မိန်းမဇာတာဖြစ်လျှင် ငယ်စဉ်ကပင် အပျို ရည်ပျက်တတ်၏။ အိမ်ထောင်မကျဘဲ နှောင့်နှေးကြန့်ကြာ တတ်၏။

(ပထနီလဂ် သမသတ် ရစ်ပတ်လို့ မြွေခွေ၊ ယောက်ျားမူ မယားသေ။ ၃ ယောက်လေမလွဲ။ မိန်းမလည်းထို့အတူ လင်သေသူမှတ် ထားအမြဲ) ဟု စလေ ဦးပုညက ဗေဒင်ဟောကိန်းတေးထပ် ရေးစပ်ခဲ့ သည်။

ရာဟု သို့မဟုတ် ကိတ်တည်လျှင်
အိမ်ထောင်ရေးဘာဝကို လငမုတ်ဖမ်းခြင်း ဖြစ်၍ အချစ်ရေး အိမ်ထောင်ရေးမကောင်းတတ်ပေ။ ကျား၊ မ မဟူ လူပျို-အပျို မစစ်သူ၊ မိမိထက် အသက်ကြီးသူနှင့် အကြောင်းပါတတ်၏။ ရွယ်တူ သို့မဟုတ် ငယ်သူ နှင့် ရလျှင် မမြဲတတ်ပေ။

ယူရေးနပ်ဂြိုဟ်တည်လျှင်
မမျှော်လင့်ဘဲ ရုတ်တရက် အိမ်ထောင်ကျလျက် မမျှော်လင့် ဘဲ ရုတ်တရက်ကွဲကွာရတတ်၏။

နက်ပကျွန်းတည်လျှင်
အချစ်ပြဿနာ၊ အိမ်ထောင်ရေးပြဿနာရှုပ်ထွေးတတ်၏။ မှုခင်းပြဿနာဖြစ်ပေါ်တတ်၏။

ပလူတိုတည်လျှင်
အချစ်ရေး၊ အိမ်ထောင်ရေးမကောင်း၊ မခိုင်မြဲတတ်ပေ။

ပထနီဘာဝတွင် ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် သောကြာဂြိဟ် ၃ လုံးပူးယှဉ်လျက်တည်လျင် ကာမယုဂ်ကောင်းရရှိသည်။ အိမ်ထောင် ရေးကောင်းမည်။ လင်ကောင်းမယားကောင်းရမည်။ အကျင့်စာရိတ္တ ကောင်းမည်။ မျက်နှာပွင့်လန်းမည်၊ ချစ်ခင် သူပေါများမည်။

အချစ်ရေး၊ အိမ်ထောင်ရေးနှင့် သက်ဆိုင်သော ပထနီဘာဝ ရာသီတွင် မည်သည့်ဂြိုဟ်မှ မတည်ခဲ့သော်¤င်းရာသီဘာဝကို စိုးမိုးသော ဂြိုဟ်သည် ဥစ်-ကသစ်ရလျက် လဂ်မှ အတန့်ကောင်း၌ တည်လျှင် ကောင်း၏။

နိစ်-ပြ-ရန် အိမ်၌ တည်လျင် လဂ်မှ ၆တန့် (အာရီ)၊ ၈တန့် (မရဏ)၊ ၁၂တန့်(ဗျာယ)ဘာဝ၌ တည်လျှင် မကောင်း။

ထို့အပြင် အချစ်ရေး၊ အိမ်ထောင်ရေးရာသီဘာဝကို စိုးမိုး သည့်ဂြိုဟ်သည် ကောင်းကျိုးပေးသော ဂြိုဟ်ကောင်းဖြစ်လျှင်ကောင်း၏။

ဆိုးကျိုးပေးသော ဂြိုဟ်ဆိုးဖြစ်လျှင်မကောင်း
အချစ်ရေး၊ အိမ်ထောင်ရေး ဘဝကို စိုးမိုးဂြိုဟ်
မိဿလဂ်ဖွား သောကြာဂြိုဟ်၊ ပြိဿလဂ်ဖွား- အင်္ဂါဂြိုဟ်
မေထုန်လဂ်ဖွား ကြာသာပတေးဂြိုဟ်၊
ကရကဋ်လဂ်ဖွား စနေဂြိုဟ်
သိဟ်လဂ်ဖွား စနေဂြိုလ်၊ ကန်လဂ်ဖွားကြာသပတေး ဂြိုဟ်
တူလဂ်ဖွား အင်္ဂါဂြိုဟ်၊ ဗြိစ္ဆာလဂ်ဖွား-သောကြာဂြိုဟ်
ဓနုလဂ်ဖွား ဗုဒ္ဓဟူးဂြိုဟ်၊ မကာရလဂ်ဖွား တနလာင်္ဂြိုဟ်
ကုံလဂ်ဖွား တနင်္ဂနွေဂြိုဟ် မိန်လဂ်ဖွား ဗုဒ္ဓဟူးဂြိုဟ်

နမူနာဖေါ်ပြရလျှင် မိဿလဂ်ဖွားသော ဇာတာရှင်၏ အချစ် ရေးအိမ်ထောင်ရေးဘာဝကို စိုးမိုးဂြိုဟ် သောကြာသည် ပြိဿရာသီ၌ တည်လျှင် ကသစ်ဂြိုဟ်အဖြစ် ရပ်တည်ခြင်းကြောင့်အတွေးကောင်းလှ ၏။

ကရကဋ်လဂ်ဖွား ဇာတာရှင်၏ အချစ်ရေး အိမ်ထောင်ရေးဘာဝကို စိုးမိုးဂြိုဟ်မှာ စနေဂြိဟ်သည် မကောင်းကျိုးပေးသော ပါပဂြိုဟ် ဖြစ်သော်လည်း သူရာသီ၌တည်လျှင် ဂြိုဟ်အဖြစ်အားရှိစွာ ရပ်တည်ခြင်း ကြောင့် ကောင်းသည်ဟုပင် ယူဆနိုင်သည်။

သောကြာဂြိုဟ်သည် အချစ်ရေး၊အိမ်ထောင်ရေးနှင့် ကာမဂုဏ် ၅ပါးကို အစိုးရသော ဂြိုဟ်ဖြစ်ပေရာ အချစ်ရေးနှင့် အိမ်ထောင်ရေး နှင့် ကာမရေးကောင်းမကောင်း၊ ၄င်းဂြိုဟ်၏ အားရှိ၊ အားမဲ့နှင့်အတန့် အ နေအရပ်အတည်ကိုလည်း စစ်ဆေးကြည့် ရဦးမည်။ အမျိုးသားများ ဇာတာ ၌သောကြာဂြိုဟ်သည် ဇနီးမယားဂြိုဟ်ဖြစ်၏။

အမျိုးသမီးဇာတာ၌ အင်္ဂါဂြိုဟ်သည် လင်ယောက်ျားဂြိုဟ် ဖြစ်ရာ ၄င်းဂြိုဟ်သည် နိစ်ဂြိုဟ်၊ ပြဂြိုဟ်အဖြစ် အားဗလမရှိလျှင် အာရီ၊ မရဏ- ဗျာယဘာဝတွင်တည်လျှင် ယောက်ျားကောင်းမရတတ်ပေ။

အင်္ဂါနှစ်ရလျှင် အသက်ကြီးသော လင်ယောက်ျား သို့မဟုတ် မှီခိုအားထားရလောက်သော လင်ယောက်ျားကို ရနိုင်၏။

တနင်္လာဂြိုဟ်သည် စိတ်နှလုံးကို အစိုးရသော ဂြိုဟ်ဖြစ်ရာ အချစ်ရေး အိမ်ထောင်ရေးတွင် အရေးပါအရာရောက်သော ဂြိုဟ်ဖြစ် သည်။ အချစ်ရေးအိမ်ထောင်ရေးတွင် စိတ်ကူးမှားလျှင် အမှားတွေ့မည်။ စိတ်ကူးမှန်လျှင်အချစ်ကံ၊ အိမ်ထောင်ကံကောင်းတတ်သည်။
တနင်္လာဂြိုဟ်သည် တနင်္ဂနွေဂြိုဟ် နှင့်ပူးလျှင် မာနကြီး တတ်၏၊ မာနကြောင့်လည်း အမှားတွေ့ရတတ်၏။

အင်္ဂါနှင့်ပူးလျှင် အရှက်အကြောက်မရှိ စွန့်စားရဲ၏။ မြင်သမျှ တပ်မက်သောစိတ်ရှိ၏။

ဗုဒ္ဓဟူးနှင့်ပူးလျှင် အသိအလိမ္မာရှိ၏၊ သဘောကောင်း၏၊ အ ကျင့်ကောင်း၏။

ကြာသာပတေးနှင့်ပူးလျှင် စဉ်းစားမှုလွန်ကဲလျက်အိမ်ထောင် ရေးတွင်နှောင့်နှေးတတ်၏။ အပျိုကြီး၊ လူပျိုကြီးဖြစ်တတ်၏။ အိမ်ထောင် ကျသောအခါ လင်ယောက်ျားအပေါ်ဆရာလုပ်ခြင်းကြောင့် လင်နှင့်မ ယားလျှာနှင့်သွားဖြစ်ကာ အိမ်ထောင်ရေးသုခကို  တင်းပြည့် ကျပ်ပြည့် မခံစားရတတ်ပေ။

တနင်္လာသည်သောကြာနှင့်ပူးလျှင် အချစ်စိတ် ကာမစိတ်လွန် ကဲတတ်၏။ ကလီကမာများတတ်၏။

တနင်္လာသည် စနေနှင့်ပူးလျှင် မောဟအမှောင်လွှမ်းသဖြင့် မှောက်မှားတတ်၏။ လင်ခိုး၊ မယားခိုး ဇာတာပါ၏။

တနင်္လာနှင့် ရာဟု သို့မဟုတ် ကိတ်ပူးလျှင် လင်တရူး၊ မယားတ ရူး ဖြစ်တတ်၏။ စိတ်သောကများတတ်၏။

တနင်္လာနှင့် ယူရေးနတ်ပူးလျှင် အချစ်ရေးတွင်အပြောင်းအလဲ မြန်တတ်၏။ နက်ပကျွန်းနှင်ပူးလျှင် အချစ်ရေး၊အိမ်ထောင်ရေး တွင် ဘေး အန္တရာယ်များတတ်၏။ အချစ်ရေးကြောင့် အသက်ဆုံးရှုံးရတတ်၏။ ပလူ တို နှင့် ပူးလျှင် အချစ်ငရဲကျသကဲ့သို့ခံရတတ်၏။ အင်္ဂါ နှင့် သောကြာပူးလျှင် အချစ်ကံမကောင်း။ တစ်လင်တစ်မယား တစ်ရည်းစားအဖြစ်နှင့် ဘဝခရီးကြမ်းကို လျှောက် မသွားနိုင် ပေ။

သင်တို့၏အချစ်ရေး၊ အိမ်ထောင်ရေးကံဇာတာကို ဖွားဇာတာရှိ ပါကကိုယ်တိုင် စစ်ဆေးကြည့်နိုင်ရန် စေတနာကောင်းဖြင့် ဆရာစား မချန် ရေးသားဖော်ပြလိုက်ရပေသတည်း။

မောင်မောင်မြင့်သန်းမောင်
ဝ၉-၃၁၅၄၁၆၈၆

မောင်မောင်မြင့်သန်းမောင်
 

Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.