7-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1040
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သင့်အတွက် ဗေဒင်
၂ဝ၁၅ အတွက် နက္ခတ်ဗေဒင်ဟောကိန်း

ဧပြီ ၁၃ မှ မေ ၁၃ အတွင်းမွေးသူ

ငွေကြေးအခက်အခဲ ကြုံတွေ့မည်။ လူခိုး လူလိမ် သတိပြုပါ။

ဇူလိုင် ၈ ရက်အထိအတွင်း အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ၊ ဆိုင်ခန်း၊ ယာဉ်၊ ကား၊ မိဘဘိုးဘွားအမွေ၊ မိတ်ဆွေအပေါင်း အသင်း ကောင်းကျိုးပေးမည်။

မိမိအခြေအနေနှင့် လုပ်ကိုင်သော လုပ်ငန်းအလျှောက် ဇူလိုင် ၈ ရက် မတိုင်မီ အလုပ်အကြံအစည်များ တိုးတက်အောင်မြင်မည်။
ဇူလိုင် ၈ ရက်အထိ အိမ်တွင်းရေး၊ မိသားစုအရေး သာယာ မည်။

အပျို၊ လူပျိုများ ဇူလိုင် ၉ ရက်နောက်ပိုင်း အချစ်ရေး ကောင်း လာမည်။ ပညာရေးလည်း ကောင်းမည်။ ဇူလိုင် ၉ ရက်နောက်ပိုင်း ကျန်းမာရေး အထူးဂရုစိုက်သင့်။ ဇူလိုင် ၉ ရက်နောက်ပိုင်း ခရီးဝေး၊ နိုင်ငံခြားခရီးသွားရကိန်း ရှိသည်။

မေ ၁၄ မှ ဇွန် ၁၃ အတွင်းမွေးသူ

ငွေကြေး၊ စီးပွားရေး အခြေအနေ ပုံမှန်ဖြစ်သည်။ ဇူလိုင် ၉ ရက်နောက်ပိုင်း အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ၊ ဆိုင်ခန်း၊ ယာဉ်၊ ကား၊ အမွေ၊ မိတ်ဆွေကိစ္စ အဆင်ပြေမည်။

အလုပ်အကြံအစည်များ ဇူလိုင် ၉ ရက်နောက်ပိုင်း တိုးတက် အောင်မြင်ကိန်း ရှိမည်။

အချစ်ရေးမကောင်း၊ အိမ်ထောင်ရေးနှင့် သားသမီးရေးလည်း  မကောင်းတတ်ချေ။

ဇူလိုင် ၈ ရက်အထိအတွင်း ခရီးတို၊ ခရီးယာယီနှင့် ခရီးဝေး၊ နိုင်ငံခြား ခရီးသွားရတတ်သည်။ သို့မဟုတ် ဘာသာရေးကိစ္စ အလှူဒါန ပြုရတတ်သည်။

ဇူလိုင် ၈ ရက်နောက်ပိုင်း ကျန်းမာရေး စိုးရိမ်စရာ မရှိချေ။

ဇွန် ၁၄ မှ ဇူလိုင် ၁၄ အတွင်းမွေးသူ

ဇူလိုင် ၈ ရက်အထိအတွင်း ထီပေါက်ကိန်း ရှိသည်။ ကြာသပတေးနေ့တွင် ထီထိုးပေးပါ။ ထီမပေါက်လျှင် ထီပေါက်သကဲ့ သို့ ငွေဝင် လိမ့်မည်။

အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ၊ ဆိုင်ခန်း၊ ယာဉ်၊ ကား အပြောင်းအလဲ ကြုံမည်။ သို့မဟုတ် ၄င်းကိစ္စများအတွက် သောက ရောက် မည်။ အရှုပ်အထွေး ရှိမည်။ မိတ်ဆွေဆိုးများ သတိပြုပါ။

အလုပ် မတည်မြဲ၊ အလုပ်အပြောင်းအရွှေ့၊ အပြောင်းအလဲ ကြုံတတ်သည်။

ဇူလိုင် ၉ ရက်နောက်ပိုင်း အိမ်ထောင်ရေးကောင်းမည်။ ဇူလိုင် ၈ ရက်အထိ ကျန်းမာရေး အထူးအထွေ အညံ့မကြုံနိုင်ပါ။ ခရီးတို၊ ခရီး ယာယီ၊ ခရီးဝေး၊ နိုင်ငံခြားခရီးကိစ္စများ ဇူလိုင် ၉ ရက်နောက်ပိုင်းမှ အဆင် ပြေမည်။

ဇူလိုင် ၁၆ ရက်မှ သြဂုတ် ၁၆ အတွင်းမွေးသူ

ဇူလိုင် ၉ ရက်နောက်ပိုင်း ငွေကြေးစီးပွားရေး အခြေအနေ အထူးကောင်းလာမည်။ ထီပေါက်မည်။ ထီပေါက်သလို ငွေဝင်မည်။ ကြာ သပတေးနေ့တွင် ထီထိုးပါ။

မိမိအခြေအနေနှင့် လုပ်ကိုင်သောလုပ်ငန်းအလျှောက် အလုပ် အကြံအစည်များလည်း တိုးတက်အောင်မြင်မည်။ တိုးချဲ့လုပ်ကိုင်နိုင် သည်။ အလုပ်မရှိသူများ အလုပ်ရမည်။

ဆွေမျိုးသားချင်းကိစ္စ ရှုပ်ထွေးမည်။ သို့မဟုတ် ၄င်းတို့ အတွက် သောကရောက်မည်။

အိမ်ထောင်မရှိသူများ အိမ်ထောင်ကျကိန်း ရှိသည်။ အိမ် ထောင်ရှင်များ အိမ်ထောင်ရေး သာယာမည်။ သို့သော် သားသမီး ရေး မကောင်း။

ဇူလိုင် ၈ ရက်အထိ အချစ်ရေး၊ ပညာရေးမကောင်း။ ဇူလိုင် ၉ ရက်နောက်ပိုင်း ကျန်းမာ ရေး ကောင်းနေမည်။

သြဂုတ် ၁၇ မှ စက်တင်ဘာ ၁၆ အတွင်းမွေးသူ

ပညာရေး၊ သားသမီးရေး နှင့် ပတ်သက်ပြီး ငွေအကုန်အကျ များတတ်သည်။ ဇူလိုင် ၈ ရက် အထိအတွင်း ကြာသပတေးနံ သက်ရှိ သက်မဲ့ထွက်တတ်သည်။ ငွေကြေးစီးပွားရေး အခြေအနေ မတည်ငြိမ်၊ ရှုပ်ထွေးခြင်း၊ သောက ရောက်ခြင်း ရှိမည်။ သူခိုး၊ လူလိမ် သတိပြုပါ။

အလုပ်အကြံအစည်များ နှောင့်နှေးခြင်း၊ အနှောင့်အယှက် ကြုံခြင်းရှိမည်။ သတိနှင့် ဆင်ခြင် လုပ်ကိုင်ပါ။ လုပ်ငန်းမတိုးချဲ့သင့်။ အိမ်၊ ခြံ၊ မြေ၊ ယာဉ်၊ ကား၊ အ ဆောက်အအုံ၊ ဆိုင်ခန်း၊ အမွေကိစ္စ ဇူလိုင် ၈ ရက်အထိ ကောင်းဆိုး ရောထွေးနေမည်။ နောက်ပိုင်း အညံ့သိသာမည်။

ဇူလိုင် ၉ ရက်နောက်ပိုင်း အိမ်ထောင်ရေး ကောင်း၏။ သားသမီးရေး၊ ပညာရေးလည်း ကောင်းတတ်သည်။ ကျန်းမာရေး အထူး အထွေ ပြဿနာ မရှိချေ။

စက်တင်ဘာ ၁၇ မှ အောက်တို ဘာ ၁၆ အတွင်းမွေးသူ

ဇူလိုင် ၈ ရက်အထိ ဝင် ငွေကောင်းမည်။ အကျိုးအမြတ် များမည်။ ကြာသပတေးနံ သက်ရှိ သက်မဲ့ ဝင်တတ်သည်။ အလိုဆန္ဒ၊ ရည်မှန်းချက် ပြည့်မည်။ လက် ဆောင်ရတတ်သည်။

စိတ်ရှုပ်ထွေးမည်။ စိတ်လေလွင့်မည်။ ခရီးယာယီများတတ်သည်။ အပြောင်းအလဲ၊ အပြောင်းအရွှေ့ ကြုံတတ်သည်။ စနေနေ့ အနောက် အရပ် ခရီး မသွားသင့်။

ဆွေမျိုးသားချင်းကိစ္စ အဆင်မပြေ ဖြစ်တတ်သည်။ ဇူ လိုင် ၉ ရက်နောက်ပိုင်း အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ၊ ဆိုင်ခန်း၊ ယာဉ်၊ ကား၊ အမွေ၊ မိတ်ဆွေအတွက် အကုန်အကျများခြင်း၊ ဆုံးရှုံးပျက်စီးခြင်း ရှိတတ်သည်။ ကြာသပတေးနံ သက်ရှိ သက်မဲ့ လည်း ထွက်ကိန်း ရှိသည်။

အိမ်ထောင်ရေးပြဿနာ ရှုပ်ထွေးလာတတ်သည်။ သောက ရောက်မည်။ ကွဲ၊ ပျက်၊ ခွဲခွာနေရ တတ်သည်။ အလုပ်အကြံအစည် များ ပုံမှန်သာ ဖြစ်သည်။ စိတ် ကျန်းမာရေး ဂရုစိုက်ပါ။

အောက်တိုဘာ ၁၇ မှ နိုဝင်ဘာ ၁၅ အတွင်းမွေးသူ

ဇူလိုင်လ ၈ ရက်အထိ ငွေကြေး၊ စီးပွားရေးနှင့် ပတ်သက်ပြီး ကောင်းဆိုးရောထွေးနေမည်။ ရလည်းရ၊ ကုန်လည်းကုန်မည်။ စနေနေ့ နံ သားသမီးနှင့် စီးပွား မဖက်သင့်။ ဇူလိုင် ၉ ရက်နောက် ပိုင်း ငွေဝင်များလာမည်။ လူခိုး လူ လိမ် သတိပြုပါ။ အသုံးအဖြုန်း ဆင်ခြင် သင့်။

ဇူလိုင် ၈ ရက်အထိ အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ၊ ဆိုင်ခန်း၊ ယာဉ်၊ ကား၊ အမွေ၊ မိတ် ဆွေနှင့် ပတ်သက်သောကိစ္စများ အဆင်ပြေ မည်။ ဇူလိုင်လ ၈ ရက် အထိ အလုပ်အကြံအစည်များ အထူးအဆင်ပြေမည်။ အကြီး အကဲ မစမည်။ ဇူလိုင် ၉ ရက် နောက်ပိုင်း အိမ်ထောင်ကျကိန်း ရှိ သည်။ အိမ်ထောင်ရေး သာယာ မည်။ ခြေလေးချောင်း တိရစ္ဆာန်နှင့် အဆိပ်ရှိသော သတ္တဝါဘေး သတိ ပြုပါ။
ကျန်းမာရေး အထူးဂရု စိုက်သင့်သောနှစ် ဖြစ်သည်။ ရောဂါဘေး ကြုံတတ်သည်။

နိုဝင်ဘာ ၁၆ မှ ဒီဇင်ဘာ ၁၄ အတွင်းမွေးသူ

ဝင်ငွေ၊ အကျိုးအမြတ် နည်းမည်။ ဇူလိုင် ၉ ရက်နောက်ပိုင်းမှ ဝင်ငွေကောင်းလာမည်။ ထီ ထိုးပေးပါ။ ထီပေါက်တတ်သည်။ ထီပေါက် သလို ငွေဝင်တတ်သည်။

အိမ်၊ ခြံ၊မြေ၊ အဆောက် အအုံ၊ ဆိုင်ခန်း၊ ယာဉ်၊ ကား၊ အမွေ ကိစ္စနှင့် ပတ်သက်၍လည်း ဇူလိုင် ၉ ရက်နောက်ပိုင်းမှ အဆင်ပြေ လာမည်။ ထိုကာလအတွင်း မိတ်ဆွေတိုးမည်။ ခရီးတို၊ ခရီးဝေး၊ နိုင်ငံခြားခရီး သွားရကိန်း ရှိသည်။ စနေနေ့တွင် အလုပ်အကြံ အစည် မပြုသင့်။ ကြာသပတေးနေ့တွင် လုပ်ကိုင်ကြံစည်ပါ။

နှောင့်နှေးကြန့်ကြာနေ သော အလုပ်ကိစ္စများ ဇူလိုင် ၉ ရက်နောက်ပိုင်း အဆင်ပြေလာ မည်။ အချစ်ရေး၊ အိမ်ထောင်ရေး မကောင်း။ အိမ်ထောင်ရေး ပြဿ နာ ပေါ်တတ်သည်။

ကျန်းမာရေးကို ဂရုစိုက် လျှင် မှားမည်မဟုတ်ချေ။

ဒီဇင်ဘာ ၁၅ မှ ဇန်နဝါရီ ၁၂ အတွင်းမွေးသူ

စနေနံ သက်ရှိ သက်မဲ့ ထွက်တတ်သည်။ ငွေကြေးအကုန် အကျ များမည်။ ဇူလိုင် ၈ ရက် အထိ စီးပွားရေးအခြေအနေ အညံ့ မရှိ။ ကြာသပတေးနေ့တွင် ထီထိုး ပေးသင့်။ ထီမပေါက်လျှင် ထီ ပေါက်သလို ငွေဝင်နိုင်သည်။ ဇူလိုင် ၉ ရက်နောက်ပိုင်း စီးပွားရေး ထိခိုက်လာတတ်သည်။

အိုးအိမ်နေရာ သို့မဟုတ် အလုပ်အပြောင်းအလဲ၊ အပြောင်းအရွှေ့ ကြုံတတ်သည်။ အိမ်၊ ခြံ၊ မြေ၊ အဆာက်အအုံ၊ ဆိုင်ခန်း၊ ယာဉ်၊ ကား၊ အမွေကိစ္စ ရှုပ်ထွေးမည်။ ၄င်းတို့အတွက် သောကရောက်မည်။ အလုပ် အကြံအစည် မတိုးတက်နိုင်သေး။ အလုပ်မတည်မြဲ တတ်ချေ။

အိမ်တွင်းရေးပြဿနာ ရှုပ်ထွေးမည်။ အိမ်တွင်းရေး အပြောင်းအလဲ ကြုံမည်။

အိမ်ထောင်ရေး အခြေ အနေ အထူးအထွေ အညံ့မရှိ။ ဇူ လိုင် ၈ ရက်အထိ ကျန်းမာရေး အခြေအနေ စိတ်ချရသည်။

ဇန်နဝါရီ ၁၃ မှ ဖေဖော်ဝါရီ ၁၁ အတွင်းမွေးသူ

ဝင်ငွေမကောင်း၊ ငွေကြေး အကျိုးအမြတ် နည်းမည်။ စနေနံ သက်ရှိ သက်မဲ့ ဝင်တတ်သည်။ ဇူလိုင် ၈ ရက်အထိ အိမ်၊ ခြံ၊ မြေ၊ အဆောက် အအုံ၊ ဆိုင်ခန်း၊ ယာဉ်၊ ကား၊ အမွေကိစ္စ အထူး အထွေ အညံ့မရှိ။ ဇူလိုင် ၉ ရက် နောက်ပိုင်း ¤င်းကိစ္စများ အဆင် ပြေနိုင်သည်။

ဇူလိုင် ၉ ရက်နောက် ပိုင်း ငွေကြေးစီးပွားရေး အခြေ အနေ တိုးတက်မည်။ ကြာသပ တေးနေ့တွင် ထီထိုးပေးပါ။ ထီမ ပေါက်လျှင် ထီပေါက်သလို ငွေဝင် မည်။

ဇူလိုင် ၈ ရက်ထိ အတွင်း အိမ်ထောင်ကျကိန်း ရှိသည်။ အိမ်ထောင်ရှင်များ အိမ် ထောင်ရေး သာယာမည်။ အလုပ် အကြံအစည် ပုံမှန်သာ ဖြစ်သည်။

ဇူလိုင် ၉ ရက်နောက် ပိုင်း ကျန်းမာရေး ကောင်းမည်။ အချစ်ရေး၊ ပညာရေး နှောင့်နှေး မည်။

ဖေဖော်ဝါရီ ၁၂ မှ မတ် ၁၃ အတွင်းမွေးသူ

ငွေကြေးအကုန်အကျ များမည်။ ငွေအဖတ်မတင်။ စီးပွားရေးအခြေအနေ မတည်ငြိမ်။ သူခိုး၊ လူလိမ် သတိပြုပါ။ အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံ၊ ဆိုင်ခန်း၊ ယာဉ်၊ ကား၊ အမွေကိစ္စ နှောင့်နှေး မည်။ အနှောင့်အယှက် ကြုံမည်။ မိတ်ဆွေ အကျိုးမပေးတတ်ချေ။

အလုပ်အကြံအစည် မကောင်း။ တိုးချဲ့လုပ်ကိုင်ရန်မသင့်။ ဇူလိုင် ၈ ရက်အထိအတွင်း အလုပ်အကြံအစည်နှင့် ပတ်သက် ၍ ကောင်း ဆိုး ဒွန်တွဲနေမည်။

ဇူလိုင် ၉ ရက်နောက်ပိုင်းမှ အိမ်ထောင်ရေး အဆင်ပြေလာမည်။ ဇူလိုင် ၈ ရက်အထိအတွင်း ရောဂါဘေး၊ ရန်သူဘေး၊ မတော် တဆဘေး ကင်းမည်။ အစားမှားတတ်သည်။ ကျန်းမာရေး အခြေအနေ  အပြောင်းအလဲ မြန် တတ်သည်။

မတ် ၁၄ မှ ဧပြီ ၁၂ အတွင်းမွေးသူ

စိတ်မငြိမ်၊ စိတ်ဖိစီးမှုများမည်။ စိတ်လေလွင့်မည်။ တစ်နှစ်လုံး စီးပွားရေး အခြေအနေ အထူးအထွေ အညံ့မရှိချေ။ ဇူလိုင် ၈ ရက်အ ထိ ကာလအတွင်း လာဘ်ရွှင်မည်။ အကျိုးအမြတ် များမည်။ ဝင်ငွေကောင်းမည်။ ဇူလိုင် ၈ ရက်အထိ ပညာရေး၊ အချစ်ရေး ကောင်း မည်။

အိမ်ထောင်ရေးသောက ကြုံမည်။ အိမ်ထောင်ရေးပြဿနာ ရှုပ်ထွေးမည်။ အိမ်ထောင်ကွဲ၊ ပျက်၊ ခွဲခွာနေရတတ်သည်။

ခရီးတို၊ ခရီးဝေး၊ နိုင်ငံ ခြားခရီး အဆင်မပြေနိုင်သေး။

ဇူလိုင် ၈ ရက်အထိအတွင်းသာ အလုပ်အကိုင် အဆင် ပြေလိမ့်မည်။ နောက်ပိုင်း ပုံမှန် အခြေအနေသာ ရှိမည်။ ဇူလိုင် ၈ ရက်အထိ အတွင်း သားသမီးရေး ကောင်းမည်။

ဇူလိုင် ၉ ရက်နောက် ပိုင်း ဘေးရန်ကင်းမည်။ ရောဂါ ဘေး၊ ရန်သူဘေး မရှိ။

ကျန်းမာရေး ကောင်း မည့်နှစ် ဖြစ်သည်။

မောင်မောင်မြင့်သန်းမောင်
ဝ၉- ၃၁၅ ၄၁၆၈၆

မောင်မောင်မြင့်သန်းမောင်
 

Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.