23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သင့်အတွက် ဗေဒင်
ရှောင်ကြဉ်သင့်သည့် တနင်္လာပါတရက်

မြန်မာနိုင်ငံ၌ နှစ်စဉ် အခါပေး ပြက္ခဒိန်များ ထုတ်ဝေလျက် ရှိကြသည်။

ထိုအခါပေး ဗေဒင်ပြက္ခဒိန်တို့၌ မပါရှိသေးသော အရေးကြီး သည့် ရှောင်ရန် ရက်၊ လများကို ဖော်ပြလိုပါသည်။

လစဉ် တနင်္လာဂြိုဟ် Latitude Celestial သုညဒီဂရီ (အံ သာ) ရှိသောရက်တို့သည် တနင်္လင်္ာပါတရက် ဖြစ်သဖြင့် အမှုကိစ္စ ကြီး ငယ်တို့ကို မပြုလုပ်သင့်ကြောင်း နက္ခတ္တဗေဒ အဆို ရှိသည်။

တနင်္လာဂြိုဟ်၏ ပါတမှာ ရာဟုဂြိုဟ်ပင် ဖြစ်သည်။ ပါတသဒ္ဒါ ကျခြင်း၊ ကျရောက်ခြင်းဟု အနက်အဓိပ္ပာယ် ရသည်။

အင်္ဂလိပ်ဘာသာစကားဖြင့် Node ဟု ခေါ်သည်။ ကောင်းကင် စက်ဝိုင်းနှစ်ခု ကန့်လန့်ဖီလာဖြစ်ရာ အခက်အခဲ၊ အရှုပ်အထွေး၊ အကြပ် ရိုက်ခြင်း၊ အထုံးအဖွဲ့၊ အဖုအထစ်ဟု အဓိပ္ပာယ်ရသည်။

နိုင်ငံကျော် နက္ခတ္တဗေဒပညာရှင် ဝဏ္ဏကျော်ထင် ပျဉ်းမနား ဦးသန်းမောင် (၁၉ဝ၇-၁၉၈၁) ၏ အင်္ဂလိပ်-မြန်မာ ဗေဒင်အဘိဓာန်တွင် သြိန ရာဟုဂြိုဟ်များ (ပါတဥစ်ဂြိုဟ်များ) တနင်္ဂနွေဂြိုဟ်မှာ ရာဟုမရှိ။ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေဂြိုဟ်များမှာ ရာဟု ရှိကြ၏။

ဂြိုဟ်တစ်ခုသည် နေသွားလမ်းကြောင်းကို ဖြတ်ကျော်လျက် မြောက်ဘက်ကောင်းကင်သို့ ဝင်သောနေရာကို  North Node ၊ တစ်ဖန် နေသွားလမ်းကြောင်းကို ပြတ်လျက် တောင်ဘက်ကောင်းကင်သို့ ဝင် သောနေရာကို  South Node ဟု ခေါ်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။

၂ဝ၁၅ အတွက် တနင်္လာ ပါတရက်များ
ဇန်နဝါရီ ၁၁ ရက် - တနင်္လာဂြိုဟ် Lat 0ံS 56'
ဇန်နဝါရီ ၁၂ ရက် - တနင်္လာဂြိုဟ်  Lat 0ံN 10'
ဇန်နဝါရီ ၂၅ ရက် - တနင်္လာဂြိုဟ် Lat 0ံN 0'
ဖေဖော်ဝါရီ ၈ ရက် - တနင်္လာဂြိုဟ်  Lat 0ံS 3'
ဖေဖော်ဝါရီ ၁၂ ရက် - တနင်္လာဂြိုဟ် Lat 0ံN 19'
ဖေဖော်ဝါရီ ၂၂ ရက် - တနင်္လာဂြိုဟ်  Lat 0ံS 5'
မတ်လ ၇ ရက် - တနင်္လာဂြိုဟ် Lat 0ံS 15'
မတ်လ ၈ ရက် - တနင်္လာဂြိုဟ် Lat 0ံN 52'
မတ်လ ၂ဝ ရက် - တနင်္လာဂြိုဟ် Lat 0ံN 37'
မတ်လ ၂၁ ရက် - တနင်္လာဂြိုဟ် Lat 0ံS 40'
ဧပြီ ၁၆ ရက် - တနင်္လာဂြိုဟ် Lat 0ံN 55'
ဧပြီ ၁၇ ရက် - တနင်္လာဂြိုဟ် Lat 0ံS 22'
ဧပြီ ၃ဝ ရက် - တနင်္လာဂြိုဟ်Lat 0ံS 39'
၂ဝ၁၅ အတွက် တနင်္လာ ပါတရက်များ
မေလ ၁ ရက် - တနင်္လာဂြိုဟ်  Lat 0ံN 27'
မေလ ၁၄ ရက် - တနင်္လာဂြိုဟ်  Lat 0ံS 4'
မေလ ၂၇ ရက် - တနင်္လာဂြိုဟ်  Lat 0ံS 51'
မေလ ၂၈ ရက် - တနင်္လာဂြိုဟ် Lat 0ံN 15'
ဇွန်လ ၁ဝ ရက် - တနင်္လာဂြိုဟ် Lat 0ံN 15'
ဇွန်လ ၂၄ ရက် - တနင်္လာဂြိုဟ် Lat 0ံN 3'
ဇူလိုင်လ ၇ ရက် - တနင်္လာဂြိုဟ် Lat 0ံN 34'
ဇူလိုင်လ ၈ ရက် - တနင်္လာဂြိုဟ် Lat 0ံS 44'
ဇူလိုင်လ ၂၁ ရက် - တနင်္လာဂြိုဟ် Lat 0ံS 9'


ဇူလိုင်လ ၂၂ ရက် - တနင်္လာဂြိုဟ် Lat 0ံN 56'
သြဂုတ်လ ၃ ရက် - တနင်္လာဂြိုဟ်Lat 0ံN 52'
သြဂုတ်လ ၄ ရက် - တနင်္လာဂြိုဟ်  Lat 0ံS 26'
သြဂုတ်လ ၁၇ ရက် - တနင်္လာဂြိုဟ် Lat 0ံS 21'
သြဂုတ်လ ၁၈ ရက် - တနင်္လာဂြိုဟ် Lat 0ံN 45'
သြဂုတ်လ ၃၁ ရက် - တနင်္လာဂြိုဟ်  Lat 0ံS 8'
စက်တင်ဘာ ၁၃ ရက် - တနင်္လာဂြိုဟ် Lat 0ံS 32'
စက်တင်ဘာ ၁၄ ရက် - တနင်္လာဂြိုဟ်  Lat 0ံN 33'
စက်တင်ဘာ ၂၇ ရက် - တနင်္လာဂြိုဟ်  Lat 0ံN 12'
အောက်တိုဘာ ၁ဝ ရက် - တနင်္လာဂြိုဟ်  Lat 0ံS 44'
အောက်တိုဘာ ၁၁ ရက် - တနင်္လာဂြိုဟ်  Lat 0ံN 22'
အောက်တိုဘာ ၂၄ ရက် - တနင်္လာဂြိုဟ်  Lat 0ံN 30'
အောက်တိုဘာ ၂၅ ရက် - တနင်္လာဂြိုဟ်  Lat 0ံS 48'
နိုဝင်ဘာ ၆ ရက် - တနင်္လာဂြိုဟ်  Lat 0ံS 56'
နိုဝင်ဘာ ၇ ရက် - တနင်္လာဂြိုဟ်Lat 0ံN 10'
နိုဝင်ဘာ ၂ဝ ရက် - တနင်္လာဂြိုဟ် Lat 0ံN 49'
နိုဝင်ဘာ ၂၁ ရက် - တနင်္လာဂြိုဟ် Lat 0ံS 29'
ဒီဇင်ဘာ ၄ ရက် - တနင်္လာဂြိုဟ် Lat 0ံS 2'
ဒီဇင်ဘာ ၁၈ ရက် - တနင်္လာဂြိုဟ် Lat 0ံS 2'
ဒီဇင်ဘာ ၃၁ ရက် - တနင်္လာဂြိုဟ်Lat 0ံS 15'

အထက်ဖော်ပြပါ တနင်္လာ ပါတရက်တို့တွင် လုပ်ငန်းဆောင် တာ ကိစ္စကြီးငယ်တို့ကို မပြုလုပ်ရန် အသိပေး ရေးသားလိုက်ရပေ သတည်း။

မောင်မောင်မြင့်သန်းမောင်( ဝ၉- ၃၁၅ ၄၁၆၈၆)

မောင်မောင်မြင့်သန်းမောင်
 

Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.