6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဖျံ ၅ ကောင် တိုင်းရင်းဆေးခန်းနှင့်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းက ၂ဝ၁၂ ခုနှစ်အတွက် International Quality Summit Award အပြည်ပြည်ဆိုင်ရာ အရည်အသွေးပြည့် ထိပ်သီးဆု USA-2012 ထပ်မံရရှိ

     ဖျံ ၅ ကောင် တိုင်းရင်းဆေးခန်းနှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး မှ ထုတ်လုပ်သော သွေးချို-ဆီးချိုကျဆေး၊ ယောက်ျားအား နည်းရောဂါ သောက်ဆေးအပါ အဝင် ဖျံ ၅ ကောင် မြန်မာ့တိုင်းရင်းဆေးများ ကမ္ဘာ့ အဆင့်မီ အရည်အသွေး ပြည့်ဝမှုနှင့် ပတ်သက် ၍ ၂ဝ၁၂ ခုနှစ်အတွက် Internatianal Quality Summit Award (USA-2012)  အပြည်ပြည်ဆိုင်ရာ အရည်အသွေးပြည့် ထိပ်သီး ဆု (USA-2012) ကို ထပ်မံရရှိ ကြောင်း သတင်းရရှိသည်။ အဆိုပါဆုကို ၂ဝ၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့၌ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် နိုင်ငံပေါင်း ၁၇၈ နိုင်ငံက ကမ္ဘာ့ဆုရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ကြားပြီး International Quality Convention (USA-2012) ညီလာခံမှာ ''နိုင်ငံတကာ လုပ်ငန်းဆိုင်ရာ မြှင့်တင်မှု ညွှန်ကြားရေးအဖွဲ့ကြီး'' က ရွေးချယ်ချီးမြှင့်ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
   ဖျံ ၅ ကောင် တိုင်းရင်းဆေးခန်းနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး မှ ထုတ်လုပ်သော ဖျံ ၅ ကောင် သွေးချို-ဆီးချို ကျဆေး၊ ယောက်ျားအား နည်းရောဂါ သောက်ဆေးနှင့် ခုခံအားကျဆင်းရောဂါသောက်ဆေးတို့ ဖြင့် ပထမအကြိမ် ရရှိခဲ့သောဆုမှာ အရည်အသွေးနှင့်ပတ်သက်၍ ၁၇၄ နိုင်ငံထဲတွင် အကောင်းဆုံးအဖြစ် တစ်ဦးတည်းသာ ရွေးချယ်ချီးမြှင့်ပေး အပ်သော နိုင်ငံတကာ အမြင့်ဆုံးဆုနှင့် နိုင်ငံတကာ တိုင်းရင်းဆေး အရည် အသွေးဆုဖြစ်သည့် International Gold Star for Quality Award  ကမ္ဘာ့ရွှေကြယ်ပွင့်ဆု (ဂျီနီဗာ-၂ဝ၁ဝ) ရွှေတံဆိပ် ဒိုင်းဆုနှင့် Certificate ဖြစ်ကြောင်း သိရသည်။ ထိုဆုကို ချီးမြှင့်ပေးအပ်ပြီးနောက် ၁-၁-၂ဝ၁၁ တွင် ဖျံ ၅ ကောင် တိုင်းရင်းဆေးခန်းနှင့် တိုင်းရင်းဆေးဝါး ထုတ် လုပ်ရေးလုပ်ငန်းမှ သမားတော် စာရေးဆရာ ဝါးခယ်မ စိုးမြင့်အောင်အား နိုင်ငံတကာလုပ်ငန်းဆိုင်ရာ မြှင့်တင်မှု ညွှန်ကြားရေးအဖွဲ့၏ Honorary Member  ဂုဏ်ထူးဆောင်အဖွဲ့ဝင်တစ်ဦး အဖြစ် ချီးမြှင့်ခန့်အပ်ခဲ့ ကြောင်းလည်း သိရသည်။
    သမားတော် စာရေးဆရာဝါးခယ်မစိုးမြင့်အောင်အား ဂုဏ်ထူးဆောင်အဖွဲ့ဝင်တစ်ဦးအနေဖြင့် အကြောင်းကြားရာတွင် ''လူကြီးမင်း ၏ နိုင်ငံတကာလုပ်ငန်းဆိုင်ရာ မြှင့် တင်မှုညွှန်ကြားရေးအဖွဲ့၏  အဖွဲ့ ဝင်အဆင့်မှာ နိုင်ငံတကာ အသိ အမှတ်ပြု သင်္ကေတ တစ်ခုဖြစ်သည့် အရည်အသွေးဆုကို ကျွန်ုပ် တို့ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိ ချုပ်မှ ဖျံ ၅ ကောင် တိုင်းရင်း အထူးကုဆေးခန်းနှင့် ဖျံ ၅ ကောင် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းကို အပ်နှင်းသည့် အချိန်မှ စ၍ နိုင်ငံတကာလုပ်ငန်းဆိုင်ရာ မြှင့်တင်မှု ညွှန်ကြားရေးအဖွဲ့၏ ဂုဏ်ထူးဆောင်အဖွဲ့ဝင် တစ်ဦး အနေဖြင့် အရည်အသွေးတီထွင်မှု၊ ကောင်းမွန်မှုနှင့် ထုတ်လုပ်မှုတို့၏ စံပြ အဖြစ် ဖော်ပြထားပါသည်။ နိုင်ငံတကာလုပ်ငန်းဆိုင်ရာ မြှင့် တင်မှု ညွှန်ကြားရေးအဖွဲ့၏ ဂုဏ် ထူးဆောင်တစ်ဦးအနေဖြင့် လူကြီး မင်းသည် အကောင်းဆုံး ပြုလုပ် နိုင်ခြင်းအတွက် ကျော်ကြားသော စံပြကုမ္ပဏီများကို ဆန္ဒမဲပေးနိုင်ပါ သည်။ လူကြီးမင်း၏ အကြံပြုချက် သည် ဆုရွေးချယ်ရေးကော်မတီ အတွက် အလွန်တန်ဖိုးကြီးမားပါ သည်။ လူကြီးမင်း ထောက်ခံဆန္ဒ ပြုလိုက်သည့် ကုမ္ပဏီများကို ဥ ရောပနှင့် အမေရိကတွင် ကျင်းပ မည့် International Quality Convention  တွင် ဆုချီးမြှင့်ခံရသည့် ကုမ္ပဏီများ အဖြစ် ဆုံးဖြတ်လိမ့်မည်ဖြစ်ပါသည်'' ဟု သမားတော် စာရေး ဆရာ ဝါးခယ်မစိုးမြင့်အောင်အား ဂုဏ်ထူးဆောင်အဖွဲ့ဝင် တစ်ဦး အနေ ဖြင့် အသိပေးကြောင်းဖော်ပြပါရှိသည်။
    ၂ဝ၁ဝ တွင် ထိုဆုကို ချီးမြှင့် ခံရပြီးနောက် ဖျံ ၅ ကောင် တိုင်းရင်း ဆေးခန်းနှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းမှ ကုသ ထုတ်လုပ် ဖြန့်ချိသော သွေးချို-ဆီးချိုကျဆေး၊ ခုခံအားကျဆင်း ရောဂါသောက်ဆေး နှင့် ယောက်ျားအားနည်းရောဂါသောက်ဆေး အပါအဝင် ဖျံ ၅ ကောင် မြန်မာ့တိုင်းရင်းဆေးနှင့် ပတ်သက်၍ ၂ဝ၁၁ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှ International Star for Leadership in Quality Award (Paris-2011)  အရည်အသွေးဆိုင်ရာ နိုင်ငံတကာခေါင်းဆောင်မှု စွမ်းရည် ကြယ်ပွင့်ဆု (ပဲ ရစ်-၂ဝ၁၁) ကိုလည်း ထပ်မံချီး မြှင့်ခံရကြောင်းသိရသည်။

 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.