Fef-TR
Fef-TR ကို Timed Release Capsule ပုံစံဖြင့် ထုတ်လုပ်ထားပါသည်။ ၄င်းသည် သံဓာတ်ပါသော အားဆေးဖြစ်ပါသည်။ ၄င်းတွင် Ferrous Sulppate နှင့် Folic Acid ပါဝင်ပါသည်။ ၄င်းကို သွေးအားနည်းရောဂါကို ကြိုတင် ကာကွယ်ရာ၌လည်းကောင်း၊ ကုသရာ၌လည်းကောင်း သုံးစွဲနိုင်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်လောင်းများ၊ နို့တိုက်မိခင်များနှင့် အရွယ်ရောက်ပြီး အမျိုး သမီးများအတွက် သုံးစွဲနိုင်ပါသည်။ ကြီးကောင်ဝင်ခါစ သွေးအားနည်း ခြင်းအတွက်လည်းကောင်း၊ မီးယပ်လာစဉ် သွေးဆင်းများ၍ သွေးအား နည်းခြင်းအတွက်လည်းကောင်း သုံးစွဲနိုင်ပါသည်။ ၄င်းပြင် ဖိုးလိတ်ဓာတ် ချို့တဲ့၍ ဖြစ်ပွားသော Megaloblastic Anaema မဖြစ်စေရန်လည်း ကြိုတင် ကာကွယ်ပေးပါသည်။ လူကြီးများအတွက် ယေဘုယျဆေးညွှန်းမှာ တစ်ခါ သောက် တစ်လုံး တစ်နေ့ တစ်ကြိမ်ဖြစ်ပါသည်။ ၄င်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် Navana ကုမ္ပဏီက ထုတ်လုပ်ပါသည်။ မြန်မာနိုင်ငံအတွက် Legend Creatives Co., Ltd. က တင်သွင်းဖြန့်ချိပါသည်။