1
မိုးလေကင်းစင်နေ၍ ရာသီဥတု သာယာနေ၏။ ညနေခင်း ဆည်းဆာချိန်ဖြစ်၍ နေမင်းကြီးက ဝင်လုဆဲဖြစ်၏။ ပြာလဲ့သော ကောင်းကင်ပြင်ကြီးထဲတွင် ပုစွန်ဆီရောင် တိမ်တိုက်များက ဟိုတစ်စု ဒီတစ်စုနှင့် လှပ စွာတည်ရှိနေ၏။