25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ထူးဆန်းသော မိသားစု

ဆောင်းနံနက်ခင်းဖြစ်၍ နှင်းမှုန်များ တဖွဲဖွဲကျနေ၏။

မြို့စွန်တစ်နေရာရှိ ခြံဝင်းကြီးအတွင်း၌ ခေတ်မီနှစ်ထပ်တိုက် ကလေးတည်ရှိ၏။

ထိုတိုက်ကလေး၏ ပိုင်ရှင်ဖြစ်သူ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးက Samsung Galaxy 8 Plus နောက်ဆုံးပေါ် လက်ကိုင်ဖုန်းကိုကိုင်ကာ တူဖြစ်သူဒေါက်တာမိုးမြင့်စံထံသို့ ဖုန်းဆက်လိုက်၏။

''ဟဲလို၊ မောင်မိုးလား၊ အန်တီ မနက်စောစောဒင်းဆမ်းစားချင်လို့ မောင်မိုးလာပို့ပေးမလား''

''ရပါတယ် အန်တီ၊ ကျွန်တော်လာပို့ပေးမယ်၊ Oriental House DimSum Restaurant က နာမည်ကြီးတယ်။ အရသာလည်းကောင်းတယ်။ ဒင်းဆမ်းအမျိုးအစား စုံစုံလင်လင်လည်းရတယ်''

''ဟုတ်လား၊ လိပ်စာပြောပါဦး မှတ်ထားရအောင်''

''အမှတ် ၆၃ ၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်မှာပါ၊ မနက် ၄ နာရီဆိုင်ဖွင့်ပြီ၊ ကျွန်တော့်သူငယ်ချင်း ဒေါက်တာဝေယံထွဋ်ခေါင်ဝင် ခေါ်ပြီးလာခဲ့မယ်။ ဒင်းဆမ်းအစုံဝယ်ခဲ့မယ်''

''ဟုတ်ပြီ၊ မောင်မိုးကြိုက်တဲ့ နို့စိမ်းလက်ဖက်ရည်လည်း အန်တီဖျော်ထားမယ်''

''ဟုတ်ကဲ့ အန်တီ''

ဒေါက်တာမိုးမြင့်စံသည် သူငယ် ချင်းဒေါက်တာ ဝေယံထွဋ်ခေါင်ကိုဝင်ခေါ်ကာ ဒင်းဆမ်းဝင်ဝယ်လိုက် ၏။

မကြာမီ ဒေါက်တာမိုးမြင့်စံ မောင်းနှင်လာသော E 200 အမျိုးအစား မာစီးဒီးကားနက်ကြီးသည် ကြီးဒေါ်ဖြစ်သူ ဒေါ်ခင်အေးရှိရာသို့ ရောက်ရှိလာ၏။

ရုံးပိတ်ရက်ဖြစ်၍ ယာဉ်အသွား အလာနည်းပါးမှုကြောင့် ထိုသို့မြန်မြန်ဆန်ဆန် ရောက်ရှိခြင်းဖြစ်၏။

ဒေါ်ခင်အေးက ဆင်ဝင်ဝမှ ဆီးကြိုနေ၏။

''မြန်သားပဲ၊ မောင်မိုး အစုံရခဲ့လား''

''ရခဲ့ပါတယ် အန်တီ''

ထမင်းစားခန်းအတွင်းရှိ ကျယ်ဝန်းသောစားပွဲဝိုင်းတွင် သုံးဦးသားထိုင်ကာ လက်ဖက်ရည်နှင့် ဒင်းဆမ်းမျိုးစုံကို စားသောက်ကြ၏။

ဒေါ်ခင်အေး၏ တူမတစ်ဦးဖြစ်သူ မိုးမြင့်သော်တာသည် ဒင်းဆမ်းအလွန်ကြိုက်၏။

''ဒါနဲ့ အန်တီ၊ သော်တာတစ် ယောက်မမြင်ပါလား၊ သူက ဒင်းဆမ်းဆိုအားရပါးရစားတတ်တယ်''

''မပြောချင်ပါဘူး မောင်မိုးရယ်၊ သူကအင်္ကျီချုပ်တာသင်ချင်တယ်ဆိုလို့ မနေ့က အန်တီအေးက ပြပေးတယ်။ မတော်တဆ လက်ညှိုးမှာထိခိုက်မိတယ်၊ ဒဏ်ရာကသေးသေးလေးပါ၊ အဲဒါနာလို့မဆုံးဘူး။ အန်တီမှာလည်း မောင်မိုးပေးထားလို့ ပစ္စည်းအစုံရှိတယ်၊ ဆေးခန်းအသေးလေးဖွင့်လို့တောင်ရတယ်၊ အန်တီဆေးထည့် ပေးလိုက်တယ်''

''ဒီနေ့ မလာနိုင်ဘူးပေါ့''

''အနာက နာလို့တဲ့၊ အဖြစ်သည်းတာကွယ်''

''နာတာကျင်တာက လူပုဂ္ဂိုလ်ကို လိုက်ပြီးကွဲပြားတယ် အန်တီ၊ သော်တာကို အပြစ်ပြောလို့တော့ မရဘူး။ အန်တီအေးကျတော့ နာတာကို ခံနိုင်တယ်၊ ခြေထောက်အဆစ်လွဲတာတောင် ကျိတ်မှတ်ခံနိုင်တယ်''

''အေးပေါ့ကွယ်၊ ကွာခြားမှုတော့ ရှိမှာပေါ့''

''အန်တီအေးကို နာကျင်မှုနဲ့ ပတ်သက်လို့ ထူးဆန်းတာပြောပြရဦးမယ်၊ Brain ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖတ်လိုက်ရတယ်။ မိသားစု တစ်စုက အရိုးကျိုးတာတောင်မနာဘူး။ မနာတာကလည်း အာရုံကြောချို့ယွင်းလို့ မနာတာ၊ ဒီမိသားစုက Marsili မိသားစုတဲ့၊ သူတို့နာမည်ကိုအစွဲပြုပြီး ပါရဂူတွေက ရောဂါလက္ခဏာစုတစ်ခု အမည်ပေးထားတယ်။ Marsili Syndrome တဲ့''

''မိသားစုလိုက်ဖြစ်တယ်ဆို တော့ မွေးရာပါဖြစ်မယ်ထင်တယ်''

''ဟုတ်တယ်၊ ပုံမှန်မဟုတ်တဲ့ မျိုးရိုးဗီဇနဲ့ ပတ်သက်နေတယ်။ ပါရဂူတွေ လေ့လာကြည့်တော့ SFXH 2 Gene က Mutation ဖြစ်နေတာတွေ့ရတယ်တဲ့၊ Mutation ဆိုတော့ မျိုးရိုး ဗီဇပြောင်းလဲနေတာပေါ့၊ ပုံမှန်မဟုတ်တော့ဘူး''

''ထူးဆန်းလိုက်တာ ရှင်းပြပါဦး''

''မိသားစုဝင်တစ်ဦးဖြစ်တဲ့ Letizia Marsili ဆိုရင် အသက်က ၅၂ နှစ်ရှိပြီ၊ သူက ငယ်ငယ်ကတည်း ကထူးခြားနေတယ်၊ သူ့ကိုယ်သူလည်း ထူးခြားမှန်းသိတယ်၊ Pain Thres Hold မြင့်နေတယ်။ တော်ရုံတန်ရုံမနာဘူး။ အပူကိုင်မိရင်လည်း မပူဘူး။ သူ့မှာ မိသားစုဝင်ငါးဦးရှိတယ်။ သူတို့လည်း ထိုနည်းတူပဲ၊ နာကျင်မှု နည်းပါးနေကြတယ်''

''ဒါဆို မကြာခဏ ထိခိုက်ဒဏ် ရာရနိုင်တာပေါ့''         

''ဟုတ်တယ် အန်တီ၊ မကြာခဏ ဒဏ်ရာရတယ်။ သူတို့မှာ ထိခိုက်မှုရှိရင် နာကျင်မှုက စက္ကန့်နည်းနည်းပဲကြာတယ်။ ဒါကြောင့် ကာယကံရှင်က သတိမမူမိဘူး။ ပညာရှင်တွေ ယူဆတာက သူတို့ရဲ့ အာရုံကြောတွေဟာ ပုံမှန်အလုပ်မလုပ်ဘူးလို့ ယူဆတယ်''

''ဒီတွေ့ရှိချက်ကနေ အသုံးဝင်ဖို့ ဖြစ်လာနိုင်မယ်ထင်တယ်''

''အန်တီတွေးတာ မဆိုးဘူး။ ပညာရှင်တွေလည်း ဒီလိုပဲတွေးတယ်၊ ခုလို မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် နာကျင်မှုမရှိတာကို တွေ့ရာကနေ နာတာရှည်နာကျင်မှုခံစားနေရတဲ့ လူနာတွေအတွက် အနာဂတ်မှာ ကုထုံးသစ်ပေါ်လာနိုင်ခြေရှိတယ်တဲ့''

''နာတာရှည် နာကျင်တာလည်း ရှိတယ်ပေါ့''

''ရှိတယ် အန်တီ၊ Chronic Rain Sufferer လို့ ခေါ်တာပေါ့၊ ခုလောလောဆယ်မှာ သက်သာရုံပဲ ကုနိုင်သေးတယ်။ အနာဂတ်မှာ အမြစ်ပြတ်အောင်ကုနိုင်မယ်လို့ မျှော်လင့်ထားတယ်။ အီတလီမှာ University of Siena ဆိုတာရှိတယ်။ အဲဒီတက္ကသိုလ်က ပါရဂူ Professor Anna Maria Aloisi က ပြောတယ်။ နာကျင်မှုကိုကုသဖို့ ဆေးဝါးသစ်တွေ ပေါ်ထွန်းလာစရာရှိပါတယ်တဲ့''

''သူတို့မိသားစုမှာ ဘယ်သူတွေ ခုလိုဖြစ်နေတာလဲ''

''ထူးဆန်းတယ်နော်''

''Letizia ဆိုတဲ့ အမျိုးသမီးရယ်၊ သူ့အမေရယ် Letizia ရဲ့ သားနှစ်ယောက်ရယ်၊ Letizia ရဲ့ တူမရယ်၊ ညီမရယ် အားလုံးက ရောဂါလက္ခဏာတူတယ်၊ ဒါကြောင့် သူတို့မိသားစုကို အစွဲပြုပြီး Marsili Pain Syndrome ဆိုပြီး ဝေါဟာရတစ်ခုပေါ်လာတယ်''

''Letizia က ပြောတယ်။ နာကျင်မှုက အရေးကြီးပါတယ်တဲ့၊ နာကျင်မှ သတိထားမိမှာဖြစ်ပါတယ်။ နာကျင်မှုက အချက်ပြမှုပါပဲတဲ့၊ အရေးကြီးတဲ့ လက္ခဏာပါတဲ့၊ နာကျင်မှုမရှိတော့ အရိုးကျိုးတာတောင် မနာဘူးတဲ့၊ ခဏခဏ အရိုးကျိုးလည်း မသိလိုက်ဘူးတဲ့၊ ရောင်ရမ်းလာမှပဲ သိတော့တယ်တဲ့၊ အချိန်မီ ကုသမှုမရဘဲ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာပါတယ်တဲ့''

''ဟုတ်တယ်၊ နာမှာလည်း လန့်ပြီးဆေးရုံရောက်မှာ''

''ပြီးတော့ မီးလောင်တာ၊ ဓားရှတာ၊ တခြားထိခိုက်မှုတွေ မျိုးစုံဖြစ်ပါတယ်တဲ့၊ ဖြစ်ဖြစ်ချင်း မသိပါဘူးတဲ့၊ လွန်မှသိရပါတယ်တဲ့၊ ဒါကြောင့် ခုလိုဖြစ်တာဟာ မကောင်းပါဘူးတဲ့''

''မှန်တာပေါ့ကွယ်၊ အန္တရာယ်များတာပေါ့''

''Letizia မှာ သားတစ်ယောက်က ၂၄ နှစ်ရှိပြီ၊ နာမည်က Ludovico တဲ့၊ သူက ဘောလုံးဝါသနာအိုး၊ ဘောလုံးကစားတယ်၊ ခဏခဏပြဿနာကြုံရတယ်။ ခြေကျင်းဝတ်မှာ ခဏခဏဒဏ်ရာရတယ်၊ သူသတိ မထားမိဘူး။ အဆစ်ထိခိုက်တယ်။ ငြခမသ်မခေအကမန တွေရတယ်။ အရိုးကျိုးတာ အသေးစားလေးတွေဖြစ်တယ်။ မကြာသေးခင်က ဓာတ်မှန်ရိုက်ခွင့်ကြုံလာတော့ ခြေကျင်းဝတ်နှစ်ဖက်စလုံး အသေးစားအရိုးကျိုးမှုတွေ အများကြီးရှိနေတာတွေ့ရတယ်တဲ့''

''အေးလေ၊ နာမှမနာတာ''

''Letizia ရဲ့ နောက်သားတစ်ယောက်က Bernardo တဲ့၊ သူက ၂၁ နှစ်ရှိပြီး တံတောင်ဆစ်မှာ Calcification ဖြစ်နေတယ်။ သူမသိဘူး။ သူစက်ဘီးစီးနေတုန်း ချော်လဲပြီး တံတောင်ဆစ်မှာ ကျိုးသွားတာ၊ ကျိုးတုန်းကလည်း မသိဘူး။ ကျိုးပြီးလို့ ထုံးဓာတ်တွေ အနယ်ထိုင်ပြီး အနေအထားပြောင်းတာလည်း သူမသိဘူး၊ လဲကျပြီးနောက်ထပ် ကိုးမိုင်ခရီးကို Bernardo ဟာ စက်ဘီးဆက်စီးနေတယ်''

''နာတတ်ရင် ထတောင်ထနိုင်မှာ မဟုတ်ဘူး''

''ဒါပေါ့ အန်တီ၊ စက်ဘီးလုံးဝ မစီးနိုင်တော့ဘူး။ ခုတော့ Bernardo က မနာဘဲ စက်ဘီးဆက်စီးနေသေးတယ်။ အံ့သြစရာ အန္တရာယ်လည်းများတယ်''

''ဟုတ်ပါတယ် မောင်မိုးရယ်''

''Letizia လည်း စကီးစီးတယ်၊ နှင်းတောထဲမှာစီးရတာ၊ Skiing ကြောင့် ညာဘက်ပခုံးကျိုးသွားတယ်၊ ဒါပေမယ့် မနာတော့ စကီးဆက်စီးနေတယ်။ နှင်းလျှောစီးတာပေါ့ အန်တီ၊ နောက်တစ်နေ့ လက်ချောင်းလေးတွေ ထူးခြားလာမှပဲ ဆေးရုံရောက်သွားတယ်''

''အားကစားလည်း ဝါသနာပါကြတာကိုး''

''Letizia က တင်းနစ်လည်း ရိုက်တယ်၊ ကစားရင် တံတောင်ဆစ်မှာ အရိုးကျိုးဖူးတယ်။ အဆိုးဆုံးက ပါးစပ်မှာဖြစ်တဲ့ ကိစ္စတဲ့၊ Tooth Implantက နေရာလွဲချော်မှုဖြစ်ခဲ့ဖူးတယ်''

''Letizia ရဲ့ အမေကရော''

''သူလည်း မလွတ်ဘူး၊ သူ့နာမည်က Maria Domenica တဲ့၊ အသက် ၇၈ နှစ်ရှိပြီ၊  သူ့မှာလည်း အရိုးကျိုးထားတာတွေ အများကြီးတဲ့၊ မနာမကျင်လို့ စနစ်တကျမကုရဘူး၊ ပုံပျက်ပန်းပျက်နဲ့ အရိုးဆက်ကုန်တယ်၊ ခဏခဏလည်း အပူလောင်တယ်၊ လောင်မှန်းလည်း မသိဘူးတဲ့''

''စိတ်ညစ်စရာပဲနော်''

''ဟုတ်တယ် အန်တီ၊ Letizia ရဲ့ညီမက Maria Elena တဲ့၊ သူက ပူလွန်းတဲ့ အရည်တွေသောက်မိလို့ ပါး စပ်လောင်သွားတယ်၊ ခုလို မိသားစုမှာ ဖြစ်ပျက်နေပေမယ့် Letizia က စိတ်မပျက်ဘူး၊ စိတ်ဓာတ်ကြံ့ခိုင်တယ်''

''တော်သေးတာပေါ့''

''ဒီမိသားစုကို ပညာရှင်တွေ စိတ်ဝင်စားကြတယ်၊ London University College က ပါရဂူ Dr.James Cox ကပြောတယ်၊ ဒီမိသားစုမှာ အာရုံကြောတွေ အပြည့်အစုံပါပါတယ်တဲ့၊ ဒါပေမယ့် အလုပ်မလုပ်ဘူးတဲ့၊ ဘာဖြစ်လို့လဲဆိုတာကို လေ့လာနေပါတယ်တဲ့၊ ရည်ရွယ်ချက်က နာကျင်မှုပပျောက်စေမယ့် ကုထုံးသစ်ရဖို့ပါတဲ့''

''ကောင်းတဲ့ ရည်ရွယ်ချက်ပါပဲကွယ်''

''ပါရဂူတွေတွေ့တာက ZFHX 2 Gene က Mutation ဖြစ်နေတယ်တဲ့၊ စောစောကလည်း ကျွန်တော်ပြောပြီးပါပြီ၊ မျိုးရိုးဗီဇချို့ယွင်းချက်ပဲဆိုကြပါစို့။ ပါရဂူတွေက ကြွက်တွေမှာလည်း သုတေသနလုပ်တယ်၊ မျိုးရိုးဗီဇမှာ ချို့ယွင်းချက်နေတဲ့ ကြွက်ကို ဖန်တီးယူတယ်၊ ဒီကြွက်တွေကလည်း အံ့သြစရာပဲ၊ ပူနေလည်းခံနိုင်ရည်ရှိ နေတယ်။ ဒါပေမယ့် လောင်တဲ့ဒဏ်ရာတွေ ရကုန်တာပေါ့''

''အတော်ကြိုးစားတဲ့ ပါရဂူတွေပဲ''

''Professor Aloisi ကလည်း ပြောတယ်၊ ဒီမိသားစုအကြောင်းပိုသိလာရင် နာကျင်မှုအကြောင်းကို သိလာမယ်၊ ဆေးဝါးသစ်ဖန်တီးဖို့လည်း လမ်းစရလာမယ်တဲ့''

''လူနာတွေအတွက် သတင်းကောင်းပါပဲကွယ်''

''ဟုတ်ပါတယ် အန်တီ၊ ဒါနဲ့ ဒင်းဆမ်းစားလို့ကောင်းရဲ့လား''

''ကောင်းပါတယ် မောင်မိုး ဒင်းဆမ်းအစုံရလာတော့ စားလို့ကောင်းတယ်''

''နောက်တစ်ပတ် ဘာစားချင်သေးလဲ အန်တီ''

''ထိုင်းအစားအစာစားရင် ကောင်းမယ်လို့''

''ရတယ် အန်တီ၊ ကျွန်တော့်သူငယ်ချင်း ဒေါက်တာကျော်ဆွေသိန်း ပြောထားတာရှိတယ်။ Siam Cuisine Tha Restaurant ဆိုတာရှိတယ်တဲ့၊ သူက ကျွန်တော်ကူညီလို့ ခဝဲခြံက ကရင်မချောချောလေးနဲ့ စွံသွားပြီ၊ သူကျွေးပါရစေတဲ့၊ သူ့နဲ့ချိန်းပြီး အန်တီ့ကိုလည်းလာခေါ်မယ်၊ သော်တာ့လည်း ပြောထားပါဦး''

''အေး-ပြောထားမယ်၊ နောက်တစ်ပတ်ဆိုရင်တော့ လက်က အနာလည်းပျောက်ပါပြီ၊ နာကျင်မှုလည်း မရှိတော့ပါဘူး လိုက်လာမှာပါ''

''ဟုတ်ကဲ့ အန်တီ''

 

အောင် (ဆေး-၁)

ရည်ညွှန်းချက်။ ။ BBC News မှ “The Family That Doesn’t Feel Pain” ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.