7-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1040
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ထူးဆန်းသော ရောဂါရှာဖွေရေးကိရိယာ

 

မိုးလေကင်းစင်၍ ရာသီဥတုက  သာယာနေ၏။

ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်တွင် ယာဉ်မျိုးစုံသွားလာနေ၏။

သမိုင်းခဝဲခြံရှိ ဒေးဗစ်ရွှေနုလမ်းထိပ်မှ တစ်ဖက်ကမ်းသို့ လှမ်းမျှော်ကြည့်လိုက်ရာ ဓားလွယ်ခုတ်အရပ်တွင် 'ငွေတောင်' လက်ဖက်ရည်ဆိုင်ကို တွေ့ရှိရ၏။

ထိုဆိုင်သည် လက်ဖက်ရည် အရသာကောင်းသဖြင့် သမိုင်းခဝဲခြံတစ်ဝိုက်တွင် နာမည်ကြီးလျက်ရှိ၏။

ဒေါက်တာကျော်ဆွေသိန်းသည် ဒေးဗစ်ရွှေနုလမ်းထိပ်မှ တစ်ဖက်ကမ်းသို့ ကူးသွားကာ 'ငွေတောင်' လက်ဖက်ရည်ဆိုင်သို့ ရောက်ရှိသွား၏။

''ကြွပါဆရာ၊ လက်ဖက်ရည်ရော ဒေါ်ပြုံးဆိုင်က ဝက်သားဟင်းနဲ့ ထမင်းကြော်ရောမှာထားပါတယ်''

''ကောင်းတယ်ဗျာ၊ ဆာနေတာနဲ့ အတော်ပဲ''

ထိုဆိုင်တွင်  အငြိမ်းစားကျောင်း အုပ်ကြီး ဦးမြသာ၊ ကဗျာဆရာမ မကြည်ဆွေ၊ ဝတ္ထုတို ဆရာမ မစပယ်၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်ဏ်အုန်း၊ အင်းစိန်သား ကဗျာဆရာမောင်တိုင်ပြာ၊ ဒေါက်တာမင်းလှသီဟသူနှင့် ဒေါက်တာရဲမိုးကျော်စွာတို့ ရောက်ရှိနေကြ၏။

''ဒီနေ့ ဝိုင်းတော်သားတွေတယ် စုံပါလား''

''ဟုတ်တယ် ဆရာကျော်၊ ဒီနေ့ လူစုံတယ်''

အဂ္ဂိရတ်ဝါသနာပါသဖြင့် 'မြေလျှောက်ဝိဇ္ဇာ' ဟု အမည်ပြောင်ရထားသော ဦးမြသာက ဖြေလိုက်၏။

''ဝိုင်းတော်သားတွေက လေညိုကုန်း မသွားတော့ဘူး၊ ဦးဥာဏ်ဏ်အုန်းကလည်း ရွှေဘုံသာလမ်းမှာ ဆေးခန်းမထိုင်တော့ဘူး။ ဒါကြောင့် ဝိုင်းတော်သားတွေက ငွေတောင်ကိုပဲ လာကြတော့တယ်''

ကဗျာဆရာ မောင်တိုင်ပြာက ရှင်းပြနေ၏။

''ဒါနဲ့ ကဗျာဆရာမောင်ဒေါန ဘကြီးသက်သာရဲ့လား''

''မသက်သာပါဘူး ဆရာကျော်၊ အဆုတ်ကင်ဆာတဲ့၊ သူ့ဘကြီးက ဆေးလိပ်သိပ်သောက်တာ''

''သူ့ဘကြီး ဆေးရုံတက်တော့ ရောဂါရှာတာ အချိန်အတော်ကြာတယ်တဲ့၊ နောက်ဆုံးမှ ကင်ဆာမှန်း သိတာတဲ့၊ ရောဂါကျွမ်းပြီပေါ့ဗျာ''

''စောစောစီးစီး ရောဂါရှာလို့ရရင် ကောင်းမယ်''

''ထူးဆန်းတဲ့ ရောဂါရှာဖွေရေး ကိရိယာအကြောင်း ကျွန်တော် ဖတ်လိုက်ရတယ်၊ စိတ်ဝင်စားစရာကောင်းတယ်''

ဒေါက်တာ မင်းလှသီဟသူက ပြောလိုက်၏။

''ဘယ်ဂျာနယ်မှာလဲ ဆရာ၊ ရှင်းပြပါဦး''

''Science translational ဆိုတဲ့ ဆေးပညာဂျာနယ်မှာပါ၊ ကိရိယာက အတော်ထူးဆန်း တယ်၊ Handheld Device ပဲ၊ ကင်ဆာကို ဆယ်စက္ကန့်အတွင်းမှာ စမ်းနိုင်တယ်။ ဒီသုတေသနကို University of Texas သုတေသီတွေ လုပ်တာတဲ့''

''ဆယ်စက္ကန့်ဆိုတော့ အရမ်းမြန်တာပဲ၊ မယုံနိုင်စရာပဲ''

''ဟုတ်တယ်၊ ကျွန်တော်လည်း ဖတ်ခါစက မယုံချင်ဘူး။ ထပ်ခါထပ်ခါ ဖတ်ပြီးမှ သဘောပေါက်လာတယ်''

''ဟုတ်ကဲ့ ဆရာ''

''သုတေသီတွေက ခုလို မြန်ဆန်လာလို့ ခွဲစိတ်ကုသရာမှာ အချိန်တိုသွားတယ်။ ပိုပြီး တိတိကျကျရှိတယ်၊ ပိုပြီး အန္တရာယ်ကင်းတယ်တဲ့''

''ကောင်းတယ် ဆရာ''

''ခု ကိရိယာသစ်ကို Masspec Pen လို့ နာမည်ပေးထားတယ်၊ ဒီကိရိယာကို လေ့လာကြည့်တော့ ၉၆ ရာခိုင်နှုန်း တိကျမှုရှိတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ကင်ဆာဆဲလ်တွေမှာက ထူးခြားတဲ့ ဇီဝကမ္မဖြစ်စဉ်ရှိတယ်တဲ့၊ သဘာဝ ဆဲလ်ကောင်းတွေနဲ့ မတူဘူးတဲ့၊ ခုလိုမတူတဲ့ အချက်ပေါ်မှာ ကိရိယာဆန်းကို အခြေခံပြီး တီထွင်တာတဲ့၊ ကင်ဆာဆဲလ်တွေကပိုပြီး မြန်မြန်ကြီးထွားတယ်၊ တစ်နေရာက တစ်နေရာကို ပျံ့နှံ့တယ်။ သူတို့ရဲ့ ဆဲလ်တွင်းက ဓာတုဗေဒ သဘောတရားက သဘာဝဆဲလ်ကောင်းနဲ့ ခြားနားနေတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ဒီကိရိယာကို သုံးပုံသုံးနည်းက ဒီလိုဗျ၊ ကင်ဆာလို့ မသင်္ကာတဲ့ အကျိတ်အဖုပေါ်မှာ ကိရိယာကိုထိ တွေ့လိုက်တယ်။ ကိရိယာထဲကနေ ရေစက်ရေပေါက်သေးသေးကလေး ထွက်လာတယ်။ ဆဲလ်ထဲက ဓာတုဒြပ်ပေါင်းတွေက ရေထဲဝင်သွားတယ်။ ရေကို ကိရိယာက ပြန်စုပ်ယူတယ်။ ပြီးတော့ ဓာတ်ခွဲစစ်ဆေးတယ်''

''ဟုတ်ကဲ့ ဆရာ''

''ကိရိယာကို Mass Spectrometer နဲ့ ချိတ်ဆက်လိုက်တယ်။ ဒီစက်ကြီးကလည်း ထူးဆန်းတယ်။ ဓာတုဒြပ်ပေါင်းထောင်ပေါင်းများစွာကို အချိန်တစ်စက္ကန့်အတွင်း ပြီးစီး အောင် စစ်ဆေးနိုင်တယ်။ ခုလို စစ်လိုက်တော့ Chemical Fingerprint ကို ရလာတယ်။ ဓာတုဒြပ်ပေါင်းတွေရဲ့ တည်ဆောက်ပုံကို သိလာတယ်။ ခုလိုသိတော့ ကင်ဆာဟုတ်မဟုတ် ခွဲခြားလို့ရပြီ''

''အတော် ထူးဆန်းတယ်နော်''

''ခွဲစိတ်ဆရာဝန်အတွက် အရေးကြီးတာက ကင်ဆာနဲ့အသား ကောင်းကြားက နယ်ခြားဒေသကို တိတိကျကျခွဲခြားနိုင်တာပဲ။ တချို့ ကင်ဆာတွေမှာက နယ်ခြားဒေသက မပြတ်သားဘူး။ တိတိကျကျ မပြောနိုင်ဘူး။ ခွဲစိတ်ရခက်တယ်။ ကင်ဆာတစ်သျှူးကို ကုန်အောင်မထုတ်ပစ်နိုင်ရင် ပြန်ဖြစ်တတ်တယ်''

''ခုကိရိယာက ကင်ဆာတစ်သျှူးတွေ ကုန်စင်အောင် ထုတ်ပစ်ဖို့ ကူညီနိုင်တာပေါ့နော်''

''ဟုတ်တယ်၊ ကူညီနိုင်တယ်။ ခွဲစိတ်ဆရာဝန်အတွက်က ကင်ဆာတစ်သျှူး မကုန်ပြန်ရင်လည်း ပြန်ဖြစ်မှာစိုးရတယ်။ တစ်သျှူးတွေ နင်းကန်လှီးပစ်တော့လည်း အသားကောင်းတွေပါ ကုန်ပြန်ရော၊ ဥပမာ-ဦးနှောက်လို နေရာမျိုးဆိုရင် သတိထားရတယ်။ အများကြီး လှီးလို့မရဘူး။ ခုလိုအခါမှာ ကိရိယာက အသုံးဝင်တယ်''

''ဟုတ်ကဲ့ ဆရာ''

''Austin မြို့မှာ University of Texas ရှိတယ်။ အဲဒီက သုတေသီ Livia Eberlin က ပြောတယ်။ သူက Assistant Professor of Chemistry ရာထူးရထားတယ်။ ခုကိရိယာက ခွဲစိတ်ဆရာဝန်တွေအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါတယ်တဲ့။ ခုကိရိယာက သုံးရတာလွယ်ကူပါတယ်တဲ့။ ထိရောက်မှုလည်း ရှိပါတယ်တဲ့၊ ခွဲစိတ်ဆရာဝန်အတွက် ကိုင်တွယ်ရတာလည်း လွယ်ကူပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ဒီကိရိယာကို လက်တွေ့စမ်းသပ်ပြီးပါပြီ။ 253 Sample စမ်းခဲ့ပြီးပါပြီ။ လက်တွေ့ခွဲစိတ်ကုသမှုမှာ မစမ်းခင် ကိရိယာကို ထပ်ပြီးမွမ်းမံဦးမှာပါ။ ခုဟာက ဓာတ်ခွဲခန်းမှာ စမ်းခဲ့တာပါ။ ခုလက်တွေ့စမ်းတာက ၁.၅ မီလီမီတာရှိတဲ့ တစ်သျှူးမှာ စမ်းခဲ့တယ်။

နောက်ထပ်ပိုပြီးကောင်းတဲ့ Pen တွေလည်း ထပ်စမ်းဦးမယ်။ ရည်မှန်းချက်က ဝ.၆ မီလီမီတာအထိ လုပ်နိုင်အောင် ဆက်ကြိုးစားဖို့ပါပဲ''

''ဟုတ်ကဲ့ ဆရာ''

''ပြဿနာတစ်ခုတော့ရှိတယ်၊ Pen က ဈေးပေါတယ်။ ကိုင်တွယ်ရလွယ်တယ်။ Mass Spectrometer က ဈေးကြီးတယ်။ ထုထည်လည်းကြီးတယ်၊ နေရာကျယ်ကျယ်လိုတယ်၊ Dr.Eberlin က ပြောတယ်။ အဓိကအခက်အခဲက    Mass Spectrometer ပါပဲတဲ့။ သူတို့ရည်မှန်းချက်က Mass Spectrometer အရွယ်အစား သေးသေးရဖို့ပါပဲတဲ့။ အလွယ်တကူ သယ်နိုင်ပြီး ရွှေ့နိုင်ပြောင်းနိုင်ဖို့ပါပဲတဲ့''

''ဟုတ်ကဲ့ ဆရာ''

''Dr.James Suliburk ဆိုတာက သုတေသီတစ်ဦးပဲ၊ သူ့ရာထူးက Head of Endocrine Surgery တဲ့။ သူက Baylor College of Medicine မှာ လုပ်တယ်။ သူက ပြောတယ်။ ခွဲ စိတ်ပါရဂူတွေက ခွဲစိတ်တဲ့အခါ တိကျစေချင်တယ်။ အချိန်တိုတိုအတွင်း ပြီးချင်တယ်။ အန္တရာယ်ကင်းချင်တယ်။ ခုနည်းစနစ်က ဒီသုံးချက်စလုံးကို ပြည့်စုံစေပါတယ်တဲ့။ ခုသုတေသန လုပ်ထားတဲ့ Mas Spec Pen က ခွဲစိတ်ရာမှာ တိကျစေပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''Imerial College Lodon က သုတေသီတွေကလည်း ထူးဆန်းတဲ့ Knife တစ်မျိုးတီထွင်ထားတယ်။ ကင်ဆင်တစ်သျှူးနဲ့ တစ်သျှူးကောင်းကို ခွဲခြားနိုင်စေတယ်။ Harvard က သုတေသီတွေက Laser သုံးပြီးခွဲတယ်။ Brain Cancer ခွဲတာမှာ သုံးတယ်''

''ဟုတ်ကဲ့ ဆရာ''

''အင်္ဂလန်မှာ Cancer Research UK ဆိုတဲ့ အသင်းကြီးရှိတယ်။ ဒီအသင်းကြီးက Dr.Aine Mccarthy က ပြောတယ်။ ခုကိရိယာက စိတ်ဝင်စားစရာကောင်းပါတယ်တဲ့။ ကင်ဆာဟုတ်မဟုတ် လျင်လျင်မြန်မြန် ခွဲခြားသိစေပါတယ်တဲ့၊ ကင်ဆာရဲ့ သဘာဝကို လေ့လာရာမှာလည်း အသုံးဝင်ပါတယ်တဲ့၊ ခုလို  လျင်လျင်မြန်မြန်သိရတော့ ကုထုံး တွေကိုလည်း ရွေးချယ်နိုင်ပါတယ်တဲ့၊ အကောင်းဆုံးကုထုံးကို သုံးနိုင်မှာ ဖြစ်ပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ထူးဆန်းတဲ့ ခွဲစိတ်ဓားအကြောင်း ဆက်ပြောဦးမယ်။ အဲဒီဓားကို Imperial College London က သုတေသီတွေ တီထွင်ထားတာ၊ ဒီဓားကို Knife လို့ နာမည်ပေးထားတယ်။ အရင်က ကင်ဆာတစ်သျှူးကို ကုန်စင်အောင် မထုတ်နိုင်တော့ ထပ်ပြီးခွဲစိတ်ရတယ်။ ဥပမာ-ရင်သားကင်ဆာခွဲရင် ငါးယောက်မှာတစ်ယောက် နှုန်းပြန်ပြီးခွဲနေရတယ်။ အဆုတ်ကင်ဆာခွဲရင် ဆယ်ယောက်မှာ တစ်ယောက်နှုန်းပြန်ပြီး ခွဲနေရတယ်''

''ကင်ဆာတစ်သျှူးကုန်စင်အောင် ခွဲနိုင်ရင်ထပ်ခွဲစရာ ဘယ်လိုမလဲနော်''

''ဟုတ်တယ်။ ဒါကြောင့် ဒီဓားကို ထွင်တာ၊ ဒီဓားက ပူနေတယ်။ ကင်ဆာတစ်သျှူးကို ဖြတ်တဲ့အခါ တစ်သျှူးကလောင်သွားပြီး မီးခိုးထွက်တယ်။ ထွက်လာတဲ့ မီးခိုးကို Hi Tech Nose က စုပ်ယူတယ်။ စုပ်ယူပြီး မီးခိုးတွေကို Mass Spectrometer မှာ ခွဲခြမ်းစိတ်ဖြာတယ်။ တစ်သျှူးကောင်းနဲ့ကင်ဆာတစ်သျှူးကို ခွဲခြားတယ်။ ရလဒ်က အချိန်တိုတို အတွင်းသိရတယ်။ ခွဲစိတ်ဆရာဝန်အတွက် သိပ်ကိုအသုံးဝင်တယ်''

''ဒီဓားကိုရော စမ်းသပ်ပြီးပြီလား''

''စမ်းသပ်ပြီးပါပြီ၊ လူနာ ၉၁ ဦးမှာ စမ်းပြီးပြီ၊ ရလဒ်တွေကောင်းတယ်။ Dr.Zoltan Takats က ပြောတယ်။ ခုဓားဟာ ကောင်းမွန်တဲ့အကြောင်း၊ ကင်ဆာအမျိုးမျိုး ခွဲစိတ်ရာမှာ သုံးနိုင်မှာဖြစ်ကြောင်း၊ ခုကိရိယာသုံးရင် ကင်ဆာတစ်သျှူး ကုန်စင်အောင် ခွဲစိတ်နိုင်မှာဖြစ်ကြောင်း၊ လူနာတွေ အသက်ရှင်နှုန်း မြင့်တက်လာမှာဖြစ်ကြောင်း ပြောသွားတယ်''

''ဟုတ်ကဲ့ ဆရာ''

''Professor  Jeremy Nicholson ဆိုတာက Head of Department ရာထူးရထားတဲ့ သုတေသီပဲ၊ သူကပြောတယ်။ ခုကိရိယာကြောင့် Precision Medicine ဆိုတာကို ကျင့်သုံးနိုင်ပြီဖြစ်ကြောင်း ပြောခဲ့တယ်''

''ဟုတ်ကဲ့ ဆရာ''

''Cancer Research UK က Surgeon Dr.Emma King ကလည်း ထောက်ခံထားတယ်။ သူက ပြောတယ်။ Knife ဟာ အသုံးဝင်ပါကြောင်း၊ ခွဲစိတ်ကုသရာမှာ ထိရောက်ပါကြောင်း၊ နောက်ထပ် Climcal Trail လုပ်ရာမှာ အသုံးဝင်မှာဖြစ်ကြောင်း၊ ခွဲစိတ်ကုသမှုဟာ အချိန်တိုတိုအတွင်းမှာ ပြီးစီးမှာဖြစ်ကြောင်း ပြောသွားပါတယ်''

''သတင်းကောင်းပါပဲဆရာ''

''သြော်-ဒါနဲ့ နိုင်ငံကျော် ဝတ္ထုတို ဆရာမောင်ညိုပြာရော''

''လာပါလိမ့်မယ်။ ဧည့်သည်ရောက်နေလို့ နောက်ကျနေတာပါ။ ခုနေရာက အဆင်ပြေတယ်ဗျ။ ဆရာမောင်ညိုပြာမှာက ခြံကျယ်ကြီးရှိတယ်။ သီးနှံပင်တွေ အများကြီးပဲ၊ ခုရာသီမှာ သရက်သီးတွေ သီးနေပြီ၊ မောင်ညိုပြာလာရင် သရက်သီးပါ လာလိမ့်မယ်''

''ဟုတ်ပြီ။ အိမ်ပြန်လက်ဆောင်ရပြီဗျ''

မကြာမီ တပည့်တစ်ဦးနဲ့အတူ ခြင်းကြီးတစ်ခြင်းဖြင့် ရောက်ရှိလာ၏။ သရက်သီးများ ပါလာပြီး ဝိုင်းတော်သားများကို ဝေငှပေး၏။

''ဆရာ၊ ကျွန်တော့်ကို ပိုပေးပါဗျာ''

''ဘာဖြစ်လို့လဲ ဆရာကျော်၊ တစ်ယောက်ဆယ်လုံးလေဗျာ''

''ကျွန်တော်ကို အလုံးနှစ်ဆယ်ပေးဗျာ၊ ညောင်ရမ်းဆေးတိုက်က သူနာပြုဆရာမလေးက သရက်သီး ကြိုက်တယ်လေ''

''ဟာ-ဟုတ်ပြီ၊ ဆရာကျော်က သံယောဇဉ် ကျန်သေးတာကိုး''

''မှန်တယ်။ ညောင်ရမ်းဆေး တိုက်နဲ့အဆက်အသွယ်မဖြတ်နိုင်သေးဘူးဗျ''

''ကဲပါ။ အလုံးနှစ်ဆယ်ယူစေဗျာ''

ဒေါက်တာကျော်ဆွေသိန်း သဘောကျ၍ ပြုံးစိစိဖြစ်သွားလေ့၏။

 

အောင် (ဆေး-၁)

ရည်ညွှန်းချက်။   ။

(1) BBC News မှ “Cancer, Surgery: Tumour Sniffing Surgical Knife Designed”

(2) BBC News မှ “ Pen Identifies Cancer in 10 Seconds” ဆေးပညာဆောင်းပါးများကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.