7-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1040
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ပါကင်ဆန် ရောဂါအတွက် စမ်းသပ်နေတဲ့ကုထုံးသစ်

မိုးလေကင်းစင်၍ ရာသီဥတုက သာယာနေ၏။

ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်တွင် ယာဉ်မျိုးစုံသွားလာနေ၏။

ဒေးဗစ်ရွှေနုလမ်းထိပ်မှ အခြားတစ်ဖက်သို့  မျှော်ကြည့်လိုက်ရာ ဓားလွယ်ခုတ်အရပ်တွင် 'ငွေတောင်' လက်ဖက်ရည်ဆိုင်ကိုတွေ့ရှိရ၏။

ဒေါက်တာကျော်ဆွေသိန်းသည် လမ်းဖြတ်ကူးကာ 'ငွေတောင်' လက်ဖက်ရည်ဆိုင် ရှိရာသို့ သွားလိုက်၏။

ထိုဆိုင်သည် လက်ဖက်ရည် အရသာကောင်းသဖြင့် သမိုင်းခဝဲခြံတစ်ဝိုက်တွင် နာမည်ကြီးလျက်ရှိ၏။

နံနက်ခင်းဖြစ်၍ 'ဒေါ်ပြုံး' ထမင်းကြော်ဆိုင်မှ ဝက်သားဟင်းနှင့် ထမင်းကြော်ကိုလည်း လက်ဖက်ရည် ဆိုင်မှလှမ်းမှာ၍ရ၏။

ထိုဆိုင်သို့ ရောက်သောအခါ ဝတ္ထုတို ဆရာမောင်ညိုပြာ၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်း၊ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးမြသာတို့ကို တွေ့ရှိရ၏။

အဂ္ဂိရတ်ဝါသနာပါသော ဦးမြသာကို ရင်းနှီးသူများက 'မြေလျှောက် ဝိဇ္ဇာ'ဟု ခေါ်ကြ၏။

''ကြွပါဆရာ၊ ဆရာလာမယ်ဆိုလို့ လက်ဖက်ရည်ရော ထမင်းကြော်ရော မှာထားပြီးပြီဆရာ''

''ထမင်းကြော်က ဘယ်ဆိုင်ကလဲ''

''ဆရာကြိုက်တဲ့ ဝက်သားဟင်းနဲ့လေ၊ ထုံးစံအတိုင်း ဒေါ်ပြုံးထမင်း ကြော်ဆိုင်ပေါ့ဆရာ''

''ကောင်းတယ် ဝိဇ္ဇာကြီး၊ ဗိုက် ဆာနေပြီ၊ အတော်ပဲ''

''ဒါနဲ့ ဆရာ၊ နံ့သာကုန်းက ကရင်အဘိုးကြီး ဘယ့်နဲ့နေလဲ''

''မသက်သာဘူး ဝိဇ္ဇာကြီး၊ သူ့ရောဂါက နာတာရှည်ဗျ၊ ရောဂါနာမည်က Parkinson’s Desease တဲ့''

''ဒီနာမည် ကြားဖူးတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးနဲ့ တွဲပြီးကြားဖူးတာ''

''ကြားဖူးမှာပါ၊ ဟဲဗီးဝိတ်လက် ဝှေ့ချန်ပီယံ မိုဟာမက်အလီလေဗျာ၊ သူလည်း ဒီရောဂါပဲ''

''ဒီရောဂါက ခြေတုန်လက်တုန် ဖြစ်တယ်နော်။ အပြင်ထွက်လို့လည်း အဆင်မပြေဘူး။ လမ်းလည်းကောင်း ကောင်းလျှောက်လို့ မရဘူး''

''ကရင်အဘိုးကြီးက အနုပညာသမားဗျ။ ကျွန်တော့်ကို ပန်းချီသင်ပေးတယ်၊ အရင်က  Outdoor ထွက်ဆွဲနေကြ၊ ခုမထွက်နိုင်ရှာဘူး''

''အေးဗျာ၊ သနားစရာပါပဲ''

''ဒီရောဂါက စောစောသိမှဗျ၊ ခု ကရင်အဘိုးကြီးက ရောဂါဖြစ်စမှာ နီးစပ်ရာ ဆေးနည်းတိုတွေနဲ့ ကုနေတာ၊ ရောဂါရင့်မှ အာရုံကြော ပါရဂူဆီရောက်တာ၊ ကုရခက်သွားတာပေါ့''

''ဒါဆို ရောဂါနုတုန်းသိမယ့် နည်းလမ်းများ မရှိဘူးလား''

''သုတေသနလုပ်နေပြီဗျ၊ စာရွက်တစ်ရွက်ပေါ်မှာ ပုံဆွဲခိုင်းပြီး ရောဂါရှာတဲ့နည်းတဲ့ဗျ၊ Drawing A Spiral တဲ့၊ သြစတြေးလျက ပါရဂူတွေ လုပ်တာ၊ သူတို့က Softwware တီထွင်ထားတယ်၊ လူနာက ပုံဆွဲတဲ့အခါ Writing တို့ Pen Presure တို့ကို တိုင်းတာတယ်။ ပြီးတေှာ့Software ကနေ အဖြေထုတ်တယ်''

''တယ်ကောင်းပါလား''

''ဟုတ်တယ်၊ ဒီရောဂါမှာက ခြေတုန်လက်တုန်ဖြစ်တယ်။ ကြွက်သားတွေ တင်းတောင့်တယ်၊ ဒါကို ခုစမ်းသပ်ချက်က ရှာဖွေနိုင်တယ်''

''ဟုတ်ကဲ့ ဆရာ''

''ခုသုတေသနလုပ်တဲ့ အဖွဲ့က Melbourne ကဗျ၊ သူတို့ကို နာမည်ပေးထားတယ်၊ Melbourne Team တဲ့၊ သူတို့ အဆိုအရ ခုစမ်းသပ်ချက်က လွယ်တယ်တဲ့။ အထွေထွေ ရောဂါကု ဆရာဝန်တွေ သုံးနိုင်တယ်တဲ့၊ လူလတ်ပိုင်း လူနာတွေကို မသင်္ကာရင် စစ်ကြည့်လို့ရတယ်၊ ဆေးခန်းမှာတင်လုပ်နိုင်တယ်။ ပြီးတော့ ရောဂါရှာရုံတင်မကဘူး။ ဆေးပေး လိုက်ရင် ရောဂါအတိုးအဆုတ်ကိုလည်း ခန့်မှန်းနိုင်တယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ခုသုတေသနကို ပညာရှင်တွေ သိအောင်တင်ပြထားတယ်။ Frontiers of Neurology ဆိုတဲ့ ဆေးပညာဂျာနယ်မှာပါပြီးပြီ၊ သုတေသနလုပ်တဲ့အခါ အစမ်းခံလူပေါင်း ၅၅ ဦးပါခဲ့တယ်။ ၂၇ ဦးက Parkinson’s Disease ရှိတယ်။ ၂၈ ဦးက သာမန်လူတွေ၊ နှိုင်းယှဉ်လေ့လာတာပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာ''

''Parkinson’s Diseaseရှိရင် Sketching လုပ်တဲ့အခါ Speed of Writing ရော Pen Pressure ပါ နည်းနေတာတွေ့ရတယ်တဲ့၊ ဒီရောဂါကလည်း နုတုန်းကုမှထိရောက်တယ် တဲ့၊ ခုစမ်းသပ်ချက်က ရောဂါနုတုန်းသိနိုင်တယ်''

''ကောင်းတယ် ဆရာ''

“ Drawing Test လုပ်တဲ့အခါ Tablet Computer သုံးတယ်၊ Special Software သုံးတယ်။ ဒီစမ်းသပ်ချက်က ရောဂါရှိမရှိလည်း ရှာဖွေနိုင်တယ်။ ရောဂါရှိရင်လည်း ရောဂါအနုအရင့်ကို ခွဲခြားဖော်ပြနိုင်တယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ဒီသုတေသနကို RMIT University မှာလုပ်တာ၊ သုတေသီတစ်ဦးဖြစ်တဲ့ Poonam Zham က ပြောတယ်။ သူတို့ ရည်ရွယ်ချက်က ကုန်ကျစရိတ်သက်သက်သာသာနဲ့ ထိ ရောက်တဲ့ Automated Electronic System တစ်ခု တီထွင်ဖို့ပါတဲ့၊ ဒီကိရိယာနဲ့ Parkinson’s Disease ကို ရောဂါနုတုန်း ရှာဖွေဖို့ ရည်ရွယ်ပါတယ်တဲ့။ ဒီကိရိယာက လွယ်ကူအောင် လုပ်ထားပါတယ်တဲ့။ အထွေထွေရောဂါကု ဆရာဝန်တွေရော သူနာပြုတွေပါ သုံးနိုင်မှာပါတဲ့''

''ကောင်းတယ် ဆရာ''

''ခု System မှာက Pen Pressore နဲ့ Pen Speed ကို ပူးတွဲပြီး တွက်ချက်တယ်။ Computer က အလိုလို ထွက်သွားတာ၊ ရလဒ်က ရောဂါရှိ မရှိဆိုတာကိုရော၊ ရောဂါ အနုအရင့်ကိုပါ ဖော်ပြပေးတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''အင်္ဂလန်နိုင်ငံမှာ Parkinson’s UK ဆိုတဲ့ အသင်းကြီးရှိတယ်။ အဲဒီအသင်းကြီးက Pavid Dexter က ပြောတယ်။ သူ့ရာထူးက Deputy Research Director တဲ့၊ အရင်က သုံးခဲ့တဲ့ နည်းစနစ်တွေက ရောဂါအနုအရင့်ကို တိတိကျကျ မဖော်ပြနိုင်ခဲ့ပါဘူးတဲ့။ ခုနည်းသစ်က ပိုကောင်းပါတယ်တဲ့၊ ခုနည်းသစ်နဲ့ သုတေသနမှာပါသင့်တဲ့ လူတွေကို ရွေးနိုင်မှာပါတဲ့၊ ခုလိုရွေးနိုင်မှ သုတေသနက အောင်မြင်မှာပါတဲ့ Clinical Research တွေက အရေးကြီးပါတယ်တဲ့၊ Parkinson’s Disease အတွက် ကုထုံးသစ်တွေပေါ်လာဖို့က Clinical Research တွေ အပေါ်မှာ မူတည်နေပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ခု Test က Wider Range of Features ကို စမ်းသပ်နိုင်ပါတယ်တဲ့။ ဒါကြောင့် ပိုပြီး တိတိကျကျရလဒ်ကို ဖော်ပြနိုင်ပါတယ်တဲ့။ ဒါကြောင့် Assessment လည်း ပိုကောင်းလာပါတယ်တဲ့။ ပြီးတော့ Co-ordination တို့၊ Pressure တို့၊ Speed တို့၊ Cognitive Function တို့ကိုလည်း တိတိကျကျ ဖော်ပြပေးနိုင်ပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ခုသုတေသနက Parkinson’s Disease အတွက် ပိုကောင်းတဲ့ Clinical Trial တွေ လုပ်ဖို့ Stepping Stone ဖြစ်လာမှာပါတဲ့''

''အလားအလာကောင်းတဲ့ သဘောပဲ ဆရာ''

''ခုပြောသွားတာက ရောဂါရှာဖွေရေးအပိုင်းပေါ့ဗျာ၊ ရောဂါတွေ့ရင် ကုရဦးမယ်၊ ကုသရေးမှာလည်း Brain Cell Therapy ဆိုတာကို သုတေသနလုပ်နေကြတယ်။ ရလဒ် တွေကလည်း အားရစရာကောင်း တယ်တဲ့''

''ရှင်းပြပါဦး ဆရာ''

''ရောဂါကြောင့် ပျက်စီးသွားတဲ့ ဦးနှောက်ဆဲလ်တွေ နေရာမှာအစား ဝင်ပြီး တာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးတဲ့ ကုထုံးပေါ့ဗျာ၊ ပါရဂူတွေ ကြံစည်နေတာက Human Brain Cell ကို Coaxed လုပ်မယ်။ ပျက်စီးသွားတဲ့ ဆဲလ်တွေနေရာမှာ အစားထိုး တာဝန်ထမ်းဆောင်စေမယ်၊ ဒါဆို ဆုံးရှုံးသွားတဲ့ စွမ်းရည်တွေ ပြန်ရမယ်ပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာ''

''ခုလောလောဆယ် ခုနည်းကို ကြွက်တွေမှာ စမ်းသပ်ခဲ့တယ်။ အောင်မြင်တယ်။ ဒါပေမယ့် သုတေသနက အစကနဦးပဲရှိသေးတယ်၊ လူမှာစမ်းနိုင်ဖို့ အဆင့်တွေ အတော် များများကျော်လွှားရဦးမယ်၊ ဆက်လုပ်ရဦးမယ်''

''ဟုတ်ကဲ့ ဆရာ''

''Braing Cell Therapy သုတေသနကိုလည်း တခြားပညာရှင်တွေ သိအောင် တင်ပြပြီးပြီ၊ Nature Biotechnology ဆိုတဲ့ ဆေးပညာဂျာနယ်မှာပါပြီးပြီ၊ Parkinson’s Disease မှာက ရောဂါဒဏ်ကြောင့် Dopamine Producing Neuron တွေ ဆုံးရှုံးသွားတယ်၊ ခုအစားထိုးလိုက်တဲ့ ဆဲလ်တွေက Astrocyte လို သဘာဝရှိတယ်။ စောစောက Neuron တွေလို အလုပ်၊ လုပ်မလုပ် လေ့လာရဦးမယ်တဲ့''

''အလားအလာတော့ ကောင်းတယ်မဟုတ်လား ဆရာ''

''ကောင်းတယ်ဗျ၊ Hugely Promising လို့ ပြောတယ်၊ သုတေသနသဘောအရ ထောင့်စေ့အောင် လုပ်ရတဲ့သဘောပါ''

''ဒါပေါ့ ဆရာ၊ လူမှာ စမ်းမယ်ဆိုရင် ဘေးကင်းဖို့ကလည်း လိုသေးတာကိုး''

''ဟုတ်ပါတယ်။ ဘေးကင်းဖို့လိုပါတယ်။ နောက်ထပ် သုတေသနတွေ လုပ်ဦးမှာပါ။ Dopamine မထုတ်နိုင်တော့ ဒီရောဂါမှာ လူနာဟာ Deblitating Sympton တွေ ရလာတယ်။ Tremor တို့ Difficulty in Walking တို့၊ Difficulty in Moving တို့ပေါ့ဗျာ''

''ကရင် အဘိုးကြီးဖြစ်သလိုမျိုးပေါ့''

''ဟုတ်တယ်၊ ပါရဂူတွေက ဆေးပေးတယ်။ သက်သာရုံပဲ ပျောက်ကင်းအောင် မကုနိုင်ဘူး။ ဒါကြောင့် နည်းသစ်တွေ ကြံဆကြတယ်။ သုတေသီတွေက Cocktail of Small Molecues ကို Brain ထဲ ထည့်တယ်။ ရည်ရွယ်ချက်ကရှိပြီးသား ဆဲလ်ကို Reprogramme လုပ်တာ၊ Astrocyte ကို ကြွက်ထဲမှာ စမ်းတာ၊ Astricyte ကနေ Dopamine ထုတ်အောင်လုပ်တာ၊ ကြွက်မှာတော့ အောင်မြင်တယ်။ လူမှာ စမ်းနိုင်ဖို့ အဆင့်ဆင့်ကျော်လွှားရဦးမယ်''

''ဟုတ်ကဲ့ ဆရာ''

''University of Reading က ပါရဂူ Dr.Patrick Lewis ဆိုတာရှိတယ်။ သူက Expert in Neuroscience ပဲ၊ သူက ပြောတယ်။ ခု သုတေသနဟာ ထူးခြားပါတယ်တဲ့။ Game-Changing Therapy ဖြစ်လာနိုင်ပါတယ်တဲ့။ ခုသုတေသနကို လူမှာစမ်းဖို့က Huge Cahllenge ပါပဲတဲ့၊ သုတေသနတွေ ဆက်လုပ်ရဦးမှာပါတဲ့''

''ဟုတ်ကဲ့ ဆရာ''

''ပါရဂူ David Dexter ကတော့ မျှော်လင့်ချက်ထားနေတယ်၊ ခုသုတေသနသာ အောင်မြင်ရင် ဒီရောဂါကို ကုလို့ရပြီတဲ့၊ သန်းပေါင်းများစွာသော လူနာတွေကို ကယ်တင်နိုင်ပြီတဲ့''

''သတင်းကောင်းပါပဲ ဆရာ''

ထိုစဉ် ကဗျာဆရာမ မကြည်ဆွေ၊ ဝတ္ထုတို ဆရာမမစပယ်၊ စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်၊ ကဗျာဆရာ၊ မောင်တိုင်ပြာ၊ ဒေါက်တာမင်း လှသီဟသူတို့ ရောက်ရှိလာကြ၏။

''ဟာ-ဝိုင်းတော်သားတွေ စုံပြီ၊ နောင်ဆိုရင် 'ငွေတောင်' မှာပဲ ဆုံကြမယ်''

''ဟုတ်တယ်၊ ဒီမှာပဲ ဆုံမယ်၊ ဦးဥာဏ်အုန်းအိမ်နဲ့လည်းနီးတယ်''

ဦးမြသာက စားပွဲထိုးကလေးအား ဒေါ်ပြုံးဆိုင်မှ ဝက်သားဟင်းနှင့် ထမင်းကြော် ယူပေးရန် မှာလိုက်၏။ ဦးဥာဏ်အုန်းက လက်ဖက်ရည်မှာ လိုက်၏။

''ဆရာကျော်လည်း ဥကအိသသမ ပန်းချီမဆွဲရတာကြာပြီနော်''

''ဟုတ်တယ်နော်၊ ကရင်အဘိုးကြီး Parkinson ဖြစ်ကတည်းက မဆွဲရဘူးဗျာ''

''ဆရာကျော် စိတ်မပျက်နဲ့၊ ဒီရပ်ကွက်ထဲမှာ ပန်းချီဆွဲတဲ့ ကရင် မကလေးတစ်ယောက်ရှိတယ်။ မိတ်ဆက်ပေးမယ်၊ သူက လှည်းကူးဖက်သွားပြီး ပတ်ဝန်းကျင် ရှုခင်းတွေဆွဲတယ်။ ဆရာကျော်လည်း လိုက်သွား လို့ရတယ်''

''ဟာ-ဟန်ကျတာပေါ့။ လုပ်စမ်းပါဗျာ။ မိတ်ဆက်ပေးစမ်းပါ''

''ဟဲဟဲ၊ ပွဲစားခလေးဘာလေး ချီးမြှင့်ဦးလေ''

''ရပါတယ်၊ Western Park မှာ ဒီည Dinner ကျွေးမယ်။ မြန်မြန်လေးသာ စီစဉ်ပါဗျာ''

''ရမယ်၊ ရမယ်၊ ဝိုင်းတော်သား အားလုံးပါပါမှာနော်''

''ပါပါဗျာ၊ ပါပါ၊ အားလုံးကို ကျွေးမှာပါ ဟဲဟဲ''

 

အောင် (ဆေး-၁)

 

ရည်ညွှန်းချက်။   (1)BBC News မှ “Brain Cell Therapy for Parkinson’s Disease” နှင့် (2) BBC News မှ “Spiral Drawing Test Detects Signs of Parkinson’s Disease” ဆေးပညာဆောင်းပါးများကို ရည်ညွှန်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.