7-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1040
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အထူးမတည့်သောရောဂါ ကုထုံးသစ်

မိုးလေကင်းစင်၍ ရာသီဥတုက သာယာနေ၏။

ပြာလဲ့သော ကောင်းကင်ပြင်ကြီးထဲတွင် ပုစွန်ဆီရောင် တိမ်တိုက်များက ဟိုတစ်စုဒီတစ်စုဖြင့် လှပစွာတည်ရှိနေ၏။

ညနေခင်းဖြစ်၍ ရွှေဘုံသာလမ်း တစ်လျှောက်လူစည်ကားနေ၏။

အထူးကုဆေးခန်းကြီးများ တည်ရှိသော လမ်းဖြစ်၍ ဆေးတိုက်တိုင်း၌ လူနာများဖြင့် ပြည့်ကျပ်လျက်ရှိ၏။

အနော်ရထာလမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ မီးပွိုင့်နှင့် မဝေးကွာလှသော အရပ်တွင် 'လေညိုကုန်း' လက်ဖက်ရည်ဆိုင်ကလေး တည်ရှိ၏။

ထိုဆိုင်ကလေးသည် သာမန်လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေး ဖြစ်သော်လည်း ယခင်က ညနေခင်းတွင် လူစည်ကားနေတတ်၏။

'မြန်မာချက်ကော့(ဗ်)'ဟု နာမည်ကြီးနေသော ဝတ္ထုတိုဆရာ မောင်ညိုပြာကို အကြောင်းပြု၍ လူ စည်ကားခြင်းဖြစ်၏။

ယခုအခါ ယခင်ကကဲ့သို့ လူ စည်ကားခြင်းမရှိတော့ပေ။

'ညောင်ရမ်း' ဆေးတိုက်တွင် အလုပ်လုပ်နေသော ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်းသည် တခြားဆေးတိုက်သို့ ပြောင်းရွှေ့သွား၍ ရွှေဘုံသာလမ်း တစ်လျှောက်တွင် မတွေ့ရတော့ပေ။

'လေညိုကုန်း'သို့ လာရောက်သော စာပေလောကသားများအား လက်ဖက်ရည် ဒါနပြုမည့် အလှူရှင်လည်း မရှိတော့ပေ။

ဦးဥာဏ်အုန်း မရောက်လာသဖြင့် အခြားဝိုင်းတော်သားများဖြစ်ကြသော  မောင်ညိုပြာ၊ အင်းစိန်သား ကဗျာဆရာ မောင်တိုင်ပြာ၊ ဝတ္ထုတိုဆရာမ မစပယ်၊ ကဗျာဆရာမ မကြည်ဆွေ စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်တို့လည်း ပေါ်မလာကြတော့ပေ။

ယနေ့ညနေတွင်  ဒေါက်တာရဲ မိုးမင်းခေါင် ဒေါက်တာမင်းလှသီဟသူနှင့် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးမြသာတို့သာရှိနေကြ၏။ အဂ္ဂိရတ်ဝါသနာပါသော ဦးမြသာ အား ရင်းနှီးသူများက 'မြေလျှောက် ဝိဇ္ဇာ'ဟု ခေါ်ကြ၏။

''ဆရာ ရဲမိုး၊ ဘာတွေစားနေလဲ''

ဦးမြသာက လှမ်းမေးလိုက်၏။

''မြေပဲပြုတ်ပါ ဝိဇ္ဇာကြီး၊ စားပါဦး''

''စားတော့စားချင်တယ်။ မတည့်မှာလည်း စိုးတယ်''

''ဝိဇ္ဇာကြီးက မတည့်တာ ကြုံဖူး လို့လား''

''ကြုံဖူးတယ်၊ ကိုယ်တိုင်တော့ မဟုတ်ပါဘူး။ မြေးလေးမှာ အဲဒီရောဂါရှိတယ်။ မတည့်တာစားမိရင် အတော်ခံရတယ်။ ယားတယ်၊ အပိန့် တွေထွက်တယ်၊ ချောင်းဆိုးတယ်၊ ရင်ကျပ်တယ်၊ အဆိုးဆုံးက အသက်ရှူ မဝတာပဲ၊ သိပ်ဆိုးရင် အသက် အန္တရာယ် စိုးရိမ်ရတယ်တဲ့၊ ကလေးကို  အမြဲဂရုစိုက်နေရတယ်''

''ဟုတ်လား၊ ဒါဆို အတော်ဆိုးတာပဲ''

''ဟုတ်တယ်၊ ဆိုးတယ်၊ ဒါနဲ့ ဒီရောဂါအတွက် ကုထုံးသစ်တွေဘာတွေများ မကြားမိဘူးလား''

''ကြားမိတယ်၊ ကျွန်တော်ပြောပြမယ်။ ဟိုငယ်စဉ်ကတည်းက မြေပဲနဲ့ထိတွေ့ထားရင် အထူးမတည့်တာ ဖြစ်နိုင်ခြေနည်းပါးသွားတယ်တဲ့၊ ၂ဝ၁၅ ခုနှစ်က သုတေသနလုပ်ခဲ့ တယ်။ Peanut Product တွေကို စောစောစီးစီးထိတွေ့ပေးတယ်၊ အဲဒီအခါမှာ ရောဂါဖြစ်နိုင်ခြေက ၈ဝ ရာခိုင်နှုန်း လျော့ကျသွားတယ်တဲ့''

''ဟာ - ဒါဆို မဆိုးဘူး၊ ၈ဝ ရာ ခိုင်နှုန်းဆိုတာ အတော်ထိရောက်တဲ့ သဘောပဲ''

''ဒါပေါ့၊ အတော်ထိရောက်တယ်။ ဒီသုတေသနအကြောင်းကို New England Journal of Medicine  ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖော်ပြပြီးပြီး၊ သုတေသီတွေက ကလေး ပေါင်း ၅၅ဝ ကို လေ့လာခဲ့တယ်''

''ဟုတ်ကဲ့၊ ခုနောက်ဆုံး သုတေသနက ၂ဝ၁၅ သုတေသနပေါ်  အခြေခံပြီး ထပ်လုပ်တာ၊ ၂ဝ၁၅ သုတေသနက King's College London က လုပ်ခဲ့တာ၊ အဲဒီတုန်းက သုတေသီတွေက မြေပဲထွက်ပစ္စည်း အနည်းငယ်ကို စောစောစီးစီးထိတွေ့ပေးရင် အထူးမတည့်တာဖြစ်နိုင်ခြေ နည်းသွားတယ်ဆိုတာကို တွေ့ခဲ့တယ်''

''ဟုတ်ကဲ့ ဆရာ''

''ခုသုတေသနမှာ ကလေးတွေကို ပထမ မွေးခါစဆယ့်တစ်လအတွင်းမှာ မြေပဲပါတဲ့ စားစရာ ကျွေးထားတယ်။ ခုလို ထိတွေ့ပေးလိုက်တော့ ငါးနှစ်အရွယ်မှာ မြေပဲပါတာ လုံးဝပ်ရပ်ပြီးမစားဘဲ တစ်နှစ်နေတယ်။ တစ်နှစ်ကြာပြီးတဲ့အခါ မြေပဲပါတာ ထပ်စားပေမယ့် Allergy မရတော့ဘူး။ ထူးခြားချက်ပဲ''

''ဟုတ်ကဲ့ ဆရာ''

''သုတေသန အဖွဲ့ခေါင်းဆောင်က Professor Gideon Lack တဲ့၊ သူက ပြောတယ်။ ခုသုတေသနအရ ကလေးအများစုဟာ အကာအကွယ်ရတာကို တွေ့ရပါတယ်တဲ့။ ကာကွယ်မှုကလည်း အချိန်ကြာကြာရပါတယ်တဲ့''

''ကောင်းတာပေါ့ ဆရာ''

''ခုကိစ္စမှာ ပြဿနာက Food Fear ပါပဲတဲ့။ စားမကြည့်ဘဲ အလိုလို ကြောက်နေတာကို ပြောတာဗျ။ မိဘတွေက ပြဿနာဖြစ်မှာ ကြိုစိုးရိမ်ပြီး ကလေးတွေကို မြေပဲနဲ့ လုံးဝမထိ မတွေ့စေဘူး။ Self-Fulfiling Prophecy တဲ့။ ဒါနဲ့ ကလေးက အတွေ့အထိ လုံးဝမရှိဘူး။ ဒါကြောင့် Tolerance မရတော့ဘူးတဲ့။ ဒါက Professor Gldeon Lack က ရှင်းပြတာဗျ''

''ဟုတ်ကဲ့ ဆရာ''

''သုတေသီတွေက လွန်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ် သုတေသနမှာပါခဲ့တဲ့ ကလေးတွေကို ပြန်ပြီး သုတေသန လုပ်တာဗျ။ လွန်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ် က စမ်းသပ်ခံ ကလေးဦးရေ စုစု ပေါင်းရဲ့ တစ်ဝက်ကို မြေပဲပါတာတွေ ကျွေးဖူးတယ်။ ကျန်တဲ့ တစ်ဝက်ကို မိခင်နို့ရည်ပဲ တိုက်ခဲ့တယ်''

''သုတေသန သဘောအရ နှိုင်းယှဉ်လေ့လာချင်တယ် ထင်တယ်''

''ဟုတ်တယ်၊ နှိုင်းယှဉ်ဖို့ပဲ၊ အသက်ခြောက်နှစ်အရွယ်မှာ လေ့လာကြည့်တော့ ၁၂ လလောက် အစားရှောင်ပြီးတာတောင် Allergy မဖြစ်ဘူး။ Allergy မရှိတဲ့ ကလေးက ၂ဝ၁၅ က မြေပဲ ပါတာစားဖူးတဲ့ ကလေးတွေတဲ့''

''ဟုတ်ကဲ့ ဆရာ''

''ဒီသုတေသနမှာပါတဲ့ ကလေးတွေက Allergy ဖြစ်နိုင်ခြေရှိတဲ့ ကလေးတွေကို ရွေးထားတာတဲ့။ ကလေးဘဝမှာ သူတို့မှာ Eczema ရှိ နေတယ်။ အရပ်စကားနဲ့ဆိုရင် နှင်းခူပေါ့ဗျာ။ Ezcema ရှိတယ်ဆိုတာ Allergy ဖြစ်နိုင်ခြေရှိနေတယ်ဆိုတဲ့ လက္ခဏာပဲ''

''ဟုတ်ကဲ့ ဆရာ''

''Professor Lack က ပြောတယ်။ ခုလို ၁၂ လ အစားရှောင်ပြီးတဲ့အခါ Allergy မရှိတာတွေ့ရပေမယ့် သုတေသနကို ခုထက်ပိုပြီး အချိန်ကြာကြာ လုပ်စေချင်ပါသတဲ့။ ကလေးမှာ တွေ့ရတွဲ့ Resistance ဟာ ရေရှည်ခံ၊ မခံသိချင်ပါတယ်တဲ့''

''ဟုတ်ကဲ့ဆရာ''

''အနောက်နိုင်ငံတွေမှာက Peanut Allergy က တွေ့ရများတယ်။ UK နဲ့ US နှစ်နိုင်ငံပေါင်းရင် တစ်နှစ်တစ်နှစ်ကို Peanut Allergy ရှိတဲ့ ကလေးလူနာသစ်ပေါင်း နှစ်သောင်းလောက်ရှိတယ်တဲ့''

''ဟာ - နှစ်သောင်းဆိုရင်များတာပေါ့''

''ဟုတ်တယ်၊ များတယ်၊ Professor Lack က ဆက်ပြောတယ်။ ၁၉၉၅ ခုနှစ်နဲ့ ၂ဝဝ၅ ကြားမှာ လူနာဦးရေ တိုးလာတယ်တဲ့၊ ခုလို တိုးတာတာကလည်း ရောဂါရှာဖွေရေးနည်း လမ်းတွေ ပိုကောင်းလာလို့ မဟုတ်ပါဘူးတဲ့။ နည်းလမ်းတွေက အရင်အတိုင်းပါပဲတဲ့။ လူနာသစ်တိုးလာတာပဲ ဖြစ်ပါတယ်တဲ့။ ခုလိုပြောသွားတယ်''

''တခြား ပါရဂူတွေရဲ့ မှတ်ချက်ကိုလည်း ကြားပါရစေ''

''Professor Barry Kay ဆိုတာက Mperial College Lodon က ပါရဂူပဲ၊ သူက ပြောတယ်။ ခုသုတေသနကြောင့် Mechinisms of Tolerance ကို ပိုပြီး နားလည်လာပါ တယ်တဲ့။ ကုထုံးသစ်တွေပေါ်လာဖို့လည်း အလားအလာကောင်းပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''Michael Wakler ဆိုတဲ့ ပါရဂူက Consultant Analyst ဗျ၊ ပြီးတော့ အစိုးရကို ဆေးပညာနဲ့ ပတ်သက်ပြီး အကြံဥာဏ်ပေးရတဲ့ ပုဂ္ဂိုလ်ဗျ၊ Medical Adviser ပေါ့ဗျာ။ သူက ခုသုတေသနနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ထားတယ်။ ခုသုတေသနဟာ အားရစရာကောင်းပါတယ်တဲ့။ အလားအလာကောင်းပါတယ်တဲ့။ Peanut Aleriy ရောဂါဖြစ်ပွားနှုန်းများနေတာကို လျှော့ချနိုင်မှာပါတဲ့၊ ကောင်းသတင်းပါပဲ''

''ဟုတ်ကဲ့ ဆရာ''

''ခုသုတေသနက မြေပဲကို အဓိကဦးတည်ပေမယ့် တခြားအစားအစာတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်ဖို့လည်း လမ်းစရလာပါပြီတဲ့။ သုတေသီတွေက ဂျူးကလေးတွေကိုလည်း လေ့လာခဲ့တယ်။ အစ္စရေးမှာနေတဲ့ ဂျူးကလေးတွေက မြေပဲနဲ့ စောစောစီးစီးထိတွေ့တယ်။ လန်ဒန်မှာနေတဲ့ ဂျူးကလေးတွေက စောစောစီးစီး မထိတွေ့ရဘူး။ နှိုင်းယှဉ်လိုက်တော့ လန်ဒန်က ဂျူးကလေးတွေမှာ Allergy က ဆယ်ဆပိုပြီး ဖြစ်တယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''သိပ်ငယ်တဲ့ ကလေးတွေကို မြေပဲကျွေးလို့မရဘူး။ မြေပဲစေ့က လည်ချောင်းမှာ ပိတ်ဆို့တတ်တယ်။ ဒါကြောင့် စမ်းသပ်ချက်တွေမှာ Peanut Snack ပဲ ကျွေးတယ်။ High Risk Children တွေကို ရှာဖွေဖို့ JkinPrick Test သုံးပြီးရှာတယ်။ ဒါမှ အထူးမတည့်ဖို့ ဖြစ်နိုင်ခြေများတဲ့ ကလေးတွေတွေ့ရမှာ''

''ဟုတ်ကဲ့ ဆရာ''

''၂ဝဝ၈ တုန်းက အယူအဆဟောင်းတွေ ကျင့်သုံးခဲ့တယ်။ မိသားစု ရာဇဝင်မှာ မြေပဲမတည့်တာရှိခဲ့ရင် ကလေးကို မြေပဲ လုံးဝရှောင်ခိုင်းခဲ့တယ်။ ခုတော့ အယူအဆပြောင်းသွားပြီ၊ စောစောစီစီးထိတွေ့ရင် Tolerance ရပြီး Allergy ဖြစ်နိုင်ခြေ နည်းတာတွေ့လာရပြီ''

''ဟုတ်ကဲ့ ဆရာ''

''အရင်သုတေသန လုပ်တုန်းကလည်း ပါရဂူတွေက မျှော်လင့်ချက် ထားခဲ့ကြတယ်။ Professor Simon Murch ဆိုတာက University Hospital Ooventry က ပါရဂူပဲ၊ သူက Spokeman for the Royal college of Paediatrics and Child Health ရာထူးရထားတယ်။ သူက ပြောတယ်။ ရလဒ်တွေ ကောင်းပါတယ်တဲ့။ ခုသုတေသနကနေ နောက်ထပ် လမ်းစတွေရလာမှာပါတဲ့။ အထူးမတည့် ရောဂါရှင်တွေအတွက် အကျိုးရှိမှာပါပဲ''

''ဟုတ်ကဲ့ ဆရာ''

''ဒါက စောစောစီးစီးကြိုတင် ထိတွေ့တာပေါ့ဗျာ။ နောက်တစ်မျိုးရှိသေးတယ်။ Allergy ရပြီးသား ကလေးတွေနဲ့ ပတ်သက်တယ်။ Dr. Andrew Clark ဆိုတာက Allergy Specialist ဗျ၊ သူက Cambridge မှာရှိတဲ့ Addenbriike’s Hospital မှာ လုပ်တယ်။ သူက ပြောတယ်။ Allergy ရပြီးသား ကလေးတွေကိုလည်း Peanut ကို ဖြည်းဖြည်းချင်း ထိတွေ့စေမယ်ဆိုရင် ဒီကလေးတွေကလည်း Tolerance ရနိုင်ပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ခုသုတေသနကတော့ မြေပဲပေါ့ဗျာ။ နောင်လည်း တခြား အစားအစာတွေကို လုပ်ဦးမှာပါ။ လူနာတွေအတွက် သတင်းကောင်းပါပဲ''

''ဟုတ်ကဲ့ဆရာ၊ လေညိုကုန်းက အရင်က လူစည်တယ်၊ ခုမစည် တော့ဘူး''

''ဟုတ်တယ်၊ ဦးဥာဏ်အုန်း ပြောင်းသွားလို့ဗျ။ လက်ဖက်ရည် အလှူရှင်မရှိတာလည်းပါတယ်။ စကားဝိုင်းမှာ ဦးဆောင်ဆွေးနွေးနေကျ ဝတ္ထုတို ဆရာမောင်ညိုပြာ မလာနိုင်တာလည်းပါတယ်။ မောင်ညိုပြာက အပြောအဟောကောင်းတယ်။ သူရှိရင် လူစည်တယ်။ ခုတော့ ကျွန်တော်တို့ နေရာပြောင်းရတော့မယ်''

''ဘယ်ကိုလဲ''

''ဦးဥာဏ်အုန်းက သမိုင်းခဝဲခြံက ဒေးဗစ်ရွှေနုလမ်းမှာ နေတယ်။ ခုသူကနီးစပ်ရာ လက်ဖက်ရည်ဆိုင်မှာ ထိုင်တယ်၊ ဆိုင်နာမည်က 'ငွေတောင်' လက်ဖက်ရည်ဆိုင်တဲ့။ ဒေးဗစ်ရွှေနုလမ်းထိပ်ကကြည့်ရင် ဓားလွယ်ခုတ်မှာဗျ။ နောင်ဆိုရင် အဲဒီကိုသာ လာခဲ့တော့ဗျာ''

''ဟုတ်ပြီ လက်ဖက်ရည်ဆိုင် ပြောင်းထိုင်ကြတာပေါ့ဗျာ''

''ခုငွေတောင်မှာ လူစည်နေတယ်တဲ့။ ကဗျာဆရာကျော်ခေါင်၊ ကဗျာ ဆရာမောင်တိုင်ပြာ၊ ကဗျာဆရာမ မကြည်ဆွေ၊ ဝတ္ထုတိုဆရာမ၊ မစပယ်တို့ ရောက်နေတယ်တဲ့''

''ဟုတ်လား၊ ဒါဆို ကျွန်တော်တို့လည်း နောက်ကြရင် အဲဒီသွားမယ်''

ထိုစဉ် ဒေါက်တာကျော်ဆွေသိန်း ရောက်ရှိလာ၏။

''ဟာ-လူနည်းလှချည်လား''

ဒေါက်တာကျော်ဆွေသိန်းအား အကျိုးအကြောင်းရှင်းပြလိုက်၏။

''ဟာ-ဟုတ်ပြီ၊ ကျွန်တော့်မှာ ကားပါတယ်။ သွားကြမယ်လေ''

ဝိုင်းတော်သားများ ဒေါက်တာ ကျော်ဆွေသိန်းကားဖြင့် 'ငွေတောင်' လက်ဖက်ရည်ဆိုင်သို့ ထွက်ခွာသွားကြလေ၏။

 

အောင် (ဆေး-၁)

 

ရည်ညွှန်းချက်။   BBC News မှ ‘Peanut Allergy Theory Backed Up by New Research’ ဆေးပညာဆောင်းပါးကို ရည်ညွှန်းကိုးကားပါမည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.