23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ထူးဆန်းသော ပိုလီယိုကာကွယ်ဆေး

မိုးလေကင်းစင်၍ ရာသီဥတုက သာယာနေ၏။

ပြာလဲ့သော ကောင်းကင်ပြင် ကြီးထဲတွင် ပုစွန်ဆီရောင်တိမ်တိုက်များက ဟိုတစ်စု၊ သည်တစ်စုဖြင့် လှပစွာ တည်ရှိနေ၏။

အထပ်နှစ်ဆယ်မြင့်သော ဆာကူရာတာဝါ အပေါ်ဆုံးထပ်မှနေ၍ ဒေါက်တာရဲမိုးရန်နောင်သည် အဝေးသို့ မျှော်ကြည့်နေ၏။

ထိုအထပ်တွင် Café Bistro တည်ရှိ၏။

အဝေးမှ ရန်ကုန်မြစ်ကို မှုန်ပျပျ သာမြင်ရ၏။

ဒေါက်တာရဲမိုးရန်နောင်သည် ကာပူချီနိုတစ်ခွက်ကို ဇိမ်ခံသောက်ရင်း အပေါင်းအသင်းများကို စောင့်မျှော်နေ၏။

ခေတ္တကြာသော် ဒေါက်တာမင်း လှသီဟသူ၊ ဒေါက်တာပြုံးနွဲ့ရီ၊ ဒေါက်တာယုစန္ဒာ၊ ဒေါက်တာမြမြအေး၊ ဒေါက်တာတင်တင်ဦးနှင့် ဒေါက်တာမေမွန်သက်တင်တို့ ရောက်ရှိလာ၏။

''သူငယ်ချင်းတို့လာကြ၊ ကာပူချီနိုမှာထားတယ်။ မုန့်မျိုးစုံလည်းမှာ ထားတယ်။ လိုရင်ထပ်မှာကြ''

''ကျေးဇူးပဲ ကိုရဲမိုး၊ ဆာနေပြီ''

''ခုဘယ်ကလာကြတာလဲ''

''ရပ်ကွက်ထဲက ကလေးတစ်ယောက် ဆေးရုံတက်လို့ သတင်းသွားမေးတာကွ၊ ကလေးမိဘက ခင်နေတဲ့လူတွေလေ၊ ကလေးကခြေထောက် မသန်ရှာဘူး၊ ပိုလီယိုဖြစ်နေတယ်''

''ဟုတ်လား၊ သနားပါတယ်''

''ပိုလီယိုက နိုင်ငံခြားမှာနေတုန်းက ဖြစ်လာတာ၊ ကလေးမိဘတွေ အလုပ်သွားလုပ်ရင်းနဲ့ ကူးစက်ခံရတာ''

''ကာကွယ်ဆေးသာ ကြိုသုံးထားရင် ခုလိုမဖြစ်ဘူးနော်''

''ဟုတ်တယ်၊ ကာကွယ်ဆေးဆိုလို့ ထူးဆန်းတာ ပြောရဦးမယ်။ ခုသုံးနေတဲ့ ကာကွယ်ဆေးက Weakened Poliovirus ကို သုံးထားတာ၊ Vaccine- Derived Poliovirus ပေါ်လာနိုင်တဲ့ အန္တရာယ်ရှိတယ်၊ သဘောက Virus ဟာ Dangerous Trait တချို့ကို ပြန်ရသွားနိုင်တယ်တဲ့ သဘောကိုဆိုလိုတာ''

''ဟုတ်တယ်၊ ပြီးတော့ ထုတ်လုပ်ရတာ စရိတ်ကြီးတယ်။ များများရဖို့လည်း အခက်အခဲရှိတယ်''

''ခုသတင်းကောင်းကြားရတယ်၊  စောစောကပြောခဲ့တဲ့ အန္တရာယ်လည်း ကင်းတယ်၊ စရိတ်လည်းနည်းတယ်၊ များများလည်း ရနိုင်တယ်ဆိုတဲ့ ကာကွယ်ဆေးဖော်ထုတ်တဲ့ နည်း လမ်းသစ်ရှိတယ်ဆိုပဲ''

''ဟုတ်လား၊ စိတ်ဝင်စားစရာပဲ၊ ပြောပါဦး''

''ခုနည်းက အပင်ကိုသုံးတာ၊ Plant ကို Hijacjed လုပ်တာတဲ့၊ Hijacked ဆိုတာက တင်စားပြောတာပါ။ အပင်ကနေ ကာကွယ်ဆေးထုတ် လုပ်တာကို ဆိုလိုတာ''

''သုတေသနက ဘယ်မှာတဲ့လဲ''

''Norfolk မှာရှိတဲ့ John Innes Centre မှာ လုပ်တာ၊ ပါရဂူတွေရဲ့ အဆိုအရ ဆေးထုတ်တဲ့ လုပ်ငန်းက ဈေးသက်သာတယ်။ မြန်တယ်၊ လွယ်လည်းလွယ်တယ်တဲ့''

''ဟုတ်လား၊ တယ်ကောင်းတာပဲ''

''ပါရဂူတွေက ဒီနည်းဟာ အနာဂတ်မှာ အတော်အသုံးဝင်လာမှာပါတဲ့၊ ပိုလီယိုတင်မကဘူး။ ဇီကာဗိုင်းရပ်စ်၊ အီဘိုလာ ဗိုင်းရပ်စ်လို ပိုးတွေအတွက်လည်း အသုံးဝင်လာနိုင်စရာ ရှိပါတယ်တဲ့''

''ပါရဂူတွေ ချီးကျူးထားတယ်ပေါ့''

''ဟုတ်တယ်၊ ခု Achievenment ကို Impressive and Important လို့ ဆိုထားတယ်''

''အပင်ကဆိုတော့ သက်ရှိပိုးတော့ မဟုတ်ဘူးပေါ့''

''မှန်တယ်၊ ခုသုံးတာက Virus Like Particle ကို သုံးတာ၊ ဒီ Particle က သက်ရှိပိုးနဲ့ ချွတ်စွပ်တူတယ်။ Authentic Mimic တဲ့။ ဒါပေမယ့် အပေါ်ယံ အခွံပဲတူတာ၊ အထဲမှာက ဗလာပဲ''

''ထူးဆန်းတယ်နော်''

''ဟုတ်တယ်၊ အပေါ်ယံအခွံတူလို့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်တယ်၊ ပဋိပစ္စည်းထွက်စေတယ်။ အကာအကွယ်ရစေတယ်။ ဒါပေမယ့် သက်ရှိပိုးလို Infection မရစေဘူး။ အန္တရာယ်ကင်းတယ်''

''ဘာပင်ကို သုံးတာလဲ''

“Tobacco Plant ကိုသုံးတာ၊ Tabacw Plant ထဲမှာရှိတဲ့ ဇီဝကမ္မ ဖြစ်စဉ်ကို ပြုပြင်ပြောင်းလဲပြီးလိုသလို စေခိုင်းတယ်။ Hojacked လုပ်တာလို့ တင်စားခေါ်ဝေါ်တယ်။ Hijacked လုပ်ပြီး သစ်ရွက်ထဲမှာ Polivirus နဲ့တူတဲ့ Particle တွေ ထုတ်ခိုင်းတယ်။ အဲဒီအခါမှာ သစ်ရွက်က Polio-Vaccine Factory တွေ ဖြစ်ကုန်တယ်တဲ့''

''ထူးထူးခြားခြားကြံစည်တာပဲ''

''ဟုတ်တယ်၊ ခုလိုလုပ်ရာမှာ အဆင့်တွေရှိတယ်။ ပထမဆင့်က အပင်ကို ညွှန်ကြားချက်အသစ်တွေနဲ့ လုပ်ခိုင်းတယ်။ ဒီညွှန်ကြားချက်ကြောင့် သစ်ရွက်ကနေ Poliovirus ရဲ့ အခွံနဲ့တူတာတွေ ထုတ်လုပ်တယ်။

ထုတ်တာကလည်း သစ်ရွက်ထဲမှာ Genetic Code ထည့်ပေးထားတာကြောင့်ပဲ၊ အခွံတွေရလာတော့ ကာကွယ်ဆေးဖြစ်ဖို့ နီးစပ်လာပြီ''

''ဟုတ်ကဲ့ ဆရာ''

''ခုလိုလုပ်တဲ့ နေရာမှာပိုပြီး အစွမ်းထက်အောင် အပင်တွေကို ကူးစက်တတ်တဲ့ Virus ကိုပါသုံးတယ်။ အပင်ကို ကူးစက်တတ်တဲ့ Virus က Material ကိုပါ ပေါင်းထည့်ပေးတယ်၊ ခုရလာတဲ့ New Instruction ကို Soil Bacteria ထဲ တပ်ထည့်တယ်''

''အဆင့်တွေက များတယ်နော်''

''ဟုတ်တယ်၊ များတယ်၊ Soil Bacteria က Tobacco ကို ကူးစက်တယ်၊ New Instruction က Soil Bacteria က တစ်ဆင့်သစ်ရွက်ထဲ ရောက်သွားတယ်။ သစ်ရွက်က Poliovirus-Like Particle တွေ ထုတ်တယ်''

''ပြီးတော့ ဘာလုပ်သေးလဲ''

'' Infected Leave တွေကို ရေနဲ့ရောတယ်၊ Blended လုပ်တယ်၊ ပြီးတော့ Polio-Vaccine ကို Extract လုပ်တယ်''

''ဒါဆို ဒီ Particle တွေက Immune System ကို လှုံ့ဆော်မှာပေါ့နော်''

''ဒါပေါ့၊ လှုံ့ဆော်ပြီး Antibody  ထုတ်မယ်၊ Polio မဖြစ်အောင် ကာကွယ်ပေးမယ်''

''တိရစ္ဆာန်တွေမှာ စမ်းပြီးပြီလား''

''စမ်းပြီးပြီ၊ အောင်မြင်တယ်၊ ဒီ Particle ကို သိပံ္ပနည်းနဲ့ 3D Structure ကို လေ့လာပြီးပြီ၊ 3D Structure က Poliovirus နဲ့ ချွတ်စွပ်တူတယ်။ ဒါကြောင့် Vaccine ဖြစ်လာတာပေါ့''

''ခုသုတေသနက စိတ်ဝင်စားစရာပဲ၊ ပါရဂူတွေ ဘာပြောသေးလဲ''

''ပါရဂူတစ်ဦးဖြစ်တဲ့ Professor George Lomonossoff က ပြောတယ်။ Poliovirus နဲ့ Particle ဟာ အတော်ကို တူပါတယ်တဲ့။ Incredibly Good Mimics တဲ့၊ ခုနည်းပညာ ဟာ သိပ်ကို အားရစရာကောင်းပါတယ်တဲ့၊ Very Promising Technology ပါတဲ့၊ မဝေးတော့တဲ့ အနာဂတ်မှာ သစ်ရွက်ကနေ Vaccine တွေ အလုံးအရင်းနဲ့ ထုတ်လာနိုင်မှာပါတဲ့''

''အားရစရာပါပဲ''

''ခုသုတေသနက ရန်ပုံငွေလည်းတောင့်တယ်ဗျ၊ World Health Organization ကနေ ထောက်ပံ့နေတယ်။ ဒါကလည်း လက်ရှိ Vaccine ကို အစားထိုးချင်တဲ့ ရည်ရွယ်ချက်ရှိ လို့တဲ့ဗျ''

''ဟုတ်ကဲ့ ဆရာ''

''ပိုလီယိုက ရှားတော့ရှားသွားပြီ၊ ဒါပေမယ့် Eradicated မဖြစ်သေးဘူး။ မျိုးမပြတ်သေးဘူး။ ကာကွယ်ဆေးရှိဖို့ လိုသေးတယ်''

''ရှိရမှာပေါ့ ဆရာ''

''UK နိုင်ငံမှာ National Institute for Biological Standards and Control ဆိုတဲ့ ဌာနကြီးရှိတယ်။ အဲဒီဌာနကြီးက ပါရဂူ De.Amdrew Macadam က ပြောတယ်။ ခုလက်ရှိ ကာကွယ်ဆေးတွေက သက်ရှိ ဗိုင်းရပ်စ်ကနေထုတ်ရပါတယ်တဲ့၊ ဒါကြောင့် သက်ရှိဗိုင်းရပ်စ်တွေဟာ မတော်တဆလွတ်ထွက်ပြီး အန္တရာယ်ပေးနိုင်ပါတယ်တဲ့၊ Reintroduction  ဖြစ်လာနိုင်ပါတယ်တဲ့''

''သတိထားရမှာပေါ့နော်''

''ဟုတ်တယ်၊ ခု ကာကွယ်ဆေး (Vaccine) အသစ်က Vaccine အဟောင်းနေရာမှာ အစားထိုးနိုင်စရာရှိတယ်။ ခုသုတေသနကြောင့် ပိုနီးစပ်လာပြီ။ Vaccine  အသစ်က ကုန်ကျစရိတ် သက်သာတယ်။ Virus-like Particle-Based Vaccine က အန္တရာယ်လည်းကင်းတယ်''

''ကောင်းတဲ့ အချက်ပဲ''

''ပြီးတော့ အလားအလာလည်းရှိသေးတယ်။ ပိုလီယိုတင်မကဘူး။ တခြား ဗိုင်းရပ်စ်တွေအတွက်လည်း မျှော်လင့်ချက်ရှိတယ်။ ခုဆို Winter Flu Jab အတွက်လည်း စမ်းသပ်နေပြီ၊ အရင်က Virus မွေးရင် Chicken Egg မှာ မွေးရတယ်။ လုပ်ငန်းပြီးဖို့ လနဲ့ချီကြာတယ်၊ ခုသုတေသနအရ လုပ်ငန်းပြီးဖို့သုံး၊ လေးပတ်ပဲလိုတယ်၊ မြန်တယ်ဗျ''

''သုံး၊ လေးပတ်ဆိုတော့ အတော်မြန်လာတာပဲ''

''ဟုတ်ပါတယ်။ Professor Lomonossoff က လာမယ့် အနာဂတ်မှာ ဇီကာဗိုင်းရပ်စ်တို့၊ အီဘိုလာ ဗိုင်းရပ်စ်တို့အတွက်ပါ အလားအလာရှိပါတယ်တဲ့၊ အပင်တွေရဲ့ အား သာချက်က ကြီးထွားနှုန်းမြန်တာပါပဲတဲ့၊ အပင်ကြီးထွားဖို့ကရေရယ်၊ မြေသြဇာရာယ်၊ နေရောင်ခြည်ရယ်၊ ကာဘွန်ဒိုင်အောက်ဆိုက်ရယ်ပဲလိုပါတယ်တဲ့''

''ဒါဆို Vaccine များများ ထုတ်နိုင်တာပေါ့''

''ဟုတ်ပါတယ်၊ စိန်ခေါ်မှုတွေတော့ ရှိသေးတာပေါ့။ ဖြတ်ကျော်ရမယ့် အတားအဆီးတွေလည်းရှိသေးတယ်။ ဒါပေမယ့် University College London က Vaccine Development  ဘာသာရပ်မှာ Lectlirer တစ်ဦးဖြစ်တဲ့ Dr.Tarit Mukhopadhyay က ပြောတယ်။ ရှေးဦးသုတေသနက အားရစရာကောင်းပါတယ်တဲ့။ ဆက်ကြိုးစားရ ဦးမှာပါတဲ့''

''ဟုတ်ကဲ့ ဆရာ''

“University of South Wales က Professor of Biotechnology ဖြစ်တဲ့ ပါရဂူ Denis Murphy ကလည်း ပြောတယ်။ သူက Important Achievement ပါတဲ့။ နောက်တစ်ဆင့်က Plant Expression System ကို Optimise လုပ်ရပါလိမ့်မယ်တဲ့။ ပြီးတော့ New Vaccine ကို Clinical Trial လုပ်ရပါလိမ့်မယ်တဲ့''

''ဒါတွေလည်း အောင်မြင်မှာပါ''

''ဟုတ်ပါတယ်။ အောင်မြင်မှာပါ။ ပိုလီယို တင်မကဘူး။ တခြား ရောဂါတွေအတွက်လည်း အသုံးဝင်လာမှာပါ''

ထိုစဉ် ဒေါက်တာကျော်ဆွေသိန်း ရောက်ရှိလာ၏။

''ဝိုင်းတော်သားတွေ ဝမ်းသာစရာ သတင်းပါလာတယ်။ ဓာတ်ခွဲမှူးကြီးက ဒီညနေ Dinner ကျွေးမယ်တဲ့''

အားလုံးက ဝမ်းသာအားရဖြစ်သွားကာ လက်ခုပ်လက်ဝါးတီး၍ ထောက်ခံလိုက်ကြလေတော့၏။

 

အောင် (ဆေး-၁)

ရည်ညွှန်းချက်။  ။ University of South Wales က Professor of Biotechnology ဆေးပညာဆောင်း ပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.