23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဝက်မှ လူသို့ ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု မောင်မြင်လာမည်လော

မိုးကသည်းသည်းမဲမဲရွာနေ၏။

မိုးစက်မိုးပေါက်များကြားတွင် အထပ်နှစ်ဆယ်မြင့်မားသော အဆောက်အအုံကြီးက ခံ့ညားစွာရပ် တည်နေ၏။

ထိုအဆောက်အအုံကြီးက 'ဝဿဝတီ'အထူးကု ဆေးရုံကြီးဖြစ်၏။

'ဝဿဝတီ' ဆေးရုံကြီး၏ မြေညီထပ်တွင် 'နတ်သုဒ္ဓါ' စားသောက် ဆိုင်တည်ရှိ၏။

ထိုဆိုင်သည် ၂၄ နာရီ ဖွင့်လှစ် သဖြင့် တာဝန်ကျဆရာဝန်များ၊ ဝန်ထမ်းများနှင့် လူနာစောင့်များအဖို့ အဆင်ပြေလှ၏။

တာဝန်ချိန်ပြီးဆုံး၍ ထွက်ခွာလာသည့် ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်းသည် တာဝန်ချိန်ပြီးဆုံးသွား၍ အိမ်ပြန်တော့မည့် ဒေါက်တာမင်းလှထွဋ်ခေါင်၊ ဒေါက်တာဝေယံမိုးမြင့်နှင့် ဒေါက်တာရဲမြင့်ဟန်ထူးတို့နှင့် စကား ဝိုင်းဖွဲ့နေ၏။

စကားဝိုင်း အရှိန်ရနေ၍ ရေ နွေးကြမ်းကရားများ တစ်အိုးပြီးတစ်အိုး ကုန်နေ၏။

''ဦးဥာဏ်အုန်း၊ လူနာဆောင် အမှတ်ခြောက်က အဘိုးကြီးသွေး အဖြေတွေရပြီလား''

“Ward Six ဆိုတော့ Chekov ကို သတိရတယ်ဗျာ၊ ကျွန်တော်တို့ ဗမာပြည်မှာလည်း Chekov ဆိုလို့ သွားသတိရတယ်။ ဆရာမောင်ညို ပြာလေဗျာ''

''ဟုတ်တယ်၊ ဆရာမောင်ညိုပြာကို  မြန်မာချက်ကော့(ဗ်)ဆိုပြီး ချီးကျူးနေကြတယ်။ သူက ဘဝ သရုပ်ဖော်ဝတ္ထုတိုတွေရေးတာတော်တယ်''

''ဟုတ်တယ်၊ လူနာအဘိုးကြီး  သွေးအဖြေတွေရပြီဆရာ၊ ဒါပေမယ့် အဘိုးကြီးအခြေအနေမကောင်းဘူး၊ အသည်းရောဂါရှိနေပြီ''

''အသည်းကင်ဆာလား''

''ဟုတ်တယ် ဆရာ၊ အသည်းကင်ဆာ စောစောစီးစီးသိရင် အသည်းအစားထိုးပြီး ကုရင်ရှင်နိုင် တယ်''

''အသည်းအစားထိုးကုမယ်ဆိုရင် အလှူရှင်လိုတယ်။ ပြီးတော့ တစ်သျှူးအမျိုးအစားကလည်း တူဦးမှ''

''ကျွန်တော် သတင်းကောင်း တစ်ခုဖတ်ရတယ်။ နောက်ကျရင် အဘိုးကြီးလို လူနာမျိုးတွေအတွက် အလှူရှင်စောင့်စရာမလိုဘဲ အစားထိုး အင်္ဂါအစိတ်အပိုင်းတွေ လွယ် လင့်တကူရနိုင်ပြီဆိုပဲ''

''ဟာ-ဟုတ်လား၊ ပြောပါဦးဗျာ၊ စိတ်ဝင်စားစရာပဲ''

''ဒီလိုဗျ၊ အမေရိကန် သုတေသီတွေက အင်္ဂါအစိတ်အပိုင်း ရှားပါးမှုကို ဖြေရှင်းဖို့ နည်းလမ်းရှာခဲ့ကြ တယ်။ သုတေသနလုပ်ခဲ့ကြတယ်။ ဒီအကြောင်းကို Science ဆိုတဲ့ သိပံ္ပပညာဂျာနယ်မှာ ဖော်ပြခဲ့တယ်။ သုတေသီတွေက ဝက်ကို အသုံးပြုခဲ့ကြတယ်။ GM Pig လို့ ခေါ်တယ်။ အဲဒီ ဝက်တွေကို Most Genetically လို့ တင်စားပြီးတော့လည်း နာမည်ပေးထားတယ်''

''ဟုတ်ကဲ့ ဆရာ''

''အဲဒီ GM Pig တွေရဲ့ DNA ထဲမှာ အစက Virus  တွေရှိနေတယ်။ ဒါကို မဖယ်ရှားနိုင်ရင် သုံးလို့မရဘူး။ ဝက်ကနေ လူကိုကူးကုန်မယ်၊ ဒါကြောင့် ပထမအဆင့်က ဒီ Virus တွေကို ဖယ်ရှားရမယ်''

''ဘယ်လို Virus မျိုးလည်း ဆရာ''

''Pervs လို့ ခေါ်တယ်။ တစ်နည်းအားဖြင့် Porcine Endogenous Retroviruses လို့လည်းခေါ် တယ်။ စုစုပေါင်း ၂၅ မျိုးရှိတယ်။ ဝက် DNA မှာ ပထမစတွေ့တာ၊ ဝက်ရဲ့ အရေပြားဆဲလ်ကို လေ့လာတာကနေ တွေ့တာ၊ အဲဒီအခါမှာ နည်းပညာသစ်ကိုသုံးပြီး ဖယ်ရှားခဲ့တယ်''

''ဘယ်လို နည်းပညာလဲ ဆရာ''

''Crispr လို့လည်း ခေါ်တယ်။ Game Changing Gene Editing Technology လို့လည်း ခေါ်တယ်။ ဒီနည်းသုံးပြီး Virus ၂၅ မျိုးကို ဖယ်ရှားခဲ့တယ်''

''ဒီလို ဖယ်မှလည်း စိတ်ချရမှာပေါ့ ဆရာ''

''ဟုတ်တယ်၊ လူသားတစ်သျှူးနဲ့ ဝက်တစ်သျှူးရောတဲ့အခါ ရောဂါကူးစက်မှာကြောက်ရတယ်၊ ခုလို Virus ကင်းစင်သွားတော့ ရောဂါကူးမှာ မစိုးရိမ်ရတော့ဘူး''

''ကောင်းတယ် ဆရာ''

''ဒီနည်းပညာကို eGenesis ဆိုတဲ့ သုတေသနအဖွဲ့က လုပ်ခဲ့တယ်။ ခုလို Virus ကင်းရှင်းအောင် လုပ်နိုင်ရုံမက ဝက်တစ်သျှူးကို လူသားခန္ဓာကိုယ်က မဖယ်ရှားအောင်လည်း လုပ်နိုင်ခဲ့တယ်။ ခုလို လုပ် လိုက်တာ ဝက် ၃၇ ကောင်ရလာတယ်''

''ဟုတ်ကဲ့ ဆရာ''

''သုတေသီတွေက Cloning Technology သုံးပြီး သုတေသန ဆက်လုပ်ခဲ့တယ်။ ဒီနည်းက Dolly ဆိုတဲ့ သိုးကလေးကို ဖန်ဆင်းခဲ့တဲ့ နည်းပါပဲ၊ ဝက်ရဲ့မျိုးဥထဲကို မျိုးရိုးဗီဇထည့်သွင်းပြီး သန္ဓေသား အသစ် ဖန်ဆင်းခဲ့တယ်။ အဲဒီအခါမှာ ဝက်ပေါက်ကလေး ၃၇ ကောင် မွေးလာတယ်။ ဒီနည်းပညာက အတော်ရှုပ်ထွေးတဲ့ နည်းပညာတဲ့ဗျ''

''ဟုတ်ကဲ့ ဆရာ''

''ဒီ ၃၇ ကောင်ဟာ ပထမဆုံး Virus ကင်းစင်တဲ့ ဝက်တွေပဲ၊ ဒီအကြောင်းကို Dr Luhan Yang က ရှင်းပြခဲ့တယ်''

''ဒီပါရဂူက ဘယ်ကလဲ''

''သူက Harvard University က ပါရဂူပါ။ ပြီးတော့ eGenesis ဆိုတဲ့ Spinout Company မှာလည်း လုပ်တယ်။

သူကဆက်ပြောတယ်။ ခုဝက်တွေဟာ Most Genetically Modified Animal တွေလို့ တင်စား ပြောခဲ့တယ်''

''ဟုတ်ကဲ့ ဆရာ''

''ခုလို လူနဲ့ တိရစ္ဆာန် အင်္ဂါ အစိတ်အပိုင်း အစားထိုးတာကို Xenotransplantation လို့ ခေါ်တယ်။ ဒီနည်းစနစ်သာ အောင်မြင် ရင် အင်္ဂါအစိတ်အပိုင်းရှားပါးတဲ့ ပြဿနာကို ဖြေရှင်းနိုင်ပြီ''

''ဟုတ်ကဲ့ ဆရာ''

''အင်္ဂါအစိတ်အပိုင်းရှားပါးမှုက ပြဿနာတစ်ခုဗျ၊ အမေရိကားမှာ လူနာပေါင်းတစ်သိန်းကျော်ဟာ အလှူရှင်ကို စောင့်နေတယ်။ ယူကေမှာလည်း လူနာပေါင်း ၆၅ဝဝ ကျော် စောင့်နေရတယ်''

''အများကြီးပဲ ဆရာ''

''ဟုတ်တယ်၊ စောင့်နေရတဲ့လူနာတွေ အများကြီးပဲ၊ Dr.Yang က ခုသုတေသနဟာ Early Stages of Research and Development လို့ပြောတယ်။ Dr.Yang က အခက်အခဲတွေ ကျော်လွှားဖို့ ရည်ရွယ်ထားပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ဝက်တွေက Xenotransplantation အတွက် အသုံးဝင်တယ်တဲ့၊ ဝက်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ အရွယ်အစားက အနေတော်ပဲ၊ ပြီးတော့ ဝက်ကို အကောင်ရေများများ မွေးနိုင်တယ်။ ဒါတွေဟာ အားသာ ချက်တွေပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာ''

''ခုလို Virus ဖယ်ရှားနိုင်တာက ခရီးတစ်ဝက်ရောက်ရုံပဲရှိသေးတယ်။ Human Immune System က ဝက်တစ်သျှူးကို လက်ခံလာအောင် Genetic Modification  တွေ ဆက်လုပ် နေရဦးမယ်''

''ဟုတ်ကဲ့ ဆရာ''

''တခြား ပါရဂူတွေကလည်း အလားအလာကောင်းကြောင်းပြော ကြတယ်။ Darren Friffin ဆိုတာက Genetics Prifessor ပဲ၊ သူက University of Kent က ပါမောက္ခပါ။ သူက Xenotransplatation ဟာ ဖြစ်နိုင်ခြေရှိပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''တစ်ခုတော့ရှိတာပေါ့ဗျာ။ Ethical Issue တွေရှိတယ်။ ဒါတွေကို ကျော်လွှားရလိမ့်မယ်''

''ဆေးပညာကျင့်ဝတ်သိက္ခာဆိုင်ရာ ကိစ္စရပ်တွေ မဟုတ်လား ဆရာ''

''ဟုတ်တယ်၊ ဒါတွေကို ရင်ဆိုင်ဖြေရှင်းရမယ်''

''ဖြေရှင်းနိုင်မှာပါ''

''University of Cambridge က ပါရဂူ Professor Ian Mc Connell က ပြောတယ်၊ ခုသုတေသ နက Promisinf first Step ပါပဲတဲ့။ ဆက်ပြီး သုတေသနလုပ်ရပါမယ်တဲ့။ Fully Safe Strategy in Organ Transplantation  ရအောင် ကြိုးစား ရပါမယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''Genetic-Editing ကလည်း ရှုပ်ထွေးတယ်။ အဆင့်များတယ်။ သုတေသီတွေဟာ Unexpected Challenges ကို ရင်ဆိုင်ရဦးမယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

'' Crisper Technology ဆိုတာက အတော်အဆင့်မြင့်တာဗျ၊ ဥပမာပေးထားတာက Sat-Nav နဲ့ Scissors ပေါင်းစပ်ထားသလိုပဲဗျ၊ Sat-Nav က Genetic Code ထဲက Right Spot ကို ရှာပေးတယ်။ Scissors ဖြတ်တယ်၊ ဒါက ရှင်းအောင်ပြောတာ၊ လက်တွေ့မှာ သိပ်ကိုရှုပ်ထွေးတယ်''

''ဟုတ်ကဲ့ ဆရာ''

''ခုလို သုတေသနတွေ အောင်မြင်လာရင် လူနာတွေ အကျိုးရှိမယ်၊ အလှူရှင်ကို အကြာကြီးမစောင့် ရဘူး။ စောစောကုနိုင်မယ်''

''ကောင်းတာပေါ့ ဆရာ၊ ကျွန်တော်တို့ ဗုဒ္ဓဘာသာနိုင်ငံမှာတော့ အလှူရှင်တွေပေါမယ်ထင်တယ်''

''ဟုတ်တယ်ဗျ၊ အလှူရှင်တွေ ပေါတယ်၊ ထူးခြားတဲ့ အလှူရှင်တစ်ဦး လည်း ရှိခဲ့ဖူးတယ်''

''ပြောပြပါဦး ဆရာ''

''အလှူရှင်က ဆရာဝန်တစ်ဦးပဲ၊ တံတားဦးဇာတိဗျ၊ နာမည်က ဒေါက်တာကိုကိုထွန်းတဲ့၊ ရောဂါဗေဒ ဆရာဝန်ကြီးဗျ၊ သူက အသည်းတစ်ခြမ်းကို လှူခဲ့တယ်။ ဆေးကျောင်းသားဘဝက ဆရာသမားဖြစ်ခဲ့ဖူးတဲ့ သားဖွားမီးယပ် အထူးကုဆရာဝန်မကြီးအတွက် လှူတာ၊ လူနာက အ သည်းကင်ဆာဗျ၊ အသည်းကို အစားထိုးနိုင်ရင် အသက်ရှင်မယ်''

''ဘယ်ဆေးရုံမှာလဲ ဆရာ''

''အိန္ဒိယမှာပါ။ ခွဲစိတ်မှု မလုပ်ခင် ဆေးရုံမှာ ကျင့်ဝတ်သိက္ခာဆိုင်ရာ ကော်မတီက ခေါ်မေးတယ်။ ဘာဖြစ်လို့ လှူတာလဲတဲ့၊ သဘောက စေတနာအလျောက် လှူတာဟုတ်မဟုတ် စစ်ဆေးတာပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာ''

''ဒေါက်တာ ကိုကိုထွန်းက ဆရာသမားမို့လို့ လှူတာပါလို့ ဖြေတယ်။ ကော်မတီဝင် လူကြီးတွေက ဆက်မေးတယ်။ အရင်က ဆရာဖြစ်ခဲ့တာပဲ၊ ခုလောလောဆယ်မှ မဟုတ်တော့တာပဲ၊ ဘာလို့ လှူတာလဲတဲ့''

''ဘာပြန်ဖြေလဲဆရာ''

''ဒေါက်တာကိုကိုထွန်းက ဖြေတယ်။ တစ်ခါဆရာဖြစ်ဖူးရင် တစ်သက်လုံး ဆရာပါပဲတဲ့၊ ဒီအဖြေ ကြောင့် ကော်မတီဝင် လူကြီးတွေဟာ အရမ်းအံ့အားသင့်သွားတယ်။ ဝမ်းလည်းဝမ်းသာတယ်။ အလှူရှင်ကိုလည်း မွန်မြတ်တဲ့စိတ်ဓာတ်ရှိတယ်ဆိုပြီး ဝိုင်းချီးကျူးကြတယ်။ တိုင်း တစ်ပါးသားတွေရဲ့ ချီးကျူးမှုကို ခံရ လို့ မြန်မာနိုင်ငံဆေးလောကအတွက် ဂုဏ်ယူစရာပါဗျ''

''ဂုဏ်ယူရမှာပါ ဆရာ၊ ဆရာ့ဂုဏ်ကျေးဇူးကို သိတတ်တာ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ထူးခြားတဲ့ လက္ခဏာပါဆရာ''

ထိုစဉ်စားပွဲပေါ်သို့ မုန့်မျိုးစုံပါသော ပန်းကန်များ ရောက်ရှိလာ၏။

''ဟာ- စားစရာတွေပါလား''

စားပွဲထိုးကလေးက ရှင်းပြလိုက်၏။

''ဆရာတို့တစ်တွေကို ကန်တော့တာပါတဲ့။ သူနာပြုသင်တန်းသူတွေက သူတို့ကို စာသင်ပေးလို့ပါတဲ့''

''ကောင်းပြီ၊ ဒါနမြောက်သွားအောင် သုံးဆောင်ကြစို့ဗျာ''

ဝိုင်းတော်သားများ အားရပါးရ သုံးဆောင်ကြလေ၏။

 

အောင် (ဆေး-၁)

 

ရည်ညွှန်းချက်။      ။ BBC News မှ “GM Pigs Take Step to Being Organ Donors ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.