16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ထူးဆန်းသော ကင်ဆာကုဆေးဝါး

နံနက်ခင်း နေရောင်ခြည်နုနုက လမ်းမကြီးပေါ်သို့ ဖြာကျလျက်ရှိ၏။

မိုးလေကင်းစင်၍ ရာသီဥတုကသာယာနေ၏။

ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်တွင် ယာဉ်မျိုးစုံ ဥဒဟိုသွားလာနေ၏။

ဒေးဗစ်ရွှေနုလမ်းထိပ်နှင့် ဓားလွယ်ခုတ်အရပ်တွင် လမ်းမကြီး၏ဘေး၌ 'ငွေတောင်' လက်ဖက်ရည် ဆိုင်တည်ရှိ၏။

ထိုဆိုင်သည် လက်ဖက်ရည် အရသာကောင်းသဖြင့် သမိုင်းခဝဲခြံတစ်ဝိုက်တွင် နာမည်ကြီးလျက်ရှိ၏။

ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်းသည် ဧည့်သည်များဖြစ်ကြသော အငြိမ်းစားကျောင်းအုပ်ကြီး ဦးမြသာ၊ ဒေါက်တာဝေယံကျော်ဇင်၊ ဒေါက် တာတင်မောင်ဆွေနှင့် စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်တို့အား နံနက်စာဖြင့် ဧည့်ခံနေ၏။

အဂ္ဂိရတ်ဝါသနာပါသော ဦးမြသာအား ရင်းနှီးသူများက 'မြေလျှောက်ဝိဇ္ဇာ'ဟု ချစ်စနိုးခေါ်ကြ၏။

''ဝိဇ္ဇာကြီး လက်ဖက်ရည် အရသာ ဘယ်လိုနေလဲ''

''ကောင်းတယ် ဦးဥာဏ်အုန်း၊ ကြိုက်သွားပြီ၊ ဒေါ်ပြုံးထမင်းကြော်ဆိုင်က ဝက်သားနဲ့ ထမင်းကြော်က လည်း တယ်ကောင်းသကိုး''

နံနက်စာကောင်းကောင်းစား ရ၍ ဦးမြသာ သဘောကျနေ၏။

''ဒါနဲ့ ဦးဥာဏ်အုန်းကို မေးရဦးမယ်၊ ခဝဲခြံက ဦးဥာဏ်အုန်းသွေးစစ်ပေးဖူးတဲ့ ကရင်အဘွားကြီးရော''

ဦးလွင်ဆင့်က မေးလိုက်၏။

နိုင်ငံကျော် ဝတ္ထုတို ဆရာမောင်ညိုပြာ၏ ကျော်ကြားသော ဝတ္ထုတိုတစ်ပုဒ်ဖြစ်သည့် 'ကြယ်များလွန် လျှင်' ဝတ္ထုတွင် ထိုကရင် အဘွားကြီးကို ထည့်သွင်းရေးသားခဲ့ဖူး၏။

''စိတ်မကောင်းစရာပဲ၊ ရင်သား ကင်ဆာနဲ့ ဆုံးသွားရှာပြီ''

''သြော်-စိတ်မကောင်းစရာပဲ၊ ကင်ဆာကလည်း အဖြစ်များလာတယ်ထင်တယ်။ ကျွန်တော်သိတဲ့ စာပေလောကသား တစ်ယောက်လည်း ကင်ဆာနဲ့ ဆုံးသွားရှာတယ်၊ သိပ်မကြာသေးဘူး''

''ဆရာဝေယံက နိုင်ငံခြားဆေးဂျာနယ်တွေ ဖတ်လေ့ရှိတယ်။ ကင်ဆာနဲ့ ပတ်သက်လို့ နောက်ဆုံး သတင်းတွေသိရင် ပြောပြပါဦး''

''ဟုတ်ကဲ့၊ ပြောပြပါ့မယ်၊ ကင်ဆာရဲ့ သဘာဝက ပျံ့နှံ့တတ်တယ်။ ဆေးပညာမှာတော့ Metastasis ခေါ်တာပေါ့။ ကင်ဆာလူနာတွေ အများစု သေဆုံးရတာက ဒီပျံ့နှံ့မှု ကြောင့်ပဲ၊ ဒါကြောင့် ဒီအချက်ကအရေးကြီးတယ်၊ မျက်မှောက်ခေတ်မှာ ကင်ဆာကုထုံးတွေ တိုးတက်လာပြီး ကင်ဆာကျိတ်က တစ်နေရာ တည်းရှိနေသေးရင် ကုရလွယ်တယ်၊ ပျံ့သွားရင်ကုဖို့မလွယ်ဘူး။ ဒါကြောင့် မပျံ့အောင် လုပ်ဖို့ကြိုးစားကြတယ်။ ဒီအကြောင်းကို Nature Communications ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖော်ပြပြီးပြီ''

''ဟုတ်ကဲ့ ဆရာ''

''အဲဒီ သုတေသနအကြောင်း ရှင်းပြပါဦး''

''ဒီလိုဗျ၊ ကင်ဆာဆဲလ်တွေဟာ Density များလာရင်တစ်နေရာ တည်းမနေတော့ဘဲ ဝေးရာကိုသွားတတ်တယ်၊ ကင်ဆာဆဲလ် အရေအတွက်များလာရင်ပေါ့ဗျာ၊ ဒါကို သုတေသီတစ်ဦးက ရှာတွေ့တယ်။ Dr.Hasini Jayatikala တဲ့၊ သူက အမေရိကန်နိုင်ငံမှာရှိတဲ့ Johns Hopkins University မှာ သုတေသနလုပ်နေတယ်။ Dr.Hasini ဟာ Johns Hopkins University တခြားသုတေသီတွေနဲ့ ပူးပေါင်းပြီး Metastasis ဖြစ်စေတဲ့ Biochemical Mechansm ကို အသေးစိတ်လေ့လာခဲ့တယ်''

''ဟုတ်ကဲ့ ဆရာ''

''ကင်ဆာဆဲလ်ဟာ ဘာကြောင့် ပျံ့နှံ့ရသလဲ၊ ဘယ်လိုပျံ့နှံ့သလဲ၊ မပျံ့အောင် ဘယ်လိုလုပ်မလဲ။ ဒီလိုမေး ခွန်းတွေနဲ့ အဖြေကိုရအောင် သုတေသနလုပ်ကြတယ်''

''ဘာတွေ တွေ့လဲဆရာ''

''ကင်ဆာလူနာတွေကို လေ့လာလိုက်တော့ လူနာ ၉ဝ ရာခိုင်နှုန်းက ကင်ဆာဆဲလ်တွေ ပျံ့နှံ့လို့ သေရတာတဲ့၊ သဘောက Metastasis ကြောင့် သေဆုံးမှု အများဆုံးဖြစ်တာကို တွေ့ ရတယ်''

''ဒါဆိုရင် Metastasis မဖြစ်အောင်တားနိုင်ရင် ဒီလူနာ အများစုလည်း မသေတော့ဘူးပေါ့''

''ဟုတ်တယ်ဗျ၊ သူတို့တွေ့တာက FDA က ခွင့်ပြုချက်ရပြီးသား ဆေးဝါးနှစ်မျိုးဟာ Metastasis ကို သိသိသာသာ နှေးကွေးသွားအောင် လုပ်နိုင်တယ်ဆိုတာပဲဗျ''

“FDA က ခွင့်ပြုပြီးသားဆိုတော့ ဒီဆေးတွေကို အလွယ်တကူသုံးနိုင်ပြီပေါ့ ဆရာ''

''မှန်တာပေါ့၊ သုံးနိုင်ပါပြီ။ Dr.Hasini က Chemical and Blomolecular Engineering ဘာသာရပ်မှာ ပါရဂူဘွဲ့ရထားတယ်။ လူတော်တစ်ဦးပဲ၊ သူနဲ့အဖွဲ့က ဆေးတွေကို ဓာတ်ခွဲ ခန်းမှာစမ်းပြီးပြီ၊ အောင်မြင်တယ်။ နောက်တစ်ဆင့်က သက်ရှိလူနာတွေမှာ လက်တွေ့စမ်းသပ်ဖို့ပဲ''

''အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ''

''အရင်က ကင်ဆာသုတေသနတွေက မူလကင်ဆာကျိတ်ကိုပဲ အာရုံစိုက်နေကြတယ်၊ မူလကင်ဆာကျိတ်ကိုပဲ Chemotherapy ကုထုံးရော တခြားကုထုံးတွေရောသုံးပြီး ကုကြတယ်။ ဒါပေမယ့် ကင်ဆာဆဲလ်တွေ တခြားနေရာပျံ့ပြီးသွားရင် မျှော်လင့်ချက်နည်းသွားပြီ၊ မရတာများတယ်''

''ဟုတ်ကဲ့ ဆရာ''

''သုတေတီတစ်ဦးဖြစ်တဲ့ Dr.Denis Wirtz ဆိုတာက Director of Physical Science ရာထူးရထားတယ်၊ ဒီဌာနကလည်း Johns Hopkins University လက်အောက်ခံပဲ၊ သူကလည်းပြောတယ်၊ ကင်ဆာလူနာအများစုဟာ ကင်ဆာဆဲလ်တွေ ပျံ့ကုန်လို့ သေရတာပါတဲ့''

''ဟုတ်ကဲ့ ဆရာ''

''အရင်က သုတေသီတွေက ကင်ဆာဆဲလ်ကို ဓာတ်ခွဲခန်းမှာ Petri Dish ထဲမှာလေ့လာခဲ့တာ၊ ခု Dr.Hasini က Three-Dimensional နဲ့ လေ့လာတာ''

''ထူးဆန်းတဲ့ နည်းသစ်ပဲ ဆရာ''

''ဟုတ်တယ်ဗျ၊ Three-Dimensional Model က လူသားတစ်သျှူးတွေနဲ့ ခပ်ဆင်ဆင်တူတယ်၊ အရင်က ကင်ဆာသုတေသီတွေ ထင်ထားတာက ကင်ဆာကျိတ်ဟာ အရွယ်အစားကြီးလာရင် ပျံ့နှံ့တယ်လို့ ယူဆခဲ့ကြတယ်။ Dr.Hasini တွေ့တာက Density ဟာ Size ထက်ပိုပြီး အရေးပါတာတွေ့ရတယ်တဲ့''

“Density များလာရင် ဘာဖြစ်သလဲ ဆရာ''

Density များလာရင် ကင်ဆာဆဲလ်တွေက ဓာတုဒြပ်ပေါင်းနှစ်မျိုး ထုတ်လုပ်တယ်။ Interleukin 6 နဲ့ Interrukin 8 တဲ့။ ဒီ Interleukin တွေက အရေးကြီးတယ်၊ ဒီဓာတု ဒြပ်ပေါင်းတွေကြောင့် မူလအကျိတ်ကနေခွဲထွက်ပြီး ကင်ဆာဆဲလ်တွေက အဝေးကိုရောက်သွားတယ်။ ဥပမာ- အဆုတ်၊ အသည်း၊ ဦးနှောက် စသည့်ဖြင့်ပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာ''

''သုတေသီတွေ တွေးခေါ်တာက ဒီဓာတုဒြပ်ပေါင်းတွေ အလုပ်မလုပ်နိုင်အောင် ပိတ်ဆို့လိုက်ရင် ကင်ဆာဆဲလ်လည်း မပျံ့နိုင်တော့ဘူးဆိုတာကိုပဲ၊ ဒါကြောင့် ပါရဂူတွေက Interleukin Receptor ကို ပိတ်ဆို့မယ့်ဆေးတွေ စမ်းကြည့်ကြတယ်၊ ဆေးနာမည်တွေက Tocilizumab ရယ်၊ Reparixin ရယ်တဲ့၊ ပထမဆေးက အရင်က Rheumatoid Arthritis ဆိုတဲ့ အဆစ်ရောင်ရောဂါတစ်မျိုးကို ကုတဲ့ဆေးပဲ၊ ဒုတိယဆေးကလည်း ကင်ဆာကုဆေးပဲ''

''ဒီဆေးနှစ်မျိုးက FDA ခွင့်ပြုချက်ရပြီးသားဆိုတော့ သက်ရှိလူနာမှာ စမ်းဖို့လွယ်သွားပြီ''

''ဟုတ်တယ်၊ လွယ်သွားပြီ၊ ခုလောလောဆယ်မှာ ကြွက်တွေမှာ စမ်းကြည့်တယ်၊ Metastasis ဟာ လုံးဝမရပ်သွားပေမယ့် နှေးကွေးသွားတယ်။ ဒီဆေးတွေက Interleukin Receptor ကို ပိတ်ဆို့လိုက်တယ်၊ ကင်ဆာဆဲလ်ဟာပျံ့နှံ့ဖို့ အချက်ပြ တာကိုမရတော့ဘူး။ ဒါကြောင့် Metastasis ဟာလည်း နှေးကွေးသွားတယ်''

''ဟုတ်ကဲ့ဆရာ''

“Dr.Hasini က သုတေသန ဆက်လုပ်ပြီး၊ Metastasis ကို လုံးဝရပ်သွားစေမယ့် နည်းလမ်းကို ဆက်ရှာဦးမှာတဲ့။ ဆေးဝါးသစ်ကိုလည်း ထပ်ရှာဦးမှာတဲ့''

''အားရစရာပါပဲဗျာ''

''အရင်က Chemotherapy ခေါ်တဲ့ ကင်ဆာကုထုံးကြောင့် ဆံပင်တွေ ကျွတ်တယ်၊ ပျို့တယ်၊ အန်တယ်၊ နောက်ဆက်တွဲဆိုးကျိုးများတယ်။ ခုဆေးဝါးတွေက နောက်ဆက်တွဲဆိုးကျိုး နည်းတယ်တဲ့''

''ကောင်းတယ် ဆရာ''

''ခုသုတေသနကို တခြားပါရဂူတွေကလည်း ထောက်ခံအားပေးကြတယ်။  အမေရိကားမှာ University of Texas ရှိတယ်။ ဒီတက္ကသိုလ်ကြီးရဲ့ လက်အောက်ခံ MD Anderson Cancer Center ဆိုတဲ့ ကင်ဆာသုတေသနဌာနကြီးရှိတယ်။ Dr.Anirban Maitra က အဲဒီဌာနက သုတေသီပဲ၊ သူ့ရာထူးက Co.Director of Pancreatic Cancer Research Center တဲ့၊ သူက “The Study Looked Promisig” လို့ ပြောသွားတယ်''

''ဟုတ်ကဲ့ ဆရာ''

''နောက်ပါရဂူတစ်ယောက်က Dr.Muhammad Zaman တဲ့၊ သူက Boston University  ကပဲ၊ သူ့ရာထူးက Professor and Cancer Expert တဲ့၊ သူကလည်း ခုသုတေသနဟာ စိတ်ဝင်စားစရာကောင်းကြောင်း၊ ဆေးဝါးသစ်ထုတ်လုပ်ရာမှာ အရေးပါမှာဖြစ်ကြောင်း၊ Drug Desing တွေ Therapy အသစ်တွေ ဖော်ထုတ်ရာမှာ အသုံးဝင်မှာဖြစ်ကြောင်း ပြောသွားတယ်''

''ဟုတ်ကဲ့ ဆရာ''

''ပြီးတော့ Dr.Zaman က ဆက်ပြောသေးတယ်။ ကင်ဆာသုတေသီတွေဟာ ကင်ဆာသုတေသနမှာ Engineering ပညာရပ်ဆိုင်ရာ တွေ့ရှိချက်တွေကို ပူးတွဲအသုံးချစေလိုကြောင်း၊ ကင်ဆာဟာ သာမန်ရောဂါ တစ်ခုမဟုတ်ကြောင်း၊ ကင်ဆာဟာ ရှုပ်ထွေးတဲ့စနစ်တစ်ခုဖြစ်ကြောင်း ပြောသွားတယ်''

''ဟုတ်ကဲ့ ဆရာ''

“Dr.Wirtz ကလည်း အနာဂတ်ကုထုံးတွေကို ကြိုတင်နမိတ်ဖတ်ခဲ့တယ်။ အနာဂတ်မှာ Chemotherapy နဲ့ Metastasis ကို တားဆီးမယ့် Drug Cocktail တွေကို တွဲသုံး မှာဖြစ်ကြောင်း ဟောကိန်းထုတ်ခဲ့တယ်''

''ဖြစ်နိုင်ခြေရှိပါတယ် ဆရာ''

''ပြီးတော့ Immuno Therapy လို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားစနစ်ပေါ်မှာ အခြေခံတဲ့ ကုထုံးလည်းရှိသေးတယ်။ Dr.Wirtz က ဒီကုထုံးကိုလည်း ပူးတွဲသုံးပါလိမ့်မယ်တဲ့''

''ဒါပေါ့ ဆရာ၊ ကင်ဆာဆိုတာက Complex System ပဲ၊ ကုထုံးမျိုးစုံသုံးမှပဲ တန်ကာကျမယ်''

''ဟုတ်ပါတယ်၊ ကုထုံးသစ်တွေ ပေါ်လာရင် သေပျောက်နှုန်းကျဆင်းသွားမှာပါ''

ထို့စဉ် ဒေါက်တာ ကျော်ဆွေသိန်း ရောက်ရှိလာ၏။

''ဆရာကျော်ပါလား၊ နောက်ကျနေပြီ၊ ကျွန်တော်တို့ စားလိုက်တာ ထမင်းကြော်ရော၊ ဝက်သားဟင်းရောကုန်ပြီ''

''ရပါတယ် ဦးဥာဏ်အုန်း၊ လက် ဖက်ရည်ရရင်တော်ပါပြီ''

''ဆရာကျော် ဘယ်ကလာတာလဲ၊ ပျာယီးပျာယာနဲ့''

''ဆရာမလေးက ပန်းကြိုက်တယ်၊ အရင်က နှင်းဆီပန်းပို့နေကျ၊ ခုကျမှခရေပန်းတဲ့၊ အဲဒါကပ်မှ ပြောတော့ ရှာရဖွေရ မလွယ်ဘူးဗျာ''

''ရပါတယ် ဆရာကျော်ရယ်၊ ဦးဥာဏ်အုန်းခြံထဲမှာ ခရေပင်တွေရှိတယ်၊ ပြီးရင် ခရေပွင့်တွေသွား ကောက်ကြတာပေါ့''

'နှစ်ဆယ်တစ်ရာစု မောင်ဗျတ္တ'ဟု ရင်းနှီးသူများက ခေါ်ကြသော ဒေါက်တာကျော်ဆွေသိန်းခမျာခုမှပင် သက်ပြင်းချကာ အမောဖြေနိုင် လေတော့၏။

 

အောင် (ဆေး-၁)

 ရည်ညွှန်းချက်။   ။ မလေးရှားနိုင်ငံထုတ် Star သတင်းစာပါ Fit Foe Life ကဏ္ဍမှ “Stopping Cancer Spread” ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.