19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ခြင်နှိမ်နင်းရေး ဂပီငါးမျိုးများ ရှာဖွေမွေးမြူသင့်ပြီ

၁၉၆၂ ခုနှစ်မတိုင်မီက ဥရောပနှင့်အရှေ့အာရှ ကူးသန်းသွားလာပျံ သန်းကြတဲ့ BOAC, Lufthansa Air Line လေယာဉ်တွေသည် ရန်ကုန်တွင် Transit လုပ်ကြတာများသည် ဟု ကြားဖူးသည်။

ထိုစဉ်က ဘန်ကောက်သည် များစွာမဖွံ့ဖြိုးသေးသည့်အပြင် မြို့ပြရဲ့သန့်ရှင်းရေးကလည်း  ယခု လောက်မကောင်း၍ ခြင်ကိုက်လှသည်ဟု ကြားခဲ့ဖူးသည်။                  

ထိုစဉ်က ရန်ကုန်တွင် မြူနီစီပယ်လုပ်ငန်းကောင်းမွန်၍ မြောင်းကြီးမြောင်းငယ်တွေ ရေစီးရေလာ ကောင်းသည့်အပြင် ရေမြောင်းကြီးများတွင် ခြင်လောက်လမ်းစားသည့် ငါးခူများ များစွာရှင်သန်ကျက်စား နေသည်ဟုလည်း နိုင်ငံခြားစာပေ စာနယ်ဇင်းတစ်ခုတွင် ဖတ်ရဖူးသည်။

ထိုငါးခူများ Catfish(Ictalurus puntatus) များ လွတ်လပ်စွာ သွားလာကူးခတ်ပြီး ခြင်လောက်လမ်း Mosquitos’ Larvae များကို ဖမ်းယူစားသောက်သည်ဟု ဖတ်ရဖူးသည်။ မြန်မာပြည်က ငါးခူနှင့် ယခုဖော်ပြသော ငါးခူ တူမတူတော့မသိပါ။

ယခုဖော်ပြသော Catfish မှာ The Randon House Dictionary of the English Language, The College Edition တွင် ဖော်ပြသော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ မြန်မာ့စွယ်စုံကျမ်းအတွဲ(၃) ဂ-စင်း တွင်ပါသော 'င' အက္ခရာ ငါးခူတွင်တော့ သိပံ္ပအမည်ကို (ကလာရီယပ် ဘာတရာချပ် = Calarius Batrachus )ဟု ဖော်ပြထားပါသည်။ အကြေးခွံ မပါတာချင်းတူပါသည်။ အရွယ်လည်း အထက်က Catfish မှာ လေးပေအရှည်ရှိ အကောင်ကို ရုပ်ပုံနှင့်ပြထားပြီး မြန်မာ့စွယ်စုံကျမ်းမှာတော့ ၁၂ ပေ အရှည်အထိပင်ကြီးနိုင်သည် ဆိုထားရာကွာလှမည်မထင်။ ယင်းငါးခူကို မြန်မာအင်္ဂလိပ် အဘိဓာန်တွင် ငါးခူ a kind of fresh water catfish ဟုပင်ဖော်ပြသော်လည်း သိပံ္ပအမည်ကိုမူ မြန်မာ့စွယ်စုံကျမ်းက ယူသလား၊ ဇီဝဗေဒနှင့် မစ္ဆဗေဒက ယူသလားမသိ၊ Clarius Batrachus ဟုပင် ဖော်ပြထားပါသည်။ ငါးခူနှင့် ငါးရံ့ Species of Ophiocephalidae  နှစ်မျိုးလုံးသည် သား ပေါက်ငယ်နှင့် ပိုးမွှားသက်ရှိကို ဖမ်းစားသော ငါးမျိုးများ Predator ဖြစ်စရာ ခြင်လောက်လမ်း Mosquitos’ Larvae တွေကို ဖမ်းယူစားသောက်မည်ဟု ထင်ပါသည်။

ယခုတင်ပြလိုသော Guppy ဂပ္ပီ ငါးမျိုးမှာ အထူးစိတ်ဝင်စားဖွယ် ကောင်းသည်။ ယင်းငါးမျိုးကို ဦးစွာနမူနာတွေ့ရှိပြီး ဗြိတိသျှပြတိုက်ကိုပို့ခဲ့သူမှာ (Trinidad အနောက် အိန္ဒိယကျွန်းစု ဗြိတိသျှကိုလိုနီဟောင်းမှ) R.J.L Guppy ဖြစ်ပါသည်။ သူ့အမည်ကိုအစွဲပြုပြီး ဇီဝ ဗေဒပညာရှင်တွေက ထိုငါးကို Guppy ဟု အင်္ဂလိပ်ဘာသာစကားဖြင့် ခေါ်ဝေါ်ခဲ့ပြီး သိပံ္ပအမည်ကို တော့ Lebistes Reticulatus ဟု သတ်မှတ်ခေါ်တွင်စေခဲ့သည်။

 ထိုငါးမျိုးသည် Oxygen ပျော်ဝင်မှု အလွန်နည်းသောရေမှာပင် ရှင်သန်ပွားများနိုင်၍ ငါးအမတစ်ကောင်လျှင် တစ်ရာသီလျှင် အနည်းဆုံးငါးသားပေါက် ၁ဝဝ မွေးဖွားနိုင်သည်ဟု ဆိုသည်။ 

 ထိုငါးမျိုးကို လွန်ခဲ့သော ၁၅ နှစ်လောက်က Arizona ပြည်နယ် Maricpoa ခရိုင် ရောဂါပိုး သယ်ဆောင်လာသော သတ္တဝါများ နှိမ်နင်း ရေးဌာနသို့ တယ်လီဖုန်းဆက် အကူအညီတောင်းလျှင် မွေးဖို့မျိုးရနိုင်သည်ဟု ဆိုသည်။

 ထိုနှစ်များဆီက ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်ရောက်၍ အမေရိကန်ပြည်ထောင်စုရှိ ဧရာမ အိမ်ခြံတွေမှာ အိမ်ငှားစရိတ်ကြီးနေ၍ နေမည့်ငှားမည့်သူမရှိ၊ ရေချိုကန်တွေလည်း ရေမလဲ မလှယ်နိုင်၍ ရေညှိတွေလွှမ်းပြီး ခြင်တွေအလွန်အမင်းပွားနေတော့ရာ ခြင်သယ်ဆောင်သော ငှက်ဖျားပိုးများ၊ အသားဝါ အဖျားရောဂါပိုးများ၊ ယနေ့သိလာရသော ဇီကာ Zica Virus နှင့် ထိုစဉ်က နာမည်ဆိုးနှင့် ကျော်ကြားနေသော အနောက်နိုင်းလ်မြစ် ဗိုင်းရပ်စ် West Nile Virus  သယ်သောခြင်တွေ ပေါက်ပွားလာမှာ စိုးရိမ်နေခဲ့ကြသည်။ ခြင်နိုင်ဆေးဖျန်းသော်လည်း ရေညှိ လွှမ်းသောကန်တွင် အာနိသင်ကို ငါးလလောက်သာ တားနိုင်သည်ဟုဆိုသည်။

Guppies ငါးများသည် ရေကန်မှာမွေးလျှင် မူလရှိဌာနေငါးမျိုးများ၏ ငါးသန်ငါးမှုန် (ငါးသား ပေါက်ကလေးများ) ကိုပါ စားပစ်ကြသည်။ ထို့နောက် ရေထဲမှာဥအုချပြီး လောက်လမ်း Larvae တွေ ပေါက်လာသော ခြင်ဖြစ်သည့် လောက်လမ်းများကိုပါ ဖမ်းစားကြသည်။                

ယင်း Guppies ငါးကလေးတွေသည် တစ်နေ့လျှင် တစ်ကောင်ချင်းစီ အနေဖြင့် ခြင်လောက်လမ်းများ ရာချီ စားသောက်နိုင်သည်ဟုဆိုသည်။                 ထိုငါးမျိုးကို ရန်ကုန်၊ မန္တလေးက ရေမြောင်း၊ ရေကန်၊ ရေညှိလွှမ်း နေသောကန်၊ ဗေဒါလွှမ်းနေသော ကန်များမှာမွေးထားလျှင် သဘာဝခြင်နှိမ်နင်းရေး Natural Mosquito control ဖြစ်လာစရာရှိပါသည်။ အမေရိကန်ပြည်ထောင်စုရှိ သံအဖွဲ့ဝင်များမှ တစ်ဆင့်ရယူစမ်းသပ်သင့်ပါသည်။

National Geographic Magazine တွင် ဖော်ပြသောပုံအရ ငါးကြင်းပေါက်ကလေးများနှင့် သဏ္ဌာန်တူ၍ အရွယ်အားဖြင့် ၁ လက်မ ၂ လက်မ သာသာခန့်သာရှိပုံရသည့် အကြေးပါသော ငါးကြင်း၊ ငါးခုံးမမျိုး နွယ်ပင် ဖြစ်ဟန်တူပါသည်။

ကျန်းမာရေးနှင့် ဇီဝဗေဒပညာရှင်တို့ လေ့လာစမ်းသပ်သင့်ပါသည်။

 

သုတကျော်

သုတကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.