23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
သဘာဝပေး ဆေးလက်ဆောင်များ

 မြန်မာတိုင်းရင်းသားတိုင်း ကြားဖူးကြပြီးဖြစ်မည့် ရှေးစကားပုံပြင်ကလေး တစ်ခုကိုပဲ ထပ်တင်ပြရလျှင် ဗုဒ္ဓဝင်လာသမားတော်ဇီဝက တက္ကသိုလ်ပြည်မှာ ဆေးပညာသင် ပြီး နေရပ်ပြန်ခွင့်တောင်းသောအခါ တက္ကသိုလ်ဆရာက တူးရွင်းငန်းပြား တစ်ချောင်းယူပြီး အရပ်ရှစ်မျက်နှာကို လွှတ်လိုက်ကာ ဆေးဖက်မဝင်သော သစ်ပင်တစ်မျိုးမျိုးကို တူးယူခဲ့ပါဟု စေလိုက်ပါသတဲ့။

ဇီဝက လောင်းလျာသည် စေလွှတ်ရာအရပ်တိုင်းမှ ပြန်လာပြီး ဆေးဖက်မဝင်သော အပင်ဟူ၍ တပည့်ရှာမရပါဟု ပြောသောအခါမှ ''အေး မင်းဆေး ပညာတတ်ပြီ နေရပ် ပြန်ပေတော့''ဟု စေလွှတ်သောဟူ၏။

မှန်ပါသည်။ တိုင်းရင်းဆေးကျမ်း တတ်ကျွမ်းသူတစ်ဦးရှေ့တွင် ''က'' အက္ခရာပါ အပင်များကို ကြုံသလို ရေရွတ်သွားလျှင် ဆေးသုံးကိုပြောပြ နိုင်သလို၊ 'ခ' အက္ခရာပါ အပင်များ ကို ရွတ်ဆိုပါလျှင်လည်း ဆေးဖက်ဝင်ပုံကို ပြောပြနိုင်စွမ်းရှိပါသည်။ ဆေးသုံးရာတွင် ထိုအပင်၏ ပဉ္စငါးပါးအလိုက် အမြစ်၊ ပင်စည်၊ အရိုး၊ အရွက်၊ အပွင့်၊ အသီး၊ အစေ့ နေရာအလိုက် အသုံးဝင်ကြသည်ချည်းဖြစ်ပါသည်။

 ကောင်းပြီ။ သစ်ပင်၊ သစ်ဥ၊ သစ်ရွက်တွင်သာ ဆေးဖက်ဝင်ပါသလားဆိုတော့ မဟုတ်သေးပါ။ သဘာဝအတိုင်း ရှင်သန်ပွားစည်းနေသော တိရစ္ဆာန်တွေမှာလည်း ဆေးဖက်ဝင် ဇီဝဓာတုပစ္စည်းတွေ ပါဝင်ဖွဲ့စည်း ထားကြသည်ချည်းဖြစ်သည်။

လူသားကိုကိုက်လျှင် အသက်အန္တရာယ် ဖြစ်စေတတ်သော မြွေပွေး၏အဆိပ်  (Toxin of Viper Snake) သည်ပင် အနာကြီးရောဂါပိုး ဘက်တီးရီးယားကို သေစေနိုင်သည်ဟု လူတို့(သမားတော်တို့) သိလာခဲ့ကြပါသည်။ Leprosy ဖြစ်စေသော ဘက်တီးရီးယား (Bacillus, Myco bacterium Leprae) ကို  Snake’s Venon, Virus  က သုတ်သင်နိုင်သည်ဟု သိထားကြပါသည်။ စပါးကြီးသည်းခြေသည် အလွန်အစွမ်းထက်သည့် Anti-tetanus Antidote ဖြစ်ကြောင်း လူသိများပါသည်။ ၁၉၈ဝ ပြည့်လွန်စတွင် မြန်မာနိုင်ငံ၌ ပြည်ပမှတင်သွင်းရသော ဆေးဝါးများရှားပါး နေချိန်တွင် အထက်မြန်မာနိုင်ငံ၏ ဆေးရုံကြီးတစ်ခုတွင် ခွဲစိတ်ပြီးလူနာများကို မန္တလေးဒေသက ထုတ်လုပ်သည့် စပါးကြီးသည်းခြေပါသည်ဟုဆိုသော ဆေးတစ်မျိုးကို လိမ်းကျံခြင်း၊ သောက်စားခြင်းပြုဖို့ အကြံပြုတိုက် တွန်းကြသည်ဟုကြားဖူးပါသည်။ ထိုဆေးမှာ မောရိယမန်းဆေးဟု လူသိများပါသည်။

စာရေးသူငယ်ငယ်က ကြီးတော်ကြီးတစ်ဦးက ပြောဖူးသည်။ သူတို့နှင့် ရင်းနှီးသော ရပ်ဆွေရပ်မျိုး၊ မျိုးကြီးဆွေကြီးတစ်ဦးတွင် အနာကြီးရောဂါစွဲကပ်ခြင်းခံရသည့်အတွက် အောက်အရပ်သို့ လူလွှတ်၍ မိကျောင်းသည်းခြေ အရှာခိုင်းပြီး တိုက်ကျွေး၊ လိမ်းကျံခဲ့ရဖူးသည်ဟု ဆိုသည်။

မိကျောင်း၏ သည်းခြေသည် ဘက်တီးရီးယားတို့ကို နှိမ်နင်းနိုင် ဖွယ်ရှိသည်။ မိကျောင်းများသည် လူများကို ဖမ်းဆီးဝါးမျိုကြရာ မိကျောင်းဖမ်းမိ၍ ဝမ်းဗိုက်ကိုခွဲရာ တွင် မကျေသေးသော လူလက်များ၊ မှိန်းသွားခေါ် သံစူးများပင် တွေ့ရသည်ဟုဆိုသည်။ တိရစ္ဆာန်ထွက် ပိုးသတ်ဆေးများ Antibiotic တွေလည်း မကြာခဏ ကြုံရ၊ ကြားရဖူး သည်။ တောင်ဆိတ်လျှာတို့ ဆတ်ချို နုတို့၊ ကြံ့ချိုတို့ကိုလည်း အရှေ့တိုင်းဆေးတွေမှာ သုံးနေကြသည်ကို ကြားရဖူးသည်။

မကြာသေးမီက National Geographic မဂ္ဂဇင်းတွင် ဖတ်ရှုရသော တိရစ္ဆာန်ထွက် အဆိပ်ဖြေဆေး နှစ်မျိုးကို တင်ပြလိုပါသည်။ ပထမအမျိုးကတော့ မြင်းခွာပုံကဏန်းရဲ့ သွေးဖြစ်သည်။ Horse Shoes Crsab’s blood ဟုရေးထားသည်။ ဤမြင်းခွာပုံ ကဏန်းကောင်သည် ဒိုင်နိုဆောထက်ပင် ရှေးကျသော တိရစ္ဆာန်ဟု စာပေများမှာရေး သားထားပါသည်။ ယင်းမှရသော အပြာရောင်သွေးသည် မရေမတွက် နိုင်လောက်တဲ့ လူသားတို့ရဲ့ အသက်ကို ကယ်နိုင်ခဲ့သည်ဟု ဆိုထားသည်။ ထိုမြင်းခွာပုံကဏန်း၏ သွေးသည် ဇီဝဆေးဝါးလုပ်ငန်းများတွင် ထုတ်လုပ်သော ထိုးဆေး Vaccines များ၊ အကြောဆေးများနှင့် ဆေးဖက်ဆိုင်ရာ အသုံးအဆောင်ကိရိယာများ၊ ဆေးထိုးအပ်၊ ဆေးထိုးပြွန်စသည်တို့ ကို ပိုးသန့်စေ ဆေးကြောသန့်စင်စေနိုင်သည်ဟု ဆိုပါသည်။

 မြင်းခွာပုံကဏန်းရဲ့ အလွန်ရှေးကျစွာ တည်ဆောက်ထားသော အင်္ဂါ (လူသားနှင့် သတ္တဝါတို့ရဲ့ နှလုံးနှင့်တူသောအင်္ဂါ)မှ ထုတ်ယူရရှိသောသွေးမှာ အပြာရောင်ဖြစ် သည်ဟု ဆိုသည်။ ထိုအပြာရောင်မှာ ပါဝင်ဖွဲ့ စည်းထားသော ကြေးနီကြောင့်ဖြစ် သည်။ ထိုပစ္စည်းသည် ကဏန်း၏နှလုံးကဲ့သို့သော အင်္ဂါတွင် အောက်ဆီဂျင်ဓာတ်သယ်ဆောင် သည့် ကြေးနီဓာတ်သက်သည့် ပရိုတင်းဖြစ်ရာ သံဓာတ်အခြေခံသော လူသွေး Hemoglobin နှင့် လုပ်ဆောင်မှုသဘောညီသည့် Hemocyanin ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ အရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းတွင် ပြည်နယ်အချင်းချင်း သဘောတူညီချက် ဥပဒေအရ ခွင့်ပြုချက်ဖြင့် မြင်းခွာပုံကဏန်း ကောင်ရေ ၅ဝဝဝဝဝ လောက် နှစ်စဉ်ဖမ်းယူကာ သွေးကိုထုတ်ယူပြီး မသေတဲ့ကဏန်းတွေကို ပင်လယ်ထဲ ပြန်လွှတ်ကြသည်။ ပင်လယ်မှာတော့ ပြန်လွှတ်တဲ့ ကဏန်း ၁၅ ရာခိုင်နှုန်းလောက်သာ ဆက်လက်ရှင်သန်သည်ဟု ဆိုပါသည်။

ထိုမြင်းခွာပုံကဏန်း၏ သွေးသည် ရောဂါဖြစ်စေသော သက်ရှိ Pathogen နှင့် တွေ့လျှင် ခဲသွားသည်ဟုဆိုသည်။ ထိုသို့ ခဲသွား၍ ရောဂါဖြစ်သည့် သက်ရှိ လူကိုသော်လည်းကောင်း၊ တိရစ္ဆာန်ကိုသော်လည်းကောင်း ရောဂါဆက်မဖြစ်တော့ပေ။ လက်တွေ့အားဖြင့် E.coli နှင့် Salmonella ပိုးတွေကို သေစေသည်ကို လက်တွေ့မြင်ရဖူး ပြီဖြစ်သည်။

ဤပိုးသန့်ဆေးသည် ပျော်ဝင်ပစ္စည်းအရည် စသည်တို့တွင် ရောဂါ ပိုးပါဝင်မှုသည် ၁၂ဝဝဝ,ဝဝဝ,ဝဝဝ,ဝဝဝ) ပုံတွင် တစ်ပုံမျှသော ရောဂါပိုးပါနေလျှင်ပင် ဤမြင်းခွာပုံကဏန်း၏ သွေးဖြင့် ရောဂါပိုးကိုသတ်နိုင်သည်ဟု ဆိုထားပါသည်။ ဤပမာဏကို သာမန်လူတွေ နားလည်အောင်ပြောရလျှင် အိုလံပစ် ရေကူးကန်ထဲတွင် သကြားတစ်ပွင့်စာ ရောဂါပိုးထည့်ထားလျှင်ပင် ကဏန်းသွေးက စစ်ဆေး ပေးနိုင်သည်ဟုဆိုပါသည်။ ဤစကားကိုပြောသူမှာ Endosafe ကုမ္ပဏီမှာ စစ်ဆေးရေးပစ္စည်း ထုတ်လုပ်သူ  John Dubezak ဖြစ်ပါသည်။

ယခုအခါတွင် Prineeton တက္ကသိုလ်မှ သုတေသီများသည်  ရောဂါပိုး စစ်ဆေးသန့်စင်ရေးအတွက် အခြားနည်းတစ်ခုကို လေ့လာနေပါသည်။ အာဖရိကမှာ တွေ့ရသည့် ခြေထောက်တွင် ခြေသည်းရှည်များပါသော ဖားတစ်မျိုး (African clawed Frog) ရဲ့ အရေပြားပေါ်တွင် Antimicrobial Peptides အနုဇီဝပိုးများကို သုတ်သင်နိုင်သော Peptide များကို ဓာတ်ခွဲခန်းတွင် ဖော်စပ်ပြီးသုံးဖို့ စဉ်းစားနေကြပါပြီ။ ထိုသုတေသန လုပ်ငန်းအောင်မြင်လျှင် မြင်းခွာပုံ ကဏန်းတွေ အသေအပျောက် လျော့ နည်းသွားစရာရှိပါသည်။ ဒါကလည်း တကယ်ပဲ နှစ်သန်းချီကြာမြင့်စွာ တည်ရှိနေခဲ့သော မဟာဗျူဟာကို အစားထိုးနိုင်မှသာ ဖြစ်လိမ့်မည်။

သုတကျော်

သုတကျော်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.