19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826
1 
JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
ကျန်းမာရေး
အိပ်ရေးဝလျှင် စိတ်လန်းရွှင် အိပ်ရေးပျက်ခြင်းနှင့် နောက်ဆက်တွဲဖြစ်တတ်သည့် ရောဂါများ
       မိုးက တဖွဲဖွဲရွာနေ၏။
       ဒေါက်တာမင်းလှသီဟသူသည် မိုးအေးသဖြင့် အနွေးဓာတ်ရရှိရန်ကာ ပူချီနိုကော်ဖီတစ်ခွက်ကို ဇိမ်ခံ၍ သောက်နေ၏။
       ထိုစဉ် Samsung Galaxy C 8 Plus လက်ကိုင်ဖုန်းမြည်လာ၍ ကောက်ကိုင် လိုက်၏။
''ဟဲလို၊ ကိုကျော်စွာလား၊ ကျွန်တော်ဘာလုပ်ပေးရမယ်၊ ဘူဖေးညစာနဲ့ ဂုဏ်ပြုချင်လို့၊ ရပါတယ်။ The Melia ဟိုတယ်မှာ စီစဉ်ပေးမယ်။ အဲဒီမှာ The Market စားသောက်ဆိုင်ရှိတယ်။ Open Market Concest ကိုအခြေခံပြီး ဖွင့်ထားတာ။ ဂုဏ်ပြုဧည့်ခံပွဲလုပ်ရင် အဆင်ပြေတယ်။ နေရာကောင်းတယ်။ အစားအသောက် ကောင်းတယ်။ ဘူဖေးကအဓိကပဲ။ ဒါပေမယ့် မီနူးထဲက ကြိုက်ရာမှာစားလို့ လည်းရတယ်။ ဆိုင်ဖွင့်ချိန်က ညနေစာဘူဖေးဆိုရင် ညနေ ၆ နာရီကနေ ည ၁ဝ နာရီဗျ။ လာခဲ့လေ၊ ဝိုင်းတော်သားတွေပါ ခေါ်ခဲ့ပေါ့။ နေရာသိတဲ့ ဦးလွင်ဆင့်ကိုပါ ခေါ်ခဲ့။ ကျွန်တော်ကြိုတင်သွားပြီး စီစဉ်နှင့်မယ်။ အိုကေ ဒါပဲ''
ဒေါက်တာကျော်စွာရဲခေါင်က ဆုရရှိသော မိတ်ဆွေတစ်ဦးအား ဂုဏ်ပြုဧည့်ခံလို၍ သူငယ်ချင်း ဒေါက်တာ မင်းလှသီဟသူအား အကူအညီတောင်းခြင်းဖြစ်၏။ တစ်တန်း တည်းသား သူငယ်ချင်းဖြစ်၍ ကူညီ နေကြဖြစ်၏။
 နိုင်ငံခြား အဖွဲ့အစည်းတစ်ခုက စာပေဆုချီးမြှင့်လေ့ရှိရာ မိတ်ဆွေ စာရေးဆရာ တစ်ဦးရရှိသွား၍ ဝိုင်း တော်သားများနှင့်အတူ ဂုဏ်ပြုလိုသောကြောင့်စီစဉ်ခြင်းဖြစ်၏။
 မကြာမီ ဒေါက်တာမင်းလှသီဟ သူသည်  The Melia ဟိုတယ်သို့ ရောက်ရှိသွား ကာ ကြိုတင်စီစဉ်လိုက်၏။
ညနေ ၆ နာရီတွင် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးရွှေသာ၊ စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်း၊ ဝတ္ထုတို ဆရာမ မစပယ်၊ ကဗျာဆရာမ မကြည် ဆွေ၊ အင်းစိန်သား ကဗျာဆရာမောင် တိုင်ပြာတို့ စုံညီစွာ ရောက်ရှိလာကြ၏။
 ''ကြွကြပါ ဆရာ၊ ဆရာမတို့၊ ဆုရတဲ့ မိတ်ဆွေရော''
''လာလိမ့်မယ် ဆရာမင်း၊ ဒေါက်တာပြုံးနွဲ့ရီတို့ အုပ်စုနဲ့လိုက်လာလိမ့်မယ်။ ပြီးတော့ မန္တလေးက ဧည့်သည်တွေလည်းပါဦးမယ်''
''ရပါတယ်၊ ကျွန်တော် စီစဉ်ထားပြီးပါပြီ။ ဥရောပအစားအစာ၊ အာရှအစားအစာ၊ မြန်မာအစားအစာ တစ်နေရာထဲမှာ စုံစုံလင်လင်ရတယ်။ ဘူဖေးလည်းရတယ်။ မီနူးထဲ က ကြိုက်ရာမှာစားချင်လည်းရတယ်။ နှစ်သက်ရာသုံးဆောင်ပါ''
 ''ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒါဆို အဆင်ပြေပါတယ်''
မကြာမီ ဒေါက်တာပြုံးနွဲ့ရီ ဦးဆောင်သော လေဒီဒေါက်တာတစ်စုနှင့် ဒေါက်တာ ကျော်ဆွေသိန်း ဖိတ်ကြားကာ လမ်းပြခေါ်ဆောင်လာသော မန္တလေးမှ ဧည့်သည်တစ်စု တို့ အသီးသီးရောက်ရှိလာကြ၏။
 ဒေါက်တာပြုံးနွဲ့ရီတို့အုပ်စုတွင် ဆုရစာရေးဆရာပါလာ၏။ နိုင်ငံခြားမှာ စာပေဆုရွေးချယ်ရေး အဖွဲ့ဝင်များက အင်္ဂလိပ်လိုရေးသားထားသောစာအုပ်များကို ရွေးချယ်ဆုပေးသဖြင့် စာရေးဆရာမောင်ညိုပြာက ၄င်း၏ ဝတ္ထုတိုများကို အင်္ဂလိပ် ဘာသာဖြင့် ပြန်ဆိုကာ ရေးသားပြုစုရာမှ ဆုရရှိ ခြင်းဖြစ်၏။
ထိုစာပေဆုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကလောင်အမည်မှာ အင်္ဂလိပ်လိုဖြစ်ရန် လိုအပ်၍ Mr Brown Blue ဟူသော ကလောင်အမည်ဖြင့် ရေးသားကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့၏။
 ဒေါက်တာကျော်စွာရဲခေါင်သည် ဆရာမောင်ညိုပြာကို လွန်စွာကြည်ညိုသဖြင့် ယခုကဲ့သို့ ဘူဖေးညစာဖြင့် ဂုဏ်ပြုခြင်းဖြစ်၏။
ဧည့်သည်များစုံလင်သောအခါ နှစ်သက်ရာ အဖျော်များ၊ အချိုရည်များကို မှာယူကြ၏။ ၄င်းနောက် အချို့ကဘူဖေးသုံးဆောင်ကြ၏။ အချို့က မီနူးမှနှစ်သက်ရာ ကိုမှာယူကာသုံးဆောင်ကြ၏။
       အငြိမ်းစားကျောင်းအုပ်ကြီး ဦးရွှေသာသည် အဂ္ဂိရိတ်ဝါသနာပါ သူဖြစ်၏။
       ''ဝိဇ္ဇာကြီး၊ ဘူဖေးစားရတာ အဆင်ရဲ့လား''
       ''ပြေပါတယ် ဆရာမင်း၊ ဆရာကျော်စွာက တယ်လည်းစေတနာကောင်းသကိုး။ ဒါနဲ့ ကဗျာဆရာ မောင်ဒေါနတစ်ယောက်ရော''
       ''ဆီးချိုရောဂါဖြစ်ကာစ အခြေအနေမှာ ရောက်နေတယ်တဲ့၊ အချိုစားမိမှာစိုးလို့ ဒီပွဲကို ရောက်မလာ ဘူး''
''ဟုတ်လား၊ မောင်ဒေါနက အလုပ်လောဘကြီးတယ်။ အိပ်ရေးပျက်ခံပြီး အလုပ်လုပ်တယ်။ ကမ္ဘာကျော် ကဗျာဆရာတွေရဲ့ ကဗျာတွေကို ဘာသာပြန်တယ်။ ယက်ဗတူရှင်ကို တို့၊ ရှယ်လီတို့လို ကမ္ဘာကျော်တွေပေါ့ဗျာ။ သူ့ရည်ရွယ်ချက်က စာဖတ် ပရိသတ်ကို ကမ္ဘာ့စာပေနဲ့ မိတ်ဆက် ပေးချင်တာတဲ့၊ ရည်ရွယ်ချက်ကောင်းပါတယ်။ ဒါပေမယ့် မှန်မှန်လုပ် သွားရမှာ၊ အလောတကြီး မလုပ်သင့်ဘူး''
       ''မှန်တယ် ဝိဇ္ဇာကြီး၊ ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်ရမှာ''
       ''အိပ်ရေးပျက်တာများလို့ ခုလို ဖြစ်တာထင်တယ်''
''ဖြစ်နိုင်တယ် ဝိဇ္ဇာကြီး Endocrine Society ဆိုတဲ့ ဟော်မုန်းဗေဒဆိုင်ရာ အသင်းကြီးက အစည်းအဝေးတစ်ခုလုပ်ခဲ့တယ်။ အစည်းအဝေးမှာ သုတေသနစာတမ်း တွေတင်ကြတယ်။ စာတမ်းတွေထဲမှာ အိပ်ရေးပျက်တာနဲ့ ပတ်သက်တဲ့စာတမ်းပါတယ်''
       ''ဟုတ်လား စိတ်ဝင်စားစရာပဲ ပြောပါဦး''
''သုတေသနပြုလုပ်ချက်အရ အိပ်ရေးပျက်ပါများရင် ဆီးချိုရောဂါ ဝင်လာတတ် တယ်။ ပြီးတော့ အဝ လွန်ရောဂါလည်းရတတ်တယ်''
       ''မောင်ဒေါနက အရင်နဲ့မတူဘူး ဝလာတယ်''
''ဟုတ်တယ်၊ သုတေသနမှာ အစမ်းသပ်ခံ လူပေါင်း ၅၂၂ ဦးကို လေ့ လာခဲ့တယ်။ ရလဒ်တွေက စိတ်ဝင်စားစရာကောင်းတယ်။ အစည်းအ ဝေးမှာ ဒီသုတေသနအကြောင်း တင်ပြလိုက်တော့ ပါရဂူတွေစိတ်ဝင်စားကြတယ်။ ခုစမ်းသပ်တာက လူပေါင်း ငါးရာကျော်ပဲရှိသေးတယ်။ ပါရဂူတွေအကြံပေးတာက လူများများပါတဲ့ သုတေသနတွေ ထပ်လုပ်စေချင်သေးတယ်။ Large Trial တွေပေါ့ဗျာ''
       ''အစမ်းသပ်ခံလူများများပါ  လေ ရလဒ်ကောင်းလေပဲ''
''မှန်တာပေါ့ ဝိဇ္ဇာကြီး၊ အရင်ကလည်း အလားတူသုတေသနမျိုးတွေလုပ်ဖူးတယ်။ ဥပမာ-နေ့ဆိုင်း၊ ညဆိုင်းလုပ်ရတဲ့ အလုပ်သမားတွေပေါ့။
ညဆိုင်းသမားတွေက အိပ်ရေးပျက်တယ်။ နေ့ခင်းမှာ ပြန်အိပ်ခွင့်ရတယ်ဆိုပေမယ့် အိပ်ရေးမဝဘူး။ ညဘက်အိပ်ရတာနဲ့မတူဘူး၊ သဘာဝ ဟုတ်ဘူး။ ညဆိုင်းအလုပ်သမား တွေဟာ ရေရှည်မှာရောဂါရတယ်။ နဂိုက ကျန်းမာနေပေမယ့်အကြို ဆီးချိုရောဂါရ လာတယ်။ Pre-Diabetic State  ပေါ့''
''ဟာ-ဒါဆို နောင်ကာလမှာ တကယ့်ဆီးချိုရောဂါအစစ်ဘဝကို ကူးသွားနိုင်တာ ပေါ့နော်''တယ်။ ညဘက်မအိပ်ရတော့ ဇီဝနာရီက ကမောက်ကမဖြစ်လာတယ်။ Body Clock က အချိန်မှန်မှန် မသွားတော့ဘူး။ ဟော်မုန်းတွေကမောက်ကမဖြစ်လာတယ်။ Natural Rhythm of Hormones က ကစဥ့်ကလျားဖြစ်လာတယ်။ ပြောင်းလဲလာ တယ်။ ပုံမှန်မဟုတ်တော့ဘူး။ ဒီလို ဟော်မုန်းတွေအတက်အကျဖြစ်လာတာကြောင့် ကျန်းမာရေးပြဿနာတွေအများကြီးဖြစ်လာတယ်။ Health Problem တွေပေါ့ဗျာ''
       ''ဟုတ်ကဲ့ ဆရာမင်း''
''ညဆိုင်းမလုပ်ရဘဲ အိပ်ရေးပျက်တာလည်းရှိတယ်။ လုပ်ငန်းခွင်စိတ်ဖိစီးမှု ကြောင့် ညညအိပ်မပျော်တာရှိတယ်။ လူမှုရေးတွေကြောင့် အိပ်ရေးပျက်တာရှိတယ်။ ဥပမာ-ညဘက်ဧည့်ခံပွဲသွားတယ်။ ကရာအိုကေသွားတာတွေပါတယ်။ ဒါတွေကလည်း  ကျန်းမာရေး ထိခိုက်စေတယ် တဲ့''
       ''ဟုတ်ကဲ့ ဆရာမင်း''
''ခုသုတေသနကို ပူးတွဲလုပ်တာဗျ၊ ယူကေမှာရှိတဲ့ University of Bristol က ပါရဂူ တွေရယ်၊ Well Cornell Medical College ရယ် ပေါင်းလုပ်တာဗျ။ ဒီ College က Qatar နိုင်ငံမှာရှိတယ်။ သုတေသီတွေက “Sleep Debe” ကို လေ့လာခဲ့တယ်။ ဒါက Weekday မှာ အိပ်တဲ့အိပ်ချိန်တွေနဲ့ Weekend မှာ အိပ်တဲ့အိပ်ချိန်ကွာခြားချက်ကို ဆိုလိုတာ၊ သဘောက စနေ၊ တနင်္ဂနွေကျရင် ပိုအိပ်တာကိုး၊ တစ်ပတ်လုံး အကြွေးတင်တာကို အားလပ်ရက်ကျမှ အကြွေးဆပ်တဲ့သဘောပေါ့ဗျာ”
       ''ရှင်းပါတယ် ဆရာမင်း''
 “Well Cornell Medical College” က ပါရဂူဖြစ်တဲ့ Professor Shahrad Taheri  ကပြောတယ်။ တစ်နေ့ကိုပျမ်းမျှခြင်း မိနစ်သုံးဆယ်လောက် အကြွေးတင်ရင်တောင်ကြာ ရင် ကျန်းမာရေးထိခိုက်တယ်တဲ့။ အဝလွန်ရောဂါဖြစ်နိုင်ခြေများလာတယ်တဲ့၊ ဆီးချိုရောဂါဖြစ်နိုင်ခြေများလာတယ်တဲ့''
       ''ဟုတ်ကဲ့ ဆရာမင်း''
''Professor ကြီးက ဆက်ပြောတယ်။ အိပ်ရေးပျက်တဲ့ကိစ္စက ခေတ်ပေါ်လူနေမှု အသိုင်းအဝိုင်းပတ်ဝန်းကျင်မှာ အဖြစ်များနေပါတယ်တဲ့၊ ဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲလာတာလည်း ပါပါတယ်တဲ့။ ဒါပေမယ့် အကျိုးဆက်ကို အရင်က သိပ်မသိကြ ဘူးတဲ့၊ မကြာသေးခင်ကမှ အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သိလာတာပါတဲ့၊ အိပ်ရေးပျက်တာက ဇီဝကမ္မဖြစ်စဉ်မှာအ ပြောင်းအလဲဖြစ်ပေါ်စေပါ တယ်တဲ့''
       ''ဟုတ်ကဲ့ ဆရာမင်း''
''Professor ကြီးရဲ့ အယူအဆအရ အိပ်ရေးဝရင် ကောင်းကျိုးရနိုင်တယ်တဲ့၊ အိပ်ရေးဝတာဟာ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်တဲ့၊ ဒါကြောင့် ဆီးချိုရောဂါ သမားတွေ၊ အဝလွန်ရောဂါလူနာတွေမှာ အိပ်ရေးဝဝအိပ်စေတဲ့ ကုထုံးကိုလည်း ထည့်သွင်းသင့်ပါတယ်တဲ့''
       ''ဟုတ်ကဲ့ ဆရာမင်း''
''သုတေသနလုပ်တာက ငွေကုန်တယ်။ ယူကေနိုင်ငံက ကျန်းမာရေးဌာနက ရန်ပုံငွေထောက်ပံ့တယ်။ ဆီးချိုရောဂါကဖြစ်လာရင် နောက်ဆက် တွဲဆိုးကျိုးများတယ်။ မျက်လုံးကွယ်စေတယ်။ နှလုံးရောဂါရစေနိုင်တယ်။ လေဖြတ်စေနိုင်တယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ရမယ်။ ဒါမှ ဆီးချိုရောဂါဖြစ်နိုင်ခြေလျော့သွားမယ်''
       ''ဟုတ်ကဲ့ ဆရာမင်း''
''တခြားပါရဂူတွေကလည်း ခုသုတေသနကို စိတ်ဝင်စားစေကြတယ်။ ပိုပြီး ကျယ်ပြန်တဲ့ သုတေသနတွေ ဆက်လုပ်စေချင်ကြတယ်။ University of Surrey က ပါရဂူ Dr Denise Robertson ကပြောတယ်။ ခုသုတေသနက စိတ်ဝင်စားစရာ ကောင်းပါတယ်တဲ့၊ အိပ်ရေးပျက်တာနဲ့ ဆီးချိုရောဂါဆက်စပ်မှုကိုလည်း တွေ့ရပါတယ် တဲ့။ ခုလောလောဆယ်မှာ Randomised Controlled Trial မလုပ်ရသေးပါဘူးတဲ့၊ ဆက်လုပ်စေချင်ပါတယ်တဲ့''
       ''ဟုတ်ကဲ့ ဆရာမင်း''
       ''မောင်ဒေါနတွေ့ရင် အိပ်ရေးဝဝအိပ်ခိုင်းရမယ်၊ ဆီးချိုရောဂါကနုသေးရင် ကုရလွယ်ပါတယ်''
       ''ဟုတ်ကဲ့ ဆရာမင်း''
       ထိုစဉ် ဒေါက်တာကျော်စွာသိန်း အနီးသို့ ရောက်လာ၏။
       ''ဆရာကျော်၊ အိပ်ရေးပျက်တုန်းပါပဲလား''
       ''ဟုတ်တယ်ဗျာ၊ သူနာပြုဆရာမလေးအကြောင်းစိတ်စွဲနေလို့ ညည အိပ်မပျော် ဘူးဗျာ''
       ''ကြာရင် ဆီးချိုဖြစ်မယ်နော်''
       ''ဆရာကျော်ရောဂါက အချင်းချင်းကုလို့မလွယ်ဘူး။ ဝိဇ္ဇာမမှဖြစ် မှာ''
       ''ဘယ်လိုမမှာလဲ''
       ''လွယ်ပါတယ်။ ပီယသိဒ္ဓိဓာတ်လုံးထိုးနေတာအောင်မြင်တော့မယ်၊ အောင်မြင်ရင် ဆရာကျော်အိပ် ရေးဝဝအိပ်ရတော့မှာပါ''
       ''အားကိုးပါတယ် ဝိဇ္ဇာကြီးရာ''
       စကားတပြောပြောရင် ဘူဖေးသုံးဆောင်ကြရာ ညဆယ်နာရီထိုးမှပင် ဂုဏ်ပြုညစာစားပွဲပြီးဆုံးခြင်းသို့ ရောက်ရှိလေတော့၏။
အောင် (ဆေး - ၁)
ရည်ညွှန်းချက်။   ။ BBC News မှ “Lack of Sleep Can Have Role in Obesity and Diabetes, Study Says”  ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။
အောင် (ဆေး-၁)
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.