24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
အရက်စွဲနေသူတွေ အရက်ကို ဘယ်လိုဖြတ်ရမလဲ

မြို့စွန်တစ်နေရာတွင် ကြီးမား လှသော ညောင်ပင်ကြီးတစ်ပင်တည် ရှိ၏။

ထိုညောင်ပင်ကြီးနှင့် မလှမ်း မကမ်းတွင် ''လမ်းပြကြယ်'' ဟု ဆိုင်း ဘုတ်တပ်ထားသော ကိုယ်ပိုင်ဆေးကု ဂေဟာတစ်ခုရှိ၏။

ထိုဆေးကုဂေဟာကို ရပ်ကွက် နေအများပြည်သူက ''ရွှေညောင်ပင်'' ဆေးခန်းဟုသာ အလွယ်တကူခေါ်ကြ၏။

ဆေးကုသမှု ကျွမ်းကျင်သဖြင့်နာမည်ရလျက်ရှိသော ဒေါက်တာ ကျော်ဆွေသိန်းကိုလည်း ချို့တဲ့သူလူနာများကို မေတ္တာဖြင့်ကူညီတတ် ၍ ကွယ်ရာတွင် ''ရုက္ခစိုးကြီး''ဟု ချီး မွမ်းထောပနာပြုကြ၏။

ဒေါက်တာကျော်ဆွေသိန်းသည် စာဖတ်ဝါသနာပါသူဖြစ်၍အားလျှင်အားသလို စာဖတ်နေလေ့ရှိ၏။

တပည့်ကလေးမောင်စိန်ဝင်းက အရက်၏မကောင်းကျိုးများအကြောင်းကို စကားစပ်မိ၍ မေးမြန်း နေ၍ စိတ်ရှည်လက်ရှည်ဖြေကြားနေ ၏။

ထိုစဉ် ''ဗျတ်ဝိ'' နှင့် ''ဗျတ္တ''တို့ရောက်လာ၏။ ထိုနှစ်ဦးမှာ ပုဂံရာဇဝင်မှ ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိ သော လူစွမ်းကောင်း ညီနောင်နှစ်ဦးမဟုတ်ပါ။

သူဌေးကြီး ဦးဘောဂ၏ လက်ရုံးများသာဖြစ်၏။ အရပ်ထောင်ထောင် မောင်းမောင်းနှင့် သန်စွမ်းသော  လူငယ်နှစ်ဦးဖြစ်၏။

ထိုလူငယ်နှစ်ဦးက မျက်နှာနှင့် ဦးခေါင်းတွင် သွေးချင်းချင်းနီနေသော လူငယ်တစ်ဦးကို ချုပ်နှောင်၍ ခေါ် လာ၏။ ထိုလူငယ်က ရုန်းကန်နေ သော်လည်း ခွန်အားကောင်းသော လူ နှစ်ဦး၏ ချုပ်နှောင်မှုကို ခံနေရ၍ လုံးဝမလှုပ်သာပေ။

''ဆရာကျော်ရေ၊ လုပ်ပါဦး ကွဲ ပြဲလာပြန်ပြီ။ ချုပ်ပေးပါဦး''

''ဟုတ်ကဲ့ လုပ်ပေးပါ့မယ်၊ အန် ကယ်၊ အန်ကယ်ထိုင်ပါဦး''

လူငယ်သည် မကြာခဏဆေး ခန်းသို့ လာရလေ့ရှိ၏။ အရက်မူးလျှင် သွေးဆိုးတတ်၏။

''ဆရာကျော်ရေ၊ မူးပြီးရန်ဖြစ် လာတာ ထုံးစံအတိုင်းပေါ့။ သူလဲကွဲပြဲ တစ်ဖက် အုပ်စုလဲကွဲပြဲ၊ အန်ကယ်လည်း သတင်းကြားကြားချင်း အပြေး အလွှားလိုက်သွားရတာပေါ့၊ ဒီငနဲကဆေးခန်းမလိုက်ဘူး၊ ငြင်းနေသေးတာ၊ ဗျတ်ဝိနဲ့ဗျတ္တက ချုပ်ပြီး ဒရွတ် တိုက်ဆွဲခေါ်လို့ပါလာတာ၊ ဒီကပြီးရင် ရဲစခန်းသွားပြီး ရှင်းရဦးမှာ။ အန်ကယ့်ညီမ သူ့အမေမျက်နှာကြောင့်ပေါ့၊ နို့မဟုတ်လို့ကတော့ စခန်းမှူးပြောပြီး တစ်ပတ်လောက်ချုပ်ထားခိုင်းလိုက် မယ်''

တူတော်မောင်သောင်းကျန်းမှုကြောင့် ဦးဘောဂခမျာ ငွေကြေးလျော်ရ မျက်နှာအောက်ချတောင်း ပန်ရနှင့် စိတ်ပျက်လက်ပျက်ဖြစ်နေ ရှာ၏။

အသေးစားခွဲစိတ်မှု ကျွမ်းကျင်သောဒေါက်တာကျော်ဆွေသိန်းသည် သွက်လက်ဖျတ်လတ်သော တပည့် ကလေးမောင်စိန်ဝင်း၏ ဝိုင်းဝန်းကူ ညီမှုကြောင့် အချိန်တိုအတွင်းမှာပင် ဆေးဝါးကုသမှုကို သေသပ်စွာပြီးစီး  အောင်လုပ်ဆောင်နိုင်ခဲ့၏။

ဦးဘောဂတို့ အုပ်စုထွက်ခွာသွားသောအခါ မောင်စိန်ဝင်းက အရက် ဖြတ်ခြင်းအကြောင်းကို ဗဟုသုတ အနေဖြင့် မေးမြန်းနေ၏။

''မောင်စိန်ဝင်းကို Chicago Tribune မှာပါလာတဲ့ ဆောင်းပါးတစ် ပုဒ်အကြောင်းပြောပြမယ်၊ စိတ်ဝင် စားစရာကောင်းတယ်ကွ၊ Harm Reduction  ဆိုတဲ့ အကြောင်းအရာပေါ့ကွာ။ Undiania  ပြည်နယ်က အရက်စွဲ နေတဲ့ Adriene ဆိုတဲ့ အမျိုးသမီး တစ်ယောက်အကြောင်းကို အခြေခံ ပြီး ဇာတ်ကြောင်းပြန်ထားတယ်''

''နိုင်ငံခြားမှာ မိန်းမတွေလည်း အရက်သောက်သလား ဆရာ''

''သောက်တယ်ကွ၊ မင်းလည်း ကိုရီးယားကားကြည့်ဖူးသားပဲ၊ ကိုရီး ယားမတွေလည်း သောက်တယ် လေကွာ၊ ခုအမေရိကန်မ တစ် ယောက်က အရက်သောက်ရာကနေ အရက်စွဲရောဂါရတယ်။ ဒါကို ဖြတ်ဖို့ ကြိုးစားတယ်။ ဒါနဲ့ Harm Reduction Support Group ဆိုတဲ့ စေတနာ ဝန်ထမ်းအဖွဲ့အစည်း အကူအညီကိုယူတယ် Social Worker တစ်ဦးရဲ့ အကူအညီကို ယူတယ်''

''အရက်ပြတ်ရောလား ဆရာ''

'လွယ်လွယ်နဲ့တော့ မပြတ်ဘူးကွ၊  ခု Adrienne ဟာ အရင်က လောက်မသောက်တော့ ဘူး။ လျှော့သောက်တယ်။ တိုးတက်လာတယ်ပေါ့ကွာ''

''ဟုတ်ကဲ့ ဆရာ''

“Harm Reduction  ကို Controlled Drinking လို့လည်း ခေါ်တယ်။ အရက်စွဲရောဂါမှာ အ ထောက်အကူပြုတဲ့ နည်းတစ်မျိုးဆိုပါတော့၊ ဒီနည်းစနစ်မှာ အရက်သမားဟာ လျှော့သောက်တယ်။ ဒါပေမယ့် အရက်နဲ့ပတ်သက်လာရင် တင်း တင်းကျပ်ကျပ်ကိုင်တွယ်တဲ့ နိုင်ငံတွေ မှာ လုပ်လို့မရဘူး။ အဲသလို နိုင်ငံ တွေမှာက လုံးဝဖြတ်ပစ်တာ။ Alcoholics Anonymous ဆိုတာရှိတယ်။ ဒီဟာက  Alcohol-Free 12-Step Recovery Programme ကို ဆိုလိုတာ”

''လျှော့သောက်တာက ထိ ရောက်ပါ့မလား ဆရာ''

''ထိရောက်တယ်ကွ၊ ဒါကလည်း သုတေသနတွေ လုပ်လို့သိရတာကွ။ ဒါကို Journal og Psychopharmacology ဆိုတဲ့ ဂျာနယ်ထဲမှာလည်း ပါလာပြီးသားကွ၊ ၂ဝ၁၃ ခုနှစ်က အရက်နဲ့ဆိုင်တဲ့ သုတေသနတွေကိုပြန်ပြီး ခွဲခြမ်းစိတ်ဖြာပြီး လေ့လာ ထားတယ်။ အကုန်လုံးမဟုတ်တောင် တချို့အရက်သမားတွေမှာ ထိရောက်တာတွေ့ တယ်ကွ''

''ဟုတ်ကဲ့ဆရာ''

''ဒါနဲ့ Alcohol Clinical and Experiental Research ဆိုတဲ့ဂျာနယ် ရှာဖတ်ကြည့်တယ်။  January လထုတ် ဂျာနယ်ထဲမှာ Article တစ်ခုပါလာတယ်။ အရက်လျှော့ သောက်ရင် ထူးခြားတာတွေ့ရတယ် တဲ့၊ အရက်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ နည်းသွားတယ်တဲ့၊ စိတ်ကျန်းမာရေးလည်း ကောင်း လာတယ်တဲ့''              

''ဟုတ်ကဲ့ဆရာ''

''သုတေသနခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Katie Witkiwitz ကပြောတယ်။ Problem Drinking ကို ဖြေရှင်းရာမှာ  Harm Reduction နည်းဟာထိရောက်ပါတယ်တဲ့၊ ဒီပုဂ္ဂိုလ်ကြီးရဲ့ရာထူးက University of New Mexico  မှာ Associate Professor of Psychology ရာထူးရထားတာတဲ့''

''ပါရဂူတွေ ပြောရင် လက်ခံရမှာပေါ့ ဆရာ''

''Professor Witkiewitz ကဆက်ပြောတယ်။ တချို့က လုံးဝမဖြတ်ချင်ဘူးတဲ့၊ အဲသလို လူမျိုးတွေမှာ ဒီနည်းက ပိုသင့်တော်တယ်တဲ့၊ ဒီတွေ့ရှိချက်က တခြားပါရဂူတွေလည်း တွေ့ထားတယ်''

''ဘယ်သူတွေလည်း ဆရာ''

''California  ပြည်နယ်က Malibu  မှာ Cliffside Malibu Treatment Centre ဆိုတာရှိတယ်။

အရက် စွဲရောဂါကုသရေးဌာနပေါ့ကွာ၊ အဲဒီ Director of Addicition Research ဖြစ်တဲ့ Constance Scharff ကလည်း ပြောတယ်၊ ဒီနည်းကို လေ့လာသင့်ပါတယ်တဲ့၊ တချို့က လုံးဝမဖြတ်ချင်ကြဘူး''                                               

''ဟုတ်ကဲ့ ဆရာ''

''Adrienne ဆိုရင်လုံးဝဖြတ်တဲ့နည်းကို စမ်းကြည့်ဖူးတယ်။ ဒီနည်းမှာက အပေါင်းအသင်းတွေရှောင်ရတယ်၊ မိတ်ဆုံတွေ့ဆုံပွဲတွေ မသွားရဘူး။ အထီးကျန်တယ်။ ကြာကြာဒဏ်မခံနိုင်ဘူး။ အရက်ပြန်သောက်ပြန်ရော။ ဒါနဲ့ Adrienne က နည်းပြောင်းကြည့်တယ်။  Harm Reduction  ကို ပြောင်းကြည့်တယ်''

''ဟုတ်ကဲ့ ဆရာ''

“Adrienne ဟာ Chicago  မှာရှိတဲ့  Harm Reduction Therapy Centre နဲ့ အဆက်အသွယ်ရသွားတယ်။ အဲဒီဌာနကလုပ်တဲ့ အစည်းအဝေးတွေကိုလည်း မှန်မှန်တက်တယ်။ ပြီးတော့ Colin Peters ဆိုတဲ့  Social Worker ရဲ့ အကူအညီကို လည်းယူတယ်။ Peters ကအရက်စွဲရော။ ဒါကုရာမှာအသုံးဝင်တဲ့အကြံ ပေးချက်တွေရှင်းပြတယ်။ ကုသမှုဆိုင်ရာ မဟာဗျူဟာတွေကိုလည်းပြောပြတယ်။ လမ်းညွန်တယ်''

''ကောင်းတာပေါ့ ဆရာ''

''ကုသမှုခံယူလိုက်တဲ့အခါတိုးတက်လာတယ်။ အရက်သောက်တဲ့ပမာဏ လျော့သွားတယ်။ အရင်ကတစ်ပတ်မှာခုနစ်ရက်သောက်တယ်။ တစ်ပတ်လုံးဆိုပါတော့ကွာ၊ ခုလျှော့သောက်တယ်။ တစ်ပတ်မှာလေး ရက်ပဲသောက်တယ်၊ အရင်က တစ်ပတ်မှာ အကြိမ် ၃ဝ လောက်သောက်တယ်။ ခုတော့ အကြိမ်က ၁၅ ကြိမ် ဖြစ်သွားတယ်''

''လျှော့သွားသားပဲ ဆရာ''

''ဟုတ်တယ်၊ လျော့သွားတယ်။ ပြီးတော့ ပါရဂူတွေညွှန်တဲ့ ဆေးလည်းသောက်တယ်။ ဆေးနာမည်က Naltrexone  တဲ့၊ ဒီဆေးက Opioid Antagonist အမျိုးအစားတဲ့။ ဒီဆေး က အရက်သောက်ချင်တဲ့ စိတ်ကို နည်းပါးစေတယ်''

''ဟုတ်ကဲ့ ဆရာ''

''Peters ဆီမှာ ကုနေတဲ့ တခြား လူတစ်ယောက်ရှိသေးတယ်။ ရာထူးရာခံနဲ့ဆိုတော့ လူသိမခံဘူး။ ကျိတ်ကုနေတယ်။ သူလည်းတိုးတက်လာတယ်။ ခုဆိုတစ်ပတ်ကို ၁၄ ကြိမ် ထက်မများစေရဘူး။ တစ်နေ့ကို နှစ်ကြိမ်ထက်ပိုမသောက်ဘူး။ ကုခါစက အခက်အခဲရှိတယ်။ ခုအဆင်ပြေလာတယ်''

''ဇွဲရှိရမှာပေါ့ ဆရာ''

''ဒါပေါ့ကွ၊ ဇွဲရှိရှိလုပ်မှအောင်မြင်မှာ။ ဒီပုဂ္ဂိုလ်ဟာ ခုတော့ အိပ်လို့ ပျာ်လာတယ်၊ နေရထိုင်ရတာ ကောင်းလာတယ်။ အဝလွန်တာ လည်း လျော့လာတယ်။ ကိုယ်အလေး ချိန်လည်းကျဆင်းလာတယ်။ Harm Reduction နည်းကို ကျင့်သုံးရတာ အဆင်ပြေပါတယ်လို့ ပြောသွားတယ်''

''ခုလို အောင်မြင်မှုသတင်းကြားရတာ ဝမ်းသာစရာပါ ဆရာ''

''ဟုတ်တယ်ကွ၊ အရက်ကနောက်ဆက်တွဲဆိုးကျိုးတွေများတယ်။ အသည်းကို ဒုက္ခပေးတယ်။ အရက်ကအသည်းအဆီဖုံးစေတယ်။ အသည်းရောင်စေတယ်။ Alcoholic Hepatitis ခေါ်တာပေါ့၊ ပြီးတော့နောက်ဆုံးမှာ အသည်းခြောက် ရောဂါရတယ်။ ဆေးပညာမှာ Cirhosis လို့ခေါ်တယ်။ နောက်ဆုံး အဆင့်မှာ ဗိုက်ကြီးဖောယောင်လာပြီး သေရတာပဲ၊  Hepatic Failure နဲ့ ကိစ္စပြတ်ရော''

''တချို့က သွေးအန်ပြီး သေတာ တွေ့တယ် ဆရာ''

''ဟုတ်တယ် Cirrhosis ကနေ အစာရေပြွန်နဲ့ အစာအိမ်ဆက်တဲ့နေရာမှာ သွေးကြောတွေထုံးလာတယ်။ Oesophageal Vacies လို့ခေါ်တယ်။ သွေးကြောထုံးတွေ ပေါက်ပြဲရင်သွေးအန်ပြီး သေရောကွ''

''ကြောက်စရာကြီးဆရာ''

''မင်းမှတ်မိမှာပါ။ ရပ်ကွက်မြောက်ဖျားက အရက်သမား ဗျဂ္ဃရာ ဇာဆိုတဲ့ ကောင်လေ။ ဒီကောင်က နာမည်ရလူမိုက်ကွ၊ ရပ်ကွက်ထဲမှာဓားကိုင်ပြီး ခဏခဏသောင်းကျန်း တယ်''

''ဗျဂ္ဃရာဇဆိုတော့ ကျားဘုရင် ပေါ့ ဆရာ''

''ဟုတ်တယ်၊ ခုတော့ ကြောင် စုတ်ကြောင်ပဲ့ဖြစ်သွားပြီ၊ သွေးအန်ပြီး မရှုမလှသေပြီ။ ရပ်ကွက်က စိတ်နာ လို့  အသုဘပိုမယ့်လူတောင် မရှိဘူး''

''လူမိုက်ဆိုတော့ သူ့လမ်းသူသွား တာပါပဲ ဆရာ''

''ဟုတ်တယ်ကွ၊ သေရှာပြီ။ အရက်က ဦးနှောက်နဲ့ အာရုံကြောကိုလည်း ဒုက္ခပေးတယ်၊ အရက်ကြောင် ကြောင်ပြီး စိတ္တဇဖြစ်သွားတယ်။ တလောကသတင်းတစ်ပုဒ်ဖတ်ရ တယ်။ ရန်ကုန်စိတ်ရောဂါကုဆေး ရုံကြီးမှာအရေအတွက်အများဆုံးက အရက်ကြောင်ကြောင်ပြီး စိတ်ရောဂါဖြစ်တဲ့လူနာဦးရေက အများဆုံးတဲ့''

''ဟုတ်လား ဆရာ''

''ဟုတ်တယ်ကွ။ အရက်ကြောင့်နှလုံးရောဂါလည်းရနိုင်တယ်၊ ပြီးတော့ လူမှုရေးစီးပွားရေးထိခိုက်တယ်။ အစမလုပ်ရင်အကောင်းဆုံးပဲ၊ သောက်တတ်ရင်လည်း စောစောစီးစီးဖြတ်ကွ''

''ဟုတ်တယ်ဆရာ၊ အရက်စွဲရောဂါရရင် တတ်ကျွမ်းနားလည်တဲ့ ပါရဂူနဲ့ပြပြီး ထိထိရောက်ရောက်ကုမှဆရာ။ ကျွန်တော်တို့ ဆေးခန်းမှတ် တမ်းပြန်ကြည့်ရင် အရက်ကြောင့် သေတာအတော်များနေတာ တွေ့ရတယ်ဆရာ''

''အရက်စွဲရောဂါကို တိုက်ဖျက်ရင် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေချည်းမရဘူး။ ရပ်မိရပ်ဖတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေကပါ အားလုံး ဝိုင်းဝန်းကူညီရမယ်၊ ပြီးတော့လိုင်စင်မဲ့အရက်ရောင်းနေတာတွေကို ဥပဒေဘက်တော်သားတွေက ထိထိမိမိအရေးယူရမယ်။ ထိရောက်တဲ့ အပြစ်ဒဏ်ချမှတ်ရမယ် ဒါမှဖြစ်မယ်''

''ဟုတ်ပါတယ်ဆရာ။ ဆရာတို့  'လေညိုကုန်း' ဝိုင်းတော်သားတွေကို ချီးကျူးပါတယ်။ အားလုံးက လက် ဖက်ရည်သမားတွေပဲ၊ အရက်သမား မပါဘူး၊ ကောင်းတယ်ဆရာ''

''ဟုတ်တယ် ယမကာသမား မပါဘူး''

မောင်စိန်ဝင်းအဖို့ ဗဟုသုတများစွာ ရရှိသွား၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။                        ။ မလေးရှားနိုင်ငံ Star သတင်းစာပါ Fit for life ကဏ္ဍမှ “ Harm Reduction in Problem Drinkers”  ဆေးပညာဆောင်းပါးကို ရည်ညွှန်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.