24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ငှက်ဖျားရောဂါ အဖြေရှာ

      ညနေစောင်းပြီဖြစ်၍ အပူဒဏ် လျော့ပါးသွား၏။
    ဒေါက်တာရဲမင်းကျော်စွာ  မောင်သည်ဖျော်ရည်တစ်ခွက်ကို ဇိမ်ခံသောက်နေ၏။
    ထိုစဉ် Samsung Galaxy S 8 Plus  နောက်ဆုံးပေါ် လက်ကိုင်ဖုန်း မြည်လာ၍ ကောက်ကိုင်လိုက်၏။
    ''ဟဲလို၊ ပြုံးနွဲ့ရီလား၊ ကျွန်တော် ရဲမင်းကျော်စွာမောင်ပါ။ ခုလေညို ကုန်းမှာလား၊ ဝိဇ္ဇာကြီးတို့ လူစုလူစုံပြီ လား၊ စုံရင်ခေါ်ခဲ့ပါ။ ကျွန်တော်က The Melia  ဟိုတယ်မှာ ဖွင့်ထားတဲ့ The Market  စားသောက်ဆိုင်ကို ရောက်နေတယ်။ လိပ်စာလား The Melia  ဟိုတယ်ကို လာခဲ့လေ။ စားသောက်ဆိုင်က ဟိုတယ်ထဲမှာ၊ စာပေ တိုက်ပိုင်ရှင် ဦးလွင်ဆင့်နေရာသိတယ်။ သူ့ကို လမ်းပြခိုင်း၊ လူများရင် ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်းကို ဖုန်း ဆက်လိုက်၊ သူ့ဆီမှာ Mazda3 တစ်စီး  ရှိတယ်။ ဒေါက်တာတင်မောင်ဆွေက လာရင် E 200  မာစီးဒီးနဲ့လာနေကြ၊  နှစ်စီးဆိုရင်လောက်မှာပါ၊ ဟုတ်ပြီ ဒါပဲနော်''
    The Melia ဟိုတယ်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်က Open Market Concept ကို အခြေခံ ထားပြီး ဖွင့်လှစ်ထားခြင်းဖြစ်၏။ တစ် နေရာထဲတွင် ဥရောပ၊ မြန်မာနှင့် အာရှ အစားအစာမျိုးစုံကို စုံလင်စွာ ရနိုင်၏။ လုပ်ငန်းခွင် မိတ်ဆုံစားပွဲ များ၊ မိတ်ဆွေများ စုဝေးစားသောက် ပွဲများ ပြုလုပ်ပါက သင့်လျော်ကောင်း မွန် သောနေရာဖြစ်၏။
    မကြာမီ ဝိုင်းတော်သားများ ရောက်ရှိလာကြ၏။
    ''ဆရာကျော်စွာ၊ ဘာတွေရလဲ လုပ်ပါဦး''
    အဂ္ဂိရတ်ဝါသနာပါသဖြင့် 'မြေ လျှောက်ဝိဇ္ဇာ'ဟု အမည်ပြောင် ရထားသော အငြိမ်းစားကျောင်းအုပ် ဆရာကြီး ဦးရွှေသာက မေးလိုက်၏။
    ''ဘူဖေးက အဓိကပဲ အန်ကယ်၊ ဒါပေမယ့် မီနူးတွေထဲကလည်း ကြိုက်ရာမှာပါ၊ နှစ်သက်ရာ သုံး ဆောင်ပါ၊ ဖျော်ရည်မျိုးစုံရတယ်။ အန်ကယ်က လိမ္မော်ဖျော်ရည်ကြိုက် တော့ လိမ္မော်သီး လတ်လတ်ဆတ် ဆတ်ဖျော်ထားတာ မှာထားပါတယ်။ ဝိုင်းတော်သားတွေလည်း သုံးဆောင် ပါ၊ ဘူဖေးကြိုက်ရင် ဘူဖေး မီနူးထဲက မှာချင်ရင်လည်းမှာပါ''
    ''ဆရာကျော်စွာ ကျသင့်ငွေက ဘယ်လိုတွက်လဲ''
    ''ဘူဖေးကို တနင်္ဂနွေကနေ ကြာသပတေးအထိက ဖျော်ရည်မျိုးစုံ အပါအဝင်တစ်ဦးကို ၃၅ ဒေါ်လာ ပါ အန်ကယ်၊ သောကြာကနေ စနေ ကျတော့ ၃၈ ဒေါ်လာပါ၊ ညနေစာ ဘူဖေးက ည ၁ဝ နာရီအထိရတယ်။ အေးအေးဆေးဆေး သုံးဆောင်လို့ရ တယ်။ ဒေါက်တာ လင်းနိုင်ထွန်းတို့ မန္တလေးဧည့်သည် အုပ်စုက နောက်ကျမယ်၊ ဒါပေမယ့် ည ၁ဝ နာရီအထိ ဆိုတော့ အဆင်ပြေပါတယ်။ စားရင်း သောက်ရင်း စောင့်နေကြတာပေါ့''
    ထိုစဉ် ဒေါက်တာလင်းနိုင်ထွန်း ဦးဆောင်၍ မန္တလေးမှ ဧည့်သည်များ ရောက်ရှိလာ၏။
    ဒေါက်တာမိုးမိုးခင်၊ဒေါက်တာ ဝင်းဝင်းမြ၊ ဒေါက်တာသီတာမိုးကြည် နှင့် ဒေါက်တာဝင်းနီလာတို့က တစ် နှစ်ထဲ သင်တန်းတက်လာကြသူများ ဖြစ်၍ ခင်မင်ကြ၏။
    ''ဆရာလင်းတို့ပါလား ကြွကြပါ၊ ဧည့်သည်တွေလည်း နေရာချပေးပါ ဆရာလင်း''
    ''နောက်ကျသွားတယ်ဗျာ၊ ဆော ရီးပဲ၊ World Malaria Day 2017 အခမ်းအနား ကျင်းပတဲ့ မှတ်တမ်း ဗီဒီယိုခွေထိုင်ကြည့်နေတာနဲ့ အချိန် လင့်သွားတယ်''
    ''ရပါတယ်။ ည ၁ဝ နာရီအထိ အချိန်ရတာပဲ၊ အေးအေးဆေးဆေး စားလို့ရပါတယ်။ ထူးခြားတဲ့ သတင်း ပါလာသေးလား''
    ''အဲဒါပြောပြချင်တာဗျ၊ ၂ဝ၁၅ ခုနှစ် စာရင်းအရ တစ်ကမ္ဘာလုံးမှာ ၉၇ နိုင်ငံမှာ ငှက်ဖျားကူးစက်မှုရှိနေတယ်တဲ့၊ တစ်ကမ္ဘာလုံးမှာ လူဦးရေ စုစုပေါင်း ၃.၂ ဘီလျံက ငှက်ဖျား အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်တဲ့။ Sub Saharan Africa ဒေသမှာ နှစ် မိနစ်တိုင်း နှစ်မိနစ်တိုင်းမှာ ကလေး ငယ်တစ်ဦးက ငှက်ဖျားကြောင့် သေဆုံးနေရတယ်တဲ့''
    ''ဒီစာရင်းဇယားတွေ ကိန်း ဂဏန်းတွေအရဆိုရင် ငှက်ဖျားဟာ ခုထိဒုက္ခပေးတုန်းပါလား''
    ''ဟုတ်တယ်၊ ဒုက္ခပေးတုန်းပဲ၊ ဒါကြောင့်မို့လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဦးဆောင်ပြီး ငှက်ဖျားတိုက်ဖျက်ရေးကို ဂရုတစိုက်လုပ်နေ တယ်။ ခုနှစ်ဆောင်ပုဒ်က "A Push For Prevention" တဲ့ဗျ။
    ''ကြိုတင်ကာကွယ်ရေးကို အားထည့်ပြီးလုပ်ဆောင်ကြဖို့ တိုက်တွန်းတဲ့ သဘောပဲ၊ ဘာမဆိုကြိုတင် ကာ ကွယ်တာ အကောင်းဆုံးပဲ၊ ရောဂါ ဖြစ်လာမှ ကုရင်မလွယ်ဘူး။ အထူး သဖြင့် ငှက်ဖျားလိုရောဂါက နောက် ဆက်တွဲဆိုးကျိုးများတယ်။ ကိုယ် ဝန်ဆောင် မိခင်တွေ ငှက်ဖျားဖြစ်ရင် အသေအပျောက်များတယ်''
    ''ဟုတ်တယ် ငှက်ဖျားရောဂါ ကူးစက်လွယ်တဲ့ အုပ်စုက ကိုယ်ဝန် ဆောင်မိခင်တွေတင်မကဘူး။ ငါးနှစ် အောက်ကလေးငယ်တွေရယ်၊ အေ အိုင်ဒီအက်စ်ရောဂါရှင်တွေရယ်၊ ကိုယ်ခံအင်အားမရှိသေးတဲ့ တစ်နယ် က ပြောင်းရွှေ့လာသူတွေရယ်၊ ခရီး သွားတွေရယ်၊ ရွှေ့ပြောင်းနေထိုင် တတ်တဲ့ လူအုပ်စုတွေရယ်ဗျ၊ ဒီအုပ် စုတွေက ရောဂါလည်းကူးစက်လွယ် တယ်။ ရောဂါဖြစ်ရင်လည်း ပြင်းထန် တဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်နိုင် ခြေများတယ်၊ အသေအပျောက်များ တယ်''
    ''ဒါဆို ရောဂါဖြစ်ရင် စောစော စီးစီးကုရမှာပေါ့''
    ''ဟုတ်တယ် စောစောစီးစီးကု ရင် ထိရောက်တယ်။ နောက်ဆက်တွဲ ဆိုးကျိုးနည်းလိမ့်မယ်''
    ''ဒါပေမယ့် အခက်အခဲတခုက ရောဂါဖြစ်စမှာ တစ်ခါတလေ ရောဂါလက္ခဏာက ထင်ထင်ရှားရှား ပြတ်ပြတ်သားသားမရှိဘူး။ ရောဂါ ရှာရခက်တယ်။ တစ်ခါတစ်လေ တုပ်ကွေးဆန်ဆန် လက္ခဏာမျိုးနဲ့ လည်း လာတတ်တယ်''    
    ''ရောဂါရှာဖို့က သွေးဖောက်စစ် ရမှာပေါ့''
    ''ဟုတ်တယ်၊ သွေးဖောက်စစ်ရမယ်၊ အာဖရိကတိုက်လိုနေရာမျိုးကျ တော့ အခက်အခဲရှိတယ်၊ ဝေးလံ ခေါင်းပါးဒေသတွေမှာ ဓာတ်ခွဲခန်းနဲ့ အလှမ်းဝေးတယ်၊ ပစ္စည်းကိရိယာရ နိုင်ရင်တော Rapid Diagnostic
Test အနေနဲ့ Dip Stick Test ဆိုတာ လုပ်လို့ရတယ်။ ဒီစမ်းသပ်ချက်မှာက လက်ထိပ်က သွေးကိုဖောက်ပြီးစစ်တာ Malaria Antigen ရှိ မရှိရှာတာ၊ Testing Strip မှာ အရောင်ပြောင်း တာတွေ့ရင် Positive Result တဲ့ဗျ''
    ''ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ဘာတွေများလုပ်နိုင်လဲ''
    ''UNICEF အဖွဲ့ကြီးရဲ့ အဆိုအရ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ဆေး ရည်စိမ်ချင်ထောင်ဝေငှတဲ့ လုပ်ငန်း ဟာ ထိရောက်မှုရှိတယ်လို့ သိရ တယ်။ အာဖရိကတိုက်မှာဆိုရင် စုစု ပေါင်းဆေးရည်စိမ်ခြင်ထောင်ပေါင်း တစ်ဘီလျံ ဝေငှပြီးပြီတဲ့၊ ဆေးပညာ မှာတော့  Insecticide-Treated Mosquito Net လို့ခေါ်တယ်။ ဆေးရည်စိမ်ခြင်ထောင်ရရင် ခြင်ကိုက်တာကို ကြိုတင်ကာကွယ်နိုင်တယ်။ ဆေးရည်စိမ်ခြင်ထောင်က ဈေးလည်းသက်သာတယ်။ ထိလည်းထိ ရောက်တယ်''
    ''ဟုတ်ကဲ့ဆရာ''
    ''ခုသတင်းကောင်းကြားရတယ် ဆရာ၊ ၂ဝ၁၈ ခုနှစ်မှာ ငှက်ဖျား ကာကွယ်ဆေးစမ်းသပ်တော့မယ်တဲ့၊ အာဖရိကတိုက်က တိုင်းပြည်သုံးခုမှာ စမ်းမယ်။ Ghana ရယ် Kenya ရယ် Malawi ရယ်မှာ သုတေသနလုပ်မယ်၊ ဒီကာကွယ်ဆေးက ကိုယ်ခံစွမ်းအား စနစ်ကို ငှက်ဖျားရောဂါ တိုက်ဖျက် နိုင်အောင် လေ့ကျင့်ပေးမယ်တဲ့။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဒီကာ ကွယ်ဆေးဟာ ထောင်ပေါင်းများစွာ သော လူတွေရဲ့ အသက်ကို ကယ်တင် နိုင်မယ်တဲ့ဗျ၊ ခုသတင်းကြားတယ်''
    ''ဒီကာကွယ်ဆေးက ဘယ်လို ထိုးရသတဲ့လဲ''
    ''လေးကြိမ်ထိုးရမယ်တဲ့၊ တစ်လ တစ်ကြိမ် သုံးကြိမ်ထိုးရမယ်။ ပြီးရင် လေးကြိမ်မြောက် ကာကွယ်ဆေးကို ၁၈ လကြာတဲ့အခါ ထပ်ထိုးရမယ်တဲ့''
    ''ဟုတ်ကဲ့ ဆရာ''
    ''ခုကာကွယ်ဆေးစမ်းသပ်တာ က ဓာတ်ခွဲခန်းမှာ အောင်မြင်တာကို တကယ့် လက်တွေ့မှာ အောင်မြင်မှုရှိ မရှိစမ်းတာပါပဲ။ Vaccinationရဲ့ Saxety နဲ့ Effectiveness ကို လေ့ လာတာလည်းပါတယ်''
    ''ဟုတ်ကဲ့ ဆရာ''
    'Who Regional Director for Africa ဖြစ်တဲ့ Dr Matshidiso Moeti  က ပြောတယ်။ ခုကာကွယ် ဆေးရဲ့ အောင်မြင်မှု အလားအလာ ဟာ သိပ်ကိုကောင်းပါတယ်တဲ့။ Pilot Programme  မှာရတဲ့ ရလဒ်တွေ ဟာ အားရစရာကောင်းပါတယ်တဲ့။ လက်ရှိ လုပ်ဆောင်နေတဲ့ ငှက်ဖျား ကာကွယ်ရေးနည်းလမ်းတွေနဲ့ ခုကာ ကွယ်ဆေးပေါင်းစပ်လိုက်ရင် အ သက်ထောင်ပေါင်းများစွာ ကယ်တင် မှာဖြစ်ပါတယ်တဲ့''
    ''ဟုတ်ကဲ့ ဆရာ''
    "Ghanaရယ် Kenya ရယ် Malawi ရယ် သုံးနိုင်ငံကို ရွေးချယ် တာက ဒီနိုင်ငံတွေမှာအရင်ကတည်း က ငှက်ဖျားတိုက်ဖျက်ရေးနည်းလမ်း တွေ လုပ်ဆောင်နေဆဲဖြစ်လို့ပါတဲ့။ ဒီ Project အောင်မြင်ဖို့ ရန်ပုံငွေ ထောက်ပံ့နေတာလည်း ရှိတယ်''
    ''ဘယ်သူတွေ ထောက်ပံ့နေ တယ်တဲ့လဲ''
    ''ဒီလိုဗျာ၊ Gavi ရယ်၊ The Vaccine Alliance ရယ်၊ The Global Fund to Fight AIDS Tubeculosis
and Malaria ရယ်၊ Unitaid ရယ်၊ GSK ရယ်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကြီးရယ်၊ ရန်ပုံငွေထောက်ပံ့ထား တယ်''    
    ''ဟုတ်ကဲ့ ဆရာ''
    ''Gavi က Chief Executive ဖြစ်တဲ့ Dr Seth Berkley က ပြော တယ်။ ခုကာကွယ်ဆေးဟာ ကမ္ဘာ မှာ ပထမဦးဆုံး ကာကွယ်ဆေးဖြစ် ပါတယ်တဲ့၊ ခုကာကွယ်ဆေးကို နှစ် ပေါင်း ၃ဝ လောက်ကြိုးစားခဲ့ရပါ တယ်တဲ့''
    ''ဟုတ်ကဲ့ ဆရာ''
    ''ငှက်ဖျားကာကွယ်ရေးမှာ အ လွယ်တကူမှတ်ရအောင် ABCD နဲ့ မှတ်ထားတယ်ဗျ၊ A ဆိုတာက Awareness တဲ့၊ B က Bite Prenention တဲ့၊ C က Chemopro- Phylaxis တဲ့၊ D က Diagnosis တဲ့''
    ''ရှင်းပြပါဦး ဆရာ''
    "Awareness ဆိုတာက ရောဂါနဲ့ ပတ်သက်လို့ အရေးထားဖို့ဆိုလို တာပါ။ Risk Factor တွေကို အရေး ထားရမယ်။ ရောဂါလက္ခဏာတွေကို အရေးထားရမယ်။  ရောဂါဖြစ်လာ ရင် ပေါ့ပေါ့ဆဆသဘောမထားရ ဘူး။ ဒါကို ပြောတာပါ''
    ''ဟုတ်ကဲ့ ဆရာ''
    ''Bite Prevention က ခြင်ကိုက် မခံရအောင် ကြိုတင်ကာကွယ်တာ ကိုဆိုလိုတာပါ။ ညနေစောင်းကနေ နောက်တစ်နေ့ နံနက်အထိ ခြင်ကိုက် မခံရအောင် ကြိုတင်ကာကွယ်ရမယ် တဲ့၊ ဆေးရည်စိမ်ခြင်ထောင်သုံးဖို့ကို ရည်ညွှန်းထားပါတယ်။ ခြင်ကိုက်မခံ ရင် ငှက်ဖျားကာကွယ်ပြီးသားဖြစ်မှာ ပါပဲ''
    ''ဟုတ်ကဲ့ ဆရာ''
    ''C က Chemoprophylaxis တဲ့၊ ငှက်ဖျားပေါတဲ့ဒေသကို ခရီး ထွက်မယ်ဆိုရင် ကြိုတင်ပြီး ငှက်ဖျား ကြိုတင်ကာကွယ်ဆေးသောက်ထား တာကို ဆိုလိုတာ၊ ကြိုတင်ဆေး သောက်ထားတော့ ငှက်ဖျားမဖြစ် တော့ဘူးပေါ့ဗျာ''
    ''ဟုတ်ကဲ့ ဆရာ''
    "D ဆိုတာက Diagnosis တဲ့ဗျ၊ ငှက်ဖျားရှိတဲ့ ဒေသကိုသွားပြီး အဲဒီ နေရာရောက်လို့ တစ်ပတ်အတွင်း ဖျားခဲ့ရင် သွေးဖောက်စစ်ရမယ်၊ ငှက် ဖျား ဟုတ် မဟုတ်ရောဂါရှာရမယ်၊ ငှက်ဖျားဆိုရင် ချက်ချင်းကုရမယ်။ ပြီးတော့ ငှက်ဖျားရှိတဲ့ ဒေသကနေ ပြန်လာပြီး တစ်နှစ်အတွင်းမှာ ဖျားခဲ့ ရင်လည်း ချက်ချင်းရောဂါရှာရမယ်၊ ချက်ချင်းကုရမယ်''
    ''ဒါဆို ABCD ကို လိုက်နာရင် ငှက်ဖျားကို ထိထိရောက်ရောက် ကြို တင်ကာကွယ်ရာရောက်မှာပေါ့နော်''
    ''ဟုတ်တယ်ဗျ၊ ထိရောက်တဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းပေါ့ ဗျာ''
    ဝိုင်းတော်သားများသည် တချို့ က ဘူဖေးသုံးဆောင်နေ၏။ တချို့က မီနူးကမှာစားနေ၏။ သစ်သီးဖျော် ရည် မျိုးစုံကိုလည်း တွဲဖက်သုံးဆောင် နေ၏။
    ဒေါက်တာရဲမင်းကျော်စွာ မောင်အနီးသို့ ဦးရွှေသာက အသာ ကပ်သွားပြီး မေးလိုက်၏။
    ''ဆရာ၊ ကုန်ကျစရိတ်များလိမ့် မယ်၊ ပျမ်းမျှခြင်း တစ်ယောက်ကို ဒေါ်လာ ၄ဝ နဲ့တွက်ရင် ခုလူသုံး ဆယ်ရှိတယ်။ ဒေါ်လာ ၁၂ဝဝ ကျော် လိမ့်မယ် ဖြစ်ပါ့မလား''
    ''ဖြစ်ပါတယ် ဝိဇ္ဇာကြီး၊ ဟိုမှာ ကယ်တင်ရှင်လာပြီ''
    ''သြော် ဟုတ်လား''
    ဦးရွှေသာ အခန်းဝသို့ လှမ်း ကြည့်လိုက်ရာ အသက်ခြောက်ဆယ် ခန့်ရှိသော ပိန်ပိန်ပါးပါး ပုဂ္ဂိုလ်တစ် ဦးကို တွေ့လိုက်ရ၏။ ထိုပုဂ္ဂိုလ်သည် မုတ်ဆိတ်မွေးနှင့် နှုတ်ခမ်းမွှေးများ ရှည်လျားစွာရှိနေ၏။ အထက်အောက် ယောဂီဝတ်စုံဝတ်ဆင်ထား၏။ ကြီး မားလှသော ပုတီးကြီးတစ် ကုံးကို လည်ပင်း၌ ဆွဲထား၏။ ကြီးမားသော လွယ်အိတ်ကြီးကို လွယ်ထား၏။
    ''နေပါဦး ဆရာရဲ၊ ဒီပုဂ္ဂိုလ်က ဘယ်လိုကယ်တင်မှာလဲ''
    ''စောင့်ကြည့်ပါ ဝိဇ္ဇာကြီး၊ စိတ် အေးအေးထားပါ''
    မကြာမီ ထိုပုဂ္ဂိုလ်က ခရက်ဒစ် ကတ်ကို လွယ်အိတ်ကြီးမှ အသာ အယာထုတ်ယူကာ ဒေါက်တာရဲမင်း ကျော်စွာမောင်လက်ထဲသို့ မသိမသာ ထည့်လိုက်၏။
    ထိုအချင်းအရာကို လျှပ်တစ် ပြက်မြင်လိုက်ရ၍ ဦးရွှေသာစိတ် အေးသွားရလေတော့၏။

ရည်ညွှန်းချက်။    ။
(၁) BBC News မှ "Three Countries Get First Malaria Vaccine" ဆေးပညာ ဆောင်းပါး။
(၂) မလေးရှားနိုင်ငံထုတ် Star သတင်းစာမှ "Let's Make Malaria no More" ဆေးပညာဆောင်းပါးများကို မှီငြမ်း ကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.