24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
နှလုံးသန်စွမ်း လူထူးဆန်း

နေဝင်သွားပြီဖြစ်၍ အပူဒဏ်က လျော့ပါးသွား၏။

 လေအေးစက်တပ်ဆင်ထား သော အခန်းဖြစ်၍ သက်သောင့် သက်သာရှိ၏။

 ဒေါက်တာဝေယံကျော်စွာသည် သစ်သီးဖျော်ရည်တစ်ခွက်ကို ဇိမ်ခံ သောက်နေစဉ် ဖုန်းမြည်လာ၍ ကောက်ကိုင် လိုက်၏။

''ဟဲလို ဝိဇ္ဇာကြီးလား၊ ကျွန်တော် Novotel မှာ၊ လာခဲ့လေ၊ The Square စားသာက်ဆိုင်ကို ရှာ လိုက်၊ ဦးလွင်ဆင့်တို့ အုပ်စုလည်း ခေါ်ခဲ့၊ သူတို့အုပ်စုက ခုချိန်ဆိုရင် 'လေညို ကုန်း'မှာ ရှိမယ်၊ ဟုတ်ပြီ၊ ဒါပဲနော်''

'အငြိမ်းစားကျောင်းအုပ်ဆရာ ကြီး ဦးရွှေသာက အဂ္ဂိရတ်ဝါသနာ ပါသူဖြစ်၏။ ရင်းနှီးသူများက 'မြေ လျှောက်ဝိဇ္ဇာ'ဟု ခေါ်ကြ၏။ ဦးရွှေ သာနှင့် ဝိုင်းတော်သား တစ်စုသည် ညနေစောင်းလျှင် 'လေညိုကုန်း'၌ စုဝေးကြ၏။ တစ်ခါတစ်ရံ ဒကာ ပေါ်လာပါက ဈေးကြီးသော စား သောက်ဆိုင်များကို အုပ်စုလိုက်ချီ တက်ကာ အားပေးချီးမြှင့်တတ်၏။

ယခုလည်း Novotel ဟိုတယ် အတွင်း၌ ဖွင့်လှစ်ထားသော The Squae စားသောက်ဆိုင်သို့ စုဝေးကာ လာနေကြ၏။ ထိုစားသောက်ဆိုင် သည် ဟိုတယ်၏ အဓိကကျသော စားသောက်ဆိုင်ဖြစ်၏။ ဆိုင်အဆင် အပြင်ကို သဘာဝထွက်ကုန်များဖြင့် ပြုလုပ်ထား၏။

 နိုင်ငံတကာ အတွေ့အကြုံရှိ စားဖိုမှူးများက အစားအသောက် များကို ထူးခြားစွာ ပြင်ဆင်ချက်ပြုတ် ပေးမည်ဖြစ်၏။

မကြာမီ ဦးရွှေသာနှင့်အတူ စာ ပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်၊ ဓာတ်ခွဲ မှူးကြီး  ဦးÓဏ်အုန်း၊ ကဗျာဆရာမ မကြည်ဆွေ၊ ဝတ္ထုတို ဆရာမ မစပယ်၊ ကဗျာဆရာ ကျော်ခေါင်နှင့် စာပေဝါသနာရှင် ဒေါက်တာတင် မောင်ဆွေတို့ ရောက်ရှိလာ၏။

''ဆရာဝေယံ ဘာတွေရလဲ လုပ် ပါဦး''

''ဒီနေ့က ကြာသာပတေးနေ့ဗျ။ အထူးညစာရှိတယ်။ Sea Food Night ဗျ၊ ညစာက ဘူဖေးလည်းရ တယ်၊ မီနူးကနေ စိတ်ကြိုက်မှာရင် လည်းရတယ်၊ ကြိုက်သလိုသာမှာစား ပေတော့။ Sea Food Night  ဆိုတာ က နာမည်ကြီး ပင်လယ်စာတွေရ လို့ဗျ။ King Crab ရယ်၊ Osyter ရယ်၊ Salmon ရယ်ရတယ်။ လတ်ဆတ်တဲ့ ဆူရှီနဲ့ဆာရှီမီကိုကောင်တာမှာ ချက် ချင်းကင်ပြီ စားလို့လည်းရတယ်၊ စား နေတုန်း တီးတာမှုတ်တာလည်းနား ဆင်နိုင်တယ်။ Live Band တေးဂီတ ရှိတယ်။ ကုန်ကျစရိတ် စားသုံးသူ တစ်ဦးကို ဒေါ်လာသုံးဆယ်နဲ့ လေး ဆယ်ကြားမှာရှိတယ်''

''ဟာ မနည်းပါလား။ နောက် ထပ် ဧည့်သည်တွေလာဦးမှာ''

''ရပါတယ်။ ကုန်ချင်သလောက် ကုန်ပါစေ၊ မှာသာမှာပါ''

ထိုစဉ်ဒေါက်တာပြုံးနွဲ့ရီ ဦး ဆောင်သော လေဒီဒေါက်တာတစ်စု နှင့် မုံရွာသားဒေါက်တာ လင်းနိုင် ထွန်းဦးဆောင်သော အညာမှ ဧည့် သည်တစ်စု ထပ်မံရောက်ရှိလာ၏။

''ဆရာဝေယံ၊ ကျွန်တော်နှလုံး သွေးကြောမှာ အဆီဖုံးနေတယ်။ အဆီများတာ ရှောင်မှဖြစ်မယ်၊ ဆရာ ဝေယံကြည့်မှာပေးပါ''

''ရပါတယ် ဝိဇ္ဇာကြီး၊ Salmon ငါးက အဆီကျစေတယ်။ Salmon မှာ ပေးမယ်။ ဒါနဲ့ ကြုံတုန်းပြောပြရဦး မယ်၊ Lancet ဆိုတဲ့ ကမ္ဘာကျော် ဆေး ပညာဂျာနယ်မှာပါလာတယ်။ Bolivian Amazon ဒေသနေတဲ့ လူမျိုးစုံ တစ်မျိုးအကြောင်း တင်ပြထားတယ်။ ထူးခြားတာက အဲဒီလူမျိုးစုမှာ ကမ္ဘာ ပေါ်မှာ နှလုံးသွေးလွှတ်ကြော အသန် မာဆုံးဆိုတဲ့ ထူးခြားချက်ရှိနေတာဘဲ''

''ဟုတ်လား၊ တယ်လည်း ထူးဆန်း ပါလား''

''သုတေသီတွေ လေ့လာကြည့် တော့ အသက်ရှစ်ဆယ်ရှိနေတဲ့ Tsimane လူမျိုးဟာ အသက်ငါး ဆယ် အမေရိကန် တစ်ဦးလို သန်မာ နေတယ်တဲ့၊ နှလုံးသွေးကြော နံရံ အဆီဖုံးတာ လုံးဝမရှိဘူးတဲ့''

''ဟုတ်ကဲ့ ဆရာ''

''Professor Hillard Kaplan က ဦးဆောင်ပြီး သုတေသနလုပ်ခဲ့တယ်။ ဒီပါရဂူကြီးက Professor of Anthropology  ဖြစ်တယ်။ သူက University of New Mexico က သုတေသီ ဖြစ်တယ်။ သုတေသန လုပ်ကြည့်တော့ Tsimane လူမျိုးတွေ ကျန်းမာတာဟာ အစားအသောက် ကြောင့် ဖြစ်ဖို့များတယ်တဲ့။ သူတို့ အ စားအစာက ပြည့်ဝဆီသိပ်နည်း တယ်၊ အမျှင်ဓာတ်များများပါတယ်၊ ပြီးတော့ Tsimane တွေက ကိုယ် လက် လှုပ်ရှားမှု သိပ်လုပ်တယ်၊ ဆေး လိပ် လုံးဝမသောက်ဘူး၊ အဲသလို တွေ့တယ်''

''ဟုတ်ကဲ့ ဆရာ''

''ခုလို ဘဝနေထိုင်မှုဆိုင်ရာ အ ချက်အလက်တွေက Tsimane တွေ ရဲ့ သွေးကြောကျန်းမာရေးပေါ်မှာ ဘယ်လောက် သြဇာလွှမ်းမိုးသလဲဆို တာကို ဆက်လေ့လာဖို့ရှိသေးတယ်။ ခုသုတေသနက ၂ဝ၁၄ နဲ့ ၂ဝ၁၅ မှာ လုပ်ခဲ့တယ်၊ အသက် ၄ဝ ကနေ ၉၄ နှစ်အထိ ရှိတဲ့ Tsimane လူမျိုးစုစု ပေါင်း ၇ဝ၅ ဦးကို လေ့လာခဲ့တယ်''

''လေ့လာပုံကို ရှင်းပြပါဦး''

''နှလုံးသွေးလွှတ်ကြောကို CAT Scan ရိုက်တယ်၊ သွေးထဲက အဆီ ဓာတ်ရယ် သကြားဓာတ်ရယ်ကို တိုင်း တာတယ်၊ သွေးပေါင်လည်းချိန်တယ်။တခြား လေ့လာမှုတွေလည်း လုပ် ကြည့်တယ်''

''ဘာတွေ့သလဲ ဆရာ''

''စမ်းသပ်ခံလူဦးရေ စုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းမှာ နှလုံးသွေးလွှတ် ကြောထဲမှာ ထုံးဓာတ်လုံးဝမရှိတာ တွေ့ရတယ်တဲ့။ နှိုင်းယှဉ်လေ့လာ ကြည့်တော့ အသက် ၄၅ နှစ်ကနေ အသက် ၈၄ နှစ်ရှိတဲ့ အမေရိကန် တွေမှာ တွေ့ရတာက ၁၄ ရာခိုင်နှုန်း မှာဘဲ ခုလို တွေ့ရတယ်တဲ့''

''၈၅ ရာခိုင်နှုန်းနဲ့ ၁၄ ရာခိုင်နှုန်း ဆိုတော့ တော်တော်ကွာခြားနေ တယ်''

''ဟုတ်တယ်။ Tsimane လူမျိုး အများစုစားတာက သဘာဝအတိုင်း စားတဲ့ အစားအစာတဲ့။ လုံးဝပြုပြင်မှု မရှိဘူး၊ အမျှင်ဓာတ် ပါတာလည်းများ တယ်။ ပြီးတော့ စားတာကလည်း ဆန်ရယ်၊ ပြောင်းရယ်၊ ဟင်းသီးဟင်း ရွက်တစ်မျိုးရယ်၊ အခွံမာသီးတွေရယ်၊ ငှက်ပျောသီး တစ်မျိုးရယ် စားတာ တွေ့ရတယ်။ ဟင်းသီးဟင်းရွက်က Manioc လို့ ခေါ်တယ်၊ ငှက်ပျောသီး တစ်မျိုးက Plantain လို့ ခေါ်တယ်''

 ''အသားမစားဘူးလား''

''စားပါတယ်၊ အသားစားတယ်၊ ငါးစားတယ်၊ ပြီးတော့ ကိုယ်လက်လှုပ် ရှားမှုများတယ်၊ မြို့ကြီးတွေက လူ တွေက နိုးနေတဲ့ အချိန်ရဲ့ တစ်ဝက် လောက်က ထိုင်နေတာ။  Tsimane တွေက နိုးနေတဲ့အချိန်ရဲ့ ၁ဝ ရာခိုင် နှုန်းပဲ  ထိုင်နေတယ်၊ ၉ဝ ရာခိုင်နှုန်း က လှုပ်ရှားနေတာ''

''ကောင်းတဲ့ အလေ့အကျင့်ပါ ပဲ''

''Tsimane  တွေ အမဲလိုက်တယ်၊ ငါးမျှားတယ်၊ တောင်ယာလုပ်တယ်၊ နားချိန်သိပ်မရှိဘူးတဲ့''

''ဒါကြောင့်လည်း ကျန်းမာတာ ဖြစ်မယ်''

''ဟုတ်တယ်ဗျ။ Tsimane တွေ မှာ ရောင်ရမ်းခြင်းကိုတော့ တွေ့ရ တယ်၊ ဒါကို Dr.Randall Thompson က ကောက်ချက်ချထားတယ်။ သူက တွဲဖက်သုတေသီပဲ။ သူ့ရာထူး က Cardiologist at Saint Luke's Mid American Heart Institute  ဖြစ်တယ်၊ ဒီ Institute က University of Missouri Kansas City ရဲ့ လက်အောက်ခံဖြစ်တယ်။

သူက ရောင်းရမ်းခြင်းက နှလုံး ရောဂါဖြစ်နိုင်ခြေကိုမြင့်တက်စေခြင်း မရှိပါဘူးတဲ့။ တခြား ကူးစက်မှုတွေအဖြစ်များ နေလို့ ရောင်ရမ်းခြင်း အဖြစ် များနေ တာ ဖြစ်ပါလိမ့်မယ်တဲ့၊ ခုလို ပြော သွားတယ်''

 ''ဟုတ်ကဲ့ ဆရာ''

''နောက်တွဲဖက်သုတေသီ တစ် ဦးရှိသေးတယ်၊ သူက Benjamin Trumble တဲ့၊ သူက Arizona State University လက်အောက်ခံ School of Human Evolution and Social Change က ပါရဂူပဲ၊ သူက ဒီလူမျိုး စုရဲ့ ပြောင်းလဲမှုကိုလည်း လေ့လာခဲ့ တယ်။ ဒီလူမျိုးစုဟာ စက်တပ်လှေ တွေ သုံးတတ်နေပြီ။ မြို့ကိုလည်း သွားတတ်နေပြီ၊ ဒါကြောင့် နောင်ကျ ရင် တစ်မျိုးဖြစ်လာလိမ့်မယ်''

''ဟုတ်ကဲ့ ဆရာ''

''ခုလေ့လာချက်ကတော့ အရင် က နေထိုင်ပုံမျိုးကို လေ့လာခဲ့တာ။ နှလုံးသွေးကြောရောဂါကြိုတင်ကာ ကွယ်ရေးမှာ အစား အသောက်၊ ကိုယ် လက်လှုပ်ရှားမှု၊ ဘဝနေထိုင်မှုပုံစံ၊ အဝလွန်ရောဂါရှိ မရှိစတာတွေ အရေးပါတယ်။ ဒါကို အရင်ကလည်း တွေ့ခဲ့ဖူးပြီး ခုလည်း ထပ်တွေ့တယ်၊ ဒီလူမျိုးစုတွေမှာလည်း ခုလိုပဲ ထပ် တွေ့တယ်''

''ဟုတ်ကဲ့ ဆရာ''

''ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ Rechts Der Isar Hospital ဆိုတာ ရှိတယ်။ အဲဒီက Nutritional Physician ဖြစ်တဲ့ Dr Hans Hauner ကလည်း ထောက်ခံထားတယ်။ သူကဆက်ပြောတယ်၊ ခုခေတ်မှာ လူများစုက ဒါတွေကို မလိုက်နာကြ သေးဘူးတဲ့၊ ဗဟုသုတ နည်းတာလည်း ပါတယ်။ သိရက်နဲ့ ဂရုမစိုက်တာ လည်း ပါတယ်။ ဒါက ပညာရှင်တွေ ရဲ့ မှတ်ချက်ပါပဲ''

''ဟုတ်ကဲ့ ဆရာ''

''German Heart Centre က Medical Director  ဖြစ်တဲ့ Dr Heribert Schunkert ကလည်း ပါဝင်ဆွေးနွေးထားတယ်။ နှလုံးသွေး လွှတ်ကြော အဆီဖုံးတာဟာ အခြေ ခံအကြောင်းတရားများစွာကြောင့် ဖြစ်လာတာပါတဲ့။ ကာလအတော် ကြာကြာ အတွင်း မှာ သြဇာသက် ရောက်မှုတွေ တဖြည်းဖြည်းစုဝေးလာ ပြီး ရောဂါဖြစ်စေပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

 ''သူက မွေးရာပါ ဗီဇဆိုင်ရာ အကြောင်းရင်းခံ အချက်တွေလည်း  ပါပါတယ်တဲ့၊ ဘဝနေထိုင်မှု ပုံစံဆိုင် ရာ အချက်တွေလည်း ပါပါတယ်တဲ့။ ဒါတွေပါ ထည့်သွင်းစဉ်းစားရပါလိမ့် မယ်တဲ့။ အစားအသောက်ဆင်ခြင်ပြီး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ရင် ကောင်းပါတယ်တဲ့။ ကြိုတင် ကာကွယ်ရေးအတွက် ဘယ်လောက် ထိရောက်မလဲဆိုတာကတော့ လူတစ် ဦးချင်းစီရဲ့ ဇီဝကမ္မဗေဒဆိုင်ရာ ဖွဲ့စည်း တည်ဆောက်ပုံပေါ်မှာမူတည် မှာ ဖြစ်ပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''သူက ဆက်ပြောတယ်၊ ခေတ် လူသားတွေအနေနဲ့ Tsimane လူမျိုးစု လိုဖြစ်အောင်လိုက်လုပ်ဖို့က အခက် အခဲရှိပါတယ်တဲ့၊ ဒါက ပတ်ဝန်းကျင် ပါတဲ့။ လက်ရှိပတ်ဝန်းကျင်ကို ပြုပြင် ပြောင်းလဲဖို့က မလွယ်ပါဘူးတဲ့၊ Tsimane တွေက ရှေးဟောင်းပတ် ဝန်းကျင်မှာ နေထိုင်ကြတာဖြစ်ပါ တယ်တဲ့၊ ခုသုတေသနက ဘာကို ညွှန်ပြသလဲဆိုတော့ ကမ္ဘာဦး လူသား လိုနေထိုင်နိုင်ရင် အကောင်းဆုံးဆို တာကို ညွှန်ပြနေပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''ကဲ စားစရာတွေရောက်လာပြီ၊ သုံးဆောင်ကြပါ။ ဘူဖေးသုံးဆောင် ချင်လည်းရပါတယ်။ ဒါတွေက မီနူး ကနေ မှာထားတာပါ၊ ထပ်မှာချင် လည်း ရတယ်''

''ဆရာဝေယံ နောက်ထပ်ဧည့် သည်လာဦးမလား''

''ဒေါက်တာ ကျော်ဆွေသိန်း ရယ်၊ ဝတ္ထုတို ဆရာမောင်ညိုပြာရယ် လာဦးမယ်။ သူတို့က နောက်ကျလိမ့် မယ်။ ညစာက ၁ဝ နာရီခွဲအထိ အေးအေးဆေးဆေးစားပါ။ သူတို့ လည်း အချိန်မီရောက်မှာပါ''

''ဒါနဲ့ ကုန်ကျစရိတ်က ဘယ်လို ရှင်းမှာလဲ။ ဒကာလည်း မမြင်ပါ လား''

''ရပါတယ် ဝိဇ္ဇာကြီး မပူပါနဲ့။ဝတ္ထုတိုဆရာမောင်ညိုပြာက အဆက် အသွယ်ကောင်းတယ်။ 'လေညို ကုန်း'စာပေဝိုင်းကို စိတ်ဝင် စားတဲ့ စာပေဝါသနာရှင်တွေရှိတယ်။ တချို့ က စင်ကာပူက။ တလောက စင်ကာ ပူက လူငယ်တစ်စုလာလည်တယ်။ စာပေဝိုင်းကို သဘောကျသွားတယ်။ ဒါနပြုပါရစေလို့ ပြောသွားတယ်''

''ကောင်းတယ်ဗျာ၊ ခုမှ စိတ် အေးသွားတယ်''

''ဝိဇ္ဇာကြီးက ပူတတ်ရန်ကော၊ နောက်တစ်ပတ်အတွက်လည်း ဒကာ ရှိသေးတယ်။ နေရာကောင်းကောင်း ထပ်ရှာရဦးမယ်''

''နောက်ဒကာက ဘယ်သူတဲ့ လဲ''

''လူထူးလူဆန်းတစ်ယောက်ပဲ သူ့နာမည်က ''ရာဟုမောင်မောင်'' တဲ့။ ပြီးမှ သူ့အကြောင်း အေးအေး ဆေးဆေးပြောပြမယ်။ ခုတော့ Salmon စားလိုက်ဦး။ ပြီးတော့ စိတ် လည်း သိပ်မပူနဲ့။ စိတ်ဖိစီးမှုမများစေ နဲ့''

''ဟုတ်ပြီ၊ ဆရာဝေယံပြောတာ လိုက်နာမယ်။ ဒါမှ Bollyian Amazon ဒေက Tsimane တွေလို နှလုံး သွေးကြော ကျန်းမာရေးကောင်းမှာ''

ဦးရွှေသာတစ်ယောက် Tsimane လူမျိုးစုကို အားကျကာ ကျန်းမာ ရေး ဂရုစိုက်တော့မည်ဖြစ်၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။    ။ မလေးရှား နိုင်ငံထုတ် Star သတင်းစာပါ Fit For Life ကဏ္ဍမှ "Amazing Amazons" ဆေးပညာဆောင်းပါးကို မှီ ငြမ်းကိုးကားပါသည်။

အောင် (ဆေး - ၁)
 
Untitled Document
ko khant said...
Saturday 20 May 2017, 5:16 am
အရ😃အရမ်းကောင့်းပာါတယ်ျြန်းမာရေးအတွက်အများကြီးဗဟုသုတရပါတယ်
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.