19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
လူကလေးရဲ့ အိပ်ချိန်တန်

နွေညနေခင်းဖြစ်၍ နေရောင် ခြည်က ဝင်လုဆဲဖြစ်၏။

 ပြာလဲ့သော ကောင်းကင်ပြင်ကြီး တွင် ပန်းနုရောင် တိမ်တိုက်များက ဟိုတစ်စုဒီတစ်စုဖြင့် လှပစွာတည် ရှိနေ၏။

 ဒေါက်တာ နန္ဒမင်းထင်သည် ရန်ကုန်မြို့၏ ရှုခင်းအလှကို Uniteam Marine အဆောက်အအုံ အ ပေါ်ဆုံးထပ်တွင် ဖွင့်လှစ် ထားသော Rooftop စားသောက်ဆိုင်တွင် ထိုင် ကာ ငေးမောကြည့်ရှုနေ၏။

ထိုစဉ် Samsung Galaxy A 2017 လက်ကိုင်ဖုန်းမြည်လာ၍ ကောက်ကိုင်လိုက်၏။

''ဟဲလို ပြုံးလား၊ ကျွန်တော် Atlas Rooftop Bar & Lounge မှာ ရောက်နေတယ်။ လိပ်စာလား၊ အ မှတ် ၈၄ ပန်းလှိုင်လမ်း၊ စမ်းချောင်း Uniteam Marine အဆောက်အအုံ ကို သိတယ်မဟုတ်လား။ အပေါ်ဆုံး ထပ်မှာ။ ဝိုင်းတော်သားတွေခေါ်ခဲ့ လေ။ ဦးလွင်ဆင့်ရောက်ဖူးတယ်။ ဒေါက်တာကျော်ဆွေသိန်းလည်း လာ လိမ့်မယ်၊ ဟုတ်ပြီ လာခဲ့လေ''

ငယ်သူငယ်ချင်း ဒေါက်တာပြုံး နွဲ့ရီထံမှဖြစ်၏။ သူနှင့်အတူ တစ်တန်း တည်း ပညာသင်ခဲ့သော သူငယ်ချင်း များဖြစ်ကြသည့် ဒေါက်တာ ယုစန္ဒာ၊ ဒေါက်တာခင်ဦးခင်ခင်၊ ဒေါက်တာ မြမြအေး၊ ဒေါက်တာမေမွန်သက်တင် တို့ ပါလာကြမည်ဖြစ်၏။

မကြာမီ ဝိုင်းတော်သားဖြစ်ကြ သော အငြိမ်းစား ကျောင်းအုပ်ကြီး ဦးရွှေသာ၊ စာပေတိုက်ပိုင်ရှင်ဦးလွင် ဆင့်၊ ဓာတ်ခွဲမှူးကြီး ဦးဥာဏ်အုန်း၊ မကြည်ဆွေ၊ ဝတ္ထုတိုဆရာမ မစပယ် တို့ ရောက်ရှိလာ၏။

''ဟာ-ဝိဇ္ဇာကြီးတို့ အရင်ရောက် တာကိုး၊ ပြုံးတို့အဖွဲ့နောက်ကျနေပြီ''

''ပြုံးတို့က ဒေါက်တာကျော်ဆွေ သိန်းတို့ကို ဝင်ခေါ်နေလို့ဗျ။ မန္တလေး ဧည့်သည်လည်းပါလာမယ်ပြောတယ်''

''ရပါတယ်၊ ဒီနေရာက လေ ကောင်း လေသန့်ရတယ်။ ရှုခင်း အလှတွေလည်းကြည့်လို့ရတယ်။ စားစရာလည်း စုံအောင်ရတယ်၊ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ရှိ တယ်။ ကျွန်တော်တို့က ယမကာ ရှောင်တော့ သစ်သီးဖျော်ရည် လတ် လတ်ဆတ်ဆတ် မျိုးစုံမှာထားပါ တယ်''

''ကောင်းပါတယ်ဗျာ၊ ယမကာ ကရှောင်တာကောင်းပါတယ်''

မကြာမီ ဒေါက်တာပြုံးနွဲ့ရီ ဦးဆောင်၍ နောက်ထပ် ဧည့်သည် အုပ်စုတစ်စု ရောက်ရှိလာပြန်၏။

ထိုအခါလေညိုကုန်းအုပ်စု၊ ဒေါက်တာပြုံးနွဲ့ရီတို့ ပါဝင်သော သူငယ်ချင်းအုပ်စုနှင့် ဒေါက်တာကျော် ဆွေသိန်းပါဝင်သော ဧည့်သည် အုပ်စု စုစုပေါင်း လူနှစ်ဆယ်ကျော်ရှိနေပြီ ဖြစ်၏။

 ဒေါက်တာနန္ဒမင်းထင်အား ဦးရွှေသာက အနားကပ်ကာတိုးတိုး ကလေးမေးလိုက်၏။

''ဆရာလေး၊ ကုန်ကျစရိတ်က ဘယ်လောက်လဲ။ လူများလာပြီနော်''

''ရပါတယ် အန်ကယ်၊ အနည်း ဆုံးနှုန်းက လူတစ်ဦးကို ၂၅ ဒေါ်လာ ပါ။ မှာတဲ့ အစားအသောက်ပေါ်မူ တည်ပြီး ၂၅ ဒေါ်လာကျော်ရင် လည်း ကျော်မှာပါ''

''ဟာ-ကျပ်ငွေနဲ့ဆို အများကြီး ပါလား။ ဖြစ်ပါ့မလား''

''မပူပါနဲ့ အန်ကယ်၊ ကျွန်တော် စီစဉ်ပြီးသားပါ။ စိတ်ကြိုက်သာမှာပါ''

ဧည့်သည်များက သစ်သီးဖျော် ရည်မျိုးစုံကို ဦးစွာမှာကြ၏။

''ဆရာလေး ဆေးခန်းပြနေလို့ မလာနိုင်ရှာဘူး အန်ကယ်''

''ဟာ-ဟုတ်လား ဘာဖြစ်လို့တဲ့ လဲ''

''သူတူကလေးက ငါးနှစ်ရှိပြီ။ ညညကောင်းကောင်းမအိပ်ဘူး၊ အဲဒါ ကလေးအထူးကုနဲ့ ပြနေရတယ်''

''သြော်-ဟုတ်လား။ ကလေးမှာ လည်း အိပ်တာနဲ့ ဆိုင်တဲ့ ပြဿနာ ရှိတတ်တာကိုး''

ထိုစဉ် ဒေါက်တာ ကျော်ဆွေ သိန်းက ဝင်ဆွေးနွေး၏။

''ဟုတ်တယ် အန်ကယ် Sleepine Problem နဲ့ ပတ်သက်တဲ့ သုတေ သနတွေ ဖတ်လိုက်ရတယ် အန် ကယ်။ ခုခေတ်က ကလေးတွေက Smart-phone တွေ Tablet တွေ သုံးလာကြပြီ။  ဒါကြောင့် ကောင်း ကောင်းမအိပ်တာတွေ တွေ့လာရပြီး အရင်က ဒါမျိုးမကြားဖူးဘူး အန် ကယ်''

''ဟုတ်တယ် ဆရာကျော်၊ တစ် ဖက်က တိုးတက်လာပါရဲ့၊ တစ်ဖက် က ဆိုးကျိုးက ကပ်ပါပြီ။ မိဘတွေ သတိထားစရာပဲ''

''Scientific Reports ထဲမှာ ဖော်ပြထားတဲ့ သုတေသနတွေရှိ တယ်။ ခေတ်မီ ကိရိယာဆန်းတွေကို တစ်နာရီကြာသုံးတိုင်း သုံးတိုင်း ကလေးအိပ်ချိန်က သာမန်ထက် ၁၅ မိနစ် လျော့လျော့သွားတယ်တဲ့''

''သုတေသနတွေအကြောင်း အသေးစိတ်ရှင်းပြပါဦး''

''ဒီလိုပါ အန်ကယ်။ University of London မှာလုပ်တဲ့ သုတေ သနဆိုရင် မိဘပေါင်း ၇၁၅ ဦးကို မေးခဲ့တယ်။ အသက် သုံးနှစ်အောက် ကလေးရှိတဲ့ မိဘတွေပေါ့။ ဒီမိဘတွေ ကို Smart Phone တွေ Tablet တွေ ဘယ်လောက်ကြာကြာ သုံးသလဲ။ ကလေးတွေရဲ့ Sleep Pattern  က ဘယ်လိုလဲ ဒါတွေမေးခဲ့တယ်''

''မေးတော့ ဘာတွေသိရလဲ ဆရာကျော်''

''၇၅ ရာခိုင်နှုန်းရှိတဲ့ ကလေးဦး ရေက နေ့စဉ်သုံးတယ်တဲ့၊ အသုံးများ တဲ့ ကလေးတွေက ညညကောင်း ကောင်း မအိပ်နိုင်ဘူးတဲ့။ ပျမ်းမျှခြင်း တွက်ကြည့်တော့ သုံးချိန်တစ်နာရီရှိ တိုင်းရှိတိုင်း အိပ်ချိန်က ၁၅ မိနစ်စီ လျော့လျော့သွားတယ်တဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

 ''Dr.Tim Smith က ပါရဂူတစ် ဦးပဲ၊ သူက သုတေသနအဖွဲ့မှာပါ တယ်။ သူကပြောတယ်။ ကလေးက တစ်နေ့ကို စုစုပေါင်း ၁ဝ နာရီကနေ ၁၂ နာရီအိပ်ရင် မဆိုးပါဘူးတဲ့၊ ဒါပေ မယ့် အိပ်ရေးဝဝအိပ်တာကောင်း တယ်တဲ့။ အိပ်စက်ခြင်းကြောင့် ကောင်းကျိုးတွေ ရပါတယ်တဲ့။ အထူး သဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သက်ဆိုင် ပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''Dr.Smith က ခုသုတေသနကို ဆက်လုပ်ဦးမှာပါတဲ့။ Touch Screean တွေဟာ အိပ်စက်ခြင်း ပြဿနာနဲ့ ဆက်စပ်မှု ရှိတာတွေ့ရပါ တယ်တဲ့''

Sleep Problem နဲ့ ဆက်စပ် ရင်တော့ သတိထားရမယ်။ Tocohscreen ဆိုတာက Smartphone တွေ Tablet တွေကို ဆိုလို တာ မဟုတ် လား''

''ဟုတ်ပါတယ် အန်ကယ်၊ တစ် ဖက်မှာ ကလေးဟာ ကိရိယာကို သုံး လို့ Motor Skill မှာ တိုးတက်လာပါ တယ်တဲ့။ ဒါပေမယ့် ဆင်ဆင်ခြင်ခြင် သုံးတာကောင်းတယ်။ သုံးလွန်းရင် မကောင်းဘူး''

''ဒါပေါ့ဗျာ၊ တန်ဆေးလွန်ဘေး ပဲ''

''ကလေးတွေကို ရုပ်မြင်သံကြား ကြည့်ရာမှာ ကန့်သတ်သလိုပဲ ဒီ ကိရိယာတွေ သုံးရာမှာလည်း ကန့် သတ်သင့်တယ်တဲ့၊ အသက် နဲ့ လိုက် လျောညီထွေတာလောက်ပဲ ခွင့်ပြု သင့်တယ်တဲ့၊ ညအိပ်ရာဝင်ခါနီး မသုံးသင့်ဘူးတဲ့။ ပြီးတော့ ကိုယ်လက် လှုပ်ရှား အားကစား လုပ်ဖို့လည်း အချိန်ပေးသင့်တယ်တဲ့''

''ဟုတ်တာပေါ့ဗျာ၊ ခုခေတ် ကလေးတွေက အားကစားလုပ်ချိန် မရရှာကြဘူး''

''Coventry University က ပါရဂူတစ်ယောက်က ပြောတယ်။ သူက Cognitive Developmental Researcher ဗျ၊ သူ့နာမည်က Dr. Anna Joyce တဲ့။ ခုသုတေသနက အိပ်စက်မှုနဲ့ ခေတ်ပေါ်ကိရိယာတွေ ကြားက ဆက်စပ်မှုကို လေ့လာထား ပါတယ်။ အချိန်အခါအရ လုပ်သင့်တဲ့ သုတေသနပါပဲတဲ့။ သုတေသန ရလဒ်တွေအရ မိဘတွေဟာ ကလေး တွေကို လွှတ်မထားသင့် ပါဘူးတဲ့။ ထိန်းကျောင်းကွပ်ကဲရပါမယ်တဲ့။ အထူးသဖြင့် ညအိပ်ရာဝင်ခါနီး ကွန် ပျူတာ၊ မိုဘိုင်းဖုန်းစတဲ့ ကိရိယာတွေ သုံးတာကို ရှောင်ခိုင်းသင့်ပါတယ်တဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''သူက ဆက်ပြောတယ်။ လုံးဝ မသုံးရဘူးဆိုပြီး ပိတ်ပင်ဖို့လည်း မလိုပါဘူးတဲ့၊ ဆင်ဆင်ခြင်ခြင်သုံးစွဲ ဖို့ပဲ လိုပါတယ်တဲ့''

''တခြားပါရဂူတွေ ဘာပြော ထားလဲ''

''Open University က Professor Kevin Mc Conway ကလည်း ခုသုတေသနကို ထောက်ခံထားပါ တယ်။ Touch Screen ကို တစ်နေ့ကို ၂၅ မိနစ် ကြာကြာသုံးရင် အိပ်ချိန်က  ပျမ်းမျှခြင်း ၆ မိနစ်လျော့သွားပါတယ် တဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''အင်္ဂလန်မှာ NHS ဆိုတာရှိ တယ် အန်ကယ် National Health Service ပေါ့၊ NHS က ကောက်ယူ ထားတဲ့ Data တွေကို ခွဲခြမ်းစိတ်ဖြာ ပြီး လေ့လာလိုက်တော့ အသက် ၁၄ နှစ်အောက် ကလေးတွေမှာလည်း Sleep Disorder တွေရှိနေတာ တွေ့ ရတယ်တဲ့၊ Sleep Disorder ကြောင့် ဆေးရုံတက်ပြီး ကုသရတဲ့ ကလေး လူနာဦးရေက ဆယ်နှစ်အတွင်းမှာ သုံးဆတိုးတာတွေ့ရ တယ်တဲ့''

''ဟာ-သုံးဆတောင်တိုးလာပါ လား''

''ဟုတ်တယ် အန်ကယ်၊ ပြီး တော့ Melatonin ဆိုတာက Sleep Disorder တွေမှာ သုံးတဲ့ဆေးပဲ၊ ဒီဆေးကို အသက် ၅၅ နှစ်အထက် လူနာတွေမှာ သုံးဖို့ဘဲ တရားဝင်လိုင် စင်ခွင့်ပြုထားတယ်။ ဒါပေမယ့် ခုလောလောဆယ်မှာ အသက် ၅၅ နှစ်အောက် လူနာတွေကိုရော၊ ကလေးတွေကိုရော Melatonin ပေးပြီး ကုနေရတယ်''

''ဟုတ်ကဲ့ ဆရာကျော်၊ မပေး မဖြစ် ပေးရတာနေမှာပါ''

''မှန်တယ် အန်ကယ်၊ ကလေး တွေမှာ ကောင်းကောင်းမအိပ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်လာ နိုင်တယ်။ အဝလွန်ရောဂါ၊ ကိုယ်ခံ အင်အား ကျဆင်းတဲ့ ရောဂါ၊ စိတ်ပိုင်း ဆိုင်ရာ ရောဂါတွေဖြစ်လာနိုင်တယ် တဲ့''

''ဒါဆို ကလေးတွေ အိပ်ရေးဝဝ ဖို့ လိုတာပေါ့နော်''

''ဟုတ်တယ် လိုတယ် အန် ကယ်၊ ဒါတွင်မကသေးဘူး။ အိပ်ရေး မဝရင် Lack of Emotional Control တို့၊ Poor School Perrormance တို့လည်း ဖြစ်လာနိုင်သေးတယ်တဲ့''

''ဟုတ်ကဲ့ ဆရာကျော်''

''Smartphone တွေ  Tablet တွေ က Blue Light ထွက်တယ် အန် ကယ်၊ Blue Light က Melatonin ထွက်တာကို လျော့ပါးစေတယ်။ Melatoninဆိုတာက သဘာဝဟော်မုန်း တစ်မျိုးပဲ ဦးနှောက်က ထွက်တယ်။ လူတို့ သဘာဝအလျောက် အိပ်ပျော် စေတယ်။ Melatonin ထွက်တာ လျော့ရင် အိပ်မပျော်ဘူး။ ပြီးတော့ အင်္ဂလန်မှာက Fizzy Drink တွေ သောက်ကြတယ်။ ဒီသောက်သုံးစရာ တွေက Caffeine ပါတယ်။ အိပ်မ ပျော်စေဘူး။ Ellie Keaoy ဆိုတဲ့ ကလေးတစ်ယောက်အကြောင်းက မိဘတွေ ကို သတိပေးနေတယ်။ ဒီကလေးက အဝလွန်နေတယ်။ မကြာခဏ ဖျားနာတယ်။ စာမလိုက် နိုင်ဘူး။ ခုတော့ သူ့ကို Sheffield Children's Hospital's Sleep Service မှာ ဆေးရုံတင်ပြီး ကုနေရ တယ်။ ဒါမျိုးဟာ မိဘတွေ သတိ ထားသင့်တယ်''

''ဟုတ်ကဲ့ ဆရာကျော်''

''Dr.Catherine Hill ဆိုတာက University of Southampton မှာ Associate Professor ပဲ၊ သူက Southampton Children's Hospital မှာလည်း Consultant ဖြစ်တယ်။ သူက ပြောတယ်။ အိပ်ရေးဝဝအိပ် ခြင်းဟာ ကျန်းမာရေးအတွက် လို အပ်ပါတယ်တဲ့။ Public Health Agenda ထဲမှာ Sleep Problem အ ကြောင်းကိုပါ ထည့်သွင်းဖော်ပြပြီး  ပညာပေးသင့်ပါတယ်တဲ့။ Childhood Sleep Problem တွေများလာ မှုကြောင့် NHS အပေါ်မှာ ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေပါပြီတဲ့။ ဒါကို ခုလောလောဆယ် အရေးမထားရင် အနာဂတ်မှာ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေ တိုးပွားလာပါလိမ့်မယ် တဲ့''

''ပညာရှိစကားဆိုတော့ အရေး ထားရမှာပဲဗျ''

''ဟုတ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က Touchscreen ဆိုတာ ဘယ်ဆီနေမှန်းမသိခဲ့ရပါဘူး။ အမေ က သားချော့တေးလေး ဆိုပြီး သိပ်တာ ပါပဲ။ ကောင်းကောင်းအိပ်တာပါပဲ''

''ဒါပေါ့ ဆရာကျော်၊ ကျွန်တော် လည်း ခု ခုနစ်ဆယ်ကျော်ပါပြီ၊ ဒါပေ မယ့် ငယ်ငယ်က သားချော့တေးကို မှတ်မိတုန်းပဲ 'လူကလေးရဲ့ အိပ်ချိန် တန် ဗျိုင်းရှေ့ကပျံ'တဲ့ဗျ။

ခုတော့ Touch Screen တွေ နှိပ်စက်လို့ ဗျိုင်းလည်း ထွက်ပြေးပြီ ထင်ပါရဲ့ဗျာ ဟဲဟဲ''

ဆရာကြီး ဦးရွှေသာ စကား ကြောင့်အားလုံးက ပြုံးစိပြုံးစိဖြစ်သွား ၏။

''ဘယ်အရာမဆို တန်ဆေးလွန် ဘေးပါပဲ ဆရာကြီး၊ ခေတ်ကာလ အလျောက် Touchscreen သုံးသင့် ရင်လည်း သုံးပါ၊အချိန်ကန့် သတ်ပြီး သုံးပါ၊ ကလေးတွေကို အားကစား လည်း လုပ်ပါစေ။ ဒါမှ ဘက်စုံဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးတွေဖြစ် လာမှာပါ။ ဗျိုင်းလည်း ထွက်မပြေး ပါစေနဲ့။ ဟုတ်ပါတယ်နော်''

''ဟုတ်တယ် ဟုတ်တယ် သိပ် ဟုတ်တယ်''

အားလုံးက ဝိုင်းဝန်းထောက်ခံ ကြလေ၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။    ။ (၁) BBC News မှ "Sleep Problems Mounting in Children" ဆေးပညာဆောင်း ပါး။
(၂) BBC News မှ "Touchscreen Todders" Sleep Less  ဆေးပညာ ဆောင်းပါးများကို မှီငြမ်းကိုးကားပါ သည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.