24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ရောဂါနုစဉ် သတိယှဉ်ရမည့် နှလုံးရောဂါ

နွေညနေခင်းဖြစ်၍ ရာသီဥတု က ပူပြင်းနေ၏။

 ဒေါက်တာရဲမိုးကျော်စွာသည် အအေးခန်းထဲတွင် သစ်သီးဖျော်ရည် တစ်ခွက်ကို ဇိမ်ခံသောက်နေစဉ် Samsung Galaxy A 2017 နောက်ဆုံးပေါ် လက်ကိုင်ဖုန်းမြည် လာ၏။

''ဟဲလို၊ ဝိဇ္ဇာကြီးလား ကျွန်တော် First Container Restaurant မှာ ရောက်နေတယ်။ လိပ်စာလား အ မှတ် ၂၇၆၊ ဝေဇယန္တာလမ်း တောင် ဥက္ကလာဗျ၊ ဦးလွင်ဆင့်လိပ်စာ သိတယ်။ သူ့ကို ခေါ်လာလေ၊ ဆရာ မောင်ညိုပြာလည်းခေါ်ခဲ့၊ သူ့မှာ လင် ကရူဇာ ဆစ်ဂနပ် (စ်) တစ်စီးရှိတယ်။ ကျွန်တော့် သူငယ်ချင်း ဒေါက်တာနန္ဒ ရန်မင်းနောင်ဆီမှာ E 200 မာစီး ဒီးတစ်စီးရှိတယ်။ ဝိုင်းတော်သားတွေ အားလုံးဆန့်ပါတယ်။ ဒေါက်တာပြုံးနွဲ့ ရီဆီမှာ တောင်းအေ့(စ်) တစ်စီးရှိ တယ်''

မကြာမီကားသုံးစီးဖြင့် ဝိုင်းတော် သားများ စုံညီစွာ ရောက်ရှိလာ၏။

ထိုအုပ်စုသည် 'လေညိုကုန်း' တွင် ဆုံနေကြဖြစ်သော်လည်း ဒကာ ရှိပါက ဈေးကြီးသော စားသောက်ဆိုင် များသို့ အလုံးအရင်းဖြင့် ချီတက်သွား တတ်၏။

''ကြွပါ ဆရာတို့၊ ဆရာမတို့ လည်း ပါတာကိုး''

''ဆရာလေးဘာတွေရလဲ၊ လုပ် ပါဦး''

''တရုတ်၊ ဥရောပ၊ မြန်မာ၊ ထိုင်း အစုံရတယ်။ ဟင်းအမယ်ပေါင်း ၃၇ဝ ကျော်ရနိုင်တယ်။

''လူကြိုက်များတာက ကဏန်း ပေါင်းဗျ၊ ဒီဟင်းမယ်နဲ့ လိုက်တဲ့ ချဉ် ငန်စပ်ဆော့စ်က ခံတွင်းမြိန်စေ တယ်။ ဒါ့အပြင် ဆိတ်မွသုပ်၊ ဝက် ဂုတ်သား ကင်သုပ်၊ငါးရှဥ့်ခြောက်စပ် ဝက်နံရိုးကြော်တွေလည်းရတယ်။ ကဏန်းပေါင်းကတော့ နာမည်ကြီး တယ်''

''သစ်သီးဖျော်ရည်ရောရလား''

''ရတယ်၊ အစုံရတယ်၊ ကြိုက် တာမှာပါ''

''ကုန်ကျစရိတ်များမယ်ထင် တယ်၊ အန်ကယ်တို့ လူအုပ်က အ ယောက်နှစ်ဆယ်ကျော်တယ်၊ သိန်းငါးဆယ်အထက်မှာ ကုန်ကျစရိတ် ရှိ နိုင်တယ်''

''ရတယ် ဝိဇ္ဇာကြီး၊ သိန်းရာချီ ကုန်လည်း ပြဿနာမရှိဘူး''

''ဟာ-တယ်ဟုတ်ပါလား၊ ဒါဆို မှာမယ်ဗျ၊ တရုတ်စာရော၊ ဥရောပ စာရော၊ ထိုင်းစာရော အစုံမှာလိုက် မယ်''

''မှာပါ၊ ကြိုက်တာမှာပါ''

''ကဗျာဆရာမောင်ဒေါနတော့ မလာနိုင်ရှာဘူး''

''ဘာဖြစ်လို့လဲ''

''သူ့အစ်ကို နှလုံးရောဂါနဲ့ အရေး ပေါ် ဆေးရုံတင်လိုက်ရတယ်''

''သြော်-ဟုတ်လား ဒါဆို သတင်းသွားမေးဦးမှပဲ''

''ခုညစာစားပြီးရင် အုပ်စုလိုက် သွားကြတာပေါ့''

''ဘယ်ဆေးရုံမှာတဲ့လဲ''

''ဝဿဝတီ ဆေးရုံမှာဗျ၊ နှလုံး အထူးကုဆရာဝန်ကြီး ဒေါက်တာရေ ချမ်းကိုယ်တိုင် ကြပ်မတ်ပြီးကုနေ တယ်ကြားတယ်''

''သူ့အစ်ကိုက အားကစားသမား ပဲ၊ တင်းနစ်ချန်ပီယံဗျ၊ ဘယ်လို ဘယ်လို နှလုံးရောဂါရသွားပါလိမ့်''

''ရောဂါဆိုတာ အချိန်မရွေးဝင် လာနိုင်တယ်၊ ပေါ့ဆလို့မရဘူး။ သူ့ အစ်ကိုက ပေါ့ဆတယ်။ အားကစား တော့ လုပ်ပါရဲ့၊ ဆေးလိပ်သောက် တယ်၊ ရုံးမှာလည်း စိတ်ဖိစီးမှုများ တယ်၊ အပေါ်ယံကျန်းမာနေပုံရပေ မယ့် အတွင်းမှာ ရောဂါလက္ခဏာမပြ ဘဲ ရောဂါစဖြစ်နေတတ်တယ်''

''ဒါဆို နှလုံးရောဂါရဖို့ အခွင့် အရေးများနေတဲ့ လူတွေကို ကြိုတင် စစ်ဆေးဖို့ နည်းလမ်းမရှိဘူးလား''

''ရှိတယ်ဗျ၊ ကျန်းမာနေပုံရပေ မယ့် နှလုံးရောဂါဖြစ်နိုင်ခြေများတဲ့ လူတွေကို ကြိုတင်စစ်ဆေးနိုင်တဲ့ နည်းပေါ်နေပြီး အရင်က သွေးပေါင် ချိန်တာရယ် သွေးထဲက အဆီဓာတ် တိုင်းတာလောက်ပဲလုပ်နိုင်တယ်။ ခုဒါထက် ပိုကောင်းတဲ့နည်းလမ်းပေါ် နေပြီ၊ ရောဂါကို နုတုန်းသိရင် ကြို တင်ကာကွယ်နိုင်တယ်၊ ကြိုတင် ကုသနိုင်တယ်''

''ဟာ-ဒီလိုလုပ်နိုင်ရင် သိပ် ကောင်းတာပေါ့၊ အသေးစိတ်ပြောပါ ဦး''

''ဒီစမ်းသပ်ချက်နဲ့ ပတ်သက်တဲ့ သုတေသနအကြောင်းကို Journal of American College of Cardiology ဆိုတဲ့ ကမ္ဘာကျော်ဆေး ပညာဂျာနယ် မှာ ဖော်ပြပြီးပြီး British Heart Foundation ဆိုတဲ့ အဖွဲ့ကြီးက ရန်ပုံ ငွေထောက်ပံ့တဲ့ သုတေသနပဲ၊ သုတေသီတွေက ယောက်ျားတွေမှာ စမ်းသပ်ခဲ့တယ်။ ဒါပေမယ့် သုတေ သီတွေ အဆိုအရ ခုနည်းဟာ မိန်းမ တွေမှာလည်း အသုံးဝင်မယ်လို့ ဆို တယ်။ ဒီနည်းမှာ Troponin ဆိုတဲ့ ဓာတ်တစ်မျိုးကို တိုင်းတာတယ်၊ နှလုံးကြွက်သား ထိခိုက်ပျက်စီးရင် ဒီဓာတ်ထွက်လာတယ်။ Troponin က ပရိုတိန်းတစ်မျိုးပဲ၊ အရင်က ဒီ နည်းကို သုံးဖူးတယ်။ ဒါပေမယ့် ဆရာဝန်တွေက ရောဂါလက္ခဏာ ပြလာမှ တိုင်းတာ တယ်။ ခုနည်းက ဘာလက္ခဏာမှမရှိခင်တိုင်းတာတာ''

''ရောဂါနုတုန်း သိတော့ကြိုတင် ကာကွယ်နိုင်တာပေါ့''

''ဟုတ်တယ် Edinburgh University နဲ့ Glasgow University က သုတေသီတွေကလည်း ဒီအတိုင်း ပြောပြတယ်။ ရောဂါပြင်း ထန်လာမှ တိုင်းတာမဟုတ်ဘဲ ကျန်းမာနေတုန်း မှာလည်း တိုင်းတာသင့်ပါတယ်တဲ့။ ကျန်းမာနေပေမယ့် ရောဂါလက္ခဏာ မပြဘဲ ရောဂါကစဖြစ်နေတာကို ဆို လိုတာ။ အပေါ်ယံကြည့်ရင် ကျန်းမာ နေသယောင်ယောင်ထင်ရတယ်။ ခန္ဓာကိုယ်ထဲမှာက ရောဂါ စဖြစ်နေပြီ၊ လက္ခဏာမပြသေးဘူး။ လူနာက သူ့ကိုယ်သူ ကျန်းမာတယ်ထင်နေ တယ်''

''ဟုတ်ကဲ့ ဆရာ၊ သုတေသန အကြောင်းဆက်ပြောပါဦး''

''သုတေသန ခေါင်းဆောင်က Professor Nicholas Mills တဲ့ဗျ၊ ပါမောက္ခကြီးနဲ့ အဖွဲ့က ခုသုတေသန ကို လုပ်ခဲ့တယ်။ သူတို့တွေ့ တာက Troponin များနေတဲ့ လူတွေဟာ ရောဂါရဖို့ အခွင့်အရေးပိုများတယ်။ သုတေသနစလုပ်တဲ့ အချိန်ကနေ နောက် ၁၅ နှစ် ကာလအတွင်း ဒီလူ တွေဟာ သာမန်ကျန်းမာတဲ့ လူနဲ့ နှိုင်းယှဉ်ရင် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများတယ်။ ဒါ့အပြင် နှလုံးသွေး ကြောပိတ်ရောဂါနဲ့ သေဖို့လည်း အခွင့်အရေးပို့များတယ်တဲ့''

''ဒါဆို Troponin များနေရင် ဂရုစိုက်ရမှာပေါ့''

''ဟုတ်တယ်၊ ဂရုစိုက်ရမယ်။ ဒီလူတွေကို ကြိုတင်ကာကွယ်ရမယ်။ သုတေသနမှာ သွေးထဲက အဆီ ဓာတ်ကျစေတဲ့ ဆေးပေးတယ်။ Statin အုပ်စုဝင်ဆေးဝါးတွေပေါ့၊ ဆေးပေး လိုက်တဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေ လည်း နည်းသွားတယ်။ ပြီးတော့ သွေးဖောက် စစ်တော့ Troponin လည်း ကျသွားတယ်''

''ခု သုတေသနမှာ အစမ်းသပ်ခံ လူက ဘယ်လောက်ရှိသလဲ ဆရာ''

''စုစုပေါင်း ယောက်ျား ၃၃ဝဝ ပါဝင် အစမ်းသပ်ခံတယ်၊ သူတို့က နှလုံးရောဂါလောလောဆယ်မရှိဘူး။ သွေးထဲက အဆီဓာတ် ကတော့ များ နေတယ်။ သုတေသီတွေက သုတေ သနကို ဆက်လုပ်ဖို့ စီစဉ်ထားတယ်။ မိန်းမတွေမှာ သုတေသနဆက်လုပ် မယ်''

''ကောင်းတယ် ဆရာ''

''Professor David Newby ဆိုတာက သုတေသနအဖွဲ့ဝင်တစ်ဦး ပဲ။ သူကပြောတယ်၊ နှလုံးကျန်းမာ ရေး အခြေအနေကို တိုင်းတာ ရာမှာ Troponin ဟာ အတော်ထိရောက်ပါ တယ်တဲ့၊ နှလုံးကျန်းမာရေး အခြေ အနေကိုပြတဲ့ Barometer သဘော ပါပဲတဲ့၊ Troponin တက်လာရင် အခြေအနေမကောင်းဘူးတဲ့။ နှလုံး ရောဂါဖြစ်နိုင်ခြေများလာပြီတဲ့။Troponin နည်းသွားရင် အခြေအ နေကောင်းလာပြီတဲ့။ ဒါ့အပြင် ဘယ် လူက Statin နဲ့ ကုရင် ပိုကောင်းမယ် ဆိုတာလည်း သိရပါတယ်တဲ့။ ခု သုတေသ နတွေ့ရှိချက်တွေရလဒ်တွေ ကနေ တစ်ဆင့်ပိုထိရောက်တဲ့ စမ်း သပ်ချက်တွေလည်း ရလာစရာရှိပါ တယ်တဲ့''

''မျှော်လင့်စရာတွေရှိလာတာ ပေါ့ ဆရာ''

''အရင်က နှလုံးရောဂါဖြစ်နိုင် ခြေရှိ၊ မရှိ ခန့်မှန်းရင် သွေးပေါင်ချိန် တယ်။ ဆေးလိပ်သောက်၊ မသောက် မေးတယ်။ ဒါလောက်ပဲ လုပ်နိုင် တယ်။ ခုပိုလုပ်နိုင်ပြီ၊ ခုသုတေသန ကြောင့် Troponin တိုင်းတာတာဟာ အသုံးဝင်တယ်ဆိုတာ သိလာရပြီ''

''ဒါပေါ့ဆရာ၊ ရောဂါလက္ခဏာ မပြဘဲ လူကောင်းထင်နေရင် အန္တရာယ်ရှိတာပေါ့ဆရာ''

''ဟုတ်တယ် Silent Heart Disease ဆိုတာ အဲဒါမျိုးပေါ့၊ ရောဂါ ရှိနေပေမယ့် လက္ခဏာမပြတော့ လူနာက ပေါ့ပေါ့ဆဆပဲ။ ဗြုန်းခနဲ သွေးကြောပိတ်မှ မျက်ကလဲ ဆန် ပြာဖြစ်တော့တာပဲ၊ Professor Mills က ပြောတယ်။ အပေါ်ယံ ကြည့်ရင် ကျန်းမာနေ သယောင်ယောင်ရှိတဲ့ လူတွေကို Troponin စစ်ဆေးခြင်း ဖြင့် အကျိုးရှိပါတယ်တဲ့၊ Silent Heart Disease ကို ဖော်ထုတ်နိုင်မှာ ပါတဲ့၊ ရောဂါကို နုတုန်းသိရင် ကြို တင် ကာကွယ်နိုင်မှာဖြစ်ပါတယ်တဲ့''

''တခြား ပါရဂူတွေက ဘာပြော သေးလဲဆရာ''

''Dr.Tim Chico ဆိုတာက Sheffield University က နှလုံး ရောဂါအထူးကုပါရဂူကြီးပဲ၊ သူက ပြောတယ်။ နှလုံးရောဂါမှာ ပြဿနာ က ရောဂါကို နုတုန်းရှာဖွေရတာ ခက်ခဲပါတယ်တဲ့၊ ရောဂါလက္ခဏာ မပြရင် ရှာရခက်ပါတယ်တဲ့၊ ရောဂါ နုတုန်း ဘာလက္ခဏာမှ မတွေ့ရပါဘူး တဲ့၊ ခုသုတေသနကြောင့် ရောဂါဖြစ် နိုင်ခြေများတဲ့ လူတွေကို ရောဂါနု တုန်း ရှာဖွေဖော်ထုတ်နိုင်မှာဖြစ်ပါ တယ်တဲ့''

 ''ရောဂါနုတုန်းရှာသင့်တာပေါ့ ဆရာ''

''ပါရဂူကြီးက ပြောတယ်၊ အ ကောင်းဆုံးက ရောဂါလုံးဝမဖြစ်ခင် မှာ ကြိုတင်ကာကွယ်တာ အကောင်း ဆုံးပါပဲတဲ့၊ ဒါကြောင့် သင့်တင့်မျှတ တဲ့ အစားအစာစားရမယ်၊ အဆီအ အိမ့်ရှောင်ရမယ်၊ ပုံမှန်ကိုယ်လက် လှုပ်ရှားမှုလေ့ကျင့်ခန်း လုပ်ရမယ်။ လမ်းမှန်မှန်လျှောက်ရမယ်၊ ဆေးလိပ် သောက်တတ်ရင် ဖြတ်ရမယ်၊ ကိုယ် အလေးချိန်ကို ထိန်းရမယ်၊ အဝမ လွန်စေနဲ့၊ သွေးပေါင် မှန်မှန်ချိန်ရမယ်၊ သွေးပေါင် မတက်စေနဲ့၊ ဒါတွေလိုက် နာရမယ်''

''ဒါပေါ့ဆရာ၊ လိုက်နာရမှာပေါ့၊ ရောဂါဆိုတာ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲ ဖြစ်လာမှ ကုရင် မလွယ်ဘူး အန္တရာယ် ကြီးတယ်''

''ဟုတ်တယ်၊ တလောကလုပ် ငန်းရှင်တစ်ယောက် ရုတ်တရက် ဆုံးသွားတယ်။ အသက်ကလေးဆယ် ကျော်ရုံလေး၊ နှလုံးသွေးကြောပိတ် ရောဂါတဲ့၊ ဒီလူက အလုပ်လောဘ ကြီးတယ်။ အနားမယူဘူး။ စိတ်ဖိစီး မှုကလည်းများတယ်။ ဆေးလိပ်လည်း သိပ်သောက်တယ်။ အဆီအအိမ့် လည်း သိပ်ကြိုက်တယ်။ ဝက်သားကို အဆီမှစားတာ၊ ရောဂါလက္ခဏာ မပြ တော့ ဂရုမစိုက်ဘူး။ ရုတ်တရက်ရင် ဘတ်အောင့်တယ်။ အရေးပေါ်ဌာန ကို ပို့ပေမယ့် အချိန်မမီဘူး။ ဆေးရုံမ ရောက်ခင် ကိစ္စချောသွားပြီ''

''တကယ်လို့ Troponin သာကြို စစ်ထားရင် ခုလို အဖြစ်ဆိုးနဲ့ ကြုံရ မှာ မဟုတ်ဘူးဗျ၊ သင်ခန်းစာယူစရာ ပါပဲ''

ထိုစဉ် ဒေါက်တာကျော်ဆွေသိန်း ရောက်လာ၏။

''ဟာ-ဆရာကျော်၊ နောက်ကျ တယ်ဗျာ''

''အေးဗျာ၊ ဆောရီးပဲ၊ ကျွန်တော် လည်း နှလုံးရောဂါရှိတယ်။ စောစော က ကိုရဲမိုးကျော်စွာပြောတာ နားစွန် နားဖျားကြားလိုက်ပါ တယ်။ Troponin စစ်ရမယ်တဲ့လား''

''ဟဲဟဲ၊ အချင်းချင်းတွေ အ ကြောင်းသိပြီးသားပါ၊ ဆရာကျော် ရောဂါက သွေးစစ်ရုံနဲ့မရဘူး။ နှင်းဆီ တစ်စည်း နေ့စဉ်ရှာပေးရင် ဒီရောဂါ ပျောက်မှာပါ''

''ဘယ်လိုဗျ၊ ကျွန်တော်မရှင်း ဘူး''

''ဒီလို ဝိဇ္ဇာကြီးရဲ့၊ ဆရာကျော် က နှစ်ဆယ့်တစ်ရာစုမောင်ဗျတ္တဗျ၊ နေ့စဉ် ပန်းတော်ဆက်နေရတယ်။ ဒီ နေ့ ပန်းရှာမရလို့ ပျာယာခတ်နေတာ၊ မှန်မှန်ပန်းတော်ဆက်ရင် ဒီရောဂါ ပျောက်မှာ၊ ညောင်ရမ်းဆေးတိုက်က ဖြူဖြူချောချောသူနာပြုဆရာမလေး က ဆွတ်ချူလှည့်ပါ့မောင်တော်ဘုရား ဖြစ်လုဆဲဆဲဖြစ်နေပြီ''

''ဟာ-ဒါက အလွယ်လေး၊ ခုပဲ ဝိဇ္ဇာ မမယ်''

''ဘယ်လို မမှာလည်း ဝိဇ္ဇာကြီး''

''ကျွန်တော့် ခြံထဲမှာ နှင်းဆီတွေ ရောင်စုံရှိတယ်။ ကဲ-ဆရာကျော် ကျွန်တော်ဖုန်းကြိုဆက်ထားမယ်။ ကျွန်တော် ခြံကို ခုပဲပြေးပေတော့''

ဝိဇ္ဇာကြီး၏ နှလုံးရောဂါကုထုံး ကလည်း တစ်မျိုးတစ်ဘာသာစိတ် ဝင်စားစရာကောင်းနေပေသည် တကား။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။        ။ BBC News မှ "Blood Test for Hidden Heart Disease" ဆေးပညာဆောင်း ပါးကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး - ၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.