28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
လက်ကိုင်ဖုန်းနှင့် သက်နိုင်အုံး၊ လက်ကိုင်ဖုန်းနှင့် မိသားစု လူမှုဘဝ ပြဿနာ

ညနေခင်း ဆည်းဆာချိန်ဖြစ်၍ သဘာဝရှုခင်းက လှပနေ၏။
    ပြာလဲ့သော ကောင်းကင်ပြင်ကြီး ထဲတွင် ပုစွန်ဆီရောင် တိမ်တိုက်များ က ဟိုတစ်စုဒီတစ်စုဖြင့် လှပစွာ တည်ရှိနေ၏။
    ကမ်းနားဘက်ဆီမှ တောင်လေ တစ်ချက်တစ်ချက် တိုက်ခတ်လာ၏။
    ရွှေဘုံသာလမ်းတစ်လျှောက် ဘုရားပွဲတော်တမျှ ကြိတ်ကြိတ်တိုး စည်ကားနေ၏။
    အနော်ရထာလမ်းနှင့် ရွှေဘုံ သာလမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာ မဝေးကွာလှသော အရပ်တွင် ဂမ္ဘီရ ဆန်သော 'လေညိုကုန်း' လက်ဖက် ရည်ဆိုင်ကလေးတည်ရှိ၏။
    ထိုဆိုင်ကလေးတွင် စာပေ လောကသားဖြစ်ပါက လက်ဖက်ရည် အခမဲ့သုံးဆောင်နိုင်၏။
    ဂမ္ဘီရဝတ္ထုတိုများ ရေးသားလေ့ရှိ သော စာရေးဆရာသဗ္ဗသိဒ္ဓိဆရာ မောင်၊ အဂ္ဂိရတ် ဝါသနာပါသော အ ငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးရွှေသာ၊ ဓာတ်ခွဲမှူးကြီး ဦးÓဏ်အုန်းနှင့် ဒေါက်တာရေချမ်းတို့သည် အထက် မြန်မာပြည်တစ်နေရာရှိ သမန်းကျား များ ကျက်စားခဲ့ဖူးသော ဂမ္ဘီရ နယ် မြေအကြောင်း အာပေါင်အာရင်း သန်သန်ဖြင့် ဆွေးနွေးငြင်းခုံနေကြ ၏။
    ဦးရွှေသာကို ခင်မင်သူများက 'မြေလျှောက်ဝိဇ္ဇာ'ဟု အမည်ပြောင် ပေးထားကြ၏။
    ''ဝိဇ္ဇာကြီးက မယုံလည်း မတတ် နိုင်ဘူး၊ ကျွန်တော်က ထမံသီကို ရောက်ဖူးတယ်၊ ဒေသခံတွေကိုလည်း အင်တာဗျူးလုပ်ဖူးတယ်''
    ''ကျွန်တော်က လက်တွေ့သမား ဗျ၊ လက်တွေ့မှယုံမယ်''
    ဦးရွှေသာနှင့် သဗ္ဗသိဒ္ဓိ ဆရာ မောင်တို့ ငြင်းခုံနေကြရာမှ ဆွေးနွေးပွဲ က ဇာတ်ရှိန်မြင့်လာ၏။ ရန်ဖြစ်တော့ မည့် အနေအထားသို့ ရောက်လာ၏။
    ထိုအခါ မနေသာတော့သော ဦးÓဏ်အုန်းက ဝင်ရောက်ဖျန်ဖြေ ၏။
    ''ကဲပါ ဆရာတို့ရာ၊ ကျွန်တော် သက်နိုင်အုံးကို ခေါ်ပေးပါ့မယ်။ သူ က အငြိမ်းစား သစ်တော အရာရှိဗျ၊ အရင်က ကသာဘက်မှာလုပ်ဖူး တယ်၊ ခုတော့ အငြိမ်းစားပေါ့ဗျာ၊ ပြီး တော့ သူက အထက်ဂိုဏ်းတစ်ဂိုဏ်း က ဂိုဏ်းဝင်ဗျ''
    ''ကဲ-ဒါဆိုခေါ်ဗျာ၊ ဆွေးနွေးရ တာပေါ့''
    ဦးဥာဏ်အုန်းက Samsung Galaxy A 2017 နောက်ဆုံးပေါ် လက် ကိုင်ဖုန်းဖြင့် ဆက်သွယ်ကာ သက်နိုင် အုံးကို ခေါ်လိုက်၏။
    သက်နိုင်အုံးက ဓာတ်ခွဲမှူးကြီး အား အစ်ကိုအရင်းသဖွယ်ခင်မင် လေးစားသူဖြစ်၍ ခေတ္တအကြာတွင် 'လေညိုကုန်း' သို့ ရောက်ရှိလာ၏။
    သစ်တောအတွေ့အကြုံများစွာ ရှိသူဖြစ်၍ တောတွင်းဂမ္ဘီရဆန်သော ဇာတ်လမ်းများကို စိတ်ဝင်စားအောင် ပြောပြနိုင်သူဖြစ်၏။
    မျှော်လင့်ထားသူ ရောက်ရှိလာ သောအခါ ဝိုင်းတော်သားများက ခွေး ခြေအပုကလေးများကို အနားတိုး ရွှေ့ကာနားထောင်ကြရန် အာရုံစူး စိုက်လိုက်ကြ၏။
    ''ဒီလို ဆရာကြီးတို့၊ ကျွန်တော် က ဝန်ထမ်းဘဝမှာ နယ်စုံအောင် ရောက်ဖူးတယ်၊ ချင်းပြည်နယ်ရော စစ်ကိုင်းတိုင်းရော၊ ကချင်ပြည်နယ် ရော နှံ့နေအောင် ရောက်ခဲ့တယ်။ ရာထူးငယ်တုန်းအောက်ခြေသိမ်းကျုံး လုပ်ရတာပေါ့။ ငှက်ဖျားတောထဲလုပ် ရတာ အန္တရာယ်တော့များတယ်။ အတွေ့အကြုံအများကြီးရခဲ့ပါတယ်''
    ''ကျွန်တော်တို့က အဲဒီအတွေ့အ ကြုံကို နားထောင်ချင်တာ''
    ''ရန်ကုန်က လူတွေက တိရစ္ဆာန် ရုံထဲက ကျားကို ကြည့်ပြီး အထင်မ ကြီးကြဘူး၊ ကျားက အလွန်သန်စွမ်း တယ်။ တောဘုရင်ပဲ သူ့လက်ဝါးတစ် ချက် ပုတ်လိုက်ရင် နွားတစ်ကောင် ဟာ တုံးခနဲလဲသွားတယ်။ အဲသ လောက် ရိုက်ချက်ပြင်းတယ်။ ကျွဲအ ကြီး စားတစ်ကောင်ကို ကုပ်ကနေဆွဲ ချီပြီး ရှစ်ပေအမြင့်ရှိတဲ့ ခြံစည်းရိုးကို လွတ်အောင်ခုန်ပြီး တောထဲကို သယ် သွားတာ''
    ''ဟာ-အားကြီးလှချီလား''
    ''ဟုတ်တယ်၊ တောထဲမှာ လင့် စင်ထိုးရင် အမြင့်ကြီးထိုးရတယ်၊ နိမ့် ရင် ကျားကဂျွမ်းပစ်ပြီးလင့်စင်ပေါ် ရောက်အောင်ခုန်တက်တာ၊ သိပ် သတိထားရတယ်''
    ''သြော်-ကြောက်စရာပဲ''
    ''သမန်းကျား အကြောင်းရိုးရိုး ပြောရင် သိပ်စိတ်ဝင်စားစရာမ ကောင်းဘူး၊ ဖြစ်ရပ်မှန် ဇာတ်လမ်းနဲ့ တွဲပြောရင် ပိုပြီး စိတ်ဝင်စားကြမယ်''
    ''ဟုတ်ပြီ ပြောပါဗျာ၊ စိတ်ဝင် စားပါတယ်''
    ''ကမ္ဘာကျော် မဂ္ဂဇင်းတစ်စောင် ဖြစ်တဲ့ ႊၽငိန ႊၽသမူိ မွာ အာဖရိက တုိက္က သမန်းဝံပုလွေတွေ၊ သမန်း မိကျောင်းတွေ အကြောင်းအထောက် အထားတွေနဲ့ ပါဖူးတယ်။ ကျွန်တော် တို့မှာလည်း တင်ပြစရာတွေ အများ ကြီးဗျ၊ ဒါပေမယ့် ပစ္စည်းကိရိယာ ချို့တဲ့တော့ မတင်ပြနိုင်ဘူး ဖြစ်နေ တယ်''
    ''ဟုတ်တာပေါ့၊ အထောက်အ ထားနဲ့ တင်ပြနိုင်ရင် သိပ်ကောင်းမှာဘဲ''
    ''မှန်တယ်ဗျ၊ တစ်ခါက ကျွန် တော် ထမံသီနားက ရွာတစ်ရွာကို တာဝန်နဲ့ရောက်သွားတယ်။ ရွာလူ ကြီးဆီက ထူးဆန်းတဲ့ ဇာတ်လမ်းတစ် ပုဒ်ကြားခဲ့ရတယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကတဲ့ ရွာကကောင်လေးတစ် ယောက်နဲ့ ကောင်မလေးတစ်ယောက် ရဲ့ အချစ်ဇာတ်လမ်းဗျ၊ ကောင်လေး မိဘတွေက ကြေးရေတတ်တွေ၊ ရွာ အဆင့်မှာပေါ့ဗျာ။ ကောင်မလေးမိဘ တွေက ဆင်းရဲရှာတယ်။ အဲဒီတော့ ချစ်သူနှစ်ဦးကွဲဖို့ ဖန်လာတာပေါ့ဗျာ''
    ''ဟုတ်ကဲ့ ဆက်ပါဦး''
    ထိုစဉ် လက်ကိုင်ဖုန်းက တတီ တီ မြည်လာ၏။
    ''ခဏလေးနော်၊ ဟဲလို ဘာလဲ ကွ၊ ပေတလူလား၊ ကန်တော့ပွဲထိုးဖို့ စာရင်းပေးထားပြီးပြီလေ၊ ဘာလဲ နောက်ထပ် ကြာသပတေးသား တစ် ဦးထပ် ရောက်နေတယ်။ အေးအေး နောက်နေ့ချိန်းလိုက်ကွာ''
    သက်နိုင်အုံးက မေတ္တာဖြင့် အ ခက်အခဲရှိသူများအား ကူညီနေ၏။
    ''ဆရာကြီးတို့ကို ရှင်းပြရဦးမယ်၊ ကျွန်တော်က သက်ပြည့်ပင်စင်မ ဟုတ်ဘူး။ ဆေးပင်စင်နဲ့ ထွက်တာ၊ အငြိမ်းစားယူပြီးတော့ အထက်ဂိုဏ်း တစ်ဂိုဏ်းမှာ ဂိုဏ်းဝင်ဖြစ်လာတယ်။ ပညာစဉ်လေ့လာပြီး ဒုက္ခသည်တွေ ကို ကူညီတယ်။ ငွေကြေးချို့တဲ့ရင် ယတြာအတွက် ဝယ်ဖို့ ချမ်းဖို့ ငွေ စိုက်ထုတ်ပေးတယ်''
    ''ဟာ-ကောင်းတယ်ဗျာ၊ ကျွန် တော်တို့ဆီမှာက ငွေကြေးချို့တဲ့ သူ က အများစုပဲ၊ ဝမ်းသာစရာဗျာ''
    ''ဆရာကြီးတို့ကို လိပ်စာကတ် ပြားပေးထားမယ်၊ အခက်အခဲရှိတဲ့ လူတွေ့ရင် လမ်းညွှန်ပေးပါ။ စောစော ကဇာတ်လမ်း ဆက်ရဦးမယ်။ အချစ် ဇာတ်လမ်းက အလွမ်းနဲ့ နိဂုံးချုပ်သွား တယ်။ ကောင်လေးက ချမ်းသာတဲ့ မိသားစုဘက်ပါသွားတယ်၊ ကောင်မ လေးအသည်းကွဲပြီး သူ့ကိုယ်သူ သတ် သေသွားတယ်''
    ''ဟာ-ဖြစ်ရလေဗျာ၊ ကျွတ် ကျွတ်''
    ''ကောင်မလေး အမေက သမန်း ကျားမျိုးရိုး၊ ဒီပညာက မျိုးရိုးစဉ်ဆက် လက်ကမ်းရတာ၊ ကောင်မလေးအမေ က ကောင်လေးမိသားစုကို ကလဲ့စား ချေတော့တာပဲ၊ လပြည့်ညဆိုရင် ရွာ ထဲကို ကျားတစ်ကောင်ဝင်ဝင်လာ တယ်။ လူတစ်ယောက်ယောက်ကိုက် ချီသွားတယ်။ စောင့်ဖမ်းလည်းမမိ ဘူး။ ရွာသားတွေ ကြောက်လန့်တ ကြား ဖြစ်လာတယ်။ ကောင်မလေး အမေကလည်း ရွာမှာ မရှိတော့ဘူး။ သူပါလို့ ပြောဖို့ကလည်း သက်သေမ ရှိဘူး''

''အင်း၊ ဇာတ်လမ်းက ကောင်း ခန်းရောက်လာပြီ''
    ''ရွာသားတွေက ကျွန်တော်တို့ ကို အကူအညီကောင်းတယ်။ ကျွန် တော်ဆီမှာ ဝင်ချက်စတာတစ်လက် ရှိတယ်။ ခန္တီးက မိတ်ဆွေမုဆိုးကြီး ဆီမှာ အမဲပစ်ရိုင်ဖယ်တစ်လက်ရှိ တယ်။ ဒါနဲ့ လူစုပြီး လင့်စင်ထိုးပြီး ကျားလာမယ့် လမ်းကနေ စောင့်နေ တယ်၊ လပြည့်ညတစ်ညကျတော့''
    ထိုစဉ် လက်ကိုင်ဖုန်းက တတီ တီမြည်လာပြန်၏။
    ''ဟာ-အရေးကောင်း ဒိန်းဒေါင်း ဖျက်ပြီဟေ့၊ ပေတလူ မြန်မြန်ပြော ကွာ၊ ငါလူကြီးတွေနဲ့ စကားပြောနေ တာကွ၊ ဘာလဲ ကျော်မျိုးသီဟလား၊ သူက ဘာသိချင်လို့လဲ၊ သြော်-ဒီနှစ် ချစ်သူနဲ့ လက်ထပ်ဖို့ ဖြစ်နိုင် မဖြစ် နိုင်၊ အေးအေး၊ ငါပြောမယ် မင်းလိုက် ရေး၊ ဒီကောင်ရဲ့ မွေးသက္ကရာဇ်ကို ကောဇာသက္ကရာဇ်နဲ့ပေါင်းကွာ၊ ရလဒ်ကို ရောက်သက်နဲ့စား၊ အြ<ွကင်း ကို လေးထပ်ပေါင်း၊ ပေါင်းရကိန်းကို အမြဲ စားကိန်း ရှစ်နဲ့ စား၊ အြ<ွကင်း ကိုယူကွ၊ ငါးရရင်ဒါမှဟုတ် သုညရ ရင် ဒီကောင် အဆင်ပြေပြီ၊ ဟုတ်ပြီ။ နော်''
    ဖုန်းချသွား၍ စကားဆက်လိုက် ၏။
    ''ခုခေတ်က လက်ကိုင်ဖုန်းပေါ် လာတာကောင်းပါတယ်။ အကြောင်း ရှိရင် ချက်ချင်းဆက်သွယ်လို့ရပါ တယ်။ ဒါပေမယ့် ခဏခဏဆက် လွန်းတော့လည်း မကောင်းဘူးဗျ၊ ခုပေ တလူကိုကြည့်၊ အရင်ကဆိုရင် ဒီ ကောင်နက်ဖြန်ကျမှ မေးမှာ၊ ခုဖုန်းရှိ တော့ တဂွမ်ဂွမ်ဆက်နေပြီး ကျော်မျိုး သီဟက သင်္ဘောသား၊ နောက်နှစ်ရက်နေမှရောက်မှာ၊ ပေတ လူက ဖုန်းရှိတိုင်း ဆက်နေတော့တာ ပဲ''
    ''ဟုတ်တယ်ဗျာ၊ ဇာတ်လမ်းက ကောင်းခန်းရောက်မှ ဆန့်တငံ့ငံ့ဖြစ် နေပြီ''
    ''အဲအဲ ဆက်ပါ့မယ်။ လပြည့် ညကျတော့ ကိုးတောင်ကျားကြီးဘွား ခနဲ ပေါ်လာတယ်။ ကျွန်တော်နဲ့ မိတ်ဆွေ မုဆိုးကြီးက ထိုးချိန်ပြီး ပြိုင် တူပစ်ချလိုက်တယ်၊ သေနတ်သံနှစ် ချက် ဆင့်ကြားပြီး''
    ထိုစဉ် လက်ကိုင်ဖုန်းမြည်လာ ပြန်၏။
    ''ဟာ-အရေးထဲကွာ၊ ဒီတစ်ခါ ပေတလူကို ဆဲလွှတ်မှပဲ၊ ဟာ-ဟေ့ ပြောကွာ၊ ဆောရီးဗျာ၊ ပေတလူမှတ် လို့၊ ဟုတ်ကဲ့ အန်ကယ်၊ အရေးကြီး လား၊ ကားအရောင်းအဝယ်၊ ရပါ တယ်။ ခုဝယ်လက်ရောက်နေပြီ၊ ဟုတ်ပြီ အန်ကယ်ခုလာခဲ့ပါမယ်''
    ဖုန်းချသွားပြန်၏။
    ''ကဲ-ဆရာကြီးတို့ အားလဲနာ တယ်၊ ခင်လည်းခင်တယ်၊ အရေးတ ကြီး ယတြာလုပ်ဖို့ပါ၊ စိတ်မရှိပါနဲ့။ ဗီအိုင်ပီခေါ်နေပြီ၊ ပြေးပြီဗျို့၊ နောက် မှဆက်မယ်''
    ပြောပြောဆိုဆို သက်နိုင်အုံး လင်ကရူဇာတစ်စီးပေါ်သို့ အပြေးအ လွှားတက်ကာ တစ်ဟုန်ထိုးမောင်းနှင် ထွက်ခွာသွား၏။
    ''ဟာဗျာ၊ အရေးထဲမှာဗျာ၊ ကျား ကြီး ဘာဖြစ်သွားသလဲ သိချင်လိုက် တာ''
    ထိုစဉ် ဒေါက်တာကျော်ဆွေ သိန်းနှင့် ကုမ္ပဏီဝန်ထမ်း နေမျိုး နောင်ချိုတို့ ရောက်ရှိလာ၏။ ဒေါက် တာကျော်ဆွေသိန်းကနေမျိုး နောင် ချိုကို ဝိုင်းတော်သားများနှင့် မိတ် ဆက်ပေး၏။
    နေမျိုးနောင်ချိုက နေ့လယ်စာ မစားရသေး၍ ဆာလောင်နေသဖြင့် နယူးဒေလီစားသောက်ဆိုင်မှ အာလူး ပုတီ မှာကျွေးလိုက်၏။
    စားသောက်နေစဉ် လက်ကိုင် ဖုန်းမြည်လာပြန်၏။
    ''ဟဲလို၊ ကျွန်တော်နေမျိုးပါ၊ ဘော့(စ်) လား၊ ဟုတ်ကဲ့ ဟုတ်ကဲ့၊ သွားမို့ပါ့မယ်၊ ဟုတ်ကဲ့ သိပါပြီ''
    ဖုန်းချသွားပြန်၏။
    ''ဘော့(စ်)ကလည်း လွန်တယ် ဗျာ၊ ရုံးဆင်းချိန်ရောက်နေပြီ၊ ခိုင်း တုန်းပဲ၊ ကုမ္ပဏီအစည်းအဝေးက သန်ဘက်ခါမှ၊ အဲဒါဖိတ်စာခုချက် ချင်း ဝေခိုင်းနေတယ်။ သူ့ဆန်စား တော့မှ ရဲရမှာပေါ့ဗျာ''
    ''ကဲကဲသွားလိုက်၊ သွားလိုက် မင်းဘော့(စ်) က ဒေါသကြီးတယ်''
    ''ဟုတ်ကဲ့ဆရာ၊ သွားပြီ''
    စားလက်စ အာလူးပူတီနှင့် သောက်လက်စ လက်ဖက်ရည်ကို ပစ်ထားခဲ့ကာ တက္ကစီတစ်စီးငှား၍ အပူတပြင်းထွက်ခွာသွား၏။
    ဝိုင်းတော်သားများက လက်ကိုင် ဖုန်း အကြောင်းဆွေးနွေးကြပြန်၏။
    ''လက်ကိုင်ဖုန်းပေါ်လာတာ ကောင်းတာရှိသလို မကောင်းတာ လည်း ရှိတယ်။ ခုပဲကြည့်လေ၊ နေမျိုး နောင်ချိုခမျာ စားရက်တန်းလန်းက ထပြေးရတယ်။ လက်ကိုင်ဖုန်းမရှိခင် က ကိစ္စရှိရင် ရုံးကျမှ ပြောတယ်။ ခုတော့ ဘော့(စ်)တွေက စိတ်ကူး ပေါ်တာနဲ့ တန်းပြောတော့တာပဲ၊ ရုံး ချိန်ပြင်ပတွေ ဘာတွေ နားမလည် တော့ဘူး။ ညနက်သန်းခေါင်လည်း ဆက်ချင်ဆက်နေတာ၊ ဝန်ထမ်းတွေ လွတ်လပ်ခွင့်ဆုံးရှုံးတယ်၊ နားချိန် မရဘူး။ ဖုန်းပိတ်ထားပြန်တော့လည်း ဘော့(စ်)က စိတ်ဆိုးတယ်''
    ''ဟုတ်တယ်ဗျ၊ ကောင်းတာရှိသ လို မကောင်းတာလည်းရှိတယ်။ ဒါနဲ့ နိုင်ငံခြားမှာရော''
    ''သူတို့ဆီမှာလည်း သုတေသန တွေလုပ်ခဲ့ဖူးတယ်။ Milwaukee မြို့က University of Wisconsin ရှိတယ်။ အဲဒီတက္ကသိုလ်က ပါရဂူ Sociologist Noelie Chesley က သုတေသနတွေ လုပ်ခဲ့တယ်။ ခင်ပွန်း ရော ဇနီးရော အလုပ်လုပ်တဲ့ မိသားစု တွေကို အင်တာဗျူးလုပ်ခဲ့တယ်''
    ''ဟုတ်ကဲ့ ဆရာကျော်''
    ''နောက်သုတေသနတွေရှိသေး တယ်။ Universty of Illinoisလက်အောက်ခံ Beckman Institute for Advanced Science and Technology က Cognitive Scientist Tate Kubose  ကလည်း သုတေသနတွေ လုပ်ဖူးတယ်။ ပညာရှင်တွေ အဆိုအ ရ လက်ကိုင်ဖုန်းကြောင့် လုပ်ငန်းခွင် နဲ့ လူနေအိမ်စည်းခြားမှုက ပျက်သွား တယ်တဲ့၊ ဝန်ထမ်းတွေ ကောင်း ကောင်း မနားရဘူးတဲ့၊ ဒါကြောင့် ဖုန်း ဆက်ချိန်ကို ကန့်သတ်သင့်တယ်တဲ့၊ ဥပမာ လေးနာရီခွဲ ရုံးဆင်းတယ်ဆိုပါ တော့၊ ကိစ္စရှိရင် ခုနစ်နာရီခွဲလောက် အထိပဲဆက်ပေါ့။ နောက်ပိုင်း မဆက်နဲ့ပေါ့၊ အရေးမကြီးရင် ရုံးကျ မှပြောလည်းရတာပဲ''
    ''ဘော့(စ်)တွေ သဘောထားကြီး ဖို့လိုတယ်။ အောက်ခြေဝန်ထမ်းခမျာ ခိုင်းရင်လုပ်ရမှာကိုး၊ ဘော့(စ်)တွေက နားလည်မှုရှိရမယ်''
    ''မှန်တယ်ဗျ၊ လုံးဝမဆက်ရဘူး လို့ မဆိုလိုပါဘူး။ အရေးကြီးရင် ဆက် ပါ၊ အသေးအဖွဲဆိုရင် နောက်နေ့မှ ပြောပေါ့၊ သဘောက အလယ်အ လတ် လမ်းစဉ်လိုက်ရမှာပေါ့ဗျာ၊ မဇ္ဈိမပဋိပဋာပေါ့ဗျာ''
    ''ထောက်ခံပါတယ်။ ပစ္စည်း ကိရိယာဆိုတာ ချင့်ချိန်သုံးရမယ်၊ သုံး တတ်ရင်အကျိုးရှိတယ်။ အလွန် အကျွံသုံးရင် မကောင်းဘူး''
    ထိုစဉ် လက်ကိုင်ဖုန်း ငါးလုံး စလုံးပြိုင်တူ မြည်လာသဖြင့် ဝိုင်း တော်သားများ မိမိဖုန်းများကို ကိုယ်စီ ကောက်ကိုင်လိုက်၏။ ခေတ္တကြာ သော် အားလုံးက ကမန်းကတန်း ကရောသောပါး ထွက်ခွာသွား၍ 'လေ ညိုကုန်း' ၌ ခွေးခြေအလွတ်များသာ ကျန်ရစ်ခဲ့လေတော့၏။

 

ရည်ညွှန်းချက်။   Medicine Net Com မှ "Cell Phones Are Disrupting Family  Life" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားထားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.