28-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု ဟိုတယ်ကဏ္ဍတွင် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှု ငါးခုရှိနေပြီး အဆင့်လေးတွင် ရှိနေ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1030
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဆေးလိပ်ဖြတ်လျှင် ရောဂါစင်

ညနေခင်းဖြစ်၍ ရွှေဘုံသာလမ်း တစ်လျှောက် လူစည်ကားနေ၏။

အထူးကု ဆရာဝန်ကြီးများ ဆေး ခန်းထိုင်ချိန်ဖြစ်၍ ဆေးတိုက်တိုင်း တွင် တိုးမပေါက်အောင် ပရိသတ် များပြားနေ၏။

 ရွှေဘုံသာလမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာ မဝေး ကွာလှသော အရပ်တွင် 'လေညို ကုန်း'' လက်ဖက်ရည်ဆိုင် ကလေး တည်ရှိ၏။

ထိုဆိုင်ကလေးသည် ''မြန်မာ ချက်ကော့(ဗ်)'' ဟု နာမည်ကြီးလျက် ရှိသော နိုင်ငံကျော် ဝတ္ထုတို ဆရာ မောင်ညိုပြာကို အကြောင်းပြု ၍ စာပေလောက၌ ကျော်ကြားနေ၏။

ယနေ့ညနေတွင် အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးရွှေသာ၊ စာ ပေတိုက်ပိုင်ရှင်ဦးလွင်ဆင့်။ ဆန်းဗေ ဒင်ဟောတတ်သော ကဗျာ ဆရာမ မကြည်ဆွေ၊ အင်းစိန်သား ကဗျာ ဆရာမောင်တိုင်ပြာတို့ ရောက်ရှိနေ ကြ၏။

 မကြာမီ စာပေဝါသနာရှင်များ ဖြစ်ကြသော ဒေါက်တာကျော်ခေါင် ဗလနှင့် ဒေါက်တာရဲလှစိုးနောင်တို့ ရောက်ရှိလာ၏။

''ဆရာဗလတို့ပါလား၊ြ<ွကပါ၊ လာမယ်ကြားလို့ မျှော်နေတာ''

''ဟုတ်တယ်၊ ကျွန်တော်တို့ နောက်ကျသွားတယ်၊ ဆောရီးပါ၊ ရပ်ကွက်ထဲက အဘိုးကြီးတစ်ယောက် ဆေးရုံတင်တဲ့ကိစ္စ လိုက်ကူညီနေ လို့ ပါ''

''လူမှုရေးလုပ်တာကောင်းပါ တယ်၊ အဘိုးကြီးက ဘာရောဂါလဲ''

''အဆုတ်ကင်ဆာတဲ့ အန်ကယ်၊ အဘိုးကြီးက ဆေးလိပ်သိပ်သောက် တာ''

''ဆေးလိပ်က ကင်ဆာဖြစ်စေ တယ်၊ သိရက်နဲ့ မဆင်ခြင်ကြဘူး''

''ဆေးလိပ်က အဆုတ်ပွရောဂါ၊ အဆုတ်လြေ>ွပန်ရောင်ရောဂါတွေ လည်း ဖြစ်စေတယ်။ သောက်တတ် ရင်ဖြတ်မှ''

ထိုစဉ် ဦးလွင်ဆင့်ကလည်း ဝင် ဆွေးနွေး၏။

''ဟုတ်တယ် ဦးရွှေသာ၊ ဆေး လိပ်က သိပ်ဆိုးတာ၊ ရောဂါပေါင်းစုံ ဖြစ်စေတယ်၊ သောက်တဲ့ လူတင်မက ဘူး၊ ဘေးကလူလည်း ရောဂါရစေ တယ်''

''ဘေးကလူလည်း ဆေးလိပ် မီးခိုးရှူမိတာကိုး''

''ဆေးလိပ်ပြဿနာက အတော် ဖြေရှင်းရခက်တယ်၊ အင်္ဂလန်လို နိုင်ငံ မျိုးမှာတောင် အတော်ဖြေရှင်းနေရ တယ်''

''ဟုတ်လား၊ စိတ်ဝင်စားစရာပဲ ရှင်းပြပါဦး၊ အတုယူသင့်တာပါရင် ယူရတာပေါ့''

''ဒီလိုပါ အန်ကယ်၊ အင်္ဂလန်မှာ NHS ဆိုတာရှိတယ်၊ National Health Service ပေါ့၊ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆိုပါတော့၊ သူတို့ နိုင်ငံက ငွေကြေး ပြည့်စုံတော့ အတော်လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ဆေးလိပ်ပြဿနာ ကို ရှင်းနေရတုန်း ရှိသေးတယ်၊ ကျန်း မာရေး ဌာနက တာဝန်ရှိသူတွေက Truly Tobacco Free NHS ဖြစ်ဖို့ လိုတယ်လို့ ဝေဖန်နေကြ တယ်''

''ရည်ရွယ်ချက်က ဘာလဲဆရာ''

''ဆေးလိပ်စွဲနေတဲ့ လူနာတွေကို ဆေးလိပ်ဖြတ်နိုင်အောင် ကူညီဖို့ ရည် ရွယ်တယ်၊ ခုလက်ရှိ လေ့လာချက် အရ ဆေးရုံ ၁ဝ ရုံမှာတစ်ရုံနှုန်းပဲ ဆေးလိပ်မသောက်ရ နယ်မြေလုပ် သေးတယ်။ သူတို့ ဆေးလိပ်မသောက် ရ နယ်မြေဆိုတာက ကျန်းမာရေး ဌာနက အဆောက်အအုံတွေ ပြင်ပ အနီးအနားပါပါတယ်၊ ဆေးရုံအတွင်း ချည်းပဲ မဟုတ်ဘူး''

''ဆေးရုံပြင်ပပါ ပါတော့ ပို ကောင်းတာပေါ့''

 ''ဟုတ်တယ် အန်ကယ်၊ သူတို့ ဆီမှာ PHE ဆိုတာရှိတယ်။ နာမည် အပြည့်အစုံက Public Health England တဲ့၊ PHE က ခုလို  ၁ဝ ရုံမှာ တစ်ရုံနှုန်းပဲရှိနေတာ သဘောမ ကျဘူး။ လူနာတွေ ကုသမှုမှာ ဆေး လိပ်ဖြတ်တာလည်း ပါစေချင်တယ်။ ဆေးရုံတိုင်းဆေးရုံတိုင်းကို ဆေးလိပ် ကင်းစင်နယ်မြေဖြစ်ချင်တယ်''

 ''ဟုတ်တယ် ဖြစ်သင့်တယ်''

''သူတို့ဆီမှာ ဆေးလိပ်စွဲနေတဲ့ လူဦးရေကလည်း များတယ်၊ တစ်နှစ် တစ်နှစ်ကို NHS လက်အောက်ခံ ဆေးရုံတွေမှာ ဆေးရုံတက်ကုတဲ့ လူ နာတွေကို လေ့လာထားတယ်၊ အဲဒီ ထဲမှာ ဆေးလိပ်စွဲနေတဲ့ လူနာက တစ်နှစ်ကို တစ်သန်းကျော်ရှိတယ်''

''ဟာ-အများကြီးပဲ''

''PHE ရဲ့ အကြီးအကဲတစ်ဦးဖြစ် တဲ့ အမှုဆောင် အရာရှိချုပ် Duncan Selbie က ပြောတယ်၊ ဆေးလိပ်စွဲတဲ့ လူနာကို လူနာဆန္ဒ မပါဘဲ အတင်းဖိ အားပေးပြီး ဆေးလိပ်ဖြတ်ခိုင်းတာ မဟုတ်ပါဘူးတဲ့၊ လူနာဆေးလိပ်ဖြတ် ချင်လာအောင် အသာတကြည် စည်း  ရုံးပြီးဖြတ်ချင်ရင်ဖြတ်နိုင်အောင် အ ကူအညီပေးတာပါတဲ့''

''လူနာဆန္ဒပါမှပဲဖြစ်မှာပါ''

''အင်္ဂလန်မှာ British Thoracic Society ဆိုတာရှိတယ်၊ ဗြိတိသျှ ရင်ခေါင်းရောဂါဆိုင်ရာ အသင်းကြီးပေါ့၊ ဒီအသင်းကြီးရဲ့ အစီရင်ခံစာအရ ဆေးရုံတက်တဲ့ လူနာစုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းဟာ ဆေးလိပ်စွဲနေပါသတဲ့၊ အထွေထွေ စာရင်းကောက် လိုက်တော့ သာမန် အရပ်သား အားလုံးရဲ့ ၁၉ ရာခိုင်နှုန်း ဆေးလိပ်စွဲနေတယ်၊ ဒါကြောင့် ဆေး ရုံတက်တဲ့ လူနာက ဆေးလိပ်စွဲတာပို များနေတယ်''

 ''ခုလို ဆေးလိပ်စွဲနေတော့ မဖြတ်ကြဘူးလား''

''သက်ဆိုင်ရာတွေကလည်း ကြိုး စားပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့် မအောင်မြင်သေးဘူး၊ ဆေးလိပ်စွဲလူ နာတွေထဲမှာ ၁၃ ဦးကို တစ်ဦးနှုန်းပဲ ဆေးရုံသို့မဟုတ် ဆေးလိပ်ဖြတ်တဲ့ ဌာနကို ပို့နိုင်သေးတယ်။ ဆေးလိပ် ကင်းစင်နယ်မြေ သတ်မှတ်တာက လည်း ကျန်းမာရေးဌာနဆိုင်ရာ အ ဆောက်အအုံ ၁၆ လုံးမှာ တစ် လုံးနှုန်းပဲ သတ်မှတ်နိုင်သေးတယ်။ နည်းသေးတယ်၊ ရောဂါရာဇဝင် ယူတဲ့ နေရာမှာလည်း လူနာ လေးဦးမှာ တစ်ဦးနှုန်း ဆေးလိပ်သောက်တဲ့ ရာဇဝင်နဲ့ ပတ်သက်လို့ အမေးမခံရ ဘူး။ သဘောက ဆေးလိပ်ကို အရေး တယူ မစူးစမ်းဘူး၊ ဆေးလိပ်သောက် တဲ့ ရာဇဝင်ရှိပါတယ်ပြောလည်း လူ နာ လေးဦးမှာ သုံးဦးနှုန်း ဆေးလိပ် ဖြတ်မဖြတ် အမေးမခံရဘူး၊ ပြီးတော့ ဆေးရုံတွေမှာ လူနာနဲ့ လက်တွေ့ထိ တွေ့ပြီး ဆောင်ရွက်နေတဲ့ Frontline Healthcare Staffs ရှိတယ်၊ အဲဒီ ဝန်ထမ်းတွေထဲမှာ ၅ဝ ရာခိုင်နှုန်းက ဆေးလိပ်ဖြတ်နည်းနဲ့ ပတ်သက်တဲ့ လေ့ကျင့်သင်ကြားမှု မရသေးဘူး''

''ဒါဆိုလိုသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ''

''ဟုတ်တယ် ပြီးပြည့်စုံမဖြစ် သေးဘူး၊ စာရင်းဇယားကောက်ယူ တာကတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ် ထားပါတယ်။ ယူကေနိုင်ငံ တစ်လွှားက Institute ပေါင်း ၁၄၆ ခုကနေ ကောက်ယူခဲ့တယ်။ လူနာပေါင်း ၁၄၇၅ဝ ဦးရဲ့ ဆေးမှတ်တမ်းတွေကို ခွဲခြမ်း စိပ်ဖြာလေ့လာ ခဲ့တယ်''

''ကောင်းတယ်၊ ခုလို ပြည့်ပြည့် စုံစုံ စာရင်းကောက်သင့်တယ်''

''သူတို့ဆီမှာ တစ်ခုကောင်းတာ က ဝေဖန်မှုပဲ၊ ချို့ယွင်းချက်အား နည်းချက်ကို အားမနာတမ်း ထောက် ပြတယ်၊ ခုအစီရင်ခံစာအရ ဆေးလိပ် ဖြတ်တဲ့ လုပ်ငန်းဟာ အတော်အား နည်းနေသေးတယ်တဲ့၊ ထပ်ပြီး ကြိုး စားရဦးမယ်တဲ့၊ ပါရဂူတွေ တိုက်တွန်း တာက ဆေးလိပ်ဖြတ်ချင်တဲ့ လူနာ ကို အထူးကုဆီ လွှတ်ရမယ်တဲ့။ ပြီး တော့ Nicotine Repiacement Therapy ကိုလည်း ခုထက်ပိုပြီး ကောင်းအောင်လုပ်ရမယ်တဲ့၊ ဆေးရုံ ဝန်ထမ်းတွေကို ခုထက်ပိုပြီး လေ့ ကျင့်သင့်ကြားပေးရမယ်တဲ့''

''ဟုတ်ကဲ့ ဆရာ''

''Mr Selbie က ပြောတယ်၊ ဆေးလိပ်ဖြတ်ချင်တဲ့ လူနာကို သင့် တင့်လျောက်ပတ်တဲ့ ကူညီမှုပေးရ မယ်တဲ့၊ လူနာကို အတင်းဖိအားမပေး ရဘူးတဲ့၊ လူနာဆေးလိပ်ဖြတ်ချင် အောင် စည်းရုံးရမယ်တဲ့၊ ရောဂါရာဇ ဝင်ယူတဲ့အခါ သေသေချာချာမေး ရင် လူနာဆယ်ဦးမှာ ခုနစ်ဦးက ဖြတ် ချင်တယ်လို့ ပြောပါတယ်တဲ့''

''အများစုက ဖြတ်ချင်သားပဲ''

''ဟုတ်ပါတယ်၊ လူနာဟာ ဆေး ရုံမှာရှိနေတုန်းမှာ ဖြတ်ဖို့ အခွင့်သာ တယ်တဲ့၊ ကူညီမယ့် လူက အဆင် သင့်ပဲတဲ့၊ ဆေးရုံက ဆင်းသွားရင် ထပ်လာဖို့ မလွယ်ဘူးတဲ့၊ အဲဒါလည်း စဉ်းစားသင့်တယ်''

''ဆေးလိပ်ကြောင့် ဒုက္ခဖြစ်တာ တွေရော''

''ရှိတယ် အန်ကယ်၊ PHE က  စာရင်းဇယားတွေအရ ယူကေတစ် နိုင်ငံလုံးမှာ တစ်နှစ်တစ်နှစ်ကို လူနာ ပေါင်း ၉၆ဝဝဝ ဟာ ဆေးလိပ် ကြောင့် သေနေကြတယ်။ သေတာက လည်း ဆေးလိပ်နဲ့ ဆက်နွယ်နေတဲ့ ရောဂါတွေ ရရာကနေ သေကြတာ တဲ့၊ ပြီးခဲ့တဲ့ ၂ဝ၁၄-၂ဝ၁၅ ကာလက ဆေးရုံတက်တဲ့ လူနာတွေမှာ စုစု ပေါင်း လူနာဦးရေ ၄၇၅ဝဝဝ ဦးက ဆေးလိပ်ကြောင့် ရောဂါရပြီး ဆေးရုံ တက်ရတာတဲ့၊ သူတို့ ဆေးရုံတက်လို့ ကုသရတဲ့အခါ ကုသစရိတ် စုစုပေါင်း က စတာလင်ပေါင် နှစ်ဘီလျံရှိတယ် တဲ့၊ ဒါက ဆေးရုံစရိတ်ပဲရှိသေးတယ်၊ နောက်ထပ် လူမှုရေးစောင့်ရှောက် မှုစရိတ်က တစ် ဒသမ တစ် ဘီလျံ ထပ်ကုန်သေးတယ်တဲ့''

''ဟာ-ဆေးလိပ်က တယ်ဆိုး တာပဲ''

''ဒါကြောင့် ဆေးလိပ်ကို ဆေးရုံ ပတ်ဝန်းကျင်မှာ မသောက်ရလို့ တား ကြတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး မဖြစ်မြောက်သေးဘူး။ အိုင်ယာလန် မြောက်ပိုင်းနဲ့ စကော့တလန်မှာပဲ လုပ်လို့ရသေးတယ်၊ ခုနှစ်ကုန်ပိုင်းမှာ ဝေလနယ်မှာလည်း လုပ်ဖို့ စိုင်းပြင်း နေတယ် ကြိုးစားတုန်းပဲ''

''ကြိုးစားသင့်ပါတယ်''

''Camden and Ilington NHS Foundation Trust မှာ ပါရဂူ တစ်ဦးရှိတယ်၊ သူက စိတ်ရောဂါ အထူးကု ဆရာဝန်ကြီးပဲ၊ Consultant Psychologist ပေါ့၊ သူ့နာမည် က Dr Frank Ryan တဲ့၊ လူတွေကို ဆေးလိပ်ဖြတ်တာထက် နဂိုကတည်း က ဆေးလိပ်အစ မလုပ်မိအောင် ပညာပေးတာက ပိုပြီးကောင်းပါတယ် တဲ့၊ ဆေးလိပ်စွဲနေတဲ့ လူတွေကိုလည်း ခုထက်ပိုပြီးပြတ်အောင် ကြိုးစားကူ ညီရပါမယ်တဲ့၊ ဆေးလိပ်စွဲမှုကြောင့် ရောဂါထူပြီး ဌာနဆိုင်ရာ ဝန်ထမ်း တွေ ခဏခဏဆေးခွင့်ယူပြီး လုပ်ငန်း ခွင့် ပျက်ကွက်မှုတွေများနေပါတယ် တဲ့၊ ခုလိုပြောသွားတယ်''

''ကောင်းသော အကြဥာဏ်တွေ ပါပဲ''

''Pollcy Director ဖြစ်တဲ့ Hazel Cheeseman က ပြောတယ်၊ အစိုးရ အနေနဲ့ ခုထက်ပိုပြီး New Tobacco Control Plan ကို ရေးဆွဲကျင့်သုံးသင့် ပါတယ်တဲ့၊ လူငယ်တွေ ဆေးလိပ်စွဲ ရောဂါမရအောင် ကြိုတင်ကာကွယ် တာဟာ အနာဂတ်ကျန်းမာရေးကို ကြိုတင်ပြုစုပျိုးထောင်ရာ ရောက်ပါ တယ်တဲ့''

 ''ဟုတ်တာပေါ့ ဆရာ''

''သူတို့ဆီမှာ Vaping တို့၊ ECigarette တို့လည်း ပေါ်နေပြီ၊ အဲ ဒါတွေကလည်း အန္တရာယ်ရှိတယ်တဲ့၊ အဲဒါတွေကို ပပျောက်အောင် လုပ်ရ ဦးမယ်တဲ့''

''လုပ်ရမှာပေါ့ ဆရာ''

''ဆေးလိပ်က ကိုယ်ဝန်ဆောင် တွေလည်း မသောက်သင့်ဘူး။ ကလေးအသေမွေးတာတို့၊ လမစေ့ဘဲ မွေးတာတို့ ဖြစ်တတ်တယ်''

''မသောက်တာ အကောင်ဆုံး ပါပဲ''

''ဆေးလိပ်က အဆုတ်ကင်ဆာ အပြင်တခြား ကင်ဆာတွေလည်း ဖြစ်စေတယ်။ နှလုံးသွေးကြော ကျန်း ရောဂါဖြစ်နိုင်ခြေလည်း များစေ တယ်''

''ဟုတ်တယ်၊ ရောဂါစုံဖြစ်စေ တယ်''

''ဆေးလိပ်ကို အခွန်တိုးကောက် သင့်တယ်''

''ဒီနည်းကို တချို့နိုင်ငံတွေမှာ လုပ်နေပြီ၊ ပြီးတော့ ဆေးလိပ်ဘူးခွံ မှာလည်း ကင်ဆာလူနာပုံတွေ ထည့် ရမယ်၊ ဒါမှ ကြောက်သွားမှာ''

 ''ဟုတ်တယ် အဲဒါကောင်း တယ်''

စကားကောင်းနေစဉ် ဒေါက် တာပြုံးနွဲ့ရီ၊ ဒေါက်တာ ယုစန္ဒာထွန်း၊ ဒေါက်တာ ခင်ဦးခင်ခင်၊ ဒေါက်တာ မြမြအေးထွန်းတို့ ရောက်ရှိ လာ ၏။

''ဆရာဗလတို့ ရောက်နေတယ် ကြားလို့ လိုက်လာတာ၊ ဘာကျွေးမှာ လဲ''

''ပြုံးတို့ စားချင်တာ ကျွေးမယ် လေ''

''ဒံပေါက်စားချင်တယ်''

''ရမယ် ခဏစောင့်''

 ဒေါက်တာ ကျော်ခေါင်ဗလက စားပွဲထိုးကလေးမောင်ကြွက်နီအား မျက်ရိပ်ပြလိုက်၏။

ခဏကြာသော် ဒံပေါက်ပွဲ ပူပူ နွေးနွေးများရောက်ရှိလာ၏။

''ဟာ-ဘယ်လို လုပ်လိုက်ပါလိမ့်''

 ဒေါက်တာပြုံးနွဲ့ရီက စိတ်ထဲမှာ တွေးလိုက်၏။

''ကဲ-သုံးဆောင်ကြပါ၊ ကြက် ပေါင်သားရော ရင်ပုံသားရောပါပါ တယ်။ နှစ်သက်ရာ သုံးဆောင်ပါ၊ ဇွန်းခက်ရင်း အဆင်သင့်ပါပါ တယ်၊ ချဉ်ပေါက်ရွက်ဟင်းချို၊ သရက်သီးသ နပ်၊ လိုက်ပွဲတွေလည်း အစုံပါပါတယ်''

 ဒေါက်တာ တစ်စုနှင့် ဝိုင်းတော် သားတစ်စု ခေါင်းမဖော်တမ်းအားပါ တရ စားသောက်ကြ၏။

 ခေတ္တကြာသော် စားပွဲခုံ အပု ကလေးများပေါ်တွင် ကြက်ရိုးများနှင့် ပန်းကန်အလွတ်များသာ ကျန်ရစ်ခဲ့ လေတော့၏။

အောင် (ဆေး-၁)
ရည်ညွှန်းချက်။        ။ BBC News မှ "NHS Tobacco Free" Campaign Lunch By Public Health England" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.