24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရင်းနှီးမြှုပ်နှံမှု တိုးတက်နေတဲ့ ဂျာမန် အိမ်ရာဈေးကွက်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ကော်ဖီတစ်ခွက် ဥာဏ်ထက်မြက် ကော်ဖီသောက်သုံးမှု အချိုးအဆနှင့် အကျိုးအပြစ်များ

နွေနေ့လယ်ခင်းဖြစ်၍ ရာသီ ဥတုက ပူနေ၏။

E200 အမျိုးအစား မာစီးဒီးကား နက်ကြီးသည် အင်းလျားလမ်းတစ် လျှောက် မောင်းနှင်လာပြီး အမှတ် ၁ဝ၄၊ Happy Cafe & Noodles  သို့ ရောက်ရှိလာ၏။

 ဒေါက်တာ ကျော်ဗလသည် တိုင်းရင်းသား အစားအစာစားလို၍ ထိုဆိုင်သို့ ရောက်ရှိလာခြင်းဖြစ်၏။

ထိုစဉ် လက်ကိုင်ဖုန်းမြည်လာ၍ ကောက်ကိုင်လိုက်၏။

''ဟဲလို ကိုကျော်စွာလား၊ ဆာပြီ လား၊ ကျွန်တော် အင်းလျားလမ်းမှာ၊ လာခဲ့လေ။ လိပ်စာလား အမှတ် ၁ဝ၄ အင်းလျားလမ်း ကမာရွတ်မြို့နယ်ဗျ၊ ဝိုင်းတော်သားတွေလည်း ခေါ်ခဲ့လေ၊ ရပါတယ်''

မကြာမီ လင်ကရူဇာတစ်စီး တောင်းအေ့(စ်) တစ်စီးနှင့် ဟွန်ဒါ အက်ကော့တစ်စီးရောက်ရှိလာ၏။

ထိုအုပ်စုကို ဒေါက်တာမင်းခေါင် ကျော်စွာက ဦးဆောင်လာပြီး အငြိမ်း စားကျောင်းအုပ်ကြီး ဦးရွှေသာ၊ စာပေ တိုက်ပိုင်ရှင် ဦးလွင်ဆင့်၊ ဆန်းဗေဒင် ဟောတတ်သော ကဗျာဆရာမ မကြည်ဆွေ၊ ပုဇွန်တောင် သူဝတ္ထုတို ဆရာမ မစပယ်၊ အင်းစိန်သား ကဗျာ ဆရာမောင်တိုင်ပြာ၊ ပိတောက် ကဗျာများဖြင့် နာမည်ကြီးနေသော တောင်ဒဂုန်သား ကဗျာဆရာကျော် ခေါင်၊ စာပေဝါသနာရှင် မုံရွာသား ဒေါက်တာ လင်းနိုင်ထွန်းတို့ ပါဝင် လာ၏။

''ဟာ လူစုံဘဲ ကိုကျော်စွာ စီစဉ် တာတော်တယ်''

''ကဲ ဆရာဗလ ဘာတွေရလဲ လုပ်ပါဦး''

''ဆရာတို့တိုင်းရင်းသား အစား အစာ စားချင်တယ်ဆိုလို့ ခေါ်လိုက် တာ၊ ကျွန်တော် စားချင်တာလဲပါ တာပေါ့ဗျာ။ ဒီဆိုင်မှာ ခေါက်ဆွဲ မျိုးစုံ ရတယ်။ ဗန်းမော်ခေါက်ဆွဲ၊ မြစ်ကြီး နား ခေါက်ဆွဲ၊ မိုးကုတ်ခေါက်ဆွဲ၊ ကျိုင်းတုံခေါက်ဆွဲတွေရတယ်၊ ဝက် စတူ ခေါက်ဆွဲနဲ့ ကြက်ခြေထောက် မျှစ်ချဉ်ခေါက်ဆွဲလဲရှိတယ်''

''တယ်စုံတာပဲ ကျွန်တော်က ငါးကြိုက်တယ် ရနိုင်မလား''

''ရပါတယ်၊ ငါးကျည်းခြောက် မျှစ်ချဉ် ခေါက်ဆွဲမှာထားတယ်၊ အရသာက ချဉ်ချဉ်စပ်စပ်ဗျ၊ အရည် က ပူပူဗျ၊ ငါးကျည်းကျပ်တိုက် အ သားကို သေသေချာချာခွာတယ် ခရမ်းချဉ်သီးပါတဲ့ အနှစ်လုပ်ထား တယ်။ ပြီးတော့ အနှစ်ရယ်၊ ငါးအ သားရယ်၊ ရွှေပဲရွက်ရယ်၊ ကြက်သွန် မြိတ်၊ နံနံပင်ရောပြီး စီစဉ်ပေးတယ်။ ခေါက်ဆွဲအရည်က ပူပူစားလို့ကောင်း တယ်''

''ကော်ဖီမျိုးစုံ၊ အအေးမျိုးစုံ၊ သစ် သီးဖျော်ရည်မျိုးစုံလည်း ရတယ်''

''ဆရာလင်းက ကော်ဖီကြိုက် တယ်၊ တစ်နေ့ ဆယ်ခွက်လောက် သောက်တယ်''

''ဟာ များတယ် ဆရာလင်း လျှော့သောက်''

''ဆရာကျော်က ဘာတွေ ဖတ်မိ လို့လဲ ဂျာနယ်မှာလား''

''ဟုတ်တယ် ဆရာလင်း New Scientist ဆိုတဲ့ သိပံ္ပပညာဂျာနယ်က တွေ့ရှိချက် အကြောင်းပြောပြမယ်။ အမေရိကား မှာ ကော်ဖီသောက်တဲ့ လူတွေ သန်းချီရှိတယ်တဲ့ အရွယ် ရောက်ပြီး လူကြီးဦးရေ ၉ဝ ရာခိုင်နှုန်းက ကော်ဖီနေ့စဉ် သောက်တယ်တဲ့၊ ဒါပေမယ့် သူတို့ဆီမှာ Caffeine က တခြား စားစရာတွေမှာလည်း ပါနေ တယ်။ ဥပမာ Waffies Sunflower Seeds, Trail Mix, Jelly Beans  စ တာတွေမှာလဲပါနေတယ်။ ပညာရှင် တွေက Cumulative Impact ကို စိုးရိမ်လာတယ်၊ ဟိုကနည်းနည်း ဒီက နည်းနည်းနဲ့ စုစုပေါင်းရင်များလာနိုင် တယ်လေ''

''ဟုတ်တာပေါ့၊ စားစရာမျိုးစုံမှာ ပါနေတာကိုး''

''ဥပမာတစ်ခုက Wrigley Chewing Gum ဗျ၊ ပီကေတစ်မျိုးပေါ့ ဗျာ၊ ဒီစားစရာမှာ Caffeine က အ လွန်အကျွံပါနေတယ်။ ဒါကို Food and Drug Administration က ထောက်ပြတယ်''

''F.D.A ကို ပြောတာလား''

''ဟုတ်တယ်၊ အတိုကောက် F.D.A ပေါ့ဗျာ၊ နောက်ပိုင်းမှာ Wrigley ကုမ္ပဏီက ဒီစားစရာကို မထုတ်တော့ဘူး ရပ်လိုက်တယ်''

''Caffeine ဓာတ်က သိပ်များ ရင် အန္တရာယ်ဗျ၊ Caffeine Toxicity ဆိုတာရှိတယ်။ လက်တွေ့မှာ အလွန် ရှားတယ်ဆိုပေမယ့် အလွန်အကျွံ သောက်ရင် ဖြစ်နိုင်ခြေရှိတယ်။ သူတို့ ဆီမှာ US Substance Abuse and Mental Health Services Administration ဆိုတာရှိတယ်။ မူးယစ်ဆေး ဝါးနဲ့ ဆိုင်တာပေါ့ဗျာ၊ သူတို့ဆီမှာ Energy Drink ဆိုတာတွေရှိတယ်။ ဃေ်နငညန ပါတယ်။ များသွားရင် အန္တရာယ်ရှိတယ်။ များသွားလို့ အရေး ပေါ်ဌာနရောက်လာတာရှိတယ်။ အဲဒီ အသင်းကြီးရဲ့ အဆိုအရ ၂ဝ၁၁ ခုနှစ်မှာ များသွားလို့ အရေးပေါ် ရောက်တာ နှစ်သောင်းကျော်ရှိတယ် တဲ့''

''ဒါဆို Energy Drink တွေကို သတိထားရမယ်''

''5 Hour Energy Shot တို့ Red Bull တို့ပေါ့ဗျာ''

''ဒါဆို အန္တရာယ်ကင်းတဲ့ ပမာဏကို မသိရဘူးလား''

''F.D.A ကလည်း ဒီပမာဏကို သတ်မှတ်ဖို့ ကြိုးစားနေပါတယ်။ ကော်ဖီက စွဲလမ်းစေတယ်။ Caffeine ကို Psychoactive Drug စာရင်းထဲ မှာ ထည့်ထားတယ်။ Harvard School of Public Health က သုတေသနလုပ်ထားတာရှိတယ်။ ကော်ဖီစွဲပြီး မသောက် ဘဲနေရင် Withdrawal Symptom တွေ ပေါ် လာတတ်တယ်တဲ့။ ဥပမာ မောပန်း နွမ်းနယ်နေတာ ခေါင်းကိုက်တာ အာရုံစူးစိုက်လို့ မရတာ၊ ကြွက်သား တွေနာတာ၊ ပျို့ချင်အန်ချင်တာတွေ ဖြစ်တယ်တဲ့''

''သြော် ကော်ဖီကလည်း စွဲတတ် သကိုး''

''လွယ်လွယ်ပြောရရင် မူး ယစ်ဆေးဝါးစွဲတာနဲ့ ခပ်ဆင်ဆင်တူ နေတယ်၊ ဒါကြောင့် သုတေသီတွေက တစ်နေ့ကို ခြောက်ခွက်ထက် ပို မသောက်သင့်ဘူးတဲ့''

''ကော်ဖီမှာလည်း ကောင်းကျိုး တွေရှိတယ်လို့ ကြားဖူးတယ် ဆရာ ကျော်ရဲ့''

''ဟုတ်ပါတယ်၊ ဆရာလင်း ပြောတာလဲ မှန်ပါတယ်၊ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေလျော့ကျစေတယ်။ သားမြတ် ကင်ဆာဖြစ်နိုင်ခြေ လျော့ကျစေတယ်။ အမှတ် (၂) အမျိုးအ စား ဆီးချို သွေးချိုဖြစ်နိုင်ခြေ လျော့ ကျစေတယ်၊ ကောင်းကျိုးတွေရှိပါ တယ်''

''အသင့်အတင့်တော့ သောက် သင့်တာပေါ့နော်''

''မှန်ပါတယ်။ အလွန်အကျွံ မဖြစ်အောင် သတိထားရပါမယ်။ George Washington University လက်အောက်ခံ School of Public Health and Health Services  က ပါရဂူ Lynne Goldman က ပြော တယ်။ လူတွေဟာ ကော်ဖီသာ သောက်နေတာ၊ ဘယ်လောက် Caffeine တွေ ပါနေမှန်းမသိကြာဘူး တဲ့''

''မသိတော့ သောက်ပြီးရင် သောက်ရင်းဖြစ်နေတာပေါ့ဗျာ''

''ဟုတ်တယ် များသွားတော့ အိပ် မပျော်တာ အစာမကြေတာ သွေး ပေါင်တက်တာတွေ ဖြစ်လာရောတဲ့''

''သောက်ကောင်းကောင်းနဲ့ သောက်နေတာကိုး''

''ဒါဆို ဘယ်ဟာမှာ ဘယ် လောက်ပါတယ်ဆိုတာ သိရရင် ကောင်းမယ်''

''ပညာရှင်တွေ တွက်ချက်ထား တာရှိပါတယ်။ ကော်ဖီခြောက်အောင် စမှာ Caffeine ဓာတ်က 77 ကနေ 150 မီလီဂရမ်ရှိတယ်။ အလေးချိန်နဲ့ ဆိုရင် ၁၇ဝ ဂရမ်ပေါ့ဗျာ။ လက်ဖက် ရည်မှာက ငါးအောင်စမှာ 40 ကနေ 80 အထိရှိတယ်။ အလေးချိန်နဲ့ဆိုရင် ၁၄၂ ဂရမ်ရှိတယ်။ Coca-Cola မှာ ဆိုရင် ဆယ့်နှစ်အောင်စမှာ 34.5 ရှိ တယ်။ အလေးချိန်နဲ့ဆိုရင် ၃၄ဝ ဂရန်ပေါ့ဗျာ''

''သဘောက Coca-Cola ဆယ့် နှစ်အောင်စသောက်ရင် Coca Cola 340 ဂရမ်သောက်တာနဲ့ အတူတူပဲ ပေါ့ Coca-Cola ကနေ Caffeine ဓာတ် 34.5 မီလီဂရမ်ရတာပေါ့''

''မှန်တယ်ဗျ၊ Pepsi ဆယ့်နှစ် အောင်စ ဒါမှမဟုတ် ၃၄ဝ ဂရမ် သောက်ရင် Caffene ၃၈ မီလီဂရမ် ရမယ်''

''Red Bull ကရော''

''Red Bull ၈.၃ အောင်စဒါမှမ ဟုတ် ၂၃၅ ဂရမ်သောက်ရင် Caffeine ဓာတ် ၈ဝ မီလီဂရမ်ရမယ်၊ Red Bull ၈.၃ အောင်စနဲ့ ၂၃၅ ဂရမ်ဟာ အတူတူဘဲ တစ်ခုက ထုထည်နဲ့ ပြော တာ တစ်ခုက အလေးချိန်နဲ့ပြောတာ''

''ရှင်းပါပြီ၊ ဒီစာရင်းအရ ကော်ဖီ က ထိပ်ပဲ။ ၁၇ဝ ဂရမ်သောက်ရုံနဲ့ Caffeine 150 မိလီဂရမ်ရနေပြီ၊ ဒါ ကြောင့် ခြောက်ခွက် ထက်ပိုမသောက် သင့်ဘူးလို့ ပညာရှင်တွေ ပြောတာ ဘဲ''

''မှန်တယ်ဗျ၊ ကမ္ဘာမှာ Finland နိုင်ငံဟာ ကော်ဖီအသောက်ဆုံးနိုင်ငံ ဘဲ၊ ပျမ်းမျှခြင်း သာမန်လူကြီးတစ်ဦး ဟာ တစ်နေ့ကို Caffeine ဓာတ် ၄ဝဝ မိလီဂရမ်သောက်နေတယ်။ ဒါက ပျမ်းမျှခြင်းကော်ဖီလေးခွက်က နေ ငါးခွက်ထိရှိတယ်။ ငါးခွက်က Maximum Dally Limit ဘဲ၊ ဒီ Limit က  UK Foood Standards Agency ကနေ သတ်မှတ်တဲ့ Limit ဗျ''

''ဒါဆို ငါးခွက်အထိပဲ သောက် တာ ကောင်းမယ်ထင်တယ်''

''ဒါလဲမဆိုးပါဘူး။ Finland မှာ လည်း Fannish Food Safety Authority ဆိုတာရှိတယ်။ အဲဒီအဖွဲ့ ကြီးက Senior Officer ဖြစ်တဲ့ Sanna Kluru က ပြောတယ်၊ အသင့် အတင့်သောက်ရင် အန္တရာယ်မရှိပါ ဘူးတဲ့။ သူတို့ဆီမှာက လူကြီးပဲ သောက်တယ်။ ကလေးတွေကို မတိုက်ဘူး။ ပြီးတော့ ကန့်သတ်ချက် ရှိတယ်။ Highly Caffeinated Energy Drink  တွေဆိုရင် Warning Label ပါရတယ်။ မသိရင် အရေးယူ တယ်။ အများပြည်သူက Label ကို ဖတ်မိတော့ အလွန်အကျွံမဖြစ်ဘူး ပေါ့ဗျာ''

''အဲဒီ အစီအစဉ်ကောင်းတယ် ဗျာ''

''Caffeine ဓာတ်က လူကို လန်း ဆန်းတက်ကြွစေတယ်ဆို''

''သုံးတတ်ရင် အကျိုးရှိပါတယ်''

''ကျွန်တော်ဖတ်ဖူးတာက Perll တို့ Bolivia တို့မှာ အောက်ခြေအလုပ် ကြမ်းသမားတွေဟာ Coca Leave  တွေ ဝါးစားလေ့ ရှိတယ် တဲ့၊ ဝါးစားပြီး ရင် လန်းဆန်းတက်ကြွလာတယ်။အလုပ်ကြမ်းလုပ်နိုင်တယ်တဲ့''

''မှန်တယ် Caffeine ပါတာကိုး အနုပညာရှင်တွေလည်း ကော်ဖီ သောက်ပြီး ဥာဏ်ရွှင်လာတာတွေ သမိုင်းမှာပါဖူးတယ်''

''ကျွန်တော် ဖတ်ဖူးတာက ကမ္ဘာ ကျော် ပြင်သစ်စာရေးဆရာကြီး Balzac ဗျ၊ သူက ကော်ဖီသောက်မှ အကြဥာဏ်ကောင်းတွေ ထွက်ပြီး စာ တွေရေးလို့ရတယ်တဲ့''

''ကျွန်တော်လည်း ဖတ်ဖူးတယ်။ ကမ္ဘာကျော်ဂီတပညာရှင်ကြီး Ludwigvan Beethoven ကလည်း ကော် ဖီသောက်ပြီး ဂီတကို ထွန်းထွန်းပေါက် ပေါက် လိုက်စားခဲ့တာတဲ့''

''ကော်ဖီနဲ့ ပတ်သက်ပြီး တရား တပေါင်ဖြစ်ခဲ့တာလည်း ရှိတယ်။ ၁၉၁၁ ခုနှစ်က အမေရိကန်အစိုးရ ဟာ Coca-Cola Company နဲ့ တရား ဆိုင်ဖူးတယ်။ အဲဒီ ကုမ္ပဏီက ထုတ် တဲ့ Coca-Cola မှာပါတဲ့ Caffeine က ကျန်းမာရေးထိခိုက်စေတယ်ဆိုပြီး တရား တပေါင်ဖြစ်ခဲ့တယ်''

''စိတ်ဝင်စားစရာပါပဲ''

''Stehen Braun ဆိုတာက The Science and Lore of Alcohol and Caffeine ကို ရေးသားပြုစုခဲ့တယ်။ Braun က ပြောတယ်။ လူတိုင်းလူ တိုင်းအတွက် Safe Limit ကို သတ် မှတ်ရတာ ခက်ခဲပါတယ်တဲ့။ ပျမ်းမျှ ခြင်းသာ ပြောလို့ရတာပါတဲ့။ မိမိ ဘာသာ မိမိချင့်ချိန်သောက်ပါတဲ့။ လူတစ်ဦးနဲ့ တစ်ဦးဟာ ဇီဝကမ္မဖြစ် စဉ်မတူပါဘူးတဲ့။ ဒါကြောင့် သူက ပြောတယ်။ "You Have To Become Your own Scientist" တဲ့။

''ဒါပေါ့ဗျာ၊ ကိုယ်ဘာသာကိုယ် ချင့်ချိန်ပေါ့ဗျာ၊ ဥာဏ်သုံးပေါ့ဗျာ'' အ သက်ဥာဏ်စောင့်''တဲ့၊ အသက်ရှည် ရှည်နေရအောင် ဥာဏ်လွှာ သုံးပေါ့ ဗျာ''

 ''မှန်တယ်ဗျ၊ ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ရမယ်၊ ကဲ သုံးဆောင်ကြပါ။ ဒီဝိုင်းအတွက် အလှူဒကာက ဆရာ မောင်ညို ပြာဗျ၊ ဆရာက အလုပ်များ နေလို့ မလာနိုင်ရှာဘူး၊ စားကြပါ''

ယခင်တစ်ခါကကဲ့သို့ အလှူရှင် ကို တကူးတက ဦးနှောက်ခြောက်ခံ၍ စဉ်းစားရန် မလိုတော့ပါပေ။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။        ။ BBC News မှ Coffee Addiction:Do People Consume Too Much Coffee?" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.