29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ဇရာထောင်းလဲ ဥာဏ်ကောင်းဆဲ

နွေဦးရာသီဖြစ်၍ ရာသီဥတုက အနည်းငယ်ပူလာ၏။

 ဒေါက်တာကျော်ခေါင်ဗလ သည် စာအုပ်တစ်အုပ်ကို ဖတ်ရင်း ငြိမ့်ညောင်းသော ဂီတသံကို နားဆင် နေ၏။

ထိုစဉ် ဖုန်းခေါ်သံကြား၍ Samsung Galaxy A 2017 နောက် ဆုံးပေါ် လက်ကိုင်ဖုန်းကို ကောက် ကိုင်လိုက်၏။

''ဟဲလို ဦးလွင်ဆင့်လား၊ စားရင်း သောက်ရင်း Unplugged Show လည်း နားထောင်ချင်တယ် ဟုတ် လား၊ ရတယ်လေ၊ ကျွန်တော် 'အ လင်းဆိုင်' Coffee Shop မှာ၊၊ လိပ် စာလား၊ မြောက်ဒဂုံ ၇၈ လမ်းဆုံကို လာခဲ့၊ 'အလင်းဆိုင်' Coffee Shop လို့ လမ်းမှာ မေး ရင်ရတယ်၊ ဆိုင်က မနက် ၁၁ နာရီကနေ လင်းအားကြီး ၃ နာရီအထိ ဖွင့်တာ၊ အကြာကြီးထိုင် လို့ရတယ်။ စာအုပ်တွေ ပန်းချီကား တွေလည်း ရှိတယ်။ 'လေညိုဝိုင်း' တော်သားတွေပါ ခေါ်ခဲ့လေ။

ဖုန်းချလိုက်ပြီး တစ်နာရီကျော် ကြာသော် မိတ်ဆွေများ ရောက်ရှိလာ ၏။

အဂ္ဂိရတ်ဝါသနာပါသော အ ငြိမ်းစားကျောင်းအုပ်ကြီး ဦးရွှေသာ၊ စာပေတိုက်ပိုင်ရှင်ကိုလွင်ဆင့်၊ ဆန်း ဗေဒင်ဟောတတ်သော ကဗျာဆရာမ မကြည်ဆွေ၊ ပုဇွန်တောင်သူ ဝတ္ထုတို ဆရာမ မစပယ်၊ ဓာတ်ခွဲမှူး ဦးဥာဏ်အုန်း၊ စာပေဝါသနာရှင် များဖြစ် ကြ သော ဒေါက်တာပြုံးနွဲ့ရီ၊ ဒေါက်တာ မေမွန်သက်တင်၊ ဒေါက်တာယုစန္ဒာ၊ ဒေါက်တာ ခင်ဦးခင်ခင်၊ ဒေါက်တာ မြမြအေး တို့ တစ်စု တစ်ဝေးထဲ ရောက်ရှိလာ၏။

''ဟာ ဆရာ၊ ဆရာမတို့ ကြွကြ ပါ၊ စားစရာတွေ အဆင်သင့်ပါပဲ''

''ဘာတွေရလဲ ဆရာဗလရေ ပြောပြပါဦး''

''မြေလျှောက်ဝိဇ္ဇာ''ဟု အမည် ပြောင်ရထားသော ဦးရွှေသာက မေး လိုက်၏။

''ကြက်ကောင်လုံးကြော်၊ ကြက် တောင်ပံကြော်၊ ပုစွန်ကြော်၊ ဘူးသီး ကြော်၊ သစ်သီးဖျော်ရည်မျိုးစုံ၊ ကော်ဖီ မျိုးစုံရတယ်။ ကျွန်တော် စုံအောင် မှာထားတယ်၊ ဆိုင်က လင်းအားကြီးမှ ပိတ်မှာ အကြာကြီးထိုင်ဗျာ၊ ဒီနေ့က စနေနေ့ဆိုတော့ Unplugged Show လဲရှိ တယ်။ သီချင်းလည်း နားထောင် ပေါ့ဗျာ''

''ဦးလွင်ဆင့်က မြန်မာ့ရိုးရာ အစားအစာကြိုက်တယ်။ ဘာတွေရ ဦးမလဲ''

''ရပါတယ် ဝိဇ္ဇာကြီး၊ ကြက်ခွေး တောက်ဟင်းချိုရှိတယ်၊ ခရမ်းသီး မီး ဖုတ်သုပ်ရှိတယ်။ ဆတ်သားခြောက် သုပ်ရှိတယ်။ ကြိုက်တာ မှာဗျာ''

''လေဒီဒေါက်တာတွေက ပေါ့ ပေါ့ပါးပါး အစားအစာတောင်းဆို နေတယ်''

''အဲဒါလည်းရတယ်။ လက်ဖက် သုပ်၊ ချင်းသုပ်၊ မြင်းခွာရွက်သုပ်တွေ ရတယ်။ မှာပေးပါ့မယ်''

''ဟာ၊ တယ်လဲစုံသကိုး စာရင်း သောက်ရင်း စားစရာကုန်ရင် ထပ်မှာ မယ်''

''ကြိုက်သလောက်မှာ ရတယ်၊ ဝိဇ္ဇာကြီးမှာသမျှ ဒိုင်ခံရှင်းမယ်''

''ဟာ အလှူဒကာလဲရှိသကိုး ဘယ်သူလဲ''

''ဒါကဖြည်းဖြည်းမှ သိလာမယ်၊ ကဲ သုံးဆောင်ကြပါ''

''ဆရာဗလ၊ ကျွန်တော်က အ သက်ကြီးပြီး ဦးနှောက်က စွမ်းဆောင် ရည်ကျသလိုဖြစ်စပြုနေတယ်၊ အဲဒါ ဘာလုပ်ရမလဲ''

 ''ဟုတ်ပြီ ကျွန်တော်ရှင်းပြမယ် HEALTH DIGEZT စာစောင်မှာ ကျွန်တော် ဖတ်ထားတယ်''

''စာစောင်က HEALTH DIGEZT တဲ့လား၊ စာလုံးပေါင်းက ထူးဆန်းတယ်''

''ဟုတ်တယ်၊ S နေရာမှာပါ Z နဲ့ ပေါင်းထားတယ်။ ဒီစာစောင်မှာ ရှောင်ကျဉ်ရမယ့် အလေ့အကျင့်တွေ ဖော်ပြထားတယ်။ အသက်ကြီးလာ ရင် ဦးနှောက်စွမ်းဆောင်ရည်ကျဆင်း တယ်။ Cognitive Skill လျော့ပါး သွားတယ်။ Memory လျော့ပါးသွား တယ်။ ဒါပေမယ့် ဆင်ခြင်စရာတွေရှိ တယ်။ ရှောင်စရာတွေရှိတယ်။ အ သက်ငါးဆယ်ကျော်လာပေမယ့် ကောင်းနေတုန်းရှိသေးတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ ဥပမာပြောမယ် ကဗျာဆရာ မောင်ဒေါနက  အသက်ခြောက်ဆယ် ကျော်မှ မှတ်Óဏ်အတော်ချို့တဲ့နေ ရှာတယ်။ အယ်ဒီတာ ဆရာမောင်က မှတ်ဥာဏ်ကောင်းတုန်းဘဲ၊ သူလည်း ခြောက်ဆယ်ကျော်၊ ဒါပေမယ့် သူက ကလောင်ခွဲတွေ အများကြီးနဲ့ စာရေး တုန်း ''သဗ္ဗသိဒ္ဓိ ဆရာမောင်''ဆိုပြီး ဂမ္ဘီရတွေရေးခဲ့တယ်။ ရေးခဲ့သမျှ အ ကုန်မှတ်မိတယ်။ သူက ရှောင်သင့် တာတွေရှောင် တာကိုး''

''ဟာ ဟုတ်ပြီ၊ ဒါဆို ရှောင်စရာ တွေပြောပြပါဗျာ''

''တစ်အချက်က  အချိုလျှော့ စားရမယ်။ အထူးသဖြင့် Refined Sugar ပေါ့ဗျာ၊ ခုခေတ်မှာ လူတွေ သကြားသိပ်သုံးတယ်။ ရေရှည်မှာ ဦးနှောက် ထိခိုက်တယ်။ Refined Sugar က Inflammation ကိုအား ပေးတယ်။ ဒါကြောင့် လျှော့စားပါ''

''ဟုတ်ကဲ့ ဆရာဗလ''

''နှစ်အချက်က အဆီများတဲ့ အစားအစာလျှော့စားပါ။ Fatty Food  ကလဲ သကြားလိုပဲ Inflammmation ဖြစ်စေတယ်။ ဦးနှောက် ဟာ မြန်မြန်အိုမင်းသွားတယ်''

''ဟုတ်ကဲ့ ဆရာ''

''သုံးအချက်က လေထုညစ်ညမ်း မှုဗျ၊ Air Pollution ပေါ့ဗျာ။ မြို့ကြီး တွေမှာတော့ ရှောင်လို့ မလွယ်ဘူး။ ဒါပေမယ့် အချိန် ယူပြီး လေကောင်း  လေသန့်ရတဲ့ နေရာတွေ သွားပေးရ တယ်။ ဥပမာ ပင်လယ်ကမ်းခြေပေါ့ ဗျာ။ ပါရဂူတွေရဲ့ အဆိုအရ လေထု ညစ်ညမ်းမှုက ဦးနှောက်က Gray Matter ရဲ့ ထုထည်ကို ကျုံ့ဝင်စေ တယ်တဲ့။ ပြီးတော့ Silent Stroke ဖြစ်ဖို့ အလားအလာ များစေတယ်တဲ့၊ လေဖြတ်နိုင်ခြေများတယ်တဲ့''

 ''ဒါဆို ချောင်းသာသွားလည် မယ်ဗျာ''

''ကောင်းတာပေါ့၊ လေးအချက် က အရက်ရှောင်ရမယ်။ အသင့် အတင့်သောက်တာတောင် ထိခိုက် စေတယ်။ လုံးဝမသောက်နဲ့ဗျာ။

ငါး အချက်က ဆေးလိပ်ဗျ၊ ဆေးလိပ်သောက်ရင်ဖြတ်ဗျာ။ ဆေး လိပ်က ဦးနှောက်ကို သွေးနဲ့ အာဟာ ရ ထောက်ပံ့မှုလျော့နည်းစေ တယ်။ ပြီးတော့ ဆေးလိပ်က လေဖြတ်နိုင် ခြေ များစေတယ်''

''ကဲ ဦးလွင်ဆင့်၊ ခင်ဗျား မိတ် ဆွေ ကဗျာဆရာမောင်ဒေါနကို ဆေးလိပ်ဖြတ်ခိုင်းဗျာ''

''ခြောက်အချက်က အိပ်ရေးဝဝ အိပ်ရမယ်။ အိပ်ရေးပျက်ခံတာ ရှောင်ရမယ်။ အိပ်ရေးမဝရင် ဦး နှောက်ကပိုပြီး မြန်မြန်အိုလွယ်တယ် တဲ့၊ ခုခေတ်မှာ လူငယ်တွေဟာ ဂိမ်း ဆော့တယ်။ ဖေ့ဘုတ်(စ်) သုံးတယ်။ ညည မအိပ်ကြဘူး။ အဲဒါမလုပ်သင့် ဘူး။ အိပ်ရေးဝဝ အိပ်ရမယ်''

 ''ဟုတ်ကဲ့ ဆရာ''

''ခုနစ်အချက်က ကျန်းမာရေး လေ့ကျင့်ခန်း မလုပ်ဘဲ အထိုင်များ တာဗျ။ ကိုယ်လက်လှုပ်ရှားမှု လေ့ ကျင့်ခန်းမှန်မှန်လုပ်ရမယ်။ အနည်း ဆုံးမှန်မှန်လမ်းလျှောက်ရမယ်။ GYM သွားနိုင်ရင် ပိုကောင်းတယ်။ ခုခေတ်မှာ လူငယ်တွေ အားကစား ဘက်မှာလျော့ရဲနေ တယ်။ အထိုင်များ ကတယ်။ ဖုန်းပွတ်နေတာများတယ်၊ ကိုယ်လက်လှုပ်ရှားမှု  မရှိရင် Cognitn Decline ဖြစ်လာတယ်။ Memory ကျဆင်းတယ်။ အထိုင်များရင် မှတ် ဥာဏ်နဲ့ ပတ်သက်တဲ့ ဦးနှောက် အ စိတ်အပိုင်းက ကျုံ့ဝင်ပြီး အရွယ်အ စားသေး ငယ်သွား တယ်လို့ ဆိုတယ်''

''ရှစ်အချက်က ဦးနှောက်ကို အသုံးမချတာဗျ၊ ဦးနှောက်က ဓားနဲ့ တူတယ်။ သုံးရင် ထက်လာတယ် မသုံးရင် သံချေးတတ်ပြီး တုံးသွား တယ်။ ဒါကြောင့် အမြဲသုံးနေရမယ် ဦးနှောက်သန်မာချင်ရင် များများသုံး ရမယ်''

''ဘာတွေ လုပ်သင့်သလဲဆရာ''

''ကာယပိုင်းမှာ လေ့ကျင့်ခန်းရှိ သလို ဥာဏပိုင်းမှာလည်း လေ့ကျင့် ခန်းရှိတယ်။ ဥာဏပိုင်းအတွက် လေ့ ကျင့်ခန်းက Crosswords Puzzie လုပ်တာ၊ ဥာဏ်စမ်းပုစ္ဆာဖြေတာ၊ စစ် ဘုရင် ကစားတာ စသည်ဖြင့်ပေါ့ဗျာ။ ပါရဂူတွေ အဆိုအရ စာအုပ်တစ် အုပ်ဖတ်တာ၊ မိတ်ဆွေတစ်ယောက်နဲ့ ဆွေးနွေးတာတွေကလည်း ဦးနှောက် အတွက် အကျိုးရှိစေတယ်တဲ့''

''နောက်ဆုံး အချက်က စိတ် ဖိစီးမှုဗျ၊ စိတ်ဖိစီးမှုများရင် ဦး နှောက်ကို မြန်မြန်အိုမင်းစေတယ်။ သောကများတာ စိုးရိမ်ပူပန်မှုများတာ ဒါတွေ လျော့နည်းစေရမယ်၊ ခုခေတ် က စိတ်ဖိစီးမှုများစရာတွေ ခဏခဏ ကြုံရတတ်တယ်။ အဆင်မပြေတာ တွေ အများကြီးဘဲ ဒါတွေကို တတ် နိုင်သမျှ လျှော့နည်းစေရမယ်။ လုံးဝ ပပျောက်ဖို့ကတော့ မဖြစ်နိုင်ဘူးဗျာ''

''မှန်တယ် ဆရာ၊ ခုဆို ရန်ကုန် မှာ ယာဉ်ကြောပိတ်ဆို့မှုသိပ်များ တယ်။ လမ်းမှာ အကြာကြီးစောင့်ရ တယ်။ ယာဉ်မောင်းတွေ စိတ်မရှည် ဘူး။ ဒေါသထွက်ကြတယ်။ ခရီးသည် လည်း စိတ်မရှည်ဘူး။ လုပ်ငန်းခွင် နောက်ကျမှာပူပင်ရတယ်။ သောက များရ တယ်။ ဒီကြားထဲ ခါးပိုက်နှိုက် အန္တရာယ်ကလည်း ကြောက်ရသေး တယ်။ ညမိုးချုပ်တာနဲ့ လုမှာ ယက် မှာ ကြောက်ရပြန်ရော၊ စိတ်ဖိစီးမှု အရမ်းများတယ်''

''ဟုတ်တယ် ဝိဇ္ဇာကြီး၊ ဒါ ကြောင့် စိတ်ဖိစီးမှုနည်းအောင် တရားဘာဝနာ ပွားရမယ်။ တရား ထိုင်ရမယ်။ ကျွန်တော်တို့က ဗုဒ္ဓ ဘာသာဝင်တွေဆိုတော့ နံနက်စော စောထ ဘုရားရှိခိုး၊ တရားထိုင်၊ မေတ္တာပို့၊ ပုတီးစိတ်ပေါ့ဗျာ၊ စိတ်    လဲ တည်ငြိမ်အေးချမ်း လာမယ်။ အန္တရာယ်လဲ ကင်းမယ်''

''ကျွန်တော်တို့ ယာဉ်ကြောပိတ် လို့ စောင့်ရရင် ဂုဏ်တော်ကွန်ချာရွတ် နေတာဘဲ''

 ''ကောင်းတယ်ဗျာ မှန်မှန်ရွတ် ပါ''

''နိုင်ငံခြားက တခြားဘာသာဝင် တွေကျတော့ ပါရဂူတွေက ဘာပြော လဲ ဆရာ၊ ဗဟုသုတပေါ့''

''သူတို့ကျတော့ Massage လုပ် တယ်။ သီချင်းနားထောင်တယ်။ ယောဂလုပ်တယ်။ ဟာသစာပေဖတ် တယ်။ ဟာသဗွီဒီယိုခွေတွေ ကြည့် တယ်။ Stressor လို့ခေါ်တဲ့ စိတ်ဖိစီး မှုဖြစ်စေတဲ့ အရာတွေကို တတ်နိုင် သမျှရှောင်တယ်။ ဒါက နိုင်ငံခြားမှာ ပါရဂူတွေပေးလေ့ရှိတဲ့ အကြံကောင်း တွေပါဘဲ''

''ဆရာပြောတာတွေ လိုက်နာ ရင် အသက်ကြီးပေးမယ့် မပျက်စီး သေးဘူးပေါ့''

''မှန်တယ် ဝိဇ္ဇာကြီး၊ အသက် ခြောက်ဆယ်ကျော်ပေမယ့် ဦးနှောက် ကောင်းပြီး မှတ်Óဏ်ထက်နေမှာပေါ့ အိုခြင်းတရားကတော့ ဘယ်တန်ခိုး ရှင်မှလည်း တားဆီးလို့မရပါဘူး။ ရှေးခေတ် တရုတ်ပြည်မှာ ဘုရင် ဧကရာဇ်ကြီးတွေဟာ အလွန်တန်ခိုး ကြီးခဲ့တယ်။ ဧရာမအင်ပိုင်ယာကြီး တွေ ပိုင်ဆိုင်ခဲ့တယ်။ မအိုဆေးရှာခဲ့ ကြတယ်။ ပညာရှင်ပေါင်းများစွာ ရှာ ဖွေခဲ့ကြပေမယ့် နှစ်တွေသာ ထောင် ချီပြီကုန်သွားတယ်။ မအိုဆေး မတွေ့ ပါဘူး။ အိုတာပါပဲ၊ ဒါပေမယ့် အချိန်မတန်သေးဘဲ စောစောစီးစီး အိုတာကိုတော့ တားနိုင် တယ်။ ဥပမာ အသက်ကိုးဆယ်ဆိုရင်တော့ ခြောက် ဆယ်လို မဖြစ်နိုင်ဘူး။ တချို့က ခြောက်ဆယ်မှာ ကိုးဆယ်လို့ အိုနေ တယ်။ တချို့က ခြောက်ဆယ်ပေမယ့် ငါးဆယ်ကိုယှဉ်နိုင်တယ်။ ဒါက ကျန်း မာရေးလိုက်စားမှုပေါ်မှာတည်တယ်''

''ဆရာပြောတာမှန်ပါတယ်။ စကားပုံရှိသားဘဲ ''ဥစ္စာကံစောင့် အသက်Óဏ်စောင့်''တဲ့။

ဆရာမောင်ညိုပြာက ထောက်ခံ ဆွေးနွေးလိုက်၏။

''သြော် ဒါနဲ့ ဆရာဗလ၊ ကုန်ကျ စရိတ်က အတော်များမှာ ဒကာက ဘယ်သူလဲဗျာ ပြောပါဦး ကျေးဇူးတင် စကားပြောချင်လို့''

''ဒီလိုဗျ တလောက 'လေညို ကုန်း' မှာ ထူးထူးဆန်းဆန်း ကြုံရ တယ်။ လူတစ်ယောက်က ပိန်ပိန်ပါး ပါး၊ အရပ်ရှည်ရှည်၊ အသက်က ခြောက်ဆယ်ကျော်၊ ဆံပင်ရှည်ရှည် နှုတ်ခမ်းမွှေးရှည်ရှည်၊ မုတ်ဆိတ် ရှည် ရှည်နဲ့ဗျ။ အထက်အောက်ယောဂီ ဝတ်စုံနဲ့ဗျ။ ဧရာမလွယ်အိပ်ကြီး လည်း လွယ်ထားတယ်။ ဧရာမ ပုတီး ကြီးလည်း ဆွဲထားတယ်။ လက်မှာ လည်း တောင်ဝှေးကြီးနဲ့ နာမည်မေး လဲ မပြောဘူး။ ကျွန်တော့်ကို အနား ကပ်ပြီး အတက်ချီတာ့(စ်) တစ်လုံး ပေးသွားတယ်။ အိမ်ကျမှ ဖွင့်ကြည့် တော့ သောင်းတန်တွေ အုပ်လိုက်ဗျ''

''ဒါဆို ခုဝိုင်းကို အဲဒါတွေနဲ့ ရှင်းမှာပေါ့''

''မှန်တယ်ဗျ၊ ခုကျွန်တော့်မှာ သောင်းတန်တွေအုပ်လိုက်ပါတယ်။ စားသာစား၊ အလှူဒကာကို စိတ်ထဲ မှန်းပြီး ကျေးဇူးတင် လိုက်ကြပေတော့ ဗျာ''

အားလုံးဟာ လူထူးလူဆန်းတစ် ယောက်အကြောင်း တွေးတောရင်း တစ်ဝိုင်းလုံး တိတ်ဆိတ်ငြိမ်သက် သွားလေတော့၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။      ။ HEALTH DIGEZT စာစောင်မှ "Habits that make the brain age faster" ဆေး ပညာဆောင်းပါးကို မှီငြမ်းကိုးကားပါ သည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.