29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ကင်ဆာအန္တရာယ် ကြိုတင်ကာကွယ်

ဒေါက်တာမင်းလှသီဟသည် ကော်ဖီသောက်ရင်း သတင်းစာကို စိတ်ဝင်စားစွာ ဖတ်ရှုနေ၏။ ပြီးခဲ့ သော ဗလင်တိုင်းဒေး အထိမ်း အမှတ် ညစာစားပွဲကို ပြန်သတိလိုက်၏။

ထိုပွဲတွင် ညစာဖိတ်ကျွေးခဲ့သော တပည့်စုံတွဲ၏ စေ့စပ်မင်္ဂလာသတင်း ကို တွေ့လိုက်ရ၍ အားကျမိ၏။

ထိုစဉ် Samsung Galaxy A 2017 နောက်ဆုံးပေါ် လက်ကိုင်ဖုန်း သံ မြည်လာ၍ ကောက်ကိုင်လိုက်၏။

ဖုန်းက တပည့်တစ်ဦးဖြစ်သူ ဒေါက်တာပြုံးသဉ္ဇာစိုးထံမှ ဖြစ်၏။

''ဟဲလို ပြုံးလား၊ မွေးနေ့ပွဲ လုပ် ချင်လို့လား၊ လာခဲ့လေ၊ Saarbruken Cafe ကို လာလေ၊ လိပ်စာလား၊ ကမာ ရွတ်မြို့နယ် ဦးထွန်း လင်းခြံလမ်း။ သူ ငယ်ချင်းပါ ပါမယ်ဟုတ်လား၊ ရတယ် လေ၊ ကော်ဖီကောင်းကောင်းရှိတယ်၊ ဟုတ်ပြီ''

တပည့် ဖြစ်သူက မွေးနေ့ပွဲ အကျဉ်းရုံးလုပ်မည်ဆို၍ ထိုဆိုင် ကလေးသို့ ခေါ်လိုက်၏။

မကြာမီ မွေးနေ့ရှင် ဒေါက်တာ ပြုံးသဉ္ဇာစိုးနှင့် အတူ ဒေါက်တာ စန္ဒာယုမောင်၊ ဒေါက်တာ ချောစု သက်တင်၊ ဒေါက်တာ ခင်ဦး ရဲကျော်၊ ဒေါက်တာ မြမြလှဦးတို့ ရောက်ရှိလာ၏။ ¤င်းတို့ အားလုံး အိမ်ထောင်မရှိသူများဖြစ်ကြ ၏။

''ပြုံးတို့ရောက်ပြီ၊ ကဲ လာကြ လာကြ၊ အားလုံးမှာပြီးပြီ''

''ဘာတွေရလဲ ဆရာ''

''အစုံရတယ်၊ အင်ဒိုအစား အစာ၊ တရုတ်အစားအစာရတယ် ကော်ဖီအပူ အအေးမျိုးစုံရတယ်၊ ဆိုင်ကလည်း အဆင်အပြင်လှတယ်။ အလှပန်းတွေနဲ့ ဆင်ယင်ထားတာ ပြုံးတို့တွေ့မှာပါ။ ဆိုင်ကလည်း ကျယ် ကျယ်ဝန်းဝန်း သပ်သပ်ရပ်ရပ်ရှိ တယ်''

''ဟုတ်ကဲ့ ဆူရာ ကျေးဇူးပါပဲ''

''အထူးဟင်းလျာအနေနဲ့ Saarbruken ဟင်းလျာမှာထားတယ်၊ ကြက်သား၊ ပုစွန်၊ ပြည်ကြီးငါး၊ ငါးဖယ်၊ ငါးတန်နဲ့ ဂျပန် တို့ဟူး၊ ပြောင်း ဖူးပန်းဂေါ်ဖီ ချက်ထားတာ။ ထမင်းနဲ့ တွဲစားရင်လည်း ရတယ်''

''ဟုတ်ကဲ့ ဆရာ''

''ပြုံးတို့ အိမ်မှာချက်စားချင်ရင် လည်း နည်းယူသွားလို့ရတယ်၊ ချက်ပုံ ချက်နည်းက အသားတွေကို အရင်ဦး အောင်ချက်တယ်၊ ကျက်မှ ဟင်းသီး ဟင်းရွက် ရောကြော်တယ်။ ဟင်း အရသာက ချိုစပ်အရသာ၊ စားလို့ ကောင်းတယ်''

''ကော်ဖီပါသေးလား ဆရာ''

''ဟာ ပါတာပေါ့၊ ပြုံးက ကော်ဖီ ကြိုက်တာ ဆရာသိပါတယ်၊ လက် ဖက်ရည်လည်းရတယ်''

''စန္ဒာက လက်ဖက်ရည် မှာပေး ပါတဲ့''

''ရပါတယ် Saarbruken လက်ဖက်ရည်ကလည်း နာမည်ကြီးပဲ၊ ကိုယ်တိုင်ဖန်တီးပုံဖော်ထားတာ၊ လက်ဖက်ရည်ဖျော်နည်း က နို့ဆီ၊ နွား နို့ အပူ၊ ရေနွေး နည်းနည်းကို သုံးပြီး ဖျော်စပ်ထားတာ၊ သောက်ကြည့်ပါ ကောင်းတယ်''

''ဟုတ်ကဲ့ ဆရာ''

''အရင်အပတ်က ပြုံးအလုပ်များ နေလား၊ ဆေးတိုက်မှာ မတွေ့မိဘူး''

''ဟုတ်တယ် ဆရာ၊ ဘကြီး တစ်ယောက်က အဆုတ်ကင်ဆာနဲ့ ဆုံးသွားလို့ အလုပ်များသွားတယ်။ ခုလည်း မိတ်ဆွေ တစ်ယောက်ရဲ့ ဦး လေးက အသည်းကင်ဆာနဲ့ ဆေးရုံ တက်ရလို့လိုက်ပြီး ကူညီနေရတယ်''

''ကင်ဆာဖြစ်နှုန်းများလာသလို ပဲ၊ ကြိုတင်ကာကွယ်ချင်ရင် ဘာများ လုပ်ရမလဲဆရာ''

 ဒေါက်တာစန္ဒာယုမောင်က  မေး လိုက်၏။

''WEBMD မှာ ဆရာဖတ်ထားတာရှိတယ်။ ကာကွယ်ရေးနည်းလမ်း တွေ့ ရှိပါတယ်။ တစ်အချက်က ဆေးလိပ်ဖြတ် ရမယ်၊ ဆေးလိပ် မှာက အန္တရာယ်ဖြစ်စေတဲ့ ဓာတုဒြပ်ပေါင်း တွေ အများကြီးပါတယ်။ ဆေးလိပ် တစ်ဖွာရှိုက်လိုက်ရင် အန္တရာယ်ဖြစ် စေတဲ့ ပစ္စည်းအမျိုး ၂၅ဝ ကိုယ်ထဲဝင် သွားတာ။ ဆေးလိပ်နဲ့ ကင်ဆာက ဆက်စပ်နေတယ်။ လူသိများတာက အဆုတ်ကင်ဆာ။ ဒါပေမယ့် တခြား ကင်ဆာတွေလည်း ဖြစ်စေတယ်၊ အစာအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ စတာတွေ က ဆေးလိပ်နဲ့ ဆက်စပ်နေတယ်''

''တချို့က ကင်ဆာဖြစ်မှန်းသိ နေပေမယ့် ဖြတ်မရလို့တဲ့ ဆရာ''

''ဒါက လွယ်ပါတယ်။ ဖြတ် နည်းတွေရှိပါတယ်။ နီးစပ်ရာ မိသား စု ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြတ်လို့ရ ပါတယ်''

''ဟုတ်ကဲ့ ဆရာ''

''နှစ်အချက်က ပန်းဂေါ်ဖီစိမ်း များများစားရမယ်၊ ပန်းဂေါ်ဖီစိမ်းအ ပြင် တခြား  Cruciferous Vegetable စားနိုင်ရင် ပိုကောင်းတယ်။ ဥပမာ Brussel Sprouts,Cabage, Kale, Watercress တွေပေါ့။ ဒီဟင်း သီးဟင်းရွက်တွေမှာ အမျှင်ဓာတ်ပါ တယ်။ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါတယ်။ DNA မပျက်စီးအောင် ကာကွယ်ပေးတယ်။ Berry သီးတွေ လည်း စားပေးရမယ်။ ဒီဟင်းသီးဟင်း ရွက်တွေ အသီးအနှံတွေမှာ Cancer-Fighting Chemical တွေပါတယ်''

''ဟုတ်ကဲ့ ဆရာ''

''သုံးအချက်က အဝလွန်နေရင် ကိုယ်အလေးချိန် လျှော့ချရမယ်။ အဝလွန်ရင် ကင်ဆာဖြစ်နိုင်ခြေများ တယ်။ ဥပမာ ရင်သားကင်ဆာ၊ အူမ ကြီးကင်ဆာ၊ သားအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ သည်းခြေအိတ် ကင်ဆာတွေက အဝလွန်တာနဲ့ ဆက်စပ်နေတယ်။ သုတေသီတွေ တွေ့တာက အဆီဆဲလ်တွေက ကင် ဆာဆဲလ်တွေကြီးထွားစေတဲ့ ဓာတု ဒြပ်ပေါင်းတွေ ထုတ်တယ်လို့ သိရ တယ်''

''ဟုတ်ကဲ့ ဆရာ''

''လေးအချက်က အရက် သောက်တတ်ရင် အရက်ဖြတ်ရမယ်၊ အရက်က ဆိုးကျိုးတွေ အများကြီးပဲ၊ အရေးကြီးတာတစ်ခုက ကင်ဆာဖြစ် ပွားမှုနဲ့ ဆက်စပ်နေတာပဲ၊ ခံတွင်း ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်း ကင်ဆာ၊ အစာရေမျို ကင်ဆာတွေက အရက်နဲ့ ဆက်စပ်တယ်။ ခုခေတ်မှာ မိန်းကလေးတွေလည်း ဘီယာတွေ သောက်လာကြတယ်။ ဘီယာလည်း အရက်စာရင်းထဲမှာ ပါတယ်ဆိုတာ သတိထားရမယ်''

''ဟုတ်ကဲ့ ဆရာ''

''ငါးအချက်က အကင်တွေ ရှောင်ရမယ်။ နီရဲတဲ့ အသားတွေ ရှောင်ရမယ်။ ဥပမာ Processed Meat တွေပေါ့၊ Hot Dug တို့ Bacon တို့ Sausage တို့ပေါ့။ ဒီစားစရာတွေ မှာ Nitrite တွေ Nitrate တွေပါ တယ်။ Steak လို Burger လို စား  စရာတွေ ကို ရေရှည်စွဲစားရင် အူမ ကြီးကင်ဆာဖြစ်နိုင်ခြေများတယ်လို့ သုတေသီတွေ တွေ့ထားတယ်''

''ဟုတ်ကဲ့ ဆရာ''

''ခြောက်အချက်က ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်းမှန်မှန်လုပ်ရ မယ်။ Oestrogen တို့ Insuling တို့ကများလာရင် ကင်ဆာနဲ့ ဆက်စပ် မှုရှိတယ်။ အဝလွန်တာကလည်း ကင်ဆာနဲ့ ဆက်စပ်မှုရှိတယ်။  လေ့ ကျင့်ခန်းလုပ်ရင် ကိုယ်အလေးချိန်ကျ ဆင်းမယ်။ Oestrogen တွေ Insulin တွေလည်း လျော့သွားမယ်။ ကင်ဆာ ဖြစ်နိုင်ခြေလည်း နည်းသွားမယ်''

''ဟုတ်ကဲ့ ဆရာ''

''ခုနစ်အချက်က နေရောင်ခြည် ကာကွယ်တဲ့ ပစ္စည်းသုံးရမယ်၊ Sunscreen သုံးရမယ်။ ဥရောပသား တွေက နေစာလှုံတဲ့ အလေ့ အကျင့်ရှိ တယ်။ တစ်ဖက်က နေရောင်ခြည် ဟာ ဗီတာမင်ဒီရစေလို့ ကောင်းကျိုး ရှိတယ်။ ဒါပေမယ့် တန်ဆေးလွန် ဘေးပဲ သိပ်များသွားရင် အန္တရာယ် ရှိတယ်။ ခရမ်းလွန်ရောင်ခြည်က အ ရေပြားကို ပျက်စီးစေတယ်။ ကင်ဆာ ဖြစ်ဖို့ အလားအလာများစေ တယ်။ နေပြင်းပြင်းပူနေရင် ၁၅ မိနစ် နေ ရောင်ခြည်ထိတာနဲ့ အရေပြားလောင် တတ်တယ်။ အလောင်ခံရပေမယ့် မသိလိုက်ဘဲ ရှိတတ်တယ်။ ဒါကြောင့် နေပူထဲထွက်ရင် Sunscreen လိမ်းရ မယ်။ ဖြစ်နိုင်ရင် Broad Spoectrum အမျိုးအစားသုံးပါ။ SPF 20 ထက်မြင့် တာ သုံးပါ။ ပြီးတော့ ဦးထုပ်ကြီးကြီး ဒါမှမဟုတ် ထီးဆောင်းပါ၊ နေကာ မျက်မှန်တပ်ပါ''
    ''ဟုတ်ကဲ့ ဆရာ''

''ရှစ်အချက်က လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မဖြစ် အောင် ကြိုတင်ကာကွယ်ရမည်။ တချို့ ရောဂါတွေက ကင်ဆာဖြစ်နိုင် ခြေများစေတယ်။ ဥပမာ သားအိမ် ခေါင်းကင်ဆာမှာ ၇ဝ ရာခိုင်နှုန်းက Human Papillovirus အမျိုးအစား ၁၆ နှင့် ၁၈ တွေနဲ့ ဆက်စပ်နေတယ်။ ဒီဗိုင်းရပ်စ်ပိုင်းက လိင်ဆက်ဆံရာ ကနေ ကူးစက်တတ်တယ်။ ပြီးတော့ အသည်းရောင်ရောဂါဖြစ်စေ တဲ့ ဘီပိုး၊ ဒီဗိုင်းရပ်စ် ပိုးကလည်း အသည်းကင်  ဆာနဲ့ ဆက်စပ်မှုရှိတယ်။ ဘီပိုးက လိင်ဆက်ဆံရာကနေ ကူးစက်နိုင် တယ်။ ဒါကြောင့် ကွန်ဒုံးသုံးဖို့လို တယ်''

''ဟုတ်ကဲ့ ဆရာ''

''ဆရာတို့ မြန်မာ့ယဉ်ကျေးမှု အရတစ်လင်တစ်မယားစနစ်က အ ကောင်းဆုံးပဲ။ ပြီးတော့ ဇနီးခင်ပွန်း နှစ်ဦးဟာ အပြန်အလှန် သစ္စာရှိရ မယ်။ ဒါဆိုရင် လိင်ဆက်ဆံရာကနေ ကူးစက်တဲ့ ရောဂါတွေကို ကြိုတင် ကာကွယ်ရာရောက်တယ်''

''ဟုတ်ကဲ့ ဆရာ''

''ကိုးအချက်က ကာကွယ်ဆေး ထိုးထားရမယ်။ ခုခေတ်မှာ ကာကွယ် ဆေးတွေက အတော်အစွမ်းထက်လာ ပြီး HPV Vaccine ထိုးထားရင် သားအိမ် ခေါင်းကင်ဆာ၊ ယောနိကင် ဆာ၊ မွေးလမ်းကြောင်း ကင်ဆာ၊ စအိုဝကင်ဆာတွေ ကာကွယ်နိုင် တယ်။ ပြီးတော့ ဘီပိုးကာကွယ် ဆေးထိုးထားရင် အသည်းကင်ဆာ ကာကွယ်နိုင်တယ်။ ဖွံ့ဖြိုးပြီး နိုင်ငံ တွေမှာ အမျိုးသား ကာကွယ်ဆေး ထိုးနှံရေး စီမံချက်တွေ ရှိတယ်။ သိပ် ကောင်းတယ်။ ဒါကို အတုယူပြီး လိုက်နာကျင့်သုံးရမယ်''

 ''ဟုတ်ကဲ့ ဆရာ''

''တစ်ဆယ်က အဆိပ်ရှိတဲ့ ပစ္စည်းတွေရှောင်ရမယ်၊ Toxic Chemical တွေပေါ့။ ဒီပစ္စည်းတွေကို Carcinogen လို့လည်း ခေါ်တယ်။ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေပါပဲ။ ဒါတွေကို ရှူမိမယ်။ ထိတွေ့မိမယ်၊ အစားအစာထဲမှာပါလို့ စားမိမယ်ဆို ရင် ကင်ဆာဖြစ်တယ် တယ်။ လုပ်ငန်းခွင်မှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် ထိ တွေ့နိုင်ခြေရှိတယ်။ ဥပမာ Abbestos ဆိုရင် တချို့မီးခံကျောက်ပြား စက်ရုံတွေ မှာ တွေ့ရတယ်။ ရှူမိရင် အဆုတ်ကင်ဆာဖြစ်တယ်။ နောက်ပြီး Radoin, Renzene, Weedkillers, Plastics စတာတွေပါလည်း ပါနေ တယ်။ ဆရာတို့ တိုင်းပြည်မှာက ဆိုး ဆေးတွေ ဒုက္ခပေးနေတယ်။ ရောင်း တမ်းပစ္စည်းတွေ အရောင်လှအောင် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေသုံးကြ တယ်။ အစားအသောက်တွေမှာ လည်း ဆိုးဆေးတွေပါနေတယ်။ FDA က ကြပ်ကြပ်မတ်မတ် စစ်ဆေး သင့် တယ်။ ဥပဒေ ဘက်တော်သား တွေကလည်း ထိထိရောက်ရောက် အရေးယူရမယ်''

''ဟုတ်ကဲ့ ဆရာ''

''ဆယ့်တစ်က မိသားစု ရောဂါ ရာဇဝင်ပဲ၊ မိသားစု ရောဂါရာဇဝင် ကို လေ့လာထားရမယ်။ တချို့ကင် ဆာတွေက မျိုးရိုးလိုက်တဲ့ သဘောရှိ တယ်။

ဆယ့်နှစ်က အချိန်မှန် ကျန်းမာ ရေး စစ်ဆေးရမယ်။ ဥပမာ Colonoscopy, PAP Test, Mammogram စတာတွေပေါ့၊ ရောဂါ ကို နုတုန်းရှာ တွေ့ရင် ကုရလွယ်တယ်။ ဆရာတို့ မြန်မာလူမျိုးတွေက အချိန်မှန် ကျန်း မာရေး စစ်ဆေးတဲ့ အလေ့အထမရှိ ကြဘူး။ တကယ်တော့ရှိသင့်တယ်။ အချိန်မှန် ကျန်းမာရေး စစ်ဆေးဖို့ မိသားစု ဆရာဝန်နဲ့ တိုင်ပင်လုပ် ဆောင်ရမယ်''

''ဟုတ်ကဲ့ ဆရာ''

''ကဲ၊ ဟင်းတွေလည်း စုံပြီ၊ မစား ခင် မွေးနေ့ရှင်အတွက် သူငယ်ချင်း တွေက  ဆုတောင်းပေးကြပါဦး''

''စန္ဒာဆုတောင်းပါ့မယ်။ မွေးနေ့ ရှင် သူငယ်ချင်းကြီးတိုက်တစ်လုံး ကားတစ်စီး၊ ပြီးတော့ တစ်ကိုယ်လုံး စိန်စီထားနိုင်အောင် ချမ်းသာတဲ့ ခရိုနီ ပေါက်စ ချောချောလေးနဲ့ ညားပါစေ ရှင်''

 ဒေါက်တာ စန္ဒာယုမောင်၏ ဆု တောင်းစကားကြောင်း ဆရာဝန်မ ကလေးများနှင့် ပရိသတ်အားလုံး တဝါးဝါးတဟားဟားနှင့် ကျယ် လောင်စွာ ရယ်မောကြလေတော့၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်    ။    ။WEBMD မှ "What you can Do To Prevent Cancer and why it works" ဆေး ပညာဆောင်းပါးကို မှီငြမ်း ကိုးကားပါ သည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.