24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
နှလုံး ကျန်းမာရေးအတွက် ဆေးကောင်းတစ်လက် ခရမ်းချဉ် စားရင် လန်းရွှင်သွားမယ်

ညနေဆည်းဆာချိန်ဖြစ်၍ ရှု ခင်းက လှပနေ၏။

 ပြာလဲ့သော ကောင်းကင်ပြင်ကြီး ထဲတွင် ပုစွန်ဆီရောင်တိမ်တိုက်များ က ဟိုတစ်စုသည်တစ်စုဖြင့် လှပစွာ တည်ရှိနေ၏။

အဝေးမှ ရန်ကုန်မြစ်ကို မှုန်ပျပျ သာ မြင်နေရ၏။

 ဒေါက်တာရဲလှမင်းခေါင်သည် အထပ်နှစ်ဆယ်မြင့်သော ဆာကူရာတာဝါအပေါ်ဆုံးထပ်ရှိ Cafe Bistro မှနေ၍ အဝေး သို့ မျှော်ငေးနေ ၏။

 သောက်လက်စ ကာပူချီနို တစ် ခွက်က စားပွဲပေါ်တွင် ရှိနေ၏။

ထိုစဉ် Samsung Galaxy A 2017 နောက်ဆုံးပေါ် လက်ကိုင်ဖုန်း မြည်လာ၍ ကောက်ကိုင်လိုက်၏။

''ဟဲလို၊ ညီမလေးလား၊ ကော်ဖီ သောက်ချင်လို့လား Cafe Bistro ကို လာလေ၊ ဟုတ်ပြီ သူငယ်ချင်းတွေ လည်း ခေါ်ခဲ့''

ညီမအရင်းသဖွယ် ခင်မင်ရ သော ဒေါက်တာပြုံးနွဲ့ရီထံမှ ဖုန်းဖြစ် ၏။ မကြာခဏ အစားအသောက်ပူ ဆာတတ်၏။ ရန်ကုန်မြို့မှ ဆိုင် တော်တော်များများကို သူ၏ ပူဆာမှု ကြောင့် ရောက်ဖူးခဲ့ပြီဖြစ်၏။

မကြာမီ ဒေါက်တာပြုံးနွဲ့ရီနှင့် အတူ လွန်စွာခင်မင်သော တစ်တန်း တည်းသား သူငယ်ချင်း ဆရာဝန်မ လေးများပါ ရောက်ရှိလာ၏။

 ဒေါက်တာ ယုစန္ဒာ၊ ဒေါက်တာ မေမွန်သက်တင်၊ ဒေါက်တာ ခင်ဦးခင်ခင်နှင့် ဒေါက်တာမြမြအေးတို့က တစ်နှစ် ထဲ ဆေးတက္ကသိုလ် ရောက် ခဲ့ ပြီး တပြိုင်နက် ဆေးပညာဘွဲ့ရခဲ့ကြ သူများဖြစ်၏။

''ညီမလေးတို့ လာကြ၊ ကော်ဖီ မျိုးစုံရတယ်။ မုန့်လည်း မျိုးစုံရတယ်''

ဆရာဝန်မလေးများ ကစားစရာ မျိုးစုံမှာကြရာ စားပွဲထိုး ကလေးခမျာ ချာချာလည်ကာ မူးနောက်သွားမ တတ်ရှိ၏။

စားသောက်ဖွယ်ရာများ ရောက် ရှိလာသောအခါ အားရပါးရသုံး ဆောင်ရန် ဟန်ပြင်နေဆဲမှာပင် ဧည့် သည်များ ထပ်မံရောက် ရှိလာ၏။

ထိုအုပ်စုမှာ 'လေညိုကုန်း'မှ ဝိုင်း တော်သားများဖြစ်၏။

အဂ္ဂိရတ်ဝါသနာပါသော အ ငြိမ်းစား ကျောင်းအုပ်ကြီး ဦးရွှေသာ၊ စာပေတိုက်ပိုင်ရှင် ဦးလွင်ဆင့်၊ ဓာတ် ခွဲမှူးကြီး ဦးÓဏ်အုန်း၊ ဆန်းဗေဒင် ဟောတတ်သော ကဗျာဆရာမ မကြည်ဆွေ၊ ပုဇွန်တောင်သူ ဝတ္ထုတို ဆရာမ မစပယ်၊ မဂ္ဂဇင်း အယ်ဒီတာ မနှင်းဆီ၊ စာပေဝါသနာရှင် ဒေါက် တာ တင်မောင်ဆွေတို့ တစ်စုတစ်ဝေး တည်းရောက်ရှိလာ၏။

''ဟာ-ဝိဇ္ဇာကြီးပါလား၊ ဝိုင်းတော် သားတွေလည်း ပါသကိုးြ<ွကကြပါ''

''ဆရာမောင်ညိုပြာသတင်း ပေးလို့ဗျ၊ ကျွန်တော်တို့လည်း ဝင်နွှဲ ပါရစေ''

''ရပါတယ်။ ဝိဇ္ဇာကြီး ဒီညီမတွေ လည်း ဝိဇ္ဇာကြီးသိပြီးသားပါ။ ထိုင် ကြပါ။ ကော်ဖီမျိုးစုံရပါတယ်။ ကြိုက် တာမှာပါ''

''ဟဲဟဲ မှာရမှာပေါ့ ကျွန်တော် က ကော်ဖီကြိုက်တယ်''

''ဒါနဲ့ တလောက ဆရာမောင် ညိုပြာ ပြောသံကြားတယ်။ ဝိဇ္ဇာကြီး က ခဏခဏ သူ့ခြံထဲက ခရမ်းချဉ် သီးတွေ လာလာတောင်း တယ်ဆို''

''ဟုတ်တယ်၊ ဆရာရဲ ကျွန်တော် က အသက်ကြီးပြီလေ၊ ဆီးကျိတ်ကြီး ချင်သလိုဖြစ်နေတယ်၊ ခရမ်းချဉ်သီး က ဆီးကျိတ်သမားတွေ အတွက် ကောင်းတယ်ဆိုပဲ၊ ဆီးကျိတ်မကြီး အောင် ကာကွယ်ပေးတယ်ဆိုပဲ''

''မှန်တယ် ဝိဇ္ဇာကြီး၊ ခရမ်းချဉ် သီးအကြောင်း ပြောပြဦးမယ်''

''ပြောပါ ဆရာရဲ ဗဟုသုတပေါ့''

''အင်္ဂလိပ် စကားပုံတစ်ခုရှိ တယ် "An Apple A day Keeps the doctor Away" တဲ့၊ သဘောက ပန်းသီး မှန်မှန်စားသွားရင် ကျန်းမာ မယ်၊ ရောဂါကင်းမယ်၊ ဆရာဝန် ပြစရာမလိုဘူးပေါ့ဗျာ။ ပန်းသီးက အမျှင်ဓာတ်များများတယ်၊ ဗီတာမင် စီလည်း ကြွယ်ဝတယ်၊ အူမကြီး အ တွက်လည်း ကောင်းတယ်၊ မှတ် ဥာဏ်ကျဆင်းတဲ့ ရောဂါကိုလည်း ကာကွယ်ပေးတယ်၊ စားသင့်တာပေါ့ ဗျာ''

''ဟုတ်ကဲ့ ဆရာရဲ''

''ခုခေတ်မှာ စကားပုံကို ထပ်ပြီး ဖြည့်စွက်ရမယ်၊ ပန်းသီးနေရာမှ ခရမ်းချဉ်သီးအစားထိုးထားတယ်။ ခရမ်းချဉ်သီးက နှလုံးအတွက် ပါ ကောင်း တယ်။ စကားပုံအသစ်က "A tomato a day keeps the heart doctor away"  တဲ့၊ ခရမ်းချဉ်သီး မှန် မှန်စားရင် နှလုံးသန်မာမယ်၊ နှလုံး ရောဂါကင်းမယ်၊ နှလုံးဆရာဝန်နဲ့ ပတ်သက်စရာမရှိဘူး။ အဲသလို ဆို လိုတယ်''

 ''ခရမ်းချဉ်သီးက ဘာတွေပါ သလဲ ဆရာရဲ''

''ခရမ်းချဉ်သီးက အာဟာရ မျိုးစုံပါတယ်။ ဓာတ်တိုးဆန့်ကျင်ဒြပ် ပေါင်းတွေပါတယ်။ ဗီတာမင်အေပါ တယ်။ ဗီတာမင်စီပါတယ်။ ဖိုးလစ် အက်ဆစ်ပါတယ်။  ဖိုးလစ်အက်လစ် က ဗီတာမင်ဘီကွန်ပလက်(စ်) အုပ်စု ဝင် ဗီတာမင်ဘဲ၊ Beta-Carotene လဲပါတယ်၊ Lycopene လဲပါတယ်။ Lycopene က ခရမ်းချဉ်သီးကို နီနီရဲ ရဲ အရောင်ဖြစ်စေတယ်''

''အာဟာရဓာတ်တွေ အများကြီး ပါတာပါဘဲလား''

''မှန်တယ်၊ အများကြီးဘဲ။ Lycopene ကို ဖရဲသီးတို့ မုန်လာဥနီ တို့မှာလည်း တွေ့ရတယ်၊ ဒါပေမယ့် ခရမ်းချဉ်သီးမှာ ပိုများတယ်''

''Lycopene က အတော်စွမ်းသ လား''

''စွမ်းတယ်ဗျ၊ သုတေသနတွေ အများကြီးလုပ်ထားပြီးပြီ၊ တွေ့ရှိချက် တွေ အများကြီးဘဲ၊ အကျဉ်းချုပ်ပြော ရရင် ခြောက်ချက်ရှိတယ်၊ ပထမ အချက်က LDL ဆိုတဲ့ မကောင်းတဲ့ အဆီဓာတ်နဲ့ ဆိုင်တယ်၊ LDL ဒြပ် ပေါင်းဟာ Oxidative Stress ခေါ်တဲ့ ဖြစ် စဉ်ကြောင့် သွေးလွှတ်ကြော နံရံ မှာ အဆီဖုံးစေတယ်၊ အရေးကြီးတာ က Coronary Artery တွေဘဲ၊ ဒီ သွေးလွှတ်ကြောတွေ က နှလုံးကို သွေး ပို့ပေးနေတဲ့ အရေးကြီးတဲ့ သွေးလွှတ် ကြောတွေ၊ အဆီခဲတွေကြောင့် သွေး ကြောကျဉ်းရောဂါရစေတယ်၊ အဆီခဲ တွေက ပြိုကွဲသွားရင် သွေးကြောပိတ် ပြီး နှလုံးကြွက်သားပျက်စီးတဲ့ရောဂါ ရစေတယ်၊ အရပ်အခေါ်က Heart Attack ပေါ့ ဗျာ၊ ခရမ်းချဉ်သီးမှန်မှန် စားရင် Oxidized LDL ကို နည်းပါး စေတယ်တဲ့''

 ''နှလုံးရောဂါ ကြိုတင်ကာကွယ် ရေးပေါ့''

''ဒါပေါ့ဗျာ၊ ဒုတိယအချက်က Body Inflammation ဗျ၊ ရောင်ရမ်း ခြင်းပေါ့ဗျာ၊ Markers of Inflammation တွေဟာ နှလုံးရော ဂါ၊ လေဖြတ် ရောဂါတွေနဲ့ ဆက်စပ်မှုရှိတယ်၊ ခရမ်းချဉ်သီးမှန်မှန်စားရင် ရောင်ရမ်း မှုလျော့စေတယ်။ အထူးသဖြင့် သိ သာတာက အဝလွန်နေတဲ့ ပုဂ္ဂိုလ် တွေမှာဘဲဗျ''

''ကျွန်တော်တို့ လူမျိုးဘဲပေါ့ နော်''

''ဟုတ်ပါတယ်။ တတိယအချက်က သွေးပေါင်ဗျ၊ အကြိုသွေးတိုး ရောဂါဘဲ ဖြစ်ဖြစ်၊ တကယ့်သွေးတိုး ရောဂါပဲဖြစ်ဖြစ်၊ စားသင့်တယ်၊ ခရမ်း ချဉ်သီးစားပေးရင်အပေါ် သွေးပေါင် ရော အောက်သွေးပေါင်ရော ကျဆင်း စေတယ်တဲ့။ Modest Lowering Effect  ရှိတယ်တဲ့''

''ဦးလွင်ဆင့်က သွေးတိုးရှိတယ်။ ခရမ်းချဉ်သီးစားပေတော့''

''စတုတ္ထအချက်က Potential Benefit After A Heart Attack တဲ့၊ နှလုံးသွေးကြောပိတ်ရောဂါရပြီး နောက်ပိုင်းမှာလည်း အကျိုးရှိတယ် တဲ့၊ ဒါက ကြွက်တွေမှာ သုတေသန လုပ်လို့တွေ့တာ Lycopene ကြို ကျွေးထားရင် ကြွက်က နှလုံးရောဂါ ရပြီး နောက်ပိုင်းမှာ အခြေအနေ ကောင်းနေတာတွေ့တယ်။ ဒါကို လူ သားတွေမှာ စမ်းသပ်ဖို့တော့ လိုသေး တယ်''

''ဟုတ်ကဲ့ ဆရာရဲ''

''ပဉ္စမအချက်က Improved Survival in Patients with Heart Failure တဲ့၊ နှလုံးစွမ်းဆောင်ရည်ကျ ဆင်းတဲ့ လူနာတွေမှာ သုတေသန လုပ်ခဲ့တယ်။ စုစုပေါင်း လူနာ ၂၁၂ ဦးကို လက်တွေ့ စမ်းသပ်ခဲ့တယ်။ ဒီလူနာတွေက Heart Failure  ရနေတဲ့ လူနာတွေ Lcopene ကျွေးထားတဲ့ လူနာတွေက တခြား လူနာတွေထက် အခြေအနေပိုကောင်းတာတွေ့ရ တယ်။ Lcopene နည်းနည်းဘဲစား ထားတဲ့ လူနာက များများစားထားတဲ့ လူနာနဲ့ နှိုင်းယှဉ်ရင် သေဆုံးနိုင် ခြေက သုံး ဒသမ သုံးဆရှိတယ်တဲ့၊ သဘောက များများစားထားရင် အ သက်ရှင်ဖို့များတာပေါ့ဗျာ''

''ဟုတ်ကဲ့ ဆရာရဲ''

''ဆဋ္ဌမအချက်က Reduced Risk of Stroke တဲ့၊ လေဖြတ်နိုင်ခြေ နည်းပါးတာပေါ့ဗျာ၊ Finland မှာ သုတေသနလုပ်ခဲ့တယ်၊ လူနာပေါင်း ၁ဝ၃၁ ဦးကို လေ့လာခဲ့တယ်။ Lycopene များများစားထားရင် လေ ဖြတ်နိုင်ခြေလျော့နည်းတယ်။ Lycopene နည်းနည်းစားရင် ပိုပြီးလေဖြတ် နိုင်တယ်။ Lycopene များများစား ထားရင် လေဖြတ်နိုင်ခြေက ၆၅ ရာ ခိုင်နှုန်းလျော့ကျသွားတယ်''

''လူနာတစ်ထောင်ကျော် တောင် လေ့လာထားတာလဲ''

''ဟုတ်တယ်၊ လူနာများမှလည်း တွေ့ရှိချက် ခိုင်မာတာဗျ၊ ခုသုတေ သနတွေအရ ခရမ်းချဉ်သီးဟာ နှလုံး အတွက် ကောင်းတယ် ဆိုတာ သေ သေချာချာသိရတယ်။ Great Healthy Choke  တဲ့၊ Lycopene ကို ဆေးလုံးအနေနဲ့ သောက်နိုင်ပေမယ့် ပါရဂူတွေ အဆိုအရ ခရမ်းချဉ်သီးစား တာက ပိုကောင်းပါတယ်တဲ့''

''ဒါဆို ခရမ်းချဉ်သီးစားမယ်ဗျ''

''ဆရာမောင်ညိုပြာက ခြံအ ကျယ်ကြီးထဲမှာနေတာ၊ သူ့ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံ တွေစုံတယ်၊ သွားတောင်းရင် ဒါနပြု တယ်။ ဦးလွင်ဆင့်လည်း သွား တောင်းဗျာ''

''တောင်းမယ်ဗျာ၊ တစ်ခါတစ် လေကြုံရင် ဆရာမောင်ညိုပြာက 'လေညိုကုန်း' ကို သစ်သီးဝလံတွေ ဝယ်လာတတ်တယ်''

''ဒါဆို 'လေညိုကုန်း' မှာလည်း ဒါနပြုတာပေါ့''

''ဟုတ်တယ်၊ ဒါနဲ့ ဒေါက်တာ ကျော်ဆွေသိန်းရော''

''သူက အလုပ်များနေတယ်။ ညောင်ရမ်းဆေးတိုက်က သူနာပြု ဆရာမလေးနွဲ့ယမင်းက နှင်းဆီပန်း လိုချင်လို့ နှင်းဆီပန်းလိုက်ရှာနေ တယ်။ ကော်ဖီသောက်ရအောင် ခေါ် တာမလိုက်ဘူး''

''ဟာ၊ ဆရာကျော် တယ်လည်း ကြိုးစားသကိုး''

ထိုစဉ် ဒေါက်တာတင်မောင်ဆွေ က ဝင်ပြော၏။

''ဟာ၊ ခုမှသတိရတယ်၊ ဆရာ ကျော်အတွက် သတင်းကောင်းရှိ တယ်''

 ''ဟာ၊ ဟုတ်လား၊ လုပ်ပါဦး ဘာ များလည်း ဆရာဆွေ''

 ဝိဇ္ဇာကြီးက ထိုအကြောင်းကို စိတ်ဝင်စားသွား၏။

''ဒီလိုဝိဇ္ဇာကြီးရဲ့ ဆရာမလေးမှာ က အဖိုးတစ်ယောက်ရှိတယ်။ နေတာ က လှည်းကူးမှာ အဲဒီအဖိုးက ဆီး ကျိတ်ရှိသလို ဖြစ်နေတယ်။ ခရမ်း ချဉ်သီး စားရင် အဆင်ပြေမှာ''

''ဟာ ဟုတ်ပြီ ဆရာကျော်ကို ပြောရမယ်၊ ဆရာမောင်ညိုပြာခြံက ခရမ်းချဉ်သီးတောင်းပြီး လှည်းကူးကို သွားပို့ရင် နာမည်ကောင်းရမယ်''

''လှည်ကူးဆိုတော့ ဝေးတယ်ဗျ၊ နေ့တိုင်းဘယ်သွားနိုင်မလဲ''

''လွယ်ပါတယ်။ တစ်ပတ်တစ်ခါ ပို့ပေါ့ဗျာ''

''ဟုတ်တယ်၊ တစ်ပတ်တစ်ခါ ပို့ပေါ့၊ ပို့ပြီးရင် ပဲခူးဆက်သွားမယ်''

''ဘာအတွက်လည်း ဦးလွင် ဆင့်''

''ဒီလိုလေ ကျွန်တော်တို့ ဝိုင်း တော်သားတွေ လိုက်သွားပြီး၊ ပဲခူး ဘုရားတွေ သွားဖူးမယ်လေ၊ ဘုရား လဲဖူး လိပ်ဥလဲတူးပေါ့ဗျာ''

''ဟဲဟဲ ကောင်းတယ် ကောင်း တယ်''

''ဆရာဆွေ၊ ဆရာကျော် ပဲခူး သွားရင် ကျွန်မတို့လည်း လိုက်မယ် နော်''

 ဒေါက်တာပြုံးနွဲ့ရီက ပြောလိုက် ၏။

''ရပါတယ်။ ညီမလေး တောင်း အေစံကားသုံးစီးလောက်ဆိုလောက် မှာပါ''

''အပတ်စဉ် သွားနေရင် ဆရာ မောင်ညိုပြာခြံထဲက ခရမ်းချဉ်ပင် တွေမျိုးတုံးကုန်တော့မယ် ဟဲဟဲ''

''ရပါတယ်၊ အင်းစိန်သား ကဗျာ ဆရာမောင်တိုင်ပြာခြံထဲမှာလည်း ရှိသေးတယ်၊ တောင်ဒဂုန်က ကဗျာ ဆရာကျော်ခေါင်ခြံထဲမှာ လည်း ရှိ သေးတယ်''

 ''ဟာ၊ လေညိုကုန်းဝိုင်းတော် သားတွေ အားကိုးရသားဘဲ၊ လိုတာ အကုန်ရတယ် ကောင်းတယ်ဗျာ''

''လေညိုကုန်း'' သည်ကား စာ ပေလောကသား အချင်းချင်း ကူညီ ရာ စုရပ်ပင်ဖြစ်တော့၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။     ။ Everydayhealth စာစောင်မှ "A Tomato A day Keeps the heart doctor away" ဆေးပညာဆောင်းပါး ကို မှီ ငြမ်းကိုးကားပါသည်။

အောင် (ဆေး-၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.