23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
ထာဝရကူမယ့် ဒါနအလှူ

ဒေါက်တာကျော်ဆွေသိန်း သည် သတင်းစာဖတ်ရင်း မုဒိတာ ပွားနေ၏။

အလှူရှင်များ၏ အလှူအ တန်းရက်ရောပုံကို ဖတ်ရ၍ ဖြစ် ၏။

ထိုစဉ် ဖုန်းခေါ်သံကြား၍ Samsung Galaxy A 2017 ကို ကောက်ကိုင်လိုက်၏။

ညီမအရင်းသဖွယ် ခင်မင်ရ သော ဒေါက်တာပြုံးနွဲ့ရီထံမှဖြစ်၏။

''ညီမလေးလား၊ မွေးနေ့ပွဲ လုပ် ချင်တယ် ဟုတ်လား၊ ရပါတယ် ပင် လယ်စာနဲ့ ဒါနပြုချင်တယ်။ ဟုတ် လား၊ ရပါတယ်။ Crustacean ကို လာလေ၊ သူငယ်ချင်းတွေလည်း ခေါ်ခဲ့၊ ဟုတ်ပြီ''

 ဒေါက်တာကျော်ဆွေသိန်း သည် Crustacean Restaurant သို့ ကြိုတင်ရောက်ရှိနေ၏။ ထိုစား သောက်ဆိုင်က အမှတ် ၅၂-က မဉ္ဇူလမ်း ပါရမီတွင် တည်ရှိ၏။

ထိုဆိုင်တွင် တရုတ်၊ ဥရောပ၊ ဂျပန် အစားအစာများ တစ်နေရာ ထဲတွင် ရရှိနိုင်၏။ BBQ, Shar Sharbu,Suki Yaki  စသော အစား အစာများ ရရှိနိုင်၏။ အထူးသဖြင့် ပင်လယ်စာ အထူးကောင်းမွန်၏။

မကြာမီ ဒေါက်တာပွင့်နဒီဝင်း၊ ဒေါက်တာပြုံးနွဲ့ရီ၊ ဒေါက်တာ ယုစန္ဒာ၊ ဒေါက်တာခင်ဦးခင်ခင်တို့ ရောက်ရှိလာ၏။

 ''လာ ညီမလေးတို့လာကြ၊ အားလုံးစီစဉ်ပြီးပြီ''

''ဘာတွေရလဲ ကြိုတင်မှာလို့ အဆင်ပြေရဲ့လား''

''အဆင်ပြေပါတယ်။ မွေးနေ့ ပွဲဆိုရင် ကျကျနနစီစဉ်ပေးတာ၊ ဒီဆိုင်မှာ လူကြိုက်အများဆုံးက ကဏန်းမဆလာ ကဏန်းပေါင်း၊ ငါးဖက်ရွက်ကင်၊ ခုံးယောက်မသုပ်၊ ကျောက်ပုဇွန်ကင်တွေဘဲ၊ အားလုံး မှာပြီးပြီ''

 ''ကျေးဇူးပါပဲ၊ တခြား ဧည့် သည်တွေရော''

 ''ဝိုင်းတော်သားတွေ လာကြ လိမ့်မယ်၊ ဖိတ်ပြီးပြီ''

 ခေတ္တကြာသော် ''မြေ လျှောက်ဝိဇ္ဇာ''ဟု အမည်ပြောင် ရထားသော အငြိမ်းစား ကျောင်း အုပ်ကြီး ဦးရွှေသာ၊ စာပေတိုက်ပိုင် ရှင် ဦးလွင်ဆင့်၊ ဆန်းဗေဒင်ဟော တတ်သော ကဗျာဆရာမ မကြည် ဆွေ၊ ပုဇွန်တောင်သူဝတ္ထုတို ဆရာမ မစပယ်၊ ဓာတ်ခွဲမှူးကြီး ဦးÓဏ်အုန်း၊ ပိတောက်ကဗျာများ ဖြင့် နာမည်ကြီးနေသော တောင် ဒဂုန်သား ကဗျာဆရာကျော်ခေါင်၊ ကဗျာစပ်ရာတွင် ကာရန်နံဘေ ကျွမ်းကျင်လှသော အင်းစိန်သား ကဗျာဆရာမောင်တိုင်ပြာတို့ ရောက်ရှိလာ၏။

 ''ြ<ွကကြပါ ဆရာတို့၊ အားလုံး စီစဉ်ပြီးပါပြီ''

''ဟာ၊ ဟင်းလျာတွေ တယ်စုံ ပါလား၊ ဆရာကျော်က အလှူရှင် ကြီးပဲ''

''ကျွန်တော်က အလှူရှင်မ ဟုတ်ဘူး၊ ဝိဇ္ဇာကြီး ဘေးနားက ဒေါက်တာပြုံးနွဲ့ရီကမှ အလှူရှင်၊ ဒေါက်တာက အစားအသောက် လှူရုံနဲ့အားမရဘူးတဲ့ မနက်ကျရင် သွေးသွားလှူဦးမှာတဲ့၊ ကျောက်ကပ် လှူဖို့လည်း စာရင်းပေးထားတယ် တဲ့''

''သာဓုပါဗျာ၊ အားကျလိုက် တာ လှူချင်လိုက်တာ''

''စကားစပ်မိလို့ လှူတဲ့နေရာ မှ ထူးခြားတဲ့ အမျိုးသမီး ဆရာဝန် တစ်ယောက်အကြောင်း ပြောပြချင် တယ်၊ နှစ်ဆယ့်တစ် ရာစု ဝေ ဿန္တရာလို့ ခေါ်ထိုက်တယ်ဗျ''

''ဟုတ်လား၊ ပြောပါဦး စိတ် ဝင်စားတယ်''

''အလှူရှင်နာမည်က Tracey Jolliffe တဲ့၊ သူက အဏုဇီဝဗေဒ ပညာရှင်ဗျ၊ အသက် ၁၈ နှစ်က တည်းက သွေးလှူလာတာ သွေး တင်မကဘူး၊ ရိုးတွင်းခြင်ဆီလှူဖို့ လည်း ၁၈ နှစ်ကတည်းက စာရင်း သွင်းထားတယ်၊ သူလှူတာ အ တော်များပြီ ကျောက်ကပ်တစ်လုံး လည်း လှူပြီးပြီး၊ မျိုးဥ ၁၆ လုံးလှူ ပြီးပြီ၊ သွေးလှူတာက အများကြီးပဲ စုစုပေါင်း PINT ရှစ်ဆယ်လှူပြီးပြီ''

''ဟာ အားကျစရာဘဲဗျာ''

''ခုသူက အသည်းလှူဦးမှာတဲ့၊ သူ့ဆီက အလှူခံတဲ့ လူကိုလည်း ဘယ်သူဘယ်ဝါမသိရဘူး။ မသိဘဲ နဲ့လည်း လှူတယ်။ လုံးဝမသိတဲ့ သူစိမ်းတွေကို လှူဖူးတယ်၊ လူနာ အသက်ရှင်ဖို့ဘဲ အာရုံထားတယ်။ ဒါကြောင့် သူ့ကို Altruistic Donorလို့ ချီးကျူးဂုဏ်ပြုကြတယ်''

''ဂုဏ်ပြုထိုက်ပါတယ်''

''သူက NHS မှာ တာဝန် ထမ်းဆောင်နေတယ်၊ ခုအသက် ၅ဝ ရှိပြီ လှူချင်နေတုန်းပဲ၊ အ သက်အရွယ်ရလာလေ လှူချင်တဲ့ ဆန္ဒပြင်းပြလာလေပဲတဲ့၊ ၂ဝ၁၂ ခုနှစ်က သူဟာ ကျောက်ကပ်လှူခဲ့ တယ်။ လူနာက ဘယ်သူဘယ်ဝါ မှန်းလုံးဝမသိဘူး။ ဒါကြောင့် တခြားအလှူရှင်တွေကို လှူချင် စိတ်ပေါ်လာစေတယ်၊ အင်္ဂလန်မှာ ကျောက်ကပ်အလှူခံတဲ့ အစီအစဉ် တစ်ခုရှိတယ်။ အဲဒါကို The Charity Give A Kidney" လို့ ခေါ် တယ်။ သူကြောင့် အလှူရှင်တွေ တိုးလာတယ်တဲ့''

''ကောင်းတယ်ဗျာ''

''အင်္ဂလန်မှာက ကျောက်ကပ် ဝေဒနာရှင်တွေများတယ်။ ကျောက် ကပ်အစားထိုး ကုသတာခံဖို့ စောင့် နေတာ မနည်းဘူး။ ၂ဝ၁၆ စက် တင်ဘာ ၃ဝ ရက်က စာရင်းအရ NHS Kidney Transplant Waiting List  မှာ လူနာ စုစုပေါင်း ၅၁၂၆ ဦးရှိတယ်၊ စောင့်နေတဲ့ လူ နာတွေဘဲ၊ သူတို့ခမျာ ကျောက် ကပ်အလှူရှင်ရှိပါမှ အသက်ရှင် မယ် မျှော်လင့်နေကြတာ သနား စရာပါဗျာ''

''ဟုတ်တယ်ဗျာ သနားစရာ''

''သူက အသက်ကယ်ချင်တာ ဗျ၊ နေ့စဉ်လှူဖို့ စိတ်ကူးနေတယ်။ တကယ်တော့ ကျောက်ကပ်လှူရ တာ မလွယ်ဘူး။ ခုလှူချင်တယ်ဆို လို့ မရဘူး။ ဆေးစစ်ရသေးတယ်။ လှူသင့်မလှူသင့်စစ်တာ သုံးလ ကြာတယ် Suitability Assessment တွေက အတော် ရှုပ်ထွေးတယ် အချိန်ကြာတယ်''

''ဟုတ်ကဲ့ ဆရာကျော်''

''ကျောက်ကပ် မလှူခင် သေ သေချာချာ စစ်ရတယ်၊ ဓာတ်မှန် ရိုက်ရတယ်၊ နှလုံးစမ်းသပ် ရတယ်၊ ကျောက်ကပ် စမ်းသပ်ရ တယ်၊ သွေး ဖောက်စစ်ရတယ်၊ အများကြီးဗျ''

''အတော် လက်ဝင်တာပဲ နော်''

''ကျန်းမာတဲ့ လူအတွက် ကျောက်ကပ်လှူတာ အန္တရာယ် ကင်းပါတယ်။ ပြီးတော့ NHS Blood and Transplant အဖွဲ့ကြီး က အဆိုအရအလှူရှင်တွေဟာ လှူပြီးနောက်ပိုင်း သက်တမ်းစေ့ နေရပါတယ်တဲ့''

''အင်္ဂလန်မှာ ကျောက်ကပ် ဝေဒနာရှင်များမယ်ထင်တယ်''

''များတယ်ဗျ၊ ကျောက်ကပ် အလှူ မလုပ်နိုင်လို့ ဆေးကုရတဲ့ လူနာပေါင်းက ၅၃ဝဝဝ ကျော် တယ်။ Renal Failure လူနာပေါ့ ဗျာ၊ Teansplant List ကို ကြည့် ရင် ၉ဝ ရာခိုင်နှုန်းက ကျောက် ကပ် အလှူရှင်ကို စောင့်နေတာ တဲ့ဗျ။ တစ်နှစ်ကို ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုပေါင်း ၃ဝဝဝ ရှိတယ်တဲ့၊ တခြား အင်္ဂါနဲ့ ကျောက်ကပ်က မတူဘူး။ လူတိုင်း လူတိုင်းမှာ ကျောက်ကပ်နှစ်ခုစီရှိ တယ်။ တစ်ခုလှူလို့ရတယ်၊ တစ်ခု ရှိရင် အသက်ရှင်တယ်၊ ထူးခြား တယ်''

''ကျောက်ကပ် လူနာက အလှူရှင်ရဖို့ စောင့်ရတာကြာ လား''

''ကြာတယ် ဝိဇ္ဇာကြီးရ၊ ပျမ်းမျှ ခြင်းပြောရရင် သုံးနှစ်လေးနှစ်ကြာ တယ်''

''ဟား ကြာလှချည်လား''

''ဟုတ်တယ်၊ အလှူရှင်က နည်းပြီး လူနာကများနေတာကိုး''

''ဒီလူနာတွေက ကျောက်ကပ် မရရင် သေမှာလား''

''သေမှာဗျ။ အလှူရှင်ရှိလို့ အစားထိုးနိုင်ရင် နောက်ထပ် အ သက်ရှင်မယ်၊ ပျမ်းမျှခြင်း လူနာ ၆ဝ ရာခိုင်နှုန်းက နောက်ထပ် ၁၅ နှစ် အသက်ရှင်တယ်တဲ့''

''၁၅ နှစ်ဆိုလည်း မနည်းဘူး ပဲ''

''ဟုတ်တယ်၊ မနည်းဘူး။ လှူ သင့်ပါတယ်''

''Iracey က တခြားဟာတွေ လည်း လှူသေးတယ်နော်''

''ဟုတ်တယ် မျိုးဥလှူသေး တယ်။ သားသမီး မရနိုင်တဲ့ စုံတွဲ သုံးတွဲက သူ့မျိုးဥကြောင့် ကလေးရ သွားတယ် ဝမ်းသာစရာဗျ''

''ကောင်းတယ်ဗျာ''

''သူကခုအသည်းလှူဦးမယ်၊ လူနာက ဘယ်သူဘယ်ဝါ မသိ သေးဘူး။ အသည်းလှူတာက အန္တရာယ်များတယ်၊ ကျောက်ကပ် နဲ့မတူဘူး။ သူကလည်း အန္တရာယ် များမှန်သိတယ်၊ သိသိကြီးနဲ့ လှူမှာ။ လှူရင် မတော်တဆသေနိုင်တယ်။ သေနှုန်းက ဒီလိုဗျ၊ ဘယ်ဘက် ခြမ်းလှူရှင် လူငါးရာမှာတစ် ယောက်နှုန်းသေနိုင်တယ်၊ ညာ ဘက်ခြမ်းလှူရင် လူနှစ်ရာမှာ တစ် ယောက်နှုန်းသေနိုင် တယ်''

''အန္တရာယ်များမှန်းသိရက်နဲ့ လှူချင်တာ မွန်မြတ်တယ်ဗျာ''

''ဟုတ်တယ်၊ ပြီးတော့ သူက မရပ်သေးဘူး။ သူသေရင် ကျန်တဲ့ အင်္ဂါတွေ လှူဦးမှာတဲ့၊ နှလုံးတို့ အဆုတ်တို့ လှူဦးမှာတဲ့၊ ပြီးတော့ သူ့ဦးနှောက်ကို ဆေးပညာသုတေ သနလုပ်ဖို့ လှူဦးမှာတဲ့''

 ''သာဓုပါဗျာ''

''Tracey လို့ ဝေဿန္တရာ လက်သစ်တွေ ကျွန်တော်တို့ မြန် မာပြည်မှာလည်းရှိတယ်။ ဝိဇ္ဇာကြီး မြန်မာလူမျိုးတွေကလည်း ဗုဒ္ဓဘာ သာဝင်တွေပီပီ သဒ္ဓါတရား အ လွန်ကောင်းတယ် အလှူအတန်း ရက်ရောတယ်''

''ဟုတ်လား ဆရာကျော်၊ ကြားပါရစေ''

''ဒီလိုဗျ၊ Tracey က အသည်း လှူမလို့ ကြံတုန်းရှိသေးတာ၊ မြန်မာ ပြည်က ရောဂါဗေဒ ဆရာဝန် ကြီးတစ်ယောက်က လှူပြီးသွားပြီ''

''ဟာ - ဟုတ်လား၊ ဂုဏ်ယူ စရာဗျာ''

''အဲဒီ ဆရာဝန်ကြီးက တံတား ဦးသားဗျာ၊ နာမည်က ဒေါက်တာ ကိုကိုထွန်းတဲ့၊ သူက အသည်း တစ်ခြမ်းကို လှူထားတာ၊ လူနာက သူဘွဲ့ကြိုကျောင်းသားတုန်းက ဆရာဖြစ်ခဲ့တဲ့ သားဖွားနဲ့ မီးယပ် ပါရဂူ ဆရာဝန်မကြီးဗျ၊ လူနာက အသည်းကင်ဆာဖြစ်နေတာ''

''အသည်း ကင်ဆာက သိပ် ဆိုးတယ်လို့ ကြားဖူးတယ်''

''ဟုတ်တယ် တချို့လူနာတွေ ဆိုရင် ခြောက်လပဲခံတယ်၊ သေ ရော၊ ခုလူနာက အသည်းအစားထိုး  ကုလိုက်လို့ အသက်ရှင်သွားတယ်၊ ခွဲစိတ်ကုသမှုကို အိန္ဒိယမှာ လုပ်ခဲ့ တယ်။ မလုပ်ခင် ဆေးရုံကော်မတီ က သူ့ကိုမေးတယ်။ ဘာကြောင့် အသည်းလှူတာလည်းတဲ့။ မေးတာ ကလည်း Ethics အရမေးရတာ၊ သူက ဖြေတယ်။ ဆရာသမားဖြစ် လို့ လှူတာပါတဲ့၊ တစ်ခါ ဆရာဖြစ် ဖူးရင် တစ်သက်လုံး ဆရာပါပဲတဲ့၊ ဒီအဖြေကို ဆေးရုံကော်မတီ လူ ကြီးတွေက သဘောကျလွန်းလို့ ဝိုင်းချီးကျူးကြတယ်။ ဂုဏ်ယူစရာ သိပ်ကောင်းတယ်''

''ဒါပေါ့ဗျာ မြန်မာပြည်အ တွက် ဂုဏ်ယူရမယ်''

 မွေးနေ့ရှင် ဒေါက်တာပြုံးနွဲ့ရီ က ဝင်ပြောလိုက်၏။

''အားကျလိုက်တာရှင်၊ ကျွန်မ လည်း မွေးနေ့အထိမ်းအမှတ်အနေ နဲ့ အဲဒါမျိုးလှူချင်တာ၊ စာရင်းပေး ထားချင်တာ''

''ရပါတယ်၊ ခွဲစိတ်ပါရဂူကြီး တွေဆီမှာ စုံစမ်းပေးပါ့မယ်''

ထိုစဉ်တောင်းအေ့စ်ကား တစ် စီးရောက်ရှိလာ၏။

ကားပေါ်မှ နိုင်ငံကျော် ဝတ္ထုတိုဆရာ မောင်ညိုပြာ၊ မုံရွာသား ဒေါက်တာ လင်းနိုင်ထွန်း၊ မုံရွာသူ ဒေါက်တာခင်ခင်မိုး၊ မန္တလေး သူ ဒေါက်တာ ဝင်းနီလာ၊ ဒေါက်တာ ဝင်းဝင်းမြ၊ ဒေါက်တာသီတာမိုး ကြည်တို့ ရောက်ရှိလာ၏။

''ဟာ-ဆရာပါလား၊ မန္တလေး က ဧည့်သည်တွေလည်း ပါသကိုး''

''ဟုတ်တယ် ဆရာကျော်၊ မွေး နေ့ပွဲရှိတယ်ကြားလို့ ဧည့်သည်တွေ ပါ ခေါ်လာတာ၊ ဧည့်ခံဖို့ အဆင် ပြေရဲ့လား''

''ပြေပါတယ် ဆရာ ထိုင်ကြ ပါ၊ ပင်လယ်စာ အစုံရပါတယ်။ မွေးနေ့ရှင်ကလည်း လာသမျှ ဧည့် ခံမှာပါ''

''ဟုတ်ပြီ ဆရာကျော်၊ ဧည့် သည်တွေက ခင်မင်ပြီးသားဘဲ ဆရာလင်းဆိုရင် လေညိုကုန်းလာ နေကြဘဲ''

''ဟုတ်ပါတယ်၊ ကျွန်တော် မန္တလေးအလည်သွားတော့လည်း ဆရာလင်းဘဲ ဧည့်ခံတာ နေရာ အနှံ့လည်း လိုက်ပို့တယ်''

''ဆရာကျော်၊ ကျန်သေးတယ် လေ''

ဦးလွင်ဆင့်က ဖော်ကောင် လုပ်လိုက်၏။

''ဟဲဟဲ လုပ်ပါရဲ့ ဇီဇဝါဆောင် က ဆရာမဖြူဖြူချောချောလေးနဲ့ လည်း မိတ်ဆက်ပေးသေးတယ် ပြောဖို့ မေ့နေလို့''

''ဆရာကျော် နှင်းဆီပန်းဖိုး တွေ အတော်ကုန်သွားတာလည်း ပြောဦးလေ''

''ဟဲဟဲ ဒါကလည်း ဒါနပြု တာပါ။ နောင်ဘဝပန်းလို လှပြီး ပန်းလို မွှေးအောင်လို့ပါ၊ ဟုတ် တယ်နော် ဝိဇ္ဇာကြီး''

''ဆရာကျော်က ဒါနအား ကောင်းတယ်၊ ရန်ကုန်မှာလည်း ပန်းလှူနေတယ်''

''ဟုတ်လား၊ ဘယ်ဘုရားမှာ လည်း''

''ဒီလိုလေ ရွှေဘုံသာလမ်းက ညောင်ရမ်းဆေးတိုက်မှာပါ။ ဟဲဟဲ သူနာပြုဆရာမ ချောချောလေးရှိ တယ်လေး ဟဲဟဲ''

 ဦးလွင်ဆင့် စကားကြောင့် တစ်ဝိုင်းလုံး ငါးသလောက် ပြုံးပြုံး ကုန်ကြလေတော့၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။        ။ BBC News မှ "The Woman Donating Organs to Strangers" ဆေး ပညာဆောင်းပါးကို မှီငြိမ်း ကိုးကား ပါသည်။

အောင် (ဆေး - ၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.