23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျန်းမာရေး
သိထားသင့်တဲ့ မျက်စိရောဂါများ မျက်လုံးကြည်သာ လူကျန်းမာ

ဒေါက်တာကျော်ဆွေသိန်း သည် ခါးဆိမ့်အရသာရှိသော Billion Hot Coffee တစ်ခွက်ကို ဇိမ်ခံသောက်နေ၏။

ထိုစဉ် ဖုန်းမြည်သံကြားရ၍ Samsung Glaxy A 2017 ဖုန်းကို ကောက်ကိုင်လိုက်၏။

 ''ဟဲလို ဝိဇ္ဇာကြီးလား၊ ကော်ဖီ ကောင်းကောင်းသောက်ချင်လို့လား ရတယ်လေ၊ Cafe Billion ကို လာလေ၊ လိပ်စာလား၊ မြောက်ဒဂုံ မြို့နယ် ပင်လုံလမ်း ကျောင်းလမ်း မှတ်တိုင်းနားမှာ ဝိုင်းတော်သားတွေ စုံပြီလား ခေါ်ခဲ့လေ''

အငြိမ်းစားကျောင်းအုပ်ကြီး ဦးရွှေသာက ဖုန်းဆက်ခြင်းဖြစ်၏။ အဂ္ဂိရတ်ဝါသနာပါသော ဦးရွှေ သာကို ရင်းနှီးသူများက ''ဝိဇ္ဇာ ကြီး''ဟု အမည်ပြောင်ပေးထား၏။

 ဒေါက်တာကျော်ဆွေသိန်း သည် ညီမများသဖွယ် ခင်မင်သော အမျိုးသမီး ဆရာဝန်တစ်စုံက ပူ ဆာသဖြင့် Cafe Billion  သို့ ကြို တင်ရောက်ရှိနေ၏။

အမေရိကန်နိုင်ငံမှ Barita လက်မှတ်ရထားသူ ပုဂ္ဂိုလ်တစ်ဦး ကို ကိုယ်တိုင်ဦးစီး၍ ဝန်ဆောင်မှု ပေးနေ၏။ ထိုဆိုင်တွင် ကော်ဖီနှင့် ပတ်သက်ပါက ထူးခြားဆန်းသစ် သော အရသာ အသွင်အပြင်မျိုးစုံ ကို ရရှိနိုင်၏။

Hot Coffee မျိုးစုံကို အသည်း ပုံ၊သစ်ရွက်ပုံ၊ ချစ်သူနှစ်ဦးနမ်းနေပုံ စသည်ဖြင့် ပုံစံအမျိုးမျိုး ဖော်ထား ၏။ ထိုဆိုင်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် စိုက်ပျိုးသော Ginius ကော်ဖီစေ့ကို အသုံးပြုထား၏။ ဆန်းသစ်သော အရသာဖြင့် ကော်ဖီ အပူအအေး မျိုးစုံကို ဖျော် စပ်ကာ ဝန်ဆောင်မှုပေးနေ၏။

ထိုဆိုင်တွင် ကော်ဖီအပူအ အေးအပြင် လတ်ဆက်သော သစ် သီးဖျော်ရည်များ Milk Shake , Ice Tea, Ice Cream, Smoothies, Soda မျိုးစုံ ကိုလည်း ရရှိနိုင်၏။

သီးစုံဒိန်ချဉ်နှင့် အခြား ဒိန် ချဉ်မျိုးစုံကိုလည်း ရရှိနိုင်၏။ ဒိန် ချဉ်ကြိုက်သူများအတွက် အထူး သင့်လျော်၏။ ¤င်းပြင် ဥရောပ အစား အစာ၊ တရုတ်အစားအစာ၊ ယိုးဒယားအစားအစာများလည်း စုံ လင်စွာ ရရှိနိုင်၏။

ထိုဆိုင်တွင် ဒေါက်တာကျော် ဆွေသိန်းနှင့်အတူ ဒေါက်တာပြုံးနွဲ့ ရီ၊ ဒေါက်တာယုစန္ဒာ၊ ဒေါက်တာ ခင်ဦးခင်ခင်၊ ဒေါက်တာ မေမွန် သက်တင်တို့ပါရောက်ရှိနေ၏။ ထို ဆရာဝန်မကလေးများမှာ အတန်း တူ သူငယ်ချင်းများဖြစ်ကြပြီး ဒေါက်တာကျော်ဆွေသိန်းအား အစ်ကိုအရင်းသဖွယ် ခင်မင်ကြ ၏။ လခထုတ်ပါက တစ်ခုခုလိုက် ကျွေးရန် ပူဆာလေ့ရှိ၏။

မကြာမီ ဦးရွှေသာနှင့်အတူ ဝိုင်းတော်သားများ Cafe Billion သို့ ရောက်ရှိလာ၏။ စာပေတိုက်ပိုင် ရှင် ဦးလွင်ဆင့်၊ အင်းစိန်သား ကဗျာဆရာမောင်တိုင်ပြာ၊ ဓာတ်ခွဲ မှူးကြီး ဦးÓဏ်အုန်း၊ ဆန်းဗေဒင် ဟောတတ်သော ကဗျာဆရာမ မကြည်ဆွေ၊ ပုဇွန်တောင်သူဝတ္ထု တိုဆရာမ  မစပယ်၊ ပိတောက် ကဗျာများဖြင့် နာမည်ကြီးနေသော တောင်ဒဂုန်သား ကဗျာဆရာ ကျော်ခေါင်တို့ပါရှိကြ၏။ ထိုဝိုင်း တော်သားများသည် ယခင်က 'လေညိုကုန်း' လက်ဖက်ရည်ဆိုင် တွင် ထိုင်နေကြဖြစ်၏။

 ''ဆရာကျော် ဘာတွေရလဲ ကော်ဖီမှာပြီးပြီလား''

''အစုံမှာပြီးပြီ၊ ဝိဇ္ဇာကြီးသုံး ဆောင်ပါ၊ လူလဲစုံပြီ''

 ''စုံတယ်ဆိုပေမယ့် မောင်ဒေါ နမလာနိုင်ဘူး။ ရုတ်တရက် မျက် စိကွယ်သလိုဖြစ်လို့တဲ့၊ ခုဆေးရုံမှာ''

''ကဗျာဆရာ မောင်ဒေါန လား၊ သူက သွေးတိုးအခံရှိတယ်၊ အငန်လဲ သိပ်ကြိုက်တယ်၊ ခုလို အမြင်အာရုံ ရုတ်တရက်ကွယ် ပျောက် တာ လေဖြတ်တာဖြစ်နိုင် တယ်။    အရေးပေါ်အခြေအနေ ဘဲ အမြန်ကုန်မှဖြစ်မယ်''

''ကြုံတုန်း ဆရာကျော်ကို မေး ရဦးမယ်၊ ခုလို မျက်စိမှာဖြစ်တဲ့ လက္ခဏာတွေက အရေးကြီးလား ရှင်းပြပါဦး''

''အရေးကြီးတယ် ဝိဇ္ဇာကြီး၊ ခုလို အမြင်အာရုံရုတ်တရက် ကွယ်တာက လေဖြတ်တာဖြစ်နိုင် သလို Migraine Headache လည်း ဖြစ်နိုင်တယ်။ တခြားလက္ခဏာ တွေလည်း ရှိသေးတယ်''

''ဘာတွေများလဲ ဆရာ ကျော်''

''နောက်တစ်မျိုးက Bulging Eye တဲ့၊ မျက်လုံးကအပြင်ကို ပြူး ထွက်လာတာပေါ့၊ Graves' Disease ခေါ်တဲ့ ရောဂါမှာတွေ့ရ တယ်။ Thyroid Gland ပုံမမှန်တဲ့ ရောဂါပါ။ အဲဒီရောဂါမှာ ဟော် မုန်းတွေ ပုံမှန်ထက်များပြီး ထုတ် နေတယ်။ မျက်လုံးပြူးရုံတင်မက ဘူး။ တခြား ရောဂါလက္ခဏာတွေ လည်း ရှိသေးတယ်။ ဝမ်းလျှော တယ်၊ ပိန်သွားတယ်၊ လက်တုန် တယ်၊ အဲဒီ လက္ခဏာတွေ တွေ့ရ တယ်၊ မျက်လုံးပြူးနေရင် သတိ ထား Thyroid ကို စစ်ဆေးရမယ်''

''ဟုတ်ပြီ၊ သတိထားရမယ်''

''တတိယတစ်ခုက Blurred Vision တဲ့၊ မှုန်ဝါးဝါးဖြစ်လာတာ ပေါ့။ ဒါက ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ခုဘဲ၊ ဆီးချိုရောဂါ ကြောင့် နောက်ဆက်တွဲ မျက်စိ ရောဂါရတတ်တယ်။ Diabetic Retinopathy လို့ ခေါ်တယ်။ မျက် လုံးထဲက သွေးကြောသေးသေးတွေ ချို့ယွင်းတယ်၊ သွေးစိမ့်ထွက်တယ်၊ ညဘက် မမြင်ရဘူး၊ ဆီးချိုရှိရင် ထိထိရောက်ရောက် ကုရမယ်၊ ဆီး ချိုဆိုးလာရင် မျက်စိကွယ်တတ် တယ်၊ အသက်ကြီးလာရင် ကြိုတင် စစ်ဆေးရမယ်''

''ဟုတ်တယ်၊ ကြိုတင်စစ်ဆေး သင့်တယ်''

''စတုတ္ထတစ်ခုက Ring Arouno Your Cornea တဲ့၊ ဆေး ပညာဝေါဟာရနဲ့ Corneal Arcus လို့ ခေါ်တယ်၊ မျက်ကြည်လွှာဘေး တစ်လျှောက်မှာ မီးခိုးရောင်လိုင်း တစ်ခုပေါ်လာတဲ့ အခြေအနေပေါ့၊ မျက်ကြည်လွှာပတ်ပတ်လည်မှာ အဆီတွေစုလာတာဘဲ၊ တစ်ခါတစ် လေ စက်ဝိုင်းပုံစံဖြစ်သွားတယ်၊ များသောအားဖြင့် အသက်အရွယ် ကြီးလာရင် တွေ့ရတယ်၊ အိုနာ ပေါ့။ ဒါပေမယ့် အသက်လေး ဆယ် အောက်မှာဆိုရင် အရေးကြီး တယ်၊ ဒါဟာ သွေးထဲမှာ အဆီ ဓာတ်တွေ လွန်လွန်ကဲကဲမြင့် တက် နေ တဲ့ ရောဂါ ပဲ။ ဂရုစိုက်ရမယ်''

''ဂရုစိုက်သင့်တာပေါ့''

''ပဉ္စမတစ်ခုက Drooping Eyelid တဲ့၊ မျက်ခွံတွေလေးပြီးတွဲ ကျနေတာကို ခေါ်တာ၊ ဒါက Myaesthenia Gravis လို့ ခေါ်တဲ့ ရောဂါရဲ့ လက္ခဏာပဲ။ ဒီရောဂါမှာြ<ွကက်သားတွေအားမရှိဘူး။ မျက် လုံးတင်မကဘူး။ မျက်နှာကြ<ွကက် သားရော၊ လည်ချောင်းကြ<ွကက် သားရော အားမရှိဘူး။ လူနာဟာ မဝါးနိုင်ဘူး။ မျိုမချနိုင်ဘူး၊ စကား မပြောနိုင်ဘူး။  ဒီရောဂါက ရှား တော့ ရှားပါတယ်''

''နောက်တစ်ခုပြောပါဦး''

''ဆဋ္ဌမတစ်ခုက မျက်လုံးဝါ တာ၊ မျက်လုံးဝါတဲ့အခါ အသားမှာ ပါဝါတယ်၊ Jaundice လို့ခေါ် တယ်။ သွေးထဲမှာ  Bilirubin များ နေတဲ့ အခြေအနေဘဲ၊ အသည်း ရောဂါ လက္ခဏာပဲ၊ အရက်စွဲ ရောဂါ၊ ဘီပိုး၊ စီပိုး၊ အသည်းကင် ဆာစတဲ့ ရောဂါတွေမှာ မျက်လုံး ဝါတယ်၊ မျက်လုံးဝါရင် ဂရုစိုက်ရ မယ်''

''မျက်လုံးဝါတာက တွေ့ရများ တယ်''

''သတ္တမတစ်ခုက Eye Twitches တဲ့၊ ဒါက လူတိုင်းလိုလို ဖြစ်တတ်ပါတယ်။ မျက်ခုံးလှုပ်တာ ပေါ့၊ များသောအားဖြင့် အန္တရာယ် မရှိပါဘူး။ ဒါပေမယ့်  တခြား ရောဂါတွေနဲ့လည်း ဆက်စပ်တတ် တယ်၊ အရက်စွဲရောဂါ ကက်ဖင်း ဓာတ်များတဲ့ အခြေအနေ ပင်ပန်း နွမ်းနယ်မှု ဆေးလိပ်သောက်တာ စတာတွေပဲ။ ဒါပေမယ့် ရှားရှား ပါးပါး ရောဂါလဲရှိတယ်။ Multiple Sclerosis လို့ ခေါ်တယ်၊ ဗဟို အာရုံကြောစနစ်ကို ထိခိုက်တယ်။

ဒီရောဂါမှာ တခြား လက္ခဏာတွေ လည်းရှိတယ်။ လမ်းလျှောက်ရခက် မယ်၊ စကားပြောရခက်မယ်၊ အိမ် သာသွားရခက်မယ် အဲဒီလိုရှိ တယ်''

''ဒါက ရှားရှားပါးပါး ရောဂါ ပေါ့နော်''

''ဟုတ်တယ်၊ အဋ္ဌမတစ်ခုက Night Blind Nesj တဲ့ အရပ်စကား နဲ့ ပြောရရင် ကြက်မျက်သင့် ရောဂါတဲ့။ ညညမမြင်ရဘူး၊ မှုန်ဝါး လာတယ်၊ ခုလို ဖြစ်တာက ငယ် ငယ်ရွယ်ရွယ်ဆိုရင် သတိထားရ မယ်၊ ဗီတာမင် 'အေ' ချို့တဲ့တဲ့ ရောဂါဘဲ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဖြစ်များတယ်၊ ဗီတာမင် 'အေ'ြ<ွကယ်ဝတဲ့ အစားအစာ စားပေးရ မယ်၊ ကန်စွန်းဥ၊ မုန်လာဥနီ၊ ရွှေ ဖရုံသီးတွေစားရမယ်၊ ဒါမှ ဒီရောဂါ မဖြစ်မှာ''

''ဆရာ မောင်ညိုပြာခြံကြီးထဲ မှာ သီးနှံစုံရှိတယ်။ သွားတောင်း မယ်''

''ရတယ်၊ ဆရာမောင်ညိုပြာ က သဘောကောင်းတယ်၊ အလှူ ဒါနလည်း ခဏခဏလုပ်တယ်၊ သွားတောင်းပါ၊ ရက်ရက်ရောရော ပေးမှာပါ''

''ဟုတ်ပါတယ်၊ ဆရာမောင် ညိုပြာက လေညိုကုန်းမှာလည်း ဒကာဘဲ။ လာသမျှစာပေလောက သားတွေအတွက် လက်ဖက်ရည် ဒါနပြုနေတာ''

 ဝိုင်းတော်သားများက ချီးမွမ်း စကားပြောကြ၏။

''နောက်တစ်ခုပြောပါဦး''

''Dry Eye Syndrome ဆိုတာ ရှိတယ်။ ချက်ရည်အလုံအလောက် မထွက်တဲ့ အခြေအနေပေါ့၊ မျက် ရည်က အရေးကြီးတယ်၊ မျက်လုံး ကို စိုစွတ်စေတယ်၊ သန့်ရှင်းစေ တယ်။ အမှိုက်တစ်စဝင်သွားရင် ဖယ်ရှားပေးတယ်၊ မျက်ရည်မထွက် ရင် မျက်လုံး က ခြောက်သွေ့လာ တယ်၊ ခိုးလို ခုလုဖြစ်လာတယ်။ မျက်လုံးထဲသဲဝင်သလို ဖြစ်လာ  တယ်။ ယားတယ်၊ နေရခက်တယ်၊ Dry Eye Syndrome ကို ဆေး ပညာဝေါဟာရနဲ့ Keratoconjunctivitis Sicca လို့ ခေါ်တယ်၊ ထူး ခြားတဲ့ ရောဂါတစ်ခုပဲ''

''ဒီရောဂါက ဘာကြောင့် ဖြစ်တာလဲ''    

''ဖြစ်ရခြင်းအကြောင်းတွေ က အများကြီးပဲ။ အသက်အရွယ် ကြီးလာရင် ဖြစ်တတ်တယ်။ အိုနာ ပေါ့ မျက်ရည်ထွက်တဲ့ အကျိတ် တွေက စွမ်းဆောင်ရည်နည်းလာ တာ တွေ့ရတယ်။ မျက်ခွံတွေ တွဲ ကျလာလို့ မျက်လုံး လုံအောင် မပိတ်နိုင်တာ လဲ တွေ့ရတယ်၊ နောက်ရောဂါတစ်ခုက Autoimmiune Disease လို့ခေါ်တဲ့ ရောဂါ တဲ့၊ ကိုယ်ခံစွမ်းအားစနစ်ဖောက် ပြန်တဲ့ ရောဂါ အုပ်စုပေါ့။ ဥပမာ ပြောရရင် Lupus ရောဂါ၊ Rheumatoid Arthritis ရောဂါ၊ Sjogren's Syndrome ရောဂါစတဲ့ ရောဂါတွေပဲ''

''စိတ်ဝင်စားစရာဘဲ''

''မျက်လုံးခွဲစိတ်ပြီးရင်လည်း ဖြစ်တတ်တယ်၊ Cataract Surgery တို့ Lasik တို့ PRK Surgery တို့ လုပ်ပြီးရင် နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ တွေ့ရတတ်တယ်။ အာရုံ ကြောကို မတော်တဆထိခိုက်မိတာ တို့''

''ဟုတ်ကဲ့ ဆရာ''

''Dry Eye က Meibomian Gland တွေ ပုံမှန် အလုပ်မလုပ်နိုင် ရင်လည်းဖြစ်တတ်တယ်၊ မျက်ရည် ထဲမှာ လုံလောက်တဲ့ အဆီဓာတ် ပမာဏ မရှိတဲ့ရောဂါပေါ့၊ ဒီလို အခြေအနေကို Evaporatine Dry Eye လို့ ခေါ်တယ်။ နောက်တစ် ချက်က မျက်ရည်ထုတ်တဲ့ အ ကျိတ်မှာ ရောင်ရမ်းတာ။ ကလေး ငယ်တွေမှာ အတွေ့ရ များတယ်၊ Dacryocystitis လို့ ခေါ်တယ်၊ ဒီ ရောဂါမှာ Tear Duct Infection ရတတ်တယ်''

''ဟုတ်ကဲ့ ဆရာ''

''ပတ်ဝန်းကျင်လေထုထဲမှာ ရေငွေ့နည်းနေရင် မျက်လုံးက ပို ခြောက်သွေ့တယ်၊ နဂိုက မျက်လုံး ခြောက်သွေ့တဲ့ရောဂါရှိရင် ပိုဆိုး လာတတ်တယ်၊ ဥပမာ လေအေး စက်ရှိတဲ့ အခန်းထဲမှာ ကြာကြာ နေရင် သတိထားရမယ်၊ နောက် တစ်ခုက ကွန်ပျူတာတွေ လက် ကိုင်ဖုန်းတွေ ကြာကြာကြည့်တာ ဘဲ၊ လူငယ်တွေ သတိထားရမယ်။ ဂိမ်းအကြာကြီးဆော့တာ၊ Facebook အကြာကြီးသုံးတာ ဆင်ခြင် ရမယ်''

''ဆင်ခြင်သင့်ပါတယ် ဆရာ''

''ဒီဆိုင်က ထူးခြားတယ်၊ သမီး ရည်စားအဆင်မပြေရင် ကောင်မ လေးကို ဒီဆိုင်ခေါ်လာလိုက်၊ စိတ် ကောက်ပြေသွားရောတဲ့''

''ဟာ ဒါဆို ဒေါက်တာတင် မောင်ဆွေကို ဖုန်းဆက်ခေါ်ပါ ဆရာ''

''ဘာဖြစ်လို့ ဝိဇ္ဇာကြီးရဲ့''

''ဒီလိုလေ ဒေါက်တာ တင် မောင်ဆွေက ညောင်ရမ်းဆေး တိုက်က သူနာပြုဆရာမလေးနွဲ့ သဇင်နဲ့ သမီးရည်းစားဖြစ်နေ တာ၊ ကောင်မလေး က အားကြီးစိတ် ကောက်တတ်တာ၊ ခုလည်း စိတ် ကောက်နေတယ်တဲ့''

''လွယ်ပါတယ်၊ ခုဖုန်းဆက် လိုက်မလဲ၊ ဆရာဆွေရော နွဲ့သဇင် ရောခေါ်လိုက်မယ်၊ ညောင်ရမ်း ဆေးတိုက်က ဆရာမလေးတွေ လည်း ခေါ်လိုက်မယ်''

''ကြည့်လဲလုပ်ပါ ဆရာကျော်၊ လူတွေ သိပ်များသွားမယ်''

''ရပါတယ်၊ ဒကာရှိပါတယ်။ စိတ်မပူပါနဲ့၊ ဆရာမောင်ညိုပြာ တာဝန်ယူထားပါတယ်။ ဝိဇ္ဇာကြီး စိတ်အေးအေးထားပါ''

 ဒေါက်တာကျော်ဆွေသိန်း စကားကြောင့် စိတ်အေးသွားလေ ၏။

အောင် (ဆေး-၁)

ရည်ညွှန်းချက်။     ။WEBMD စာ စောင်မှ "Things Your Eyes say about your health" ဆေးပညာ ဆောင်းပါးကို မှီငြမ်းကိုးကား ပါ သည်။

အောင် (ဆေး - ၁)
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.